Betta Art by OR3O

Betta Art by OR3O Welcome To my Betta Page

Overfeeding [ အစာအလွန်အကျွံကျွေးခြင်း ]- ရေအရည်အသွေးညံ့ဖျင်းမှုငါးတကောင်စမွေးတော့မယ်ဆိုလျှင် ပထမဆုံးဂရုစိုက်ရမှာ ရေအရည်အ...
17/08/2022

Overfeeding [ အစာအလွန်အကျွံကျွေးခြင်း ]

- ရေအရည်အသွေးညံ့ဖျင်းမှု

ငါးတကောင်စမွေးတော့မယ်ဆိုလျှင် ပထမဆုံးဂရုစိုက်ရမှာ ရေအရည်အသွေးပါပဲ။ ရေအရည်အသွေးညံ့ဖျင်းနေရင် ငါးဟာ stress ဝင်ခြင်း၊ ရောဂါဝင်ခြင်းတွေဖြစ်ပြီး သေနိုင်ပါတယ်။ Betta တွေကို ထိန်းသိမ်းတဲ့ ကန်တွေဟာ တခြားငါးတွေလို မကျယ်ဝန်းတဲ့အတွက်ကြောင့် ရေညစ်ပတ်လွယ်တာကို သတိပြုဖို့လိုပါတယ်။ ဘယ်ငါးမှ တစ်လီတာရေဘူးထဲမှာ မနေဘူးဆိုတာလဲ သတိရပေးပါ။ Collector တွေအနေနဲ့ ဖြစ်နိုင်ရင် တစ်ပေပတ်လည်ကန်ကို Bio-filter လေးနဲ့ထားနိုင်ရင် ပိုအဆင်ပြေပါတယ်။ ကိုယ့်ရဲ့ငါးလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာတာကိုမြင်ရတော့ စိတ်ချမ်းသာစေမှာ အမှန်ပါပဲ။

- Betta တွေဟာ အမြဲဗိုက်ဆာမနေပါဘူး။

Betta တွေဟာ သူတို့ရဲ့သခင်ကိုမှတ်မိကြပါတယ်။ လူနဲ့ ယဉ်လာတာနဲ့အမျှ Flower Horn (စာတန်းငါး) ကဲ့သို့ မြင်တာနဲ့ လှုပ်ရွနေတော့တာပါပဲ။ ဒါကို ဗိုက်ဆာတယ်ထင်ပြီးအများကြီးခနခနကျွေးမိရင်တော့ငါးကနတ်ပြည်ရောက်တော့မှာပါ ။

Betta တွေဟာ သဘာဝထဲမှာဆိုရင် အမှိုက်သရိုက်တွေကြားထဲကနေ သားကောင်ရှာစားခြင်း၊ တခြားငါးပေါက်လေးများကို စားခြင်း၊ တခြားငါးဥများကိုစားခြင်းဖြင့် အသက်ရှင်ကြပါတယ်။ အစာရှာဖို့ တနေရာကနေ တနေရာကို ကူးခတ်နေရတဲ့အတွက် လှုပ်ရှားမှုများပြီး အရင်အစာဟောင်းတွေက ကြေလွယ်တဲ့အပြင် အစာကိုစားချင်းတိုင်းစားခွင့်မရှိတဲ့အတွက် overeating မဖြစ်တော့ပါဘူး။

မှန်ကန်ထဲထည့်မွေးတဲ့အခါမှာတော့ အစာရှာမစားရတော့ပဲ လူကျွေးသမျှ အခန့်သင့်ထိုင်စားနေရုံပါပဲ။ ရေကူးစရာနေရာကျယ်ကျယ်လဲမရှိတဲ့အတွက် အစာကြေဖို့အချိန်တော်တော်ယူရပါတယ်။ အခုလို ဆောင်းတွင်းဆို လှုပ်ရှားမှုမရှိတဲ့အတွက် အစာကြေဖို့ပိုကြာပါတယ်။ လူနဲ့ ယဉ်နေတဲ့အခါ လူမြင်တာနဲ့ အစာကျွးတော့မယ်အထင်နဲ့ အစာတောင်းတတ်ပါတယ်။ ဒီအချိန်မှာ ဝါသနာရှင်တို့အနေနဲ့ ဗိုက်ဆာလို့တောင်းတယ်လို့ ထင်ပြီး အစာချ,ချကျွေးနေရင်တော့ overfeeding ဖြစ်ပြီး ကိုယ်မသိလိုက်ပဲ ကိုယ့်ငါးကိုယ် သ(တ်)သလိုဖြစ်နေပါလိမ့်မယ်။

