11/03/2025
#စာကျက်ချင်စိတ် 📖💙
❝ NOW ❞
သစ်ပင်တစ်ပင်ကို စိုက်ပျိုးဖို့အတွက် အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကဖြစ်ပြီး ဒုတိယအကောင်းဆုံးအချိန်က အခုပဲ ဖြစ်ပါတယ်တဲ့။
အချိန်၊ ပျော်ရွှင်မှု၊ အသက်အရွယ်၊အခွင့်အရေး၊ အရာအားလုံးကအကန့်အသတ်ရှိပါတယ်။ အဆင်သင့်ဖြစ်မှ စတင်မယ်ဆိုရင် သိပ်ကို နောက်ကျသွားပါပြီ။
အဆင်သင့်မဖြစ်သေးဘူးလား၊ အိုကေ အခုပဲ စလုပ်လိုက်ပါ။ စိုးရိမ်နေတုန်းပဲလား၊ YES လို့ပြောပြီး လက်ခံလိုက်ပါ။ မဖြစ်နိုင်ဘူးလို့ တွေးကြောက်နေတုန်းပဲလား၊ အဲဒါဆို ပိုပြီးတောင် စိန်ခေါ်ကြိုးစားသင့်သွားပြီ။
When the student is ready, the teacher will appear ဆိုတဲ့ စာသားလေးအတိုင်း ကျောင်းသားသာ သင်ယူဖို့ အဆင်သင့်ဖြစ်နေရင် ဆရာက သေချာပေါက် ပေါ်လာပါလိမ့်မယ်၊ အခွင့်အရေးနည်းလမ်းတွေဆိုတာလည်း ထို့အတူပါ။
ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပေးပါ။
တကယ် အဆင်သင့်ဖြစ်ပြီလား။
YES
ဘယ်အချိန်မှာ စတင်သင့်တာလဲ။
NOW
အခုချက်ချင်းပါ။
#စာကျက်ချင်စိတ် 📖💙