ANP Myanmar JADE

ANP Myanmar JADE Jade

sold out ပါမှော်စီဆာ ကျောက်လေး၁လုံး အရောင်းတင်မယ် အခွံ ဆင်သရေအကာခွံလေ အရွယ်အားဖြင့် ၃၅ကျပ်သားဝန်းကျင် အနာပဲခေါင်းရမယ် အသ...
23/07/2023

sold out ပါမှော်စီဆာ ကျောက်လေး၁လုံး အရောင်းတင်မယ်
အခွံ ဆင်သရေအကာခွံလေ အရွယ်အားဖြင့် ၃၅ကျပ်သားဝန်းကျင် အနာပဲခေါင်းရမယ် အသားကတောစိတ်ချရပြီးသား မျိုးတန်ကောင်း ကျောက်ဆီကောင်း ပန်းစက် ကာလာလေလဲပါ ဖြတ်ခေါင်းခြင်းလိုဖြစ်ဖြစ် ဝယ်ရောင်းခြင်းလိုဖြစ်ဖြစ် ကြိုက်နှစ်သက်ရင် စျေးချောင်းချောင်းလေနဲရမယ် စျေးကတော့ ၄သိန်းကျပ်ပါ ဆက်သွယ်ရန် cb.09795560585ပါ ဖားကန့်လုံးခင်

20/06/2023

outမန အကြီးအချိန်၅၀ ဝန်ကျင် တစ်နန်းဖြတ် ပဲအရည်နန်းကျန်လေတစ်လုံး ပွဲကိုင်ထား vdဖိုင်အပြည့်စုံ မီးဝါနဲရိုက်ပြပေထားပါတယ် ပိုတွေမ​ရေးတော့ဘူး ထပ်ခေါင်းချင်ရင် 09795560585 ဖုန်းစက်လိုက်ပါ အပြင်မှာကြည်ရင် ဖာကန်းလုံခင်မှာပါ ပွဲတဲရင် 5%ပေရမည်

သိသူဖော်စား မသိသူကျော်သွာသက်ကြီးစကား သက်ငယ်ကြား............................................................................
08/11/2022

သိသူဖော်စား မသိသူကျော်သွာသက်ကြီးစကား သက်ငယ်ကြား....................................................................................

ရှင်းနဲ့ငချိတ်တုံးနိုင်
ပြည်တန်ကျောက်ကို… ကိုင်
ပိန်းဥနဲ့အသား
ကိုင်လိုက်ရင်ကြွေကာကျပါစေ့
အရည်နေရာအသားနပ်လို့က
တသက်ထိုင်စား…
ရှင်းပါမှာမကြောက်နဲ့
ရဲရဲ သာကိုင်
ဝင်စမ်းပါစေ ရှင်းတုံး
အရည်သာခိုရင်က
ဒီနေရာတခါပြတ်မယ်
ပြည်တန်တဲ့ … မြအလား
ငချိတ်မှာ အရည်ကူး
တယ်မြူးတဲ့အရည်
အဝါသန်အရည်ထူးရင်က
ဒီတခါ ဆယ်ခါလှူလိုက်မယ်
ကုန်ဘူးကွဲ့ ထိုင်စား ။
ရှင်းပျော့ပျော်ဖြူဖြူ
နယ်လိုက်တဲ့အတုံး
အစက်တာတည်ဖေါက်ရင်က
အောက်ထိုင်ကာသူခိုထားလိုက်ရင်
အရည်က … အတုံး။
အရည်က လှချက်
ဗျိုင်းဖြူဖြူချေးကပါ
စိတ်ပျက်လိုက်တာ
အဖျက်တာထင်ရင်က
ပြစ်ဆိုကာသူဝယ်ဖြတ်လိုက်မယ်
တသက်အမှား ။
တောက်တောက်နဲ့မီးထိုး
ပေါက်အားဘဲ လိုက်ကိုင်
အမြင်ကိုလုပ်တာလုပ်စား
ဒီပညာကျော်ရင်က
ဘယ်ခါမှာသူချမ်းသာမယ်
မွဲမယ့်လူသား။
အောက်ချေကိုအပိုင်လိုက်
မျိုးတန်းကပိုင်
ရမ်းအထိုင်သိရင်က
နင်မငယ်မျက်နာ
လက်မှိုင်ကာတန်ကြေးပေးလိမ့်မယ်
မြောက်ဘက်ကလူသား။

အာဂွဏ်ဆောင်ထားတဲ့ ရှေးဆရာတွေရဲ့နည်းနာလေးပါ။
crd
.......................................

