Carry9

Carry9 Help clean our planet without using plastic bag.

မိန်းကလေးများအရင်ဆုံး ကိုယ်ကိုတိုင် ပျော်ရွှင်အောင်နေပါ...စာဖတ်ပါ လေ့ကျင့်ခန်းလုပ်ပါ... 🏸လိုချင်တာလေးတွေတစ်လတစ်ခါ ဝယ်ပါ ...
27/07/2025

မိန်းကလေးများ

အရင်ဆုံး ကိုယ်ကိုတိုင် ပျော်ရွှင်အောင်နေပါ...
စာဖတ်ပါ လေ့ကျင့်ခန်းလုပ်ပါ... 🏸
လိုချင်တာလေးတွေတစ်လတစ်ခါ ဝယ်ပါ
ကိုယ့်အတွက်အကျိုးရှိမဲ့ သင်တန်းတွေတက်ပါ
မိတ်ဆွေသူငယ်ချင်းများနဲ့ စကားဖောင်ဖွဲ့ပြောပါ အကြံညဏ်ယူပါ
မိဘနဲ့ဝေးနေတဲ့သူတွေဆိုရင် တစ်ပတ်တစ်ခါဖုန်းပြောပါ...
Toxic relationship ရည်းစားနဲ့ဘဲ ဖြစ်ဖြစ်.မိတ်ဆွေ အပေါင်းအသင်းဘဲ ဖြစ်ဖြစ် ဆွေမျိုးသားချင်းဘဲ ဖြစ်ဖြစ် ကိုယ်ကတွေ့နေရပီဆိုရင် လွတ်မြောက်အောင် ကြိုးစားပါ... 💪💪💪

ပျော်ရွှင်ပါစေ 💜💜💜

👜ကိုယ်နဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးဘယ်လိုရွေးချယ်မလည်း?Style ကျတဲ့မိန်းကလေးတွေက ကိုယ်နဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင်စတိုင် အိတ်၊ဖိ...
24/01/2021

👜ကိုယ်နဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးဘယ်လိုရွေးချယ်မလည်း?

Style ကျတဲ့မိန်းကလေးတွေက ကိုယ်နဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင်စတိုင် အိတ်၊ဖိနပ်ရှိကြတယ် မိန်းကလေးတွေရဲ့ အပြင်အဆင်တိုင်းမှာ အိတ်နဲ့ဖိနပ်က အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ် ကိုယ့်ရဲ့အပြင်အဆင်က စတိုင်မိနေပြီဆိုရင် ဘေးကဖြတ်လျှောက်သွားတဲ့လူကတောင် နောက်ပြန်လှည့်ကြည့်မိတဲ့အထိ ဆွဲဆောင်မှုရှိပါတယ် တချိန်တည်းမှာ သင်ဟာ Fashion နားလည်တဲ့အမျိုးသမီးဖြစ်လာနိုင်ပါတယ်
ဒီတော့ကိုယ်နဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးကို ဘယ်လိုရွေးချယ်ရမလည်းဆိုတာကိုပြောပြပေးပါမယ်

🍀 သင်ကြိုက်နှစ်သက်တဲ့အရောင်ပေါ်မူတည်ပြီး လိုက်ဖက်တဲ့အိတ်တစ်လုံးကိုရွေးချယ်ရပါမယ်
သင်ဟာ တည်ငြိမ်ပြီးအေးဆေးတဲ့သူဆိုရင်လူကြိုက်များတဲ့အနက်ရောင်၊မီးခိုးရောင်အိတ်တစ်လုံးကိုရွေးချယ်သင့်ပါတယ်
သင်ဟာရိုးရှင်းပြီးအိတ်အပေါ်အာရုံသိပ်မထားတတ်တဲ့သူဆိုရင် ကြာရှည်အသုံးခံပြီးမှောင်တဲ့အရောင်သမ်းသော(dark color)အိတ်အမျိုးအစားအကိုရွေးချယ်သင့်ပါတယ်