- လိုတာထက်ပိုကျွေးခြင်း

ငါးမွေးသက်မရင့်သေးတဲ့ ဝါသနာရှင်‌တွေဟာ ရေထဲဖွဲပြာပစ်ချသလို ငါးစာကျွေးကြပါတယ်။ ငါးစာကျွေးရင် ၁၀/၁၅ မိနစ်အတွင်း ကုန်လောက်မည့်ပမာဏသာကျွေးသင့်ပါတယ်။ ငါး‌တွေဟာ လူ‌တွေလိုအစာပြေမုန့်ထပ်စားကြတဲ့ သတ္တဝါတွေမဟုတ်ပါဘူး။ ဒါကြောင့် အစာပို၊ အစာကျန်တွေကို ငါးကန်ထဲမှ ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ အစာပို‌တွေဟာ ရေထဲမှာကြာကြာစိမ်မိရင် ပျော့ပြဲသွားတတ်တာ ငါးမွေးသူတိုင်းသိကြပါတယ်။ ပျော့ပြဲသွားတဲ့အခါ အစာထဲက ငါးကိုထောက်ပံ့ပေးမဲ့ အာဟာရတွေဟာ ရေထဲပျော်ဝင်သွားပြီး ငါးအတွက်လဲ အကျိုးရှိမှာမဟုတ်ပါဘူး။

- Cloudy Water (ရေတိမ်ရောင်ထခြင်း)

အထက်ကပြောခဲ့သလို အစာကြွင်းကျန်တွေကြောင့် ရေဟာ cloudy ဖြစ်လာမှာ အသေအချာပါပဲ။ Cloudy water ဟာ bacteria (ဘတ်တီးရီးယား) များကို အလျင်အမြန်ဖောက်ပွားစေနိုင်ပါတယ်။ Bacteria တွေဟာ ငါးအတွက် အန္တရာယ်မရှိရင်တောင်မှ cloudy water ဟာ bacteria တွေပိုပေါက်ပွားစေဖို့ အစပျိုးပေးမှာပါ။ Bacteria တွေဟာ အစာအကြွင်းအကျန်တွေကိုစားသောက်ကြပြီး အာဟာရဓာတ်ရရှိကာ နာရီအနည်းငယ်အတွင်း မျိုးပွားနိုင်ပါတယ်။ ကန်ထဲမှာ ပေါက်ပွားလာတဲ့ bacteria တွေသာ ငါးအတွက် အကျိုးမပြုခဲ့ရင် ဝါသနာရှင်တို့ရဲ့ငါးကို ရောဂါဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် အစာကိုလျော့ကျွေးပြီး cloudy water မဖြစ်အောင် ဂရုစိုက်ပေးပါ။

- PH လျော့ကျစေခြင်း

Betta တွေဟာ PH 6.8 နဲ့ 8 ကို ကြိုက်ကြတဲ့ငါးမျိုးဖြစ်ပါတယ်။ အစာအကြွင်းအကျန်တွေနဲ့ ငါးရဲ့အညစ်အကြေးတွေ ဓာတ်ပြုပြိုကွဲတဲ့အခါ ရေရဲ့ PH ကို လျော့ကျစေပါတယ်။ ငါးကန်ထဲမှာ PH လျော့၊ မလျော့ကိုတိုင်းတာရန် PH test kit ‌နဲ့တိုင်းမှရပါမယ်။ အမြင်နဲ့ဆုံးဖြတ်လို့မရပါဘူး။ PH လျော့ကျခြင်းဟာ ငါးအတွက် အန္တရာယ်ရှိတဲ့ ammonia ကို မြှင့်တက်စေပါတယ်။

- Ammonia မြှင့်တက်လာခြင်း

ငါးဝါသနာရှင်‌တွေအတွက် အမိုးနီးယားပြဿနာဟာ အရေးကြီးတဲ့အထဲမှာ ပါ,ပါတယ်။ အမိုးနီးယားဟာ ငါးရဲ့အညစ်အကြးများမှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ အမိုးနီးယားဟာ ရေကိုဖျက်စီးတတ်ပြီး ငါးကို stress ဝင်စေကာ ရောဂါဖြစ်ပြီး သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကန်ကြီးကြီးနဲ့‌‌မွေးရတဲ့ တခြားငါးတွေအတွက် media box အပြည့်အဆုံနဲ့ Filter တွေအသုံးပြုပြီး ကာကွယ်လို့ရပေမဲ့ Betta တွေအတွက်ကတော့ အနည်းဆုံးတစ်ပတ် တစ်ခါတော့ရေ ၇၀ ရာခိုင်နှုန်းလောက်လဲပေးပြီး ကာကွယ်လို့ရပါတယ်။ လိုတာထက်ပိုပြီး အစာကျွေးခြင်းဟာ ရေရဲ့ ammonia level ကို ရုတ်တရက် မြင့်တက်စေပြီး ငါးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးရင်း ဒီမှာပဲနိဂုံးချုပ်ပါမယ်။

Betta Fish လေးတွေနဲ့ပက်သက်တဲ့ အကြောင်အရာလေးတွေကို အမြဲဖော်ပြပေးမှာမို့လို့ မင်မင့်page လေးကို like & Follow လေးလုပ်ပေးထားပါအုံး