အိုဘယ့် ပညာသင်မိတ်ဆွေ

"ချော်"
ထူ၊ပါး၊စီး၊ကပ်၊ကျပ်သည်တလီ
အကာဖြူနှင့်
အခေါ်ကွဲပြားအမျိုးများစွာ
ရှိသည်မသွေ မှော်နယ်မြေ၌။

စီး၊ကပ်၊တမူ အကာဖြူက
ဆန်းမည်အသား ခါးတန်းအထက်
မှတ်လေအဆွေ မျိုးကောင်းပေ

တဖန်ကွဲပြား ချော်ပါးအထူ
နှိုင်းယှဉ် ချိန်ဆ ဝယ်တတ်မှသာ
ရွလျင်အသား ခါးနှင့်ခါးသန်
ကျပ်လျင်မသွေ အောက်ကျပေတတ်

ချော်၏သဘော ဉာဏ်မနှောက
မှားတတ်လှစွာ ချော်ကပ် ချော်ကျပ်

ခြောက်သွေ့တမျိုးအရောင်ဆိုးက
မျိုးတန်းမမှန် မဟန် အသား
အဖြစ်များသည်
မှတ်ကြပါလေ ချစ်မိတ်ဆွေတို့။

crd............................

အသက်၆၀နီးပါး
အိုးဆားဗစ်ကြီးတစ်ယောက်ပြောတဲ့
ကျောက်နဲ့ပက်သက်သမျှ
မှတ်မိသလောက်လေးပါ။

၁။ ကုမ္ပဏီသမားနေနေ
မြေစာပုံရှာရောင်းသမားနေနေ
တန်ပြတ်ဝယ်ရောင်းသမားနေနေ
ဆေးရောင်းသမားနေနေ
ဝယ်ရောင်းနေနေ
ကျောက်သမားတိုင်း ကျောက်အောင်ချင်ကြတာကို
မေ့မထားပါနဲ့တဲ့။

၂။ ရေမဆေးဝယ်ဆေးပြီး
ဖြတ်တဲ့သူတွေအောင်နိုင်တဲ့ကျောက်က
အကာမျိုးပဲတဲ့။

၃။ မှော်ဝမ်းလေးနဲ့ မှော်ဝမ်းကြီးကျောက်တွေဟာ
အရေပျော်သလို
အရေလို့ထင်ရတဲ့ မောက်လည်းပျော်တယ်တဲ့။

၄။ မှော်စီဆာကျောက်မှာ
ဒုက္ခအပေးဆုံးက ယမ်းဆော့တာပဲတဲ့။

၅။ ဝေခါကျောက်မှာ
ဒုက္ခအပေးဆုံးက မျိုးရောတတ်တာပဲတဲ့။

၆။ ခန္တီးကျောက်တွေမှာ
ဒုက္ခအပေးဆုံးက
အနာနဲ့အသားလျော့ အဆံထောက်တာပဲတဲ့။

၇။ ကျောက်ကြီးဖြတ်သားတွေမှာ
အသားလျော့ပေမဲ့
အရေကြိုးနေရာ အသားနပ်တတ်တယ်တဲ့။

၈။ အမဲကြော အကျွပ်တွေက
များသောအားဖြင့် အပြင်လက္ခဏာထက်
အတွင်းကျွပ်များတယ်တဲ့။

၉။ ကာလာဆိုရင် မီးထိုးရင်
ကျောက်အရောင်က အပြာဘက်မသိမသာရောက်နေပြီး
အရေဆိုရင်
မသိမသာ အဝါဘက်ရောက်တယ်တဲ့ (မီးအဝါ)

