SHWE AHNIT Online Shop

SHWE AHNIT Online Shop Shopping/Retail

ကလေး ကိုဗစ်အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ်  တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ ကလေးမှာ ပိုဗစ်က ပြင်းထန်လေ...
08/09/2022

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၎-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအ​နေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အံရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
ဝ.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
ဝ.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Credit ဆရာကြီး ဦးစောဝင်း

မကြာမီ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ဈေးနှုန်း 16000 ကျပ်
24/08/2022

မကြာမီ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဈေးနှုန်း 16000 ကျပ်

Mignon de Bijoux ဖန်စီနားကပ်ဈေးနှုန်း 5500 ကျပ်ဂျပန်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးဖြစ်လို့ဆေးမကျွတ် အရောင်မကျ ပုံစ...
15/08/2022

Mignon de Bijoux ဖန်စီနားကပ်
ဈေးနှုန်း 5500 ကျပ်
ဂျပန်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးဖြစ်လို့
ဆေးမကျွတ် အရောင်မကျ ပုံစံဆန်းဆန်းလေးမို့ အလှကြိုက်တဲ့
မမတို့ ညီမလေးတို့ အတွက်ကြိုက်မှာ အသေချာပဲမို့ ခုပဲမှာလိုက်ပါတော့နော်။
မှာယူလိုပါက မြန်မာနိုင်ငံအတွင်းရှိ ဘယ်မြို့မဆိုပို့ပေးပါတယ်။ငွေကြိုလွှဲစရာ(လုံးဝ) မလိုပါဘူး ပစ္စည်းရောက်မှ စစ်ဆေးပြီး ငွေပေးချေရပါတယ်။
Message Box(သို့)Ph 09422477382, 09964530025 သို့ဆက်သွယ်မှာယူလို့ရပါတယ်။
# # 3 စုံမှာယူပါက ပို့ခ Free , 5 စုံမှာယူပါက 1 စုံလက်ဆောင်ဖြင့်ပို့ဆောင်ပေးပါတယ်။

3 ဆင့်စတီးပေါင်းအိုး ရပါပြီ။22000 ကျပ်ပါ။ဒင်ဆမ်း၊ ပေါက်စီ၊ဖက်ထုပ် ကြိုက်တာပေါင်းလို့ရတဲ့အပြင် အသား၊ငါးပေါင်းလို့ရ..ချက်လ...
22/07/2022

3 ဆင့်စတီးပေါင်းအိုး ရပါပြီ။

22000 ကျပ်ပါ။

ဒင်ဆမ်း၊ ပေါက်စီ၊ဖက်ထုပ် ကြိုက်တာပေါင်းလို့ရတဲ့အပြင် အသား၊ငါးပေါင်းလို့ရ..ချက်လို့ရတဲ့စတီးပေါင်းအိုးလေးပါ။

ဟင်းထုပ်လေးတွေ ပေါက်စီလေးတွေ လုပ်စားဦးမလား တစ်နိုင်စာလေး လုပ်လို့ရတယ်။

Digital မီးဖို / Gas မီးဖို / မီးသွေးမီဖိုတို့နဲ့ လဲအသုံးပြုလို့ရပါတယ်။

ခရီးဆောင်/အိတ်ဆောင်အသီးဖျော်စက် လေးရပါပြီ။15000 ks ပါတစ်ခါထဲဖျော် တစ်ခါထဲသောက် 2 မျိုးစလုံးကို ဒီဖျော်စက်လေး တစ်ခုထဲနဲ့သ...
22/07/2022

ခရီးဆောင်/အိတ်ဆောင်အသီးဖျော်စက် လေးရပါပြီ။
15000 ks ပါ
တစ်ခါထဲဖျော် တစ်ခါထဲသောက် 2 မျိုးစလုံးကို ဒီဖျော်စက်လေး တစ်ခုထဲနဲ့သုံးနိုင်ပါပြီ ။အရမ်းချစ်စရာကောင်းပြီး စျေးလဲအရမ်းတန်တယ်ပါတယ်။
ခရီးပဲထွက်ထွက် Gym ပဲဆော့ဆော့ သွားလေရာ ယူသွားလို့ရတဲ့ အိတ်ဆောင် USB အသီးဖျော်စက်လေးပါ။
380 ml ဆန့်ပါတယ်
တစ်ခွက်စာအသီးဖျော်ဖို့ 1 မိနစ်ပဲကြာပါတယ်။