Page မှာလဲ Betta Fish လှလှလေးတွေကို
လာရောက်ကြည့်ရှု့လေ့လာပြီး ၀ယ်ယူနု်င်ပါတယ်နော်

Credit to Betta Hugo
Credit Photo
Bettas by aikken


📌 ဖောက်စုံတွေ တွဲပေးကြရင် ပိုကောင်းတဲ့ မျိုးဆက်လေးတွေ ဖြစ်လာဖို့အတွက် ငါးထီး/ငါးမရွေးတဲ့အခါ အခြေခံ အနေနဲ့ ရှောင်ရမယ့် Be...
28/07/2022

📌 ဖောက်စုံတွေ တွဲပေးကြရင် ပိုကောင်းတဲ့ မျိုးဆက်လေးတွေ ဖြစ်လာဖို့အတွက် ငါးထီး/ငါးမ
ရွေးတဲ့အခါ အခြေခံ အနေနဲ့ ရှောင်ရမယ့် Beginner Guide 📌

✴ ကိုယ်ထည်ပေါ်နဲ့ဦးခေါင်းပိုင်းနေရာတွေမှာ အကျိတ် အဖုတွေပါနေခြင်း

✴Head Region မှာ အချိုးအစား မပြေပြစ်ပဲ ချိုင့်ခြင်း

✴နှာခေါင်းပေါက်နဲ့ အပေါ် နှုတ်ခမ်းကြား ဟနေတဲ့နေရာ သိသာစွာ ချိုင့်နေခြင်း

✴ အကြေးခွံလိုင်းတွေ မညီမညာ ဖြစ်နေခြင်း / အကြေးခွံတန််းတွေ ကွေ့ကောက်နေခြင်း

✴ Body only Measurement အနည်းဆုံး အရွယ် 1.5'' ( 7.5 cm ) အောက် ရောက်နေတဲ့ Shot Body ဖြစ်နေခြင်း ( အထီးဆိုရင် ခါးတိုနေတာကြောင့် ငါးမနဲ့ Embrasing လုပ်တဲ့အခါ မမှီတာမျိုး ဖြစ်တက်ပါတယ် )

✴Caudal,Anal,Dorsal fins တွေ အချိုးအစား မပြေပြစ်တော့ခြင်း တခုနဲ့တခု မနီးစပ်ပဲ အလှမ်းဝေးနေခြင်း ( အဲဒီအမြှီးအတောင်တွေဟာ တခုနဲ့တခု ထိကပ်နေရမှာပါ တခုအပေါ်တခု ထပ်နေရင် ပိုကောင်းပါတယ် )

✴Ventral fin 2 ခု မညီခြင်း တဖက်မပါခြင်း နှစ်ဖက်စလုံး မပါခြင်း ရှိသင့်တာထက် တိုခြင်းနဲ့ ပိုရှည်ခြင်း အပေါ်မှအောက်သို့ Triangle Shape ပုံသဏ္ဍာန် မပေါ်ခြင်း / အပေါ်မှအောက်အထိ တဖြောင့်တည်း အရွယ်တူ သွယ်ဆင်းသွားခြင်း
Ventral fin ရဲ့ ထိပ်ဖျားပိုင်းက ချွန်နေတဲ့အဖျားမရှိပဲ Ventral fin ၂ ဖက် အဖျားနားကနေ ကွဲထွက်နေတဲ့ အစတွေ ၂ စဖြစ်ရမယ့်နေရာမှာ ၃စ ၄စ ၅စ နဲ့အထက်အထိ ဖွာထွက်နေခြင်း

✴အမြှီးအတောင်တွေရဲ့ Flexible Bone Rays တွေ ဖြောင့်တန်းမနေပဲ ကောက်နေ/လိမ်နေခြင်း

✴Betta အမျိုးအစားအလိုက် ရှိရမယ့် အမြှီးအတောင် Standard တွေအထိ မရောက်ခြင်း အစရှိတဲ့ အချက်လေးတွေကို သတိထားပေးပါ

Crd Betta Mayrix





crd photo

အလှမွေးငါးလေးများတွင် ဖြစ်တတ်သော ရောဂါများ --------------------------------------------------------အလှမွေးငါးလေးများသည် ...
19/07/2022

အလှမွေးငါးလေးများတွင် ဖြစ်တတ်သော ရောဂါများ
--------------------------------------------------------
အလှမွေးငါးလေးများသည် ရေကန်အတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောဂါဘယများ ဖြစ်ပွညးလာတတ်ကြပေရာ ထိုသို့ရောဂါများ ဖြစ်ပွားရသည့် အကြောင်းများ ၊ ရောဂါလက္ခဏာများ အား ကုသနည်းများ ၊ ကာကွယ်မှုများအား သိရှိထားရန်လည်း အလွန်အရေးကြီးပေသည်။

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

🐠 အလှမွေးငါးတွင် ဖြစ်ပွားနိုင်သော ရောဂါများ 🐠

၁။ အဖြူကွက်ရောဂါ ( White Spot Disease )

၂။ ပါးစပ်မှိုစွဲရောဂါ ( Mouth Fungus )

၃။ ပါးဟက်နာရောဂါ ( Gill Flukes )

၄။ ခန္ဒာကိုယ် မှိုစွဲရောဂါ ( Fungus )

၅။ အရေပြားရောဂါ ( Skin Flukes )

၆။ ငါးပိန်ရောဂါ ( Slim Disease )

၇။ ရေအောက်တွင်ငြိမ်နေသောရောဂါ ( Anchor
Disease )

၈။ သန်းစွဲရောဂါ ( Fish Louse )

၉။ ဆူးတောင်ပုပ်ရောဂါ ( Fin Rot )

၁၀။ မျက်စိရောဂါ ( Eye Infection )

၁၁။ ငါးပက်လက်ရောဂါ ( Swim Bladder -
Disorder )

၁၂။ ဖျဉ်းစွဲရောဂါ ( Dropsy )

၁၃။ စိတ်ဖိစီးမှုရောဂါ ( Stress )

၁၄။ ထိခိုက်ဒဏ်ရာရခြင်း ( Wounded )

၁၅။ အာဟာရချို့တဲ့ခြင်း ( Food Deficiency )

၁၆။ ဗက်တီးရီးယားပိုး ပူးစက်ခြင်း ( Becteria
Infection )

၁၇။ မှိုပွင့်ရောဂါ ( Lymphosites )
----------------------------------------------------------

ယခု Post အား ကြိုက်နှစ်သက်ပါက ☺☺
Like and Share ပြုလုပ်နိုင်ပါသည်။ 😃😃

ငါးဗဟုသုတများ နှင့် အကြောင်းအရာများ အား
နေ့စဉ် မပျက်ကြည့်ရှူနိုင်စေရန် ယခု Page အား
Like and Follow ပြလုပ်ထားနိုင်ပါသည်။

ငါးဝါသနာရှင် တို့ အဆင်ပြေကြပါစေ ခင်ဗျာ။

✍️ Mandalay Fish Paradise ✍️
Crd Photo

17/07/2022

🐟 Betta သားဖောက်နည်း 👀🐠 (For Beginner)
_______________________________________________

Betta အမတစ်ကောင်ဟာ အသက် ၄ လအရွယ်တွင် စပြီး သားဖောက်နိုင်ပါသည်။

အသက် ၄ လ ရှိပြီး ညှပ်ပြီး ကျန်နေခဲ့တဲ့ အမကတော့ မရပါဘူး။

အကောင် ခပ်ထွားထွားနှင့် အရောင်အသွေးလှလှ ငါးမ တစ်ကောင်ကို ရွေးချယ်ပြီး ရေသန့်သန့်မှာ ရေတီ ၊
ပိုးလောက်လန်း စသော အကောင်ရှင်လေးတွေ Betta သီးသန့် အစာလေးတွေကို သေချာကျွေးပေးထားရပါမယ်။

အမတစ်ကောင်ဟာ သားထောက်ဖို့အဆင်သင့်ဖြစ်နေပြီ ဆိုလျှင် သူ့ရဲ့ ပုံစံဟာ ဗိုက်ကလုံးဝန်းနေပြီး ဥ ပြွန်အဖြူလေး အပြင်ကို ပြူထွက်နေတတ်ပါသည်။

အဲ့တာဆို ဥ ဖို့ အဆင်သင့်ဖြစ်နေပြီး Betta အမဟာ သားဖောက်ဖို့ အကောင်းဆုံး အနေအထားရောက်နေပါပြီ။

သူနှင့် မျိုးစပ်မည့် အထီးကို ငါးမနှင့် အရွယ်အစားတူညီနေဖို့ လိုပါသည်။

အမ ဥ ပြွန်ကျနေမှ ဖောက်လို့ရပါတယ်။
______________________________________

ဖောက်ရန် သတ်ပြုသင့်သည့် အချက်များ 🐟
----------------------------------------------

ဖောက်ရန်ကန်ကို အလျား 2 ပေ အနံ 1 ပေ အမြင့် 1 ပေ ရှိသောကန်ဖြင့် ဖောက်နိုင်ပါသည်။
(သားပေါက်လေးတွေကို ရက်သားအထိ ကျောင်းနိုင်ရန်
၂ ပေ ၁ ပေ ကန်ကို အသုံးပြုစေခြင်းဖြစ်သည်)

Betta အထီးကို အမြှုပ်ထုတ်အားကောင်းသော အရေအသွေးနှင့် ကျန်းမာရေးကောင်းသော အထီးကို ရွေးချယ်ရန် လိုအပ်ပါသည်။

