20/09/2022
မင်မင်ဆိုလဲ အသံကျယ်လို့အမေးခံရတယ် နင်အပျိုတုန်းကလဲအဲလိုအသံပဲလားတဲ့😆😆😆အပျိုထဲကအဲအသံဆို ယောက်ကျားတောင် ရမှာမဟုတ်ဘူး🤣🤣🤣
#မိန်းကလေးတွေက အမေဖြစ်လာကြတဲ့နောက်ပိုင်း စကားပြောတဲ့
အသံတွေဘာလို့ကျယ်လောင်သွားကြတာလဲ သတိထားမိကြလား။
အဖြေက
သူတို့ကို နားလည်ပေးတဲ့သူ မရှိတော့လို့ ။
သူတို့ကို အပြစ်တင်တဲ့စကားတွေ ကြားနေရလို့။
သူတို့ရဲ့ ၂၄နာရီက ပင်ပန်းမှုတွေကို တန်ဖိုးမထား အသိမှတ်မပြုတဲ့ မိသားစုဝင်တွေကြောင့် ဆိုတာ ငြင်းလို့မရတာ အမှန်ပါပဲ။
ကိုယ်ခွဲမရှိတဲ့ မိခင်တွေရဲ့ ဘဝအစကနေ မိုးလင်းမိုးချုပ် အိပ်ရေးပျက်ညတွေရက်ဆက်လာတဲ့အခါ စိတ်ဖိစည်းမှုတွေကို စုစည်းထားသလို ဖြစ်သွားကြရတာ အမှန်ပါ။
ဒါကြောင့် သည်းခံရင်းနဲ့ အဆုံးမှာ အသံတွေကျယ်လာရတယ်။
မွန်းကျပ်လာတဲ့အခါ အော်လိုက်ရရင် စိတ်သက်သာရရသလို ဖြစ်နေတာကြောင့် အသံတွေကျယ်လာရတယ်။
အမေရဲ့လုပ်စရာတွေက ရှိတဲ့လက်နှစ်ဖက်နဲ့ နားချိန်မရှိပေမဲ့ ကလေးတစ်ယောက်ရဲ့ နာရီကို ပုံမှန်လည်ပါတ်စေချင်တဲ့ မိခင်စိတ်နဲ့ ကလေးကျန်းမာအောင် ပြုစုစောင့်ရှောက်နေရလို့ ကိုယ်ပိုင်အချိန် မရှိတဲ့ မိခင်တွေက အဆိုးဆုံး စိတ်ဖိစည်းမှုကို အကူညီရှိသူတွေထက် ကြုံတွေ့ရတာ အမှန်ပါပဲ။
ကလေးတွေနေ့ခင်းတစ်ရေးတမော
ိအိပ်သွားလို့ လုပ်ရမဲ့အလုပ်ပေါင်းသောင်းခြောက်ထောင်ကို ဘယ်ကစလုပ်ရမှန်းမသိဖြစ်နေသလို အရမ်းပင်ပန်းနေလို့ အိပ်ရေးတွေပျက်နေတဲ့အမေ အလုပ်တောင်မစရသေးဘူး ကလေးက နိုးနေပြီ ။
အဲလိုအခြေနေမှာ အိမ်က ညစ်ပါတ်နေတာပဲ။ တစ်နေကုန် ဘာမှ အလုပ်မလုပ်ဘူး ကလေးနဲ့ပဲ အချိန်ကုန်နေတယ်လို့ ကြားမိရင် အမေတွေ သည်းမခံနိုင်လို့ ပြန်ပြောရင် မှားတယ်လို့ မပြောကြပါနဲ့။
အိပ်ယာက မထချင်လည်း ထနေခဲ့တာ သူများတွေထက် ကိုယ်ခံအားကောင်းနေတာမဟုတ်ရပါဘူး။
ကိုယ်က မိခင်ဆိုတဲ့ စိတ်ကလေးနဲ့ ကလေးတွေအတွက် မနက်စာကို အချိန်မှီ ဖန်တီးပေးစေချင်တဲ့ စေတနာကြောင့် အိပ်ရေးပျက်တာကို မငြိုငြင်ရက်ခဲ့ကြတာ အမှန်ပါ။
မီးဖိုချောင်ထဲ နေနေခဲ့တာ ဘဝလမ်းဆုံးနေတဲ့ မိခင်တွေရဲ့ဘဝက တန်ဖိုးရှိတဲ့ လက်နှစ်ဖက်နဲ့ အနာဂါတ်သစ်လေးတွေအတွက် ခွန်အားဖြစ်အောင် မိခင်တွေရဲ့အချိန်ကို ရပ်ထားပေးရတာပါ။
မိသားစုဝင်ေတွ မိခင်တွေရဲ့ ၂၄ နာရီကို
တန်ဖိုးထားပါ စာနာနားလည်ပေးပါ ဖေးမကူညီကြပါ။
မိခင်တွေ Me time ရအောင် အနားယူဖို့ ကူညီပေးဖို့ မတတ်နိုင်ခဲ့ရင်တောင် အပြစ်တင်စကားမပြောကြဖို့ အားပေးစကားသာ ပြောကြဖို့ ခွန်အားပေးပါတယ်ရှင့်။
သားသမီး တွေရဲ့ဘဝအနာဂါတ် ကို တည်ဆောက်ပေးနေတဲ့ မိခင်တွေရဲ့ တန်ဖိုးကို သိနားလည်နိုင်ြကပါစေ။
#မိခင်တွေကြုံတွေ့ရတဲ့ဖြစ်ရပ်မှန်
#မေမေထိုက်
✍ မေတ္တာဖြင့် Mommy of 3
Crd Art