NNS's Collection

NNS's Collection Cosmetics

မတ်လကို ကမ္ဘာ့အူမကြီးကင်ဆာပညာပေးလ လို့ သတ်မှတ်ထားပါတယ်။ အဲဒီ မတ်လတစ်လလုံး ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အူမကြီးက...
16/01/2025

မတ်လကို ကမ္ဘာ့အူမကြီးကင်ဆာပညာပေးလ လို့ သတ်မှတ်ထားပါတယ်။ အဲဒီ မတ်လတစ်လလုံး ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အူမကြီးကင်ဆာကို လူတွေ ပိုပြီး သတိပြုလာစေဖို့နဲ့ အူမကြီးကင်ဆာအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကြဖို့ ပညာပေးနှိုးဆော် ခြင်းဖြစ်ပါတယ်။ အူမကြီးကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာတွေဟာ လူအတော်များများမှာရှိနေနိုင်ပါတယ်။

ကမ္ဘာ့အနှံ့အပြားမှသေဆုံးမှုများရဲ့ အဓိကအကြောင်းအရင်းများမှာ အူမကြီးကင်ဆာဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရောဂါထိန်းချုပ်ရေးစင်တာ(CDC) နဲ့ အမျိုးသားကင်ဆာအဖွဲ့အစည်း (National Cancer Institute) မှ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်များအရ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံးကင်ဆာအမျိုးအစားဖြစ်ပြီး အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဟာ ဒုတိယအဖြစ်အများဆုံးလို့ ဆိုပါတယ်။ အမျိုးသမီးတွေမှာအဖြစ်အများဆုံးဟာ အဆုတ်ကင်ဆာ ဖြစ်ပြီး ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဟာ ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။

အူမကြီးအတွင်းကြည့်မှန်ပြောင်း(Colonoscopy) အသုံးပြုပြီး အူမကြီးကင်ဆာကို ကြည့်ရှုစစ်ဆေးနိုင် ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းတစ်သျှူးများမှကြီးထွားလာသည့်ဆဲလ်များကိုအသေးစိတ်စစ်ဆေး နိုင်တဲ့ Narrow-Band Imaging(NBI) International Colorectal Endoscopic Classification (NICE) နည်းပညာ နဲ့လည်း ရောဂါရှာဖွေခြင်း ၊ သုံးသပ်ခြင်း ၊ ကုသခြင်းများကို လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ အူမကြီးအတွင်းမှာရှိတဲ့ အနာ(သို့)အဖုအကျိတ်လေးတွေ မကြီးထွားလာခင်မှာ NICE နည်းပညာနဲ့ ကြည့်ရှုစစ်ဆေးခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီနည်းပညာဟာ တိတိကျကျ ရောဂါရှာဖွေပေးနိုင်တဲ့အပြင် ခွဲစိတ်ကုသချိန်အနည်းငယ်သာလိုအပ်ခြင်း ၊ ပိုမိုလျှင်မြန်စွာပြန်လည် သက်သာလာနိုင်ခြင်း ၊ နောက်ဆက်တွဲရောဂါများကိုလျှော့ချပေးနိုင်ခြင်း စတဲ့ အားသာချက်များလည်း ရှိပါတယ်။ တကယ်လို့ မူမမှန်တဲ့ပြဿနာတစ်ခု စစ်ဆေးတွေ့ရှိတယ်ဆိုရင် ခွဲစိတ်စရာမလိုဘဲ အန္တရာယ်ကင်းစွာဖယ်ရှားပစ်နိုင်ပါတယ်။

သမားရိုးကျအသုံးပြုလေ့ရှိတဲ့ White-Light Endoscopy ကိရိယာအသုံးပြုကြည့်ရှုတဲ့အခါ အများအားဖြင့် အူမကြီးတွင်းကပ်နေတဲ့ အကျိတ်ဖုလေးများကို မတွေ့နိုင်တာကြောင့် နောက်ထပ် နည်းလမ်းအဖြစ် ဆိုးဆေးအခြေခံအသုံးပြုတဲ့ ဓာတ်မှန်နည်းပညာကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီနည်းပညာဟာ မျက်နှာပြင်ပေါ်က မတူညီတဲ့အရာတွေကို ပိုမိုမြင်နိုင်စွမ်းရှိပေမယ့် လုပ်ဆောင်မှုဟာ အချိန်ကြာမြင့်ပါတယ်။ နောက်ဆုံးပေါ် ပုံရိပ်ဖမ်းစစ်ဆေးကြည့်ရှုခြင်းနည်းလမ်းမှာတော့ အပြာရောင်နဲ့ အစိမ်းရောင်လှိုင်း အလျား များအသုံးပြုပြီး ဆိုးဆေးအသုံးပြုတဲ့ နည်းပညာလိုပဲ အသေးစိတ်မြင်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးမှာဖြစ်နေတဲ့ မူမမှန်မှုတွေကို သေချာသိရှိနိုင်ပါတယ်။