စိတ်ကြိုက်ရလျှင် အထီးကို ဖောက်ကန်ထဲထည့့်၍ ကန်ထောင့်ရေပေါ်တွင် တစ်လက်မ ပတ်လည် ဖယောင်း စက္ကူ သို့မဟုတ် ပလပ်တစ်ပြားလေးကို ညှပ်၍ ၎င်း ( မရှိလျှင် ကျွတ်ကျွတ်အိတ် အပါးလေး ညှပ်၍ )
အသိုက်လုပ်ရန်ချထားပေးရပါမည်။

မဖောက်ခင်အချိန်တွင် ( ဖောက်ကန်အတွင်းသို့ အထီးအားအရင်ထည့်ထားပါ ) ပြီးလျှင် အမအား ချက်ချင်းမထည့်ပါနှင့် ( အမအား ပုလင်းတစ်ခုခုထဲထည့်၍ အထီးကန်ထဲတွင်ထားပါ ) အဘယ်ကြောင့် ဆိုသော်
အထီးသည် အမကို မယဉ်သေးရင် လိုက်ကိုက်တတ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် အထီးကို ဖောက်ကန်ထဲတွင်ထည့်၍ အမအား ပုလင်းတစ်ခုဖြင့်ထည့်ကာ ဖောက်ကန်ထဲထည့်ရပါမည်။ ( ထိုသို့ ၁ ရက် ၁ ည တိတိထားရပါမည် )

ပြီးမှ အမအား ကန်ထဲသို့ လွှတ်ရပါမည်။
( အလွန်အရေးကြီးပါသည်။ ) သတိပြုရမည်။

ဖောက်မည့်ကန်ကို လေလုံသော အခန်းတွင်ထား၍ ကန်ကို ကဒ်ထူ စက္ကူ သားဖြင့် ဖုန်းထားပေးရပါမည်။

ဖောက်ကန်ထဲသို့ အထီးကို ထည့်ထားချိန်တွင် အမကို ပုလင်းဖြင့်ဖြစ်စေ ကန်ချင်းကပ်ဖြစ်စေ အထီးမြင်သာအောင် ထားရပါမည်။

တစ်ခါထဲတန်း၍ ရောထားလိုက်လျှင် ကိုက်သတ်ပစ်တတ်ပါသည်။ ထိုသို့ ၁ ရက် ၁ ည တိတိထားရန်လိုအပ်သည်။

24 နာရီ ခန့်အကြာတွင် အထီး အသိုက်ပြုလုပ်မှု ပြီးစီးသွားပါက နောက်နေ့မနက်စောစောတွင် အမကို အထီးထားသော ဖောက်ကန်ထဲသို့ချပေးထားရပါမည်။

ကန်ထဲသို့ရောက်လျှင် အမ မှ သားစိတ်တက်ရင်တက်သလို ဥများ စောစွာဥချပါမည်။

အထီးမှ ဥ ချပြီးသော ဥများကို အမြုပ်များအတွင်းသို့ ကိုက်၍ သယ်ထည့်ပေးပါသည်။

အမကို အနားကပ်မခံတော့ပါက ဖြေးညှင်းစွာ အမအား ပြန်ထုတ်၍ တစ်ခြားကန်တွင်ထားပေးရပါမည်

ဥပြီး ၃၆ နာရီ မှ ၄၈နာရီ အကြာ ( ၁ ရက်ခွဲ ၂ ရက်ခန့် )
အကောင်စပေါက်ပါသည်။ ထို သားလောင်းလေးများသည် ရေးမကူးကြသေးပါ။

နောက်ထပ် 96 နာရီကျော် ( ၄ ရက်ခန့်) ကြာလျှင်
ရေစကူးပါသည်။

ထိုအခါ အထီးအား ကန်အတွင်းမှ ထုတ်ပေးရပါမည်။
_____________________________________

အကောင်ပေါက်လေးများအား အစာကျွေးရန် 🐬
-----------------------------------------------------

ငါးလေးများ ပေါက်ပီးတစ်ရက်အကြာတွင် ငါးပေါက်ကလေးများ ကို ငုံးဥကို ကျက်နေအောင်ပြုတ်၍ အနှစ်အား လက်သည်းခွံ ပမာဏစာ ဖဲ၍ ကျေးညက်နေအောင် လက်ထဲတွင်ချေပါ ပြီးလျှင် ထို အနှစ်လေးအား အရည်ဖျော်၍ ချကျွေးပါ။

အောက်စီဂျင် ပျော့ပျော့လေး ပေးထားနိုင်ပါသည်။ ( မကြမ်းပါစေနှင့် )

