Otis House

Otis House Sale & Order

သီတင်းကျွတ် Sales လေးရှိပါတယ်နော် ...Poly 12 play 100gလေးတွေကို1300နဲ့ရပါမယ်နော် အများကြီးယူရင်လဲထပ်လျော့ပေးပါဦးမယ်ရှင် ...
08/10/2023

သီတင်းကျွတ် Sales လေးရှိပါတယ်နော် ...Poly 12 play 100gလေးတွေကို1300နဲ့ရပါမယ်နော် အများကြီးယူရင်လဲထပ်လျော့ပေးပါဦးမယ်ရှင် accessories လေးတွေဝယ်ရင်လဲလျော့ပေးပါမယ်နော်🍑

သစ်တံခါးဆရာတော် ဝါတွင်း ၃ လ ရက် ၉၀ အဓိဌာန်🙏🙏🙏🙏🙏2023 အတွက် ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်းလေး စိ...
31/07/2023

သစ်တံခါးဆရာတော် ဝါတွင်း ၃ လ ရက် ၉၀ အဓိဌာန်
🙏🙏🙏🙏🙏
2023 အတွက် ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်းလေး စိပ်ရမယ့်ရက်လေးတွေ ဝါဆိုလပြည့်နေ့မှသီတင်းကျွတ်လပြည့်နေ့ထိဖြစ်ပါတယ်။သက်သတ်လွတ်လည်းစားစရာမလိုပါဘူး...အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး...နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်

🌟စိပ်ရမယ့် နေ့ရက်များ🌟

1 . 8 . 2023.မှ
9 . 8 . 2023.အထိ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
၉ပါးစလုံးကို
နေ့တိုင်းတစ်ပတ်စီပါ

10 . 8 . 2023. မှ
18 . 8. 2023.အထိ
အရဟံ သိဒ္ဓိ (၉)ပတ်

19 . 8 . 2023. မှ
27 . 8 . 2023. အထိ
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

28 .8 . 2023 . မှ
5 . 9 . 2023.နေ့အထိ
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

6 . 9 . 2023 . မှ
14 . 9 . 2023 . နေ့အထိ
သုဂတော သိဒ္ဓိ (၉)ပတ်

15 . 9 . 2023 . မှ
23 . 9 . 2023 . နေ့အထိ
လောကဝိဒူ သိဒ္ဓိ (၉)ပတ်

24 . 9 . 2023 . မှ
2 . 10 . 2023 . နေ့အထိ
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

3 . 10 . 2023 . မှ
11 . 10 . 2023 . အထိ
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

12 . 10. 2023မှ
20 . 10 . 2023အထိ
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

21 . 10 . 2023. မှ
29 . 10. 2023 . အထိ
ဘဂဝါ သိဒ္ဓိ (၉)ပတ်

. "  ရေစစ်သုံးခု " 🍀🍀🍀🍀🍀တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့တပည့်တစ်ယောက်က  သတင်းတစ်ခုကြားလို့သူ့ကို  လာပြောသတဲ့ ။လာပြောတဲ့  သူ...
30/07/2023

. " ရေစစ်သုံးခု "
🍀🍀🍀🍀🍀

တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။

လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

" အမ် … သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး

မကောင်းတာလည်း ဖြစ်ဖို့များတယ်

ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။

မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။

မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပ္ပါယ်မရှိတဲ့စကားတွေကို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။


Credit- To Original Uploader
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်......

"စည်းကမ်းဟာ အိမ်ကစတယ်"စည်းကမ်းဟာ အမေဆီကစတယ်။ "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ သိပ်...
30/07/2023

"စည်းကမ်းဟာ အိမ်ကစတယ်"

စည်းကမ်းဟာ အမေဆီကစတယ်။
"မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။

ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ
သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ
သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။

ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့
အိမ်ကိုကျေးဇူးတင်မိတယ်။

အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို
တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို
သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့်
ယဉ်ကျေးတဲ့အပြုအမူလေးတွေ
ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။

ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။
ကိုယ်အဆင်ပြေပီးတာပဲဆိုတာ
လူမှုရေးနားမလည်မှုတစ်ချို့ကို
မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။

ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ
ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့
ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့
ကိုယ်ထမင်းစားပြီးသားနေရာဟာ
အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။

ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက
ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို
မမြင်တောင်သိပ်အထင်သေးတာ။

စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့
အရည်အချင်းပဲ။

ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။
ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို
လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။

ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ
စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။

ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။

လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။

စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။

စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ
ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။
သူကပဲသူများကို ထိခိုက်နေတာကိုး။

ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။

"no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။

ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက
ပေါက်ဖွားလာတာလား။
ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား
အရမ်းသိသာစေတယ်။

လူ့အသိုင်းအဝိုင်းမှာနေမယ်ဆိုရင်တော့
စည်းကမ်းရှိကြပါကွယ်။

🐻🐻
22/07/2023

🐻🐻

ကိုးနဝင်း ဒီနေ့ ပဲ အတူတူ စလိုက်ရအောင် #ကိုးနဝင်းပုတီးစိတ်နည်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏ကိုးနဝင်း ဆိုသည်မှာ ဗုဒ္ဓဘုရား ဟောကြားတော်မူသည့် ...
19/07/2023

ကိုးနဝင်း ဒီနေ့ ပဲ အတူတူ စလိုက်ရအောင်

#ကိုးနဝင်းပုတီးစိတ်နည်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ကိုးနဝင်း ဆိုသည်မှာ ဗုဒ္ဓဘုရား
ဟောကြားတော်မူသည့် လောကီ
အကျိုးစီးပွား ဖြစ်ထွန်းစေသော
ဂုဏ်တော် ၉ ပါးကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ဘုရား ဂုဏ်တော် (၉)ပါး
ဘုရားဂုဏ်တော် (၉)ပါး ပါဋိ နှင့် အနက်
(၁)အရဟံ
(က)အရဟံ = လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
(ခ)အရ ဟံံ= ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
(ဂ)အ ရဟံံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား။

(၂)သမ္မာသမ္ဗုဒ္ဓေါ= သိစရာအားလုံးတို့ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသောမြတ်စွာဘုရား။

(၃)ဝိဇ္ဇာစရဏသမ္ပန္နော= အသိဥာဏ်ရော၊အကျင့်ပါ ပြည့်စုံတော်မူသောမြတ်စွာဘုရား။
(ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။)

(၄)သုဂတော= ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရား။
(မှန်ကန်၍ အကျိုးရှိသော စကားကို ဆိုတော်မူသောမြတ်စွာဘုရား။)
ကောင်းသောနိဗ္ဗာန်သို့ကြွတော်မူသော မြတ်စွာဘုရား။

(၅)လောကဝိဒူ= လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား။
(သတ္တလောက၊သြကာသလောက၊သင်္ခါရလောက ဟုဆိုအပ်သောလောကသုံးပါးကို
သိတော်မူသော မြတ်စွာဘုရား)

(၆)အနုတ္တရော ပုရိသဒမ္မသာရထိ= ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိဆုံးမတော်
မူတတ်သော မြတ်စွာဘုရား။

(ရ)သတ္ထဒေဝမနုဿာနံ= လူ ၊ နတ်၊ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်
မူသောမြတ်စွာဘုရား။
(နတ် ၊ လူ၊ဗြဟ္မာသတ္တဝါအားလုံးတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော
မြတ်စွာဘုရား)

(၈)ဗုဒ္ဓေါ= သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊သူတစ်ပါးတို့ကိုလည်း သိအောင်
ဟောတော်မူတတ်သောမြတ်စွာဘုရား။
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို
ကိုယ်တိုင်လည်းသိတော်မူ၊သူတစ်ပါးတို့ကိုလည်းသိအောင် ဟောတော်မူသော
မြတ်စွာဘုရား။)

(၉)ဘဂဝါ= ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုန်းတော်ခြောက်ပါးဆိုသည်မှာ-
(က)ဣဿရိယဘုန်းတော်- မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရတော်မူသော
မြတ်စွာဘုရား။

(ခ)ဓမ္မဘုန်းတော်- မဂ်၊ဖိုလ်၊နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဂ)ယသဘုန်းတော်- များပြားသော အခြံအရံ ၊ ပျံ့နှံ့သော အကျော်အစောနင့် ပြည့်စုံ
တော်မူသောမြတ်စွာဘုရား။

(ဃ)သိရီဘုန်းတော်- အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။

(င)ကာမဘုန်းတော်- လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝသောမူသော
မြတ်စွာဘုရား။

(စ)ပယတ္တဘုန်းတော်- အတုမရှိသော လုံ့လဝီရိယနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတော်ရ) စာအုပ်မှ ကူးယူတင်ပြပါသည် ။

======================================

***ကိုးနဝင်း စ စိတ်ရင် တနင်္လာနေ့မှာ စတင် ပုတီးစိတ်ရမှာဖြစ်ပါတယ်

***အလယ်ရက်တွေဖြစ်တဲ့ အစိမ်းရောင်နဲ့ပြထားတဲ့ ရက်တွေမှာ သက်သက်လွတ် စားရမှာ ဖြစ်ပါတယ်
======================================
#ကိုးနဝင်း
#ဗုဒ္ဓ