လုပ်ရိုးလုပ်စဉ်နည်းပညာများနဲ့ယှဉ်ရင် NBI နည်းပညာဟာ တစ်သျှူးများရဲ့ တည်ဆောက်မှုပုံ သဏ္ဍာန်ကို ပိုမိုထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။ ဒါဟာ အကျိတ်များကို အသေးစိတ်ကြည့်ရှုစစ်ဆေးဖို့ အတွက် အကောင်းဆုံး ကိရိယာပင်ဖြစ်ပြီး တစ်သျှူးမှကြီးထွားလာသောဆဲလ်အကျိတ် (Hyperplastic) ၊ ကင်ဆာမဖြစ်နိုင်တဲ့အကျိတ်(Adenomatous) ၊ ကင်ဆာအန္တရာယ်ရှိသော အကျိတ်(Malignant) စသဖြင့်အသေး စိတ်ခွဲခြား နိုင်ပါတယ်။ အူမကြီးရှိ အသားပို(သို့) အကျိတ် များကို အမျိုးအစား (၃)မျိုး ခွဲခြားနိုင်ပါတယ်။

အမျိုးအစား (၁) ။ ဒီအမျိုးအစားမှာ ဆဲလ်တွေဟာ ညီညီညာညာနဲ့ အစီအစဉ်တကျ ဖွဲ့စည်းထားပါတယ်။ ဒီထဲကမှ ကင်ဆာဖြစ်လာနိုင်ခြေနည်းပါးတာကြောင့် ခွဲစိတ်ဖို့ မလိုအပ်ပါဘူး။

အမျိုးအစား(၂) ။ ဒီအမျိုးအစားမှာ ဆဲလ်တွေဟာ ပိုက်ကွန်များသဖွယ်အစင်းကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီဆဲလ်တွေဟာ ကင်ဆာအန္တရာယ်ဖြစ်လာနိုင်ပြီး သူတို့ကို လျှပ်စစ်လွှတ်ထားတဲ့ဝါယာကြိုး(သို့) ဓါး နဲ့ဖယ်ရှားပစ်နိုင်ပါတယ်။

အမျိုးအစား (၃) ။ ဒီအမျိုးအစားမှာတော့ ဆဲလ်တွေဟာ ပုံမှန်မဟုတ်ဘဲ ကစဉ့်ကလျား ဖွဲ့စည်း တည်ရှိနေပြီး ကင်ဆာအန္တရာယ်ရှိပါတယ်။ အူမကြီးအတွင်းကြည့်မှန်ပြောင်း(Colonoscopy) နဲ့ ဒါတွေကိုမဖယ်ရှားနိုင်ပေမယ့် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတစ်ခုအနေနဲ့တော့ အသုံးပြုလို့ရပါတယ်။



အူမကြီးအတွင်းကြည့်မှန်ပြောင်း ဟာ အူမကြီးကင်ဆာစစ်ဆေးမှုအတွက် များစွာအသုံးဝင်ပြီး တစ်ကမ္ဘာလုံးမှာ တွင်ကျယ်စွာ အသုံးပြု နေကြပါတယ်။ ဒီကိရိယာဟာ ဆရာဝန်များအတွက် အူမကြီးတစ်ခုလုံးရဲ့ အတွင်းမျက်နှာပြင်တစ်ခုလုံးကိုမြင်တွေ့စေနိုင်ပြီး အကျိတ်အဖုငယ် လေးတွေ ကင်ဆာအန္တရာယ်အခြေအနေမဖြစ်လာခင်မှာပဲ ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီနည်းလမ်းအရ ကင်ဆာဖြစ်နိုင်တဲ့ အကျိတ်ငယ်လေးတွေကို အချိန်မီ သိရှိကုသနိုင်ပါတယ်။ မှန်ပြောင်းဖြင့်ကြည့်ရှုချိန်မှာ အန္တရာယ်မရှိတဲ့ သာမန်အဖုငယ်လေး တွေကိုလည်း တွေ့ရတတ်ပြီး ဖယ်ထုတ်ပစ်ရ ပါတယ်။ သတိမပြုမိဘဲ အချိန်လွန်သွားမယ်ဆိုရင် အကျိတ်ဖုငယ်များဟာ ကင်ဆာအဖြစ် ကြီးထွားသွားပါတယ်။