၁၀။ အရေမှာ ဝေခါနဲ့ငချိပ်
အသားမှာ
မှော်စီဆာနဲ့တာမခံတဲ့။

၁၁။ အခွံတုအခွံပြင်တွေ
အများဆုံးက
အခွံဖြူနဲ့ အခွံဝါတွေပိုများတယ်တဲ့။

၁၂။ ၂ကျပ်သားနဲ့
သိန်း၁ထောင်ကျော်တဲ့ကျောက် သူမြင်ဘူးတယ်တဲ့။
(2002 2005 ဝန်းကျင်တုန်းက)

၁၃။ ကျောက်တစ်တုံးမှာ
အကောင်းဆုံးအသား
အကောင်းဆုံးအရေနေရာကို
အပွင့်ကောင်းထုတ်ပါတဲ့။
ဘေးပုတ်စကိုမနှမြောပါနဲ့တဲ့။

၁၄။ မမြင်မထင်လုပ်ရင်
ရေမဆေးလုပ်
အမြင်အထင်လုပ်ရင်
အပွင့် လက်ကောက်လုပ်တဲ့။

၁၅။ ဖြတ်သားလုပ်ရင်
အန်ပီုရီယံအကျထက်
မှော်ထဲက ကုမ္ပဏီတွေ ဖြတ်ပြီး
ပုံထားတဲ့အပုံကို
ပိုဝယ်သင့်တယ်တဲ့။

သတိရသလောက် မှတ်မိသလောက်လေး အဆင်ပြေအောင်ပြန်မျှပေးတာပါ။ ပြောတာကတော့အများကြီးပဲ သူ့အာဘော်ပါ။

အညတရပညာသင်လေး
တစ်ဦးပါ။
crd .......................................,..................................................

မောက်ကာလာကို အရည်လို ပြောရမှာ အားနာတယ် အသားအံပိးလာတာကို  ဆန်းပွေးလို ပြောရမှာ အားနာတယ်မျိူးနှ ။ ကျဲလင်းကိို အသားဆန်းအဆင်...
24/10/2022

မောက်ကာလာကို အရည်လို ပြောရမှာ အားနာတယ်

အသားအံပိးလာတာကို ဆန်းပွေးလို ပြောရမှာ အားနာတယ်

မျိူးနှ ။ ကျဲလင်းကိို အသားဆန်းအဆင့်လိုပြောရမှာအားနာတယ်

ဘာဖြစ်ဖြစ်မိးထိုးပိး မိပေါက်ရင် ခါးအောက်သားလောက်ထွက်မယ် ကျောက်ကို အသားရပိ အသားတန်းခေါင်းရမှာ လို ပြောရမှာ အားနာတယ်

ချောကြပ်ကို ချော်စိီးလို ပြောရမှာ အားနာတယ်

အခွံကြပ်ကို အခွံကျစ်ဆိုပိးပြောရမှာ အားနာတယ်

သဲယမ်းကို ယမ်းမှူံ လို ပြောရမှာ အားနာတယ်

ကျောက်မျိူးမဟုတ်တ့ဲ နော်ခေါ် ကျိးကန်း တောင်ဆန် အဆင့်ကို လန့်ချိတ် ဘလတ်ချိတ် လို ပြောရမှာ အားနာတယ်

ကျောက်သားကို တစ်နန်းဖြတ် တစ်ရည်ကြ ကို
ဖြတ်သားအောင်ပိလို ပြောရမှာ အားနာတယ်

အသားတန်းပြတ် န့ဲ နပ်သားကို မသိပဲ
ပေါဒိ သို့ ဘော်ဒိ လို ပြောရမှာအားနာတယိ

ထုံသေကို ဖြတ်လို လန်ရင် ပြည်တန်ကျောက်လို ပြောရမှာ အားနာတယ်

တွေတဲ့နေရက ကျောက်ရလားပိး မဲမဲမြင်ရင်
မှော်စိစာ မှော်ဝမ်း လို ပြောရမှာ အားနာတယ်

‌အားနာရင်း အားနာရင်း အားနာရင်း

‌ဘာမှာ မဟုတ်သေးတဲ့
‌ ကျောက် သမား ဇော်မင်း

သင်ကြားပြသပေးသော် ကျွန်တော်ဆရာ အားလုံးအား အလေမြတ်ထားပါ၏


ပုံတွေ အားလုံးကိူ credit. ပေးပါတယ်

အကာခံသောကျောက် ဖြတ်ရင် ၈၀ % အောင်ဖို့သေချာသောကျောက် အကာဖြူ မန်းဖြူ ဗျိုင်ချေးမန်း ပေါ့  ချော်အောက်မှာအကာဖြူခံ ဝါရင့်ကျော...
10/10/2022