21/07/2022

Dr.smart သွေးပေါင်ချိန်စက်

~ 35000 ကျပ်

အိမ်တိုင်းဆောင်ထားသင့်ပါတယ်နော်
DigitalBP

Made In Taiwam

ဟုတ်ကဲ့ သွေးပေါင်ကျခြင်းနဲ့ သွေးပေါင်တက်ခြင်းက
ရောဂါလက္ခနာ ကတူသောကြောင့် ရှိနေခြင်းက သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

လေးနှစ်အာမခံ(4 Year Warranty) သွေးပေါင်ချိန်စက်
ဈေးကွက်တွင် လူသုံးများနေသော
..Dr.Smart Digital Blood Pressure Monitor ...

Quality အတွက်တော့ အထူးအာမခံပါတယ်။
FDA, CE လက်မှတ်ရ ဖြစ်သောကြောင့် စိတ်ချစွာအသုံးပြုနိုင်ပါတယ်.....

မှာယူလိုပါက Message Box မှ (သို့မဟုတ်) Phone ဖြင့် ယုံကြည်စိတ်ချစွာ
မှာယူလို့ရပါတယ်။

ဖုန်းပါအားသွင်းနိုင်တဲ့ Solar Emergency Charging Lamp15500 ကျပ်လင်းအားပြင်းတဲ့စနစ် ဆိုလာအားသွင်းစနစ် ဖုန်းအားသွင်းပေးနို...
21/07/2022

ဖုန်းပါအားသွင်းနိုင်တဲ့ Solar Emergency Charging Lamp

15500 ကျပ်
လင်းအားပြင်းတဲ့စနစ်
ဆိုလာအားသွင်းစနစ်
ဖုန်းအားသွင်းပေးနိုင်တဲ့ Power Bank စနစ်

မီးလင်းစနစ်က အလင်းဆုံး၊ အလယ်အလတ်လင်း၊ ခပ်မှိန်မှိန်ညအိပ်မီး၊ မှိတ်တုတ်အချက်ပြ၊ ကမ်းဝေးင်္ဘောတွေမှာလိုဖျတ်ခနဲဖျတ်ခနဲအချက်ပြ ၅မျိုးထွန်းလို့ရပါတယ်။

နေရောင်ထဲ 5နာရီ 6နာရီလောက် ထားလိုက်ရင် အားအပြည့်၀င်ပါတယ်

မီးထွန်းရုံသာမက ဖုန်းအားသွင်းဖို့လည်း ဓါတ်ခဲအားတောင့်တောင့်တင်းတင်းပါပါတယ်။

အဝေးထိန်း Remote ပါရှိတဲ့အတွက် အမြင့်မှာထားရင် တကူးတက တက်ဖွင့်စရာမလိုပဲ Remote နဲ့အဖွင့်/အပိတ်ပြုလုပ်နိုင်ပါတယ်။

အရည်အသွေးပြည့် 18650 ဓာတ်ခဲ ကိုအသုံးပြုထားတဲ့အတွက် ကိုယ်ထွန်းတဲ့မီးအားပေါ်မူတည်ပြီး ၆နာရီ မှ ၈ နာရီထိခံပါတယ်။

ဆိုလာနဲ့အားသွင်းနိုင်သလို micro USB အားသွင်းကြိုးနဲ့ အားသွင်းနိုင်လို့ Power Bank, Car, Solar, Computer အစရှိသည့်တို့နှင့် လွယ်လင့်တကူ အားသွင်းနိုင်ပါတယ်။

USB Output ပါရှိတဲ့အတွက် အရေးပေါ်ဖုန်း၊ USB Device၊ Power Bank အစရှိသည်တို့ကို အားပြန်သွင်းချင်တယ်ဆိုလည်း ရပါသေးတယ်။

Fruit Blender
21/07/2022

Fruit Blender

WELCOM to SHWE AHNIT Online Shop
21/07/2022

WELCOM to SHWE AHNIT Online Shop

Address

DAWBON
Yangon

Telephone

+959422477382

Website

Alerts

Be the first to know and let us send you an email when SHWE AHNIT Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE AHNIT Online Shop:

Share