အသက်(၅၀)နှစ်နဲ့အထက်ရှိသူများမှာ ဖြစ်နိုင်ခြေများတယ် ဆိုပေမယ့် အသက်(၅၀) အောက်လူတွေ အူမကြီးကင်ဆာမဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ထူးခြားချက် တစ်ခုကတော့ Cancer Journal ရဲ့ လေ့လာမှုအသစ်တစ်ခုအရ အူမကြီးကင်ဆာခံစားရတဲ့ လူနာ (၇) ဦးမှာ အသက်(၅၀)အောက် တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကိုထောက်ရှုလေ့လာခြင်းအားဖြင့် အူမကြီးကင်ဆာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အသက်(၅၀) ရောက်မှ လိုက်နာမယ့် အစား အသက်(၄၀) ကတည်းက စတင်လုပ်ဆောင်သင့် တယ်လို့ဆိုရပါမယ်။

မိသားစုထဲမှာ အူမကြီးကင်ဆာရောဂါရာဇဝင်ရှိဖူးသူများ (သို့မဟုတ်) ရောဂါဖြစ်နိုင်ခြေမြင့်မားသူများ (ဥပမာ-အူမကြီးအကျိတ် နှင့်အူရောင်ရောဂါရှိသူများ) အနေနဲ့ ရောဂါလက္ခဏာပြလာသည်အထိ စောင့်ဆိုင်းမနေဘဲ အမြန်ဆုံး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ မိသားစုထဲမှာ အူမကြီးကင်ဆာရောဂါရာဇဝင်ရှိဖူးသူများအနေနဲ့ စောစောစီးစီးစစ်ဆေးဖို့လိုသလို အဆိုပါမိသားစုဝင် စတင်ဖြစ်တဲ့အသက်အရွယ် မတိုင်ခင် (၁၀)နှစ်မှာ စစ်ဆေးသင့်ပါတယ်။ ဥပမာ - သင့်ရဲ့ဖခင်ဟာ အသက်(၄၅)နှစ်မှာ အူမကြီးကင်ဆာဖြစ်ခဲ့ဖူးတယ်ဆိုရင် သင့်အနေနဲ့ အသက် (၅၀) ထိ မစောင့်နေဘဲ အသက်(၃၅)နှစ်လောက်ကတည်းက စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

လူတိုင်းအနေနဲ့ နာတာရှည်အစာအိမ် ရောင်ခြင်း ၊ ပုံမှန်မဟုတ်တဲ့ အူ လှုပ်ရှားမှုများ ၊ ဝမ်းသွားရာ တွင်သွေးပါခြင်း စတဲ့ ရောဂါလက္ခဏာတွေကိုလည်း သေချာသတိပြုဖို့လိုပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင် ဆရာဝန်ဆီချက်ခြင်းသွားပြီး တိုင်ပင်ပါ။ အူမကြီးကင်ဆာကို စောစောစီးစီးသိရှိခြင်းဟာ အောင်မြင်တဲ့ကုသမှုများဖြစ်စေဖို့ အခွင့်အလမ်းပိုများပါတယ်။ စားသောက်မှုပုံစံမှာလည်း အနီရောင်အသားများ ၊ အထူးပြုလုပ်ထားတဲ့အသားများ (ဝက်အူချောင်း ၊ ဝက်ပေါင်ခြောက် ၊ ဝက်သားခြောက်) စားသုံးမှုကိုလျှော့ချပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများစားသုံးခြင်းဖြင့် လည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့လည်း မမေ့ပါနဲ့နော်။

အသက်(၅၀)နဲ့အထက်ရှိသူများအနေနဲ့ စောစောစီးစီးကာကွယ်ကုသနိုင်ဖို့ အူမကြီးအတွင်းကြည့် မှန်ပြောင်းဖြင့်စစ်ဆေးခြင်းကို ပုံမှန်လုပ်ဆောင် သင့်ပါတယ်။ အူမကြီးအတွင်းကြည့်မှန်ပြောင်းနဲ့ စစ်ဆေးစဉ်မှာ နောက်ဆက်တွဲပြဿနာတွေရှိနိုင်ပေမယ့် အကြိမ်(၁၀၀၀)မှာ တစ်ကြိမ်(သို့) နှစ်ကြိမ်လောက်သာလျှင် ရှိလို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုရပါမယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ်မှာ အူမကြီးအတွင်း ကြည့်မှန်ပြောင်း ဖြင့်စစ်ဆေးခြင်းဖို့ တိုက်တွန်းပါတယ။် ကင်ဆာရောဂါကို စောစောစီးစီးသိရှိခြင်းဟာ အောင်မြင်တဲ့ကုသမှုတွေ အတွက် အခွင့်အလမ်းပိုများ သလို ကုသမှုအတွက် ငွေကုန်ကြေးကျသက်သာမှာလည်း အသေအချာပင် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်လဲ***General readingမို့ အကြမ်းဖျင်းပဲပြောထားပါတယ် အကုန်လုံးနဲ့တို...
21/04/2024