အကာခံသောကျောက် ဖြတ်ရင် ၈၀ % အောင်ဖို့သေချာသောကျောက် အကာဖြူ မန်းဖြူ ဗျိုင်ချေးမန်း ပေါ့ ချော်အောက်မှာအကာဖြူခံ ဝါရင့်ကျောက်သမားကြီးတွေ အကြိုက်ပေါ့ဗျာ အဖြတ်ခံတာကြောင့်ပါ ဖြတ်တိုင်းအောင်လို့ ကျောက်ကောင်းတွေ ရကြပါစေ အောင်ကြပါစေ။

(ကူးယူဖော်ပြခြင်း)
photo မူရင်း ပိုင်ရှင်များအား crd ပေးပါတယ်။
Follow&likeလုပ်ထားကြပါနော်🥰🥰

12/06/2021

အသားဆန်း အလှလေ

 #အောက်မှော်အထက်မှော်အကြောင်းအထက်မှော် ဆိုသည်မှာ လုံးခင်းပတ်လည် မှ ထွက်သောကျောက်အမျိုးအစားများကိုအထက်မှော်ဟုယေဘူယျ အားဖြ...
06/06/2021

#အောက်မှော်အထက်မှော်အကြောင်း

အထက်မှော် ဆိုသည်မှာ လုံးခင်းပတ်လည် မှ
ထွက်သောကျောက်အမျိုးအစားများကို
အထက်မှော်ဟုယေဘူယျ အားဖြင့်ခေါ်ဆိုကြပါ
သည်။မှော်နာမည်နှင့်ပြောရလျင်

ဆန်ခါမှော်
မလောင်မှော်
ငိုးပင်းကြီးမှော်
ငိုးပင်းလေးမှော်
ကုဋေမှော်
ကထန်မှော်
တောမှော်
ဆမားမှော်
စနေမှော်
သျှာမှော်
ဒိန်လုံးမှော်
ထယ်လုံးစိမ်းမှော်
စသဖြင့် လုံးခင်းရွာတဝိုက်မှာရှိသောမှော်များကို
အထက်မှော်ဟုခေါ်ကြသည်။
အထက်မှော်များမှထွက်ရှိသောကျောက်များသည် မာကျစ်အား သိပ်သည်းဆနည်းပါးသည်။
ကျောက်မျိုးနုသည်အသားကျဲတတ်သည်(များသောအားဖြင့်)။ချွမ်ပျက်အသားပျက်ဖြစ်တတ်သည်။
ကောင်းသောကျောက်များလည်းထွက်ရှိတတ်ပါ
သည်။ဈေးကွက်တွင်အတန်ငယ်လူကြိုက်နည်း
သည်။ဈေးတန်းနိမ့်သည်။

အောက်မှော်ဆိုသည်မှာဖားကန့်မြို့တဝိုက်ထွက်ရှိသောမှော်များကိုဆိုလိုသည်။

မှော်ဆီဇာ
ဖားကန့်ကြီး
ဝှေခါ
ဆိုင်းတောင်
မန
ဗလခ
တာမခံ
မှော်ဝမ်းကြီး
မှော်ဝမ်းလေး
ရှရော်ခ
စပေါ့ချောင်းဖျား
မမုံ
ဟင်းတစ်
ကရင်ချောင်
လူသေချောင်
မှော်ဂလုံ
မကာပင်း
ဆန်းကြွယ်
ဖားပြင်စသဖြင့်
ကျောက်ထွက်သောမှော်
တော်တော်များများရှိပါသေးသည်။
အောက်မှော်များ၏သဘောသဘာဝ
မှာကျောက်မျိုးရင့်ပြီး မာကျစ်အားသိပ်သည်းဆ
ကောင်းသည်။ကျောက်သားညက်သည်။
လင်းအားကောင်းသည်။အဖျက်အားနည်းသည်။
ထို့ကြောင့်ဈေးကွက်တွင်လူကြိုက်များသည်။
ဈေးတန်းမြင့်သည်။
အထက်မှော်သည် သိန်းရာကျောက်
ထောင်ကျောက်ထွက်ရန်ခဲယဉ်းသည်။
အောက်မှော်မှ သိန်းရာ ထောင် သောင်း သိန်း ရရန်မခဲယဉ်းပေ။