🍀 သင့်ရဲ့အဝတ်အစားဆင်ယင်ပုံမူတည်ပြီး လိုက်ဖက်တဲ့အိတ်တစ်လုံးကိုရွေးချယ်ရပါမယ်
တကယ်လို့သင်ဟာအရောင်၁မျိုးတည်းပါဝင်တဲ့အဝတ်အစားကိုဝတ်ရတာကြိုက်နှစ်သက်တဲ့သူဆိုရင်Facnyကျတဲ့အိတ်၊အရောင်စုံတဲ့အိတ်လေးကိုရွေးချယ်သင့်ပါတယ်
Sport clothes ကိုဝတ်ဆင်ရတာကြိုက်နှစ်သက်တဲ့သူဆိုရင် Canvas,Nylon အိတ်အမျိုးအစားကိုရွေးချယ်သင့်ပါတယ်
Fashionကျတဲ့အဝတ်တွေဝတ်ဆင်ရတာကြိုက်နှစ်သက်တဲ့သူဆိုရင် Fashionကျတဲ့အိတ်အမျိုးအစား(ဥပမာ ကျားသစ်ကွက်လိုအိတ်မျိုး၊ အစင်းကြားအိတ်)တွေကိုရွေးချယ်သင့်ပါတယ်

🍀 သင့်ရဲ့အရပ်အမြင့်ပေါ်မူတည်ပြီး လိုက်ဖက်တဲ့အိတ်တစ်လုံးကို ရွေးချယ်ရပါမယ်
သင့်အရပ်အမြင့်က (below 165cm)၅ပေ၄အောက်ဆိုရင် ဖက်ရှင်မဂ္ဂဇင်းစာအုပ်ကိုအလျားလိုက်ဆံ့လို့ရတဲ့ အိတ်အမျိုးအစားကိုရွေးချယ်သင့်ပါတယ်
(above 165cm)၅ပေ၄အထက်ဆိုရင်တော့ ဖက်ရှင်မဂ္ဂဇင်းစာအုပ်ကိုဒေါင်းလိုက်ထည့်လို့ဆံ့တဲ့ အိတ်အမျိုးအစားကိုရွေးချယ်သင့်ပါတယ်

🍀 သင့်ရဲ့ခါးနဲ့ရင်ကိုလိုက်ပြီး လိုက်ဖက်တဲ့အိတ်တစ်လုံးကို ရွေးချယ်ရပါမယ်
Fashionကျတဲ့မိန်းကလေးတော်တော်များများက Slim Bag ကိုပိုပြီးရွေးချယ်တတ်ကြပါတယ် Slim Bag အိတ်ကိုထူပြီးကြီးတာရွေးမိရင်လွယ်ရတာသက်တောင့်သက်သာမရှိဘူးဖောင်းဖောင်းကြီးဖြစ်နေတတ်တယ် ကိုယ်ရဲ့ရင်၊ခါးဆိုဒ်ပေါ်မူတည်ပြီးအိတ်ကိုရွေးရပါတယ်
Highway လမ်းလိုပြားကပ်နေတဲ့ရင်၊ခါးပိုင်ဆိုင်ထားတဲ့သူ(သို့)မိန်းကလေးသိမ်မဆန်တဲ့သူဆိုရင်သင့်ရဲ့အားနည်းချက်တွေကိုဖုံးကွယ်နိုင်ဖို့ထူပြီးကြီးတဲ့Slim bagအိတ်ကိုရွေးချယ်သင့်ပါတယ် ကိုယ်က sexy ကျတဲ့ခန္ဓာကိုယ်အမျိုးစားကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ပါးပြီးရှည်တဲ့အိတ်ကအသင့်တော်ဆုံးဖြစ်ပါတယ်

#အထက်ပါအချက်အားလုံးဟာ မင်မင်ရဲ့အကြံပေးရုံသက်သက်သာဖြစ်ပါတယ်နော်...

Address

Yangon
11162

Telephone

+959770554004

Website

Alerts

Be the first to know and let us send you an email when Carry9 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Carry9:

Share