14/08/2022
စာဖတ်ခြင်းက စိတ်ကျန်းမာပျော်ရွှင်ရေးအတွက် အရေးကြီး
အင်္ဂလန်နိုင်ငံမှာ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများနဲ့ပတ်သက်လို့ သုတေသနပြုချက်များအရ မျှဝေလိုက်ပါတယ်။
စိတ်ပေါ့ပါး ပျော်ရွှင်ဖို့အတွက် စာဖတ်ခြင်းက ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးအတွက် အထောက်အကူပြုပြီး လူမှုဆက်ဆံရေးနယ်ပယ်ထူထောင်နိုင်ဖို့နဲ့ အခြားသူများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ အထောက်အကူပြုတယ်လို့ သုတေသနများအရ သိရှိရပါတယ်။
စာဖတ်ခြင်းကြောင့် အထီးကျန်ခြင်းအဖြစ်မှ ကင်းလွတ်သွားတယ်လို့ စာဖတ်သူ ၁၉ရာခိုင်နှုန်းက ပြောဆိုပါတယ်။
စာပေနှံ့စပ်ကျွမ်းကျင်ခြင်းက အကောင်းမြင်တဲ့ လူမှုရေးအသိုက်အဝိုင်းနဲ့ ဆက်နွယ်နေပြီး တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိကာ လူမှုအသိုက်အဝိုင်းမှာ ပါဝင်လိုစိတ်ဖြစ်စေပါတယ်။
ပျော်ရွှင်ဖို့အတွက် စာဖတ်ခြင်းက စာနာမှု၊ အပြန်အလှန်နားလည်မှုများ ရှိစေတယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။
စိတ်ပေါ့ပါး ပျော်ရွှင်ဖို့အတွက် ပုံမှန်စာဖတ်သူများက စာမဖတ်သူများထက် စိတ်ဓါတ်ကျခြင်းနည်းပါးပြီး စိတ်ဖိစီးမှုတွေလည်း နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုပ်မြင်သံကြားကြည့်ရှုခြင်းနဲ့ ဖျော်ဖြေရေးဆိုင်ရာများ ကြည့်ရှုသူများနှင့် နှိုင်းယှဉ်ပါက ပုံမှန်စာဖတ်သူများက ပိုပြီး စိတ်အပန်းဖြေနိုင်ကြတယ်လို့ ဆိုထားပါတယ်။
စာဖတ်သူများက ကိုယ့်ကိုကိုယ် လေးစားမှုအမြင့်ဆုံးမှာ ရှိကြပြီး ခက်ခဲတဲ့အခြေအနေကို ဖြေရှင်းနိုင်တဲ့စွမ်းရည် မြင့်မားကြပါတယ်။ စာဖတ်ခြင်းက ကောင်းစွာအိပ်စက်နိုင်ဖို့လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
Source: https:// worldbooknight.org