အစာကျွေးနေစဉ် မိနစ် ၅၀ ခန့် သို့မဟုတ် နာရီဝက်ခန့် အောက်စီဂျင် အားပိတ်ထားပေးပါ။

ကန်အဖုံးကို ဖယ်ရှားမပစ်လိုက်ပါနှင့်။

၁၀ ရက်သားရောက်လျှင် အာတီးမီးယား ရေပိုးနီ စကျွေးနိုင်ပါပြီ။

ရေကို 70 % ခန့် ၂ ရက်တစ်ခါလဲပေးပါ။

ရေကို အနယ်များ အမှိုက်များမရှိစေပဲ သန့်နေအောင်ထားပါ။

လေပိုက်အသေးလေးဖြင့်စုတ်ချပြီး ရေလဲလှယ်ပေးနိုင်ပါသည်။

ရေတီစပြီး စားနိုင်လျှင် စိတ်ချရပါပြီ။

သားပေါက်ပြီး Betta အမကို ၂ ပတ်ကျော် အကြာတွင် နောက်တစ်ကြိမ် သားထပ်ဖောက်နိုင်ပါသည်။

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။ 😋
_____________________________________

ယခု Post အား ကြိုက်နှစ်သက်၍ မိမိ၏ Wall ထဲတွင်
သိမ်းထားလိုပါက Like , Share and Save နိုင်သည်။

Crd Mandalay Fish Paradise
လေးစားစွာဖြင့် Copy လုပ်လိုက်ပါသည်

🐠 Betta Fish တစ်နည်းအားဖြင့် ဖိုက်တာငါးများ အကြောင်း 🐠*****t*****h*****u*****r*****a*****Siamese fighting fish / Betta✍️...
17/07/2022

🐠 Betta Fish တစ်နည်းအားဖြင့် ဖိုက်တာငါးများ အကြောင်း 🐠
*****t*****h*****u*****r*****a*****
Siamese fighting fish / Betta
✍️ Thutazone

Siamese fighting fish(ဖိုက်တာငါး) အမျိုးအစားငါးတွေကို ငါးအလှမွေးဈေးကွက်မှာ တော့ Betta လို့လူသိများပါတယ်။ အဲဒီငါးမျိုးစိတ်တွေကို မဲခေါင်မြစ်ဝှမ်းဒေသတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာ အများဆုံးတွေ့ရှိရပါတယ်။

Betta ငါးမျိုးစိတ်တွေဟာ ပေါင်းပင်တွေထူထူထဲထဲ ပေါက်ရောက်နေတဲ့ ရေကန်တွေ ရေစီးရေလာနှေးတဲ့ ရေသေနေရာတွေဖြစ်တဲ့ စပါးပင်တွေကြား၊ ရေမစီးတဲ့ရေကန်တွေ၊ ရေညစ်ညမ်းမှုများတဲ့ ချောင်းတွေနဲ့ အခြား Oxygen နည်းပါးစွာရရှိနေတဲ့ ရေဧရိယာ တွေထဲမှာ ပေါက်ဖွားရှင်သန်ကြတာပါ။

Betta ငါးတွေရဲ့ သက်တမ်းကတော့ (၃) နှစ်ကနေ (၅)နှစ် အတွင်းရှိပြီး တစ်ချို့ကတော့ ရှားရှားပါးပါး (၇)နှစ်ကနေ (၁၀)နှစ်ကြား ရှင်သန်နိုင်ကြပါတယ်။ Betta ငါးတွေဟာ ၇.၅Cm(၃လက်မ)လောက် အရွယ်အစားရှိကြပါတယ်။

Betta ငါးတွေရဲ့ ခန္ဓာကိုယ်ဟာ ချောမွေ့လွန်းတာကြောင့် ရေထဲမှာအားစိုက်ထုတ်စရာ သိပ်မလိုအပ်ပဲ ရေထုကိုလျှင်မြန်စွာ ထိုးဖောက်ကူးခတ် နိုင်ကြပါတယ်။ ဒီငါး တွေရဲ့ ခန္ဓာကိုယ်ကိုအကြေးခွံတွေနဲ့ဖုံးအုပ်ထားပြီးအဲဒီအကြေးခွံ တွေဟာ အိမ်တွေမှာမိုးထားတဲ့ လေးထောင့်ပုံအချပ်တွေကဲ့သို့ တစ်ခုနဲ့တစ်ခုထပ်ပြီး တည်ရှိနေတာပါ။

Betta ရဲ့အကြေးခွံတွေဟာ ပါးလွှာပြီးထိုးဖောက်မြင်နိုင်တဲ့ အပြားတွေစုထားတဲ့ အစိုင်အခဲတစ်ခုကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်ကို မတော်တဆ ထိခိုက်မှုကနေကာကွယ်ပေးကာ ရေထဲမှာလျှင်မြန်စွာ ရွေ့လျားနိုင်ဖို့ ကူညီပေးပါတယ်။

Betta ငါးရဲ့ အကြေးခွံမှာရှိတဲ့ အချွဲမှေးက စိမ့်ထွက်တဲ့ အကျိအချွဲတွေဟာ ငါးရဲ့ခန္ဓာကိုယ် ကိုသာမန်ထက်ချောမွေ့စေပြီး အခြားကပ်ပါးကောင်နဲ့ရောဂါပိုးမွှားများ ထိုးဖောက်ဝင် ရောက်လာခြင်းကို ကာကွယ်ပေးပါတယ်။