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်လဲ

***General readingမို့ အကြမ်းဖျင်းပဲပြောထားပါတယ် အကုန်လုံးနဲ့တိုက်ဆိုင်မယ်လို့ မဆိုလိုပါ။

မင်းကိုယ်မင်းဂရုစိုက်ဖို့အတွက် လုပ်ဆောင်ရသင့်တာကတော့ စိတ်ပျိုကိုယ်နုဆိုတဲ့စကားလေးအတိုင်း စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပေးသင့်ပါတယ်နော်။ လူ့ဘဝကြီးမှာ ဘယ်သူနဲ့မှမနေချင်ဘူး၊ ဘယ်သူနဲ့မှအချိန်မဖြုန်းချင်ဘူးဆိုတာက ရေရှည်မှာ စိတ်ကျန်းမာရေးကို ထိလာနိုင်တာမို့ စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင်ရယ်မောလို့ရမယ့်သူတွေနဲ့ အချိန်ဖြုန်းကြည့်ပါနော်။ သူငယ်ချင်းမရှိဘူးဆိုတဲ့သူတွေလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို ရှာဖွေကြည့်ပါ။ အလုပ်နဲ့အိမ်၊ ကျောင်းနဲ့အိမ် စသဖြင့် တာဝန်ဝတ္တရားတွေချည်းထမ်းဆောင်နေမယ့်အစား မင်းက လွတ်လပ်စွာ ပျော်ရွှင်ရယ်မောဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာ မမေ့ပါနဲ့နော်။

မင်းအနေနဲ့ မင်းကိုယ်မင်း ဂရုစိုက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာကတော့ မင်းရဲ့ပတ်ဝန်းကျင်ကို အမွှေးနံ့သာ‌တစ်ခုခု ဖြန်းပက်ပေးပါ။ မင်းကိုယ်တိုင်လည်း အမွှေးနံ့သာတစ်ခုခု အမြဲအသုံးပြုကြည့်ပါ။ မွှေးပျံ့တဲ့ ရနံ့လေးတွေက မင်းကို လန်းဆန်းမှုပေးစွမ်း‌နိုင်ပါလိမ့်မယ်နော်။နောက်ပြီး ငွေကြေးတတ်နိုင်တယ်ဆို အခန်းတွင်းမှာ ‌အမွှေးနံ့သာကုထုံး(Aromatherapy)မှာ အသုံးပြုတဲ့ပစ္စည်းမျိုးတွေသုံးပေးစေချင်ပါတယ်။ အမွှေးနံ့လုံးဝမကြိုက်တဲ့သူတွေကလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးပုံမှန်ပြုလုပ်‌ပေးပါ။ မိမိအခန်း၊ မိမိပတ်ဝန်းကျင်ကိုတော့ သန့်သန့်ရှင်းရှင်းထားပေးပါနော်။

မင်းအနေနဲ့ မင်းရဲ့ကျန်းမာရေးကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်နော်။ မင်းအနေနဲ့ အိပ်ချိန်၊စားချိန် မှန်အောင်ဂရုစိုက်သင့်သလို စားတဲ့အစားအသောက်တွေကိုလည်း အလွယ်တကူရတာတွေစားတာမျိုးထက် သန့်ရှင်းလတ်ဆတ်သော အစားအသောက်တွေကိုသာ အိမ်မှာချက်ပြုတ်စားသောက်စေချင်ပါတယ်။ တချို့တွေ Medical check-up လုပ်သင့်တာမျိုးလည်း တွေ့ရတာမို့ ငွေကြေးအတော်အသင့်ကုန်ကျခံနိုင်တယ်ဆို ကျန်းမာရေးစစ်ဆေး‌ခြင်းမျိုးတွေ ပြုလုပ်စေချင်ပါတယ်။

မူရင်းရေးသားသူ

"စိတ်ကျန်းမာရေးကောင်းဖို့အတွက် အလေ့အကျင့်ကောင်းတစ်ချို့"စိတ်ရောကိုယ်ပါကျန်းမာမှ ပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ ဆိုနိုင်...
29/03/2024

"စိတ်ကျန်းမာရေးကောင်းဖို့အတွက် အလေ့အကျင့်ကောင်းတစ်ချို့"

စိတ်ရောကိုယ်ပါကျန်းမာမှ ပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူတော်တော်များများ အာရုံစိုက်နေမိတာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကