24/01/2021
ကုမ္ပဏီ ချမ်းသာတာ...
ကိုယ်ချမ်းသာတာမဟုတ်ဘူး...
အလုပ်လုပ်ခါစ
လူငယ်တွေကို သတိကပ်စေချင်ပါတယ်
ကုမ္ပဏီ တာဝါထိပ်မှာဖွင့်ထားတယ်
ဝတ်စုံပြည့် ရုံးတက်ရတယ်...
ရုံးကထုတ်ကုန်ပစ္စည်းတွေအတွက်
ဆယ်လီ ဒိတ်ဒိတ်ကျဲပွဲတွေတက်ရမယ်...
5 Stars ⭐️ မှာရုံး Budget နဲ့ Team Dinner ဆွဲတယ်
လူချမ်းသာတစ်ချို့
RK တစ်ချို့နဲ့ ထိတွေဆက်ဆံလာရတယ်...
အဲ့အထိ အိုကေနေသေးတယ်...
အဲ့အခြေအနေက ကုမ္ပဏီမှာ ရှိတဲ့မိမိရဲ့ဘဝ
အဲ့ဒီ Luxury ဖြစ်တဲ့ ပတ်ဝန်းကျင်ကို မိမိရဲ့ ကိုယ်ပိုင်အစစ်အမှန်ဘဝထဲကို ဆွဲခေါ်မမိစေဖို့ အရေးကြီးပါတယ်
ရုံးက ပွဲတစ်ခုစာအတွက် သိန်း (၅) ထောင်သုံးပေမဲ့ မိမိလစာ တစ်လ (၅) သိန်းပြည့်အောင်မရနေလျှင် မိမိရဲ့ Purchasing Power ကိုလျှော့ပါ
ကုမ္ပဏီက ကမ္ဘာကျော်နေသော်လည်း
မိမိရဲ့ လစာက ကမ္ဘာကျော်မနေဘူးဆိုရင် အဆောင်အယောင်တွေလျှော့ပါ .... ။
နိုင်ငံခြားအဖွဲ့အစည်းမှာလုပ်တဲ့ ကလေးတစ်ယောက်က တိုင်ပင်ဖူးတယ် ဌာနတစ်ခုလုံး အိုင်ဖုန်းကိုင်လို့ သူလည်း သိန်း (၂၀) တန်ဖုန်းဝယ်မလို့တဲ့
လစာမေးတော့ --> (၅) သိန်း
မိမိ ကိုယ်ကို
☘️ ပြန်မေးပါ ☘️ သုံးသပ်ပါ ☘️ ဆင်ခြင်ပါ
အလုပ်သဘောအရ ကုမ္ပဏီရဲ့ Allowance နဲ့ 5 Stars မှာ Dine In လုပ်လို့ရပေမဲ့ မိမိရဲ့ပါဆင်နယ် ဘဝမှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ Dine In လုပ်လို့မရနေဘူးဆိုရင် ညစျေးက ထမင်းကြော် စားသင့်ရင်စားရပါမယ်
အလုပ်သဘောအရ လေယာဉ်နဲ့ ခရီးသွားရပေမဲ့ Personal trip သွားတဲ့အခါ Bus ကားပြန်စီးသင့်စီးသွားရပါမယ်
အလုပ်သဘောအရ သိန်းထောင်ကျော်တန် စိန်ရောင်း၊ ကားရောင်းဖို့ မိမိကို သိန်းကျော်တန် Suite အပြည့်ဆင်ထားတာ ကိုယ်တကယ်ချမ်းသာတာမဟုတ်ဘူး — သတိကပ်ရပါမယ်
ကိုယ်ဘာသာ true self ဖြစ်ဖို့လိုအပ်သလို့
ကိုယ့်ဘဝရဲ့ true color ကို ဘေးပတ်ဝန်းကျင်ကြောင့် ဖုံးကွယ်ပြီး မရှိတန်ဆာ မဆင်မိဖို့ သတိကပ်စေချင်ပါတယ်။
Income နဲ့ Purchasing Power မမျှတဲ့အခါ
အဲ့ဒီလူငယ် တစ်ယောက်ဟာ လုပ်မိလုပ်ရာ လမ်းကြောင်းလွဲသွားတတ်ပါတယ် ...
ကိုယ့်ကိုယ်ကို
လူချမ်းသာလို့ထင်သွားတဲ့နေ့ဟာ
ဘဝပျက်မည့်နေ့ရဲ့ အစပဲ လို့သတ်မှတ်ပါ...
စေတနာဖြင့်
William Phyo, The Explorer