အထက်မှော် အောက်မှော်ကို

တစ်ချို့က ဒီလိုသာမာန်သဘောခွဲခြားကြတယ်
အောက်မှော်ဆိုတာ မိုးညှင်းမော်ဟန်အနီးရှိနမ္မချီးနှင့်ဝန်းကျင်မှော်များ
အထက်မှော်ဆိုသည်မှာ
နမ္မျချီးမှော်ထက် အထက်ဘက်ပိုကြတဲ့ဖားကန်ု့နဲ့ဝန်းကျင်မှော်များ
ကိုအထက်မှော်လို့ခေါ်တယ်
ဖားကန့်ဒေသကိုမှော်ကြီးလို့လဲ
သုံးနုန်းကြတယ်
တနည်း
နမ္မချီးဝန်းကျင်ကအောက်ပိုင်းမှာရှိလို့အောက်မှော်
ဖားကန့်ဒေသကအထက်ပိုင်းပိုရောက်လို့အထက်မှော်(ဝါ)မှော်ကြီးလို့သုံးနုန်းကြတယ်။
ဒါတစ်ချို့သောသူတို့၏
အသုံးအနုန်းတင်ပြခြင်းဖြစ်သည်
မိုးညှင်းမှာတစ်ချို့လူတွေက
အောက်မှော်သွားမယ်ဆိုရင် နမ္မချီးမှော်ဘဲ
မိုးညှင်းရဲ့အောက်ပိုင်းမှာရှိလို့
အထက်မှော်သွားမယ်ဆိုရင်သေခြာပြီဖားကန့်သွားလိမ့်မယ်
ဖားကန့်ဟာမိုးညှင်းမြို့ရဲအထက်ဘက်မှာရှိ။

#ရေမဆေးကျောက် စစ်/မစစ် ရွေးနည်း။

၁။ အထိုင်
အထိုင်ဆိုသည်မှာ ကျောက်စိမ်းမဟုတ်သော ကျောက်ရိုင်းအများစုက ထောင့်တွေ နည်းပါးပြီး လုံးဝန်းနေတတ်သည် ပြား
နေတတ်သည် ရှည်ရှည်မြောမြောဖြစ်နေတတ်သည်။ ကျောက်စိမ်းတွင်ထိုကဲ့သိုအထိုင်တွေရှိပါသည် အများစုက မကောင်းကြပါ။

၂။ ကျောက်ချော်
ချော်သည် ကျောက်စိမ်းအရိုင်းတုံးတွင် မည်းပြီးလက်သည် ။မွဲချောက်မနေပါ ။
ကျောက်ရိုင်းတွင်ကပ်သောချော်သည်
မွဲချောက်ချောက်ရှိပါသည်။

၃။စိန်တူ
စိန်တူနှင့်ခေါက်ကြည့်ကအဖြေအမှန်ဆုံးဖြစ်သည် ။ကျောက်ရိုင်းကိုခေါက်လျင် အသားကိုခေါက်မိသောအခါ အရောင်သည်မည်းနေသည် ။ကျောက်စိမ်းအသားကို ခေါက်လျင် အရောင်သည်ဖွေးနေသည်။ လက်ထဲတွင်လည်းစိန်တူခေါက်လျင် အရသာမတူတာတွေ့ရမည် ။ကျောက်စိမ်းကိုခေါက်လျင်မာကြောသည် ကျောက်ရိုင်းကိုခေါက်လျင်အသားပျော့သည်။

၄။အလေးချိန်
ကျောက်စိမ်းအရိုင်းသည်သိပ်သည်းစများသောကြောင့် သိပ်သည်းစနည်းသောကျောက်ရိုင်းထက်ပိုလေးသည် အရွယ်တူလျင် ကျောက်စိမ်းအရိုင်းကပိုလေးသည်။