အလုပ် လုပ်စရာ မလိုဘဲ တစ်လ သိန်း 50 အသတင် ဝင်စေတဲ့ ဘယ်သူမှ မသိသေးတဲ့လုပ်ငန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေး see more....
22/05/2023

အလုပ် လုပ်စရာ မလိုဘဲ တစ်လ သိန်း 50
အသတင် ဝင်စေတဲ့ ဘယ်သူမှ မသိသေးတဲ့
လုပ်ငန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေး see more....

မူရင်းဈေး 10000ကျော်ကနေ Sale ချနေတဲ့ coffee ခွက်လေးနော် ... မင်မင်ကတော့ 1ခွက်ယူထားပါပြီ😍Price 6000KsPre.order, waiting t...
28/01/2023

မူရင်းဈေး 10000ကျော်ကနေ Sale ချနေတဲ့ coffee ခွက်လေးနော် ... မင်မင်ကတော့ 1ခွက်ယူထားပါပြီ😍
Price 6000Ks
Pre.order, waiting time 4weeks

✨✨🐇❤️
22/01/2023

✨✨🐇❤️

မေတ္တာသုတ်အဓိဠာန်ဝင်လိုသူများအတွက်တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်🙏🙏🙏🍁မေတ္တာသုတ်အဓိဌာန်🍁အဆင့်၁ 🍁 မူလတစ်နေ့ ၉ ခေါက် × ၉ ရက်...
19/01/2023

မေတ္တာသုတ်အဓိဠာန်ဝင်လိုသူများအတွက်တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်🙏🙏🙏

🍁မေတ္တာသုတ်အဓိဌာန်🍁

အဆင့်၁ 🍁 မူလ

တစ်နေ့ ၉ ခေါက် × ၉ ရက်

အုတ်မြစ်ချခြင်းဖြစ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့်၂ 🍁 အောင်

တစ်နေ့ ၁၈ ခေါက် × ၉ ရက်

ကိုယ်လုပ်တဲ့ကိစ္စတွေအောင် မြင်လာတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့်၃ 🍁ငွေ

တစ်နေ့ ၂၇ ခေါက် × ၉ ရက်

ငွေကြေးကိစ္စအထူးအဆင်ပြေနိုင်ပါတယ်။

ဒီအဆင့်မှာစပြီး ထူးခြားလာတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့်၄ 🍁စိတ်

တစ်နေ့ ၃၆ ခေါက် × ၉ ရက်

စိတ်အေးချမ်းမှုအထူးရလာတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၅ 🍁လာဒ်

တစ်နေ့ ၄၅ ခေါက် × ၉ ရက်

လာဒ်လာဘပေါများလာတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၆ 🍁ပညာ

တစ်နေ့ ၅၄ ခေါက် × ၉ ရက်

အတတ်ပညာတွေတတ် မြောက်အောင် မြင်လာတတ်ပါ တယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၇ 🍁ပီယ

တစ်နေ့ ၆၃ ခေါက် × ၉ ရက်

ချစ်ခင်လေးစားသူများလာတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၈ 🍁ဒုက္ခငြိမ်း

တစ်နေ့ ၇၂ ခေါက် × ၉ ရက်

ရှိတဲ့ဒုက္ခတွေငြိမ်းအေးသွားနိုင်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၉ 🍁အဟောင်းပြန်တွေ့

တစ်နေ့ ၈၁ ခေါက် × ၉ ရက်

ပျောက်တဲ့ပစ္စည်းတွေ , မတွေ့တာကြာတဲ့သူတွေ ,အဆက်ပြတ်သွားတဲ့သူတွေနဲ့ပြန်တွေ့ရတတ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၁၀ 🍁ဓါတ်သိမ်း

တစ်နေ့ ၉၀ ခေါက် × ၉ ရက်

ဖြစ်ရန်ရှိသောအညံ့များပြေ ပျောက်ခြင်း။

ဖြစ်ရန်ရှိသော ကံဆိုးမှုများမဖြစ်တော့ခြင်း။

ဥပမာအနေဖြင့်။ ။
နေကောင်းပျောက်ပြီး ပြန်လည်ကျန်း မာသန်စွမ်းလာခြင်းအဆင့်ဖြစ်ပါတယ်။

အရာရာအတွက်အဆင်သင့်ဖြစ်တဲ့ အဆင့်ဖြစ်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၁၁ 🍁မှန် / တန်ပြန်

