07/04/2025
အားလုံးပဲမင်္ဂလာပါရှင်။ ကျွန်မကတော့ 𝐓𝐫. 𝐘𝐚𝐝𝐚𝐧𝐚 ပါ။
လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပွါးခဲ့သော ငလျင်ဘေးဒဏ်ကြောင့် ပြည်သူအမြောက်အမြား အသက်အိုးအိမ်၊ စည်းစိမ်များကို အချိန်တိုအတွင်း ဆုံးရှုံးပျက်စီးခဲ့ကြပါတယ်။ ငလျင်ဘေးဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ကြရသူများသာမက ငလျင်ဘေးဒဏ်ကို ကိုယ်တိုင်မကြုံတွေ့ရသည့်တိုင် ငလျင် ဘေးဒဏ်သင့်သောဒေသရှိ မိမိ၏ ဆွေမျိုးသားချင်း များ ၊ မိတ်ဆွေသူငယ်ချင်းများအတွက် စိုးရိမ်ကြောင့် ကြစိတ်များအပြင် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ပေါ်မှ ငလျင်သတင်းများ၊ ဓာတ်ပုံများ၊ ရုပ်သံဖိုင်များကြောင့်လည်း လူတိုင်းနီးပါး 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐒𝐭𝐫𝐞𝐬𝐬 𝐓𝐫𝐚𝐮𝐦𝐚 များ ရနေ ကြရပါတယ်။ သို့ပါသောကြောင့် ကျွန်မတို့ 𝐂𝐨𝐚𝐜𝐡 𝐁𝐲 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐓𝐞𝐚𝐦 မှလည်း တတ်နိုင်သလောက်လေး အကျိုးတစုံတရာဖြစ်ပေါ်စေဖို့ရာ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပေးနိုင်ရန် စီစဉ်ထားပါတယ်ရှင်။
လတ်တလောဖြစ်ပွါးခဲ့သော အခြေအနေများကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် မိမိတို့၏စိတ်ထဲတွင် ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများ၊ နာကျင်မှုများက်ို မိမိတို့တစ်ဦးတည်းကျိတ်မှိတ် ခံစားရင်ဆိုင်မနေပဲ ရင်ဖွင့်ဆွေးနွေးနိုင်စေရန်အတွက် ကျွန်မတို့ 𝐂𝐨𝐚𝐜𝐡 𝐁𝐲 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐏𝐚𝐠𝐞 တွင် 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐒𝐞𝐬𝐬𝐢𝐨𝐧𝐬 များ အခမဲ့ရယူနိုင်ပါပြီရှင်။
𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐅𝐫𝐞𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧𝐬 ရယူလိုသူများ အနေဖြင့် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 တွင် ဆက်သွယ်နိုင်ပါပြီ။