၅။ မြေကြီးထဲတွင်ဖြစ်တည်နေသော
ကြောင့် မြေကြီးကိုဖောက်မမြင်ရပါ မြေကြီးထဲကထွက်လာသော် ချော်တွေကပ်နေသ
ဖြင့် ကျောက်စိမ်းဟုတ်မဟုတ် အတိအကျ ပြောမရပါ ဘာမှမမြင်ရသောကြောင့်အတိအကြပြေရခက်သော အရာပါ။ အတိအကျ မရှိသောကြောင့်ယေဘူယျ အားဖြင့်သာအနီးစပ်ဆုံး သုံးသပ်နိုင်ပါသည်။

၆။ ရေမဆေးဆိုသည်မှာ ခန့်မှန်းခြေအပေါ်သာတွက်ရသောကြောင့် မည်သူမျှ အတိအကျမသိပါ ။

မှတ်ချက်.... ရေမဆေးအစစ်ကိုသာပြော
ခြင်းဖြစ်သည်။ ဆူးချစ်ရာပါတာ ချော်မပြောင်တပြောင်ဆေးထားတာ များမပါဝင်ပါ။ ရေမဆေးအစစ်သည် မှော် အထိုင်
အလေးချိန် ကျောက်ကြော ပေါ်လိုက်၍
ဈေးအလွန်ကောင်းသည်။ ရေမဆေးရော မဆေးတဆေးရော အောင်မအောင်ကို ရေးသားခြင်းမဟုတ်ပါ ကျောက်စိမ်းမှန်သမျှ
ဖြစ်နိုင်ခြေကို ခန့်မှန်းရသဖြင့် အတိအကျ ပြောဖို့ အနည်းငယ်ခက်ခဲပေသည်။

crd
like or share လေလုပ်ပေသွားပါအုံး🙏🙏🙏

03/06/2021

ကျောက်လောက ကျောက်ပညာမှာ
သုံးနှုန်းလေ့ရှိတဲ့စကားတစ်ခွန်းကို
ပြောပြချင်ပါတယ်ဗျ ...

"ကျောက်တစ်လုံးကို ခေါင်းနဲ့ ဝင်ခေါင်းလို့မရပါဘူး"
ဆိုတဲ့စကားဟာ မှန်ပေမယ့် သမရိုးမကြပါဘူးဗျာ
"ပညာ နဲ့ ဝင်ခေါင်းရင် ရနိုင်ပါတယ်ဗျ"

ပညာနဲ့ခေါင်းရင် လုံးစွတ်ဘဝမှာ အထင်နဲ့ဖြတ်မလား
အကယ်၍ဖြတ်ပြီးလို့ ထင်သလိုဖြစ်မလာခဲ့ရင်တောင်
ဝယ်ရင်းပြန်ကာမိတဲ့ အရှုံးမျိုးပဲ ဖြစ်လာလိမ့်မယ်...
{လက်ကောက်ခေါင်းပြီး အချပ်လိုင်းပြန်ရတာမျိုးပေါ့}

ကျောက်ပညာဟာ ဆုံးခန်းတိုင်ခြင်း မရှိသေးသလို
ကျောက်ပညာ ပြည့်ဝပြီးသူလည်း မရှိသေးပါဘူးဗျာ...

"ကျောက်လောက ကျောက်ပညာမှာ ဆရာမရှိဘူး"
ဆိုရိုးစကားဟာလည်း ပညာရည်မပြည့်ဝသူများ
သုံးနှုန်းတတ်ကြတဲ့ စကားတစ်ခွန်းပါပဲဗျ....

အရာရာမှာ ဆရာဆိုတာရှိကြစမြဲပါပဲဗျ-
"ငပိဖုတ်နည်း ဆရာမပြ နည်းမကျ"
ဆိုရိုးစကားဟာ မြန်မာလူမျိုးတိုင်း လက်ခံကျင့်သုံးကြတဲ့
စကားတစ်ခွန်းမို့ အရာရာမှာ ကိုယ့်ထက်
"၅မူး ၅ပြား"ပိုသိပြီးသူ ပိုတတ်ပြီးသူအားလုံးဟာ
ဆရာတွေပါပဲဗျာ .....

" သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးကို အစဉ်ထာဝရ လေးစားလျက်"

Thu Raing -(ဖားကန့်)
မူရင်း photos-crd::

03/06/2021
03/06/2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ANP Myanmar JADE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share