တစ်နေ့ ၉၉ ခေါက် × ၉ ရက်

အခြားသူတွေကိုယ့်ကိုကောင်းတာလုပ်လုပ် , မကောင်းတာပဲ လုပ်လုပ် တူ သောအကျိုးကို လျှင်မြန်စွာပေး နိုင်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸

အဆင့် ၁၂ 🍁အလုံးစုံအောင်

တစ်နေ့ ၁၀၈ ခေါက် × ၉ ရက်

ဘာမဆိုအောင် မြင်နိုင်ပါတယ်။

🍁🍁🍁🍁🍁🍁🍁🍁

🙏 ဖြေးဖြေးနှင့် မှန်မှန်သာယာနာပျော်ဖွယ်အသံဖြင့်ရွတ်ပါက ပိုထိရောက်ပါသည်။

🙏 အဓိဌာန်ဝင်နေချိန်ငါးပါး သီလအထူးမြဲရပါမည်။

🙏 မအားလပ် ပါက တစ်နေ့လျှင်အချိန်ခြားပြီး အခေါက်ရေခွဲ၍ရွတ်နိုင်ပါ သည်။

🙏 ၁၀၈ ရက် ဆက်တိုက်ပြု လုပ်ရသောအဓိဌာန်ဖြစ်ပါသည်။

🙏 ပျက်သွားလျှင်အစမှပြန်စရပါသည်။

🍁 အဖျက်အလွန်များပြီးအောင်မြင်ရန်ခက်ခဲသောအဓိဌာန်ဖြစ်ပါတယ်။

သိုသော်လည်း မေတ္တာစိတ်ရှိနေသောသူများအတွက်မူ

အလွန်လွယ်ကူသော အဓိဌာန်လည်းဖြစ်နေ တတ်ပါသည်။

ထို့ကြောင့် အဓိဌာန်တစ်ဆင့်ပြီးတိုင်း ကိုယ့်ကိုယ်ကိုဂုဏ်ယူပါ။

ရှေ့ဆက်လုပ်ပါ။

တစ်ဆင့်ပြီး တစ်ဆင့်အကျိုး ပေးခြင်းထူးခြားမှု

အလွန်သိသာသော အဓိဌာန်ဖြစ်ပါသည်။

ဘုရားရှေ့တွင် ဤအဓိဌာန်ကိုဆောက်တည်ပါက ပိုထိရောက် သည်ဆိုသော် လည်း....

မိမိစိတ်သည်သာအဓိကဖြစ်ပါ၍ ,

အဓိဌာန်ပြုနေချိန်၌ စိတ်သက်တောင့်သက်သာဖြင့်

သရဏဂုဏ်တည်နေလျှင် နေရာဒေသမရွေး ဤအဓိဌာန်ကိုဆောက်တည်နိုင်ပါသည်။

©️®️💟

24 Colours palette လေးတွေရမယ်နော်...အရောင်လေးတွေကအရမ်းလှသောပါပဲရှင်✨Price.5500Ksလက်ကားယူချင်တဲ့သူလေးတွေက3ဘူးကနေစပြီးယူပေ...
18/01/2023

24 Colours palette လေးတွေရမယ်နော်...အရောင်လေးတွေကအရမ်းလှသောပါပဲရှင်✨

Price.5500Ks

လက်ကားယူချင်တဲ့သူလေးတွေက3ဘူးကနေစပြီးယူပေးပါနော်🙆

သိန်း ၃၀၀ ကျော်ထိစုလို့ရတဲ့ 365 Day စုဘူးကြီးတွေမှာယူအားပေးလို့ရပါပြီငယ်လေးတို့ရေ✨ ရေစိုခံပြီး မှိုမတတ်တာမို့ ကြာရှည်အသု...
18/01/2023

သိန်း ၃၀၀ ကျော်ထိစုလို့ရတဲ့ 365 Day စုဘူးကြီးတွေမှာယူအားပေးလို့ရပါပြီငယ်လေးတို့ရေ✨
ရေစိုခံပြီး မှိုမတတ်တာမို့ ကြာရှည်အသုံးခံပါတယ်ရှင့်👌

Price.9800Ks

လက်ကားယူချင်တဲ့သူလေးတွေက 3ဘူးကနေစယူလို့ရပါတယ်ရှင့် ယူမယ့်သူလေးတွေကဈေးကို cb မှာမေးနိုင်ပါတယ်ရှင့်✨

Address

Yangon

Telephone

+959447687154

Website

Alerts

Be the first to know and let us send you an email when Otis House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share