Bettaငါးတွေရဲ့အကြေးခွံဟာ အသက်အရွယ် ရလာတာနဲ့အမျှ အရောင်ပြယ်လာလေ့ရှိပါတယ်။ အဲဒီငါးတွေရဲ့ မူလအရောင်ဟာ သူတို့ရဲ့အရေအပြားမှာရှိတဲ့ ကွဲပြားတဲ့ chromatophores လို့ခေါ်တဲ့ pigment cells (ရောင်ခြယ်ဆဲလ်)အလိုက်ဖြစ်နေတာပါ။
https://m.facebook.com/story.php?story_fbid=454232869402870&id=100044484822051

တိရစ္ဆာန်ရောင်း ဝယ်ရေးလောကမှာတော့ Betta ငါးတွေရဲ့လှပတဲ့ အရောင်အသွေးကိုအသုံးပြုပြီး လာရောက်ဝယ်ယူသူတွေကို ဆွဲဆောင်ပါတယ်။ အမှန်တစ်ကယ်သဘာဝတရားအရ တော့ Bettaငါးတွေဟာ အနီရောင်တောက်တောက်အရောင်၊ သံပရာစိမ်းအရောင်၊ နန်းစံတဲ့အပြာရောင်စတဲ့ အသွင်အမျိုးမျိုးသော အရောင်အသွေး မရှိကြပါဘူး။ ဒါဟာ စီးပွားရေးသမားတွေရဲ့ ဇီဝနည်းပညာနဲ့ဖန်တီးမှုသာဖြစ်ပြီး အလှမွေးကန်တွေမှာ နေရာယူထားတဲ့ အရောင်မျိုးစုံသော Betta ငါးအမတွေဟာဖန်တီးသူတွေ ရဲ့ စိတ်ကြိုက်အရောင်အသွေးရှိတဲ့ သားပေါက်တွေကိုမွေးဖွားပေးရတာပါ။ ဒီလိုပြုလုပ်ခြင်း ဖြင့် သားရဲတိရိစ္ဆာန်ရောင်းဝယ်ရေးလောကမှာ အကျိုးအမြတ်များစွာကို ရယူနေတာပါ။
https://m.facebook.com/story.php?story_fbid=879091872859149&id=413778192723855

ယနေ့ခေတ် အိမ်တော်တော်များမှာ ရေကန်ငယ်လေးတွေ ဖန်တီးပြီး အရောင်အသွေး စုံလင်လှတဲ့Betta ငါးတွေကို မွေးမြူတဲ့ ဓလေ့ဟာ ခေတ်စားလာပါတယ်။ ဒီကန်ငယ် လေးတွေထဲမှာ ငါးတွေအတွက် ရေအောက်ကမ္ဘာငယ်လေး ပမာ ဖန်တီးပေးထားပြီး တွေ့မြင်ရသူတွေအဖို့ သဘာဝတရားနဲ့အနီးစပ်ဆုံးသော ရေအောက်မြင်ကွင်းကို မြင်တွေ့နေရသလိုခံစားရပါတယ်။

အဲဒီလိုမွေးမြူခြင်းခြင်းဟာ အိမ်သားတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်း တွေကို ပိုမိုဆင်ပြေစေတယ်ဆိုတဲ့ အရှေတိုင်းအယူ အဆတွေဟာ ယခုအချိန်မှာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိနေတာပါ။

Betta ငါးတွေ ကတော့ ဒီလိုအလှမွေးကန် သေးသေးလေးထက် ပိုမိုကြီးမားတဲ့ကန်တွေ၊ လူမြင်ကွင်း မှာပြသထားတဲ့ မှန်ဘောင်တွေနဲ့ပြုလုပ်ထားတဲ့ ကန်တွေမှာ နေထိုင်ရတာ ပိုမိုနှစ်သက် လိမ့်မယ်ထင်ပါတယ်။

ဒီငါးတွေကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန်အတွက် ငါးအလှမွေးကန် တစ်ကန်မှာ ရေ(၂.၅)ဂါလန်ကနေ (၅)ဂါလန် ကြားထည့်သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ Betta တွေရဲ့ လူသိများထင်ရှားတဲ့ စရိုက်လက္ခဏာကတော့ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြခြင်းပါ။ အမတွေထက် အထီးတွေက ပိုမိုတိုက်ခိုက်ကြပြီး သူတို့ရဲ့ပိုင်နက်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ကြတာပါ။

အရှေ့တိုင်းအယူအဆအရတော့ Betta ငါးတွေရဲ့ စီးချင်းထိုးတဲ့ ပုံနဲ့တိုက်ခိုက်မှုတွေဟာ အတိတ်အချိန်က တစ်ဦးနဲ့တစ်ဦး မလိုမုန်းထားစိတ်ထာတွေကို ဒီနေရာမှာ တစ်ခန်းရပ် အနေနဲ့ ဖြေရှင်းကြတယ်လို့ ယူဆကြပါတယ်။ Betta ငါးတွေတစ်ကောင် နဲ့ တစ်ကောင် တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေကို ပြိုင်ပွဲတစ်ခု အဖြစ်ကုန်လွန်ခဲ့တဲ့ ရာစုများစွာထဲက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
https://m.facebook.com/story.php?story_fbid=454232869402870&id=100044484822051

ဒီငါးတွေကို သားပေါက်ဖို့ရည်ရွယ်ချက်နဲ့တော့ အထီးနဲ့ အမကိုယှဉ်တွဲပြီး မမွေးသင့်ကြောင်း သတိပေးတားမြစ်ထားပါတယ်။ သူတို့ဟာ အချိန် တော်တော်များများ တိုက်ခိုက်နေကြတဲ့အတွက် ဖြစ်ပါတယ်။

Betta ငါးတွေဟာ ဒေါသထွက်ပြီးတစ်ကောင်နဲ့တစ်ကောင် ရန်မူလိုတဲ့ အနေအထားမှာဖြစ်ဖြစ်၊ မိတ်လိုက် ရာသီရောက်တဲ့အချိန်မျာဖြစ်ဖြစ် သူတို့ရဲ့ဆူးတောင်တွေဟာ ရုတ်တရတ် သိသိသာသာ ပြန့်ကားလာလေ့ရှိပါတယ်။

Bettaငါးတွေရဲ့ ဘဝစက်ဝန်းဟာ မွေးဖွားချိန် ကနေစတင်ပြီး အန္တရာယ်ဖြစ်လာနိုင်တဲ့ အနေအထားရှိနေပါတယ်။ ငါးအမက ပေါက်ဖွားလိုက်တဲ့ ငါးဥတွေဟာ (၃၆) နာရီအတွင်း အကောင်ပေါက်လာပါတယ်။ ငါးအမကပြုလုပ်ထားတဲ့ အသိုက်တွေထဲမှာ Bettaငါးပေါက်တွေဟာ ဥအကာအနှစ် တွေကို (၅)ရက်လောက်စားသောက်ပြီးနေထိုင်ကြရပါတယ်။ Bettaငါးတွေဟာ ၃လ ကနေ ၁၂ လအတွင်း အရွယ်ရောက်လာကြပါတယ်။

Betta ငါးတွေရဲ့ မူရင်းဗီဇကိုက တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်လေ့ရှိတဲ့ အတွက် ကြောင့် Siamese fighting fish(ဖိုက်တာငါး) အမျိုးအစားငါးတွေလို အမည်ပေးထား ရတာပါ။ Siamese fighting fish တွေကို International Union for Conservation of Nature အဖွဲ့က ထိန်းသိမ်းရမဲ့ ငါးမျိုးနွယ်စု အဖြစ်အမည်စာရင်း တင်သွင်းထားပါတယ်။ ၁၉၈၃ခုနှစ်က အမေရိကန်ဒါရိုက်တာ Francis Ford Coppola ရိုက်ကူးတဲ့ Rumble Fish ဒရမ်မာဇာတ်ကား ထဲက ငါးတွေဟာ Siamese fighting fishတွေဖြစ်ပါတယ်။

ဒါအပြင် ဂျိန်းစ်ဘွန်းဇာတ်ကားဖြစ်တဲ့ From Russia with Love ဆိုတဲ့ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ငါးပြတိုက်မှာရှိတဲ့ Siamese fighting fish အမျိုးအစား ငါး (၃)ကောင်ဟာတစ်ကောင်နဲ့တစ်ကောင် သေဆုံးတဲ့အထိ တိုက်ခိုက်ကြပါတယ်။

နောက်ဆုံးကျန်ခဲ့တဲ့ငါးဟာ ငါအဲဒီဇာတ်ကားရဲ့ ဗီလိန်အဖြစ်သရုပ် ဆောင်တဲ့ Ernst Stavro Blofeld ရဲ့ ရာဇဝတ်ဂိုဏ်း SPECTRE အဖြစ် သရုပ်ဖော် ထားတဲ့ပြကွက်ဟာ ကြည့်ရှုသူတွေအကြား ရေပန်းစားခဲ့ပါသေးတယ်။
+++t+++h+++u+++r+++a++++
Credit -

https://m.facebook.com/story.php?story_fbid=879091872859149&id=413778192723855
https://m.facebook.com/story.php?story_fbid=202412668208362&id=100053188893288
https://m.facebook.com/story.php?story_fbid=2791498944445808&id=100007571890625
https://m.facebook.com/story.php?story_fbid=454232869402870&id=100044484822051
5 - 1 - 2021>2022
credit Owner

Address

Thetamung599@gmail. Com
Yangon
OR324

Alerts

Be the first to know and let us send you an email when Betta Art by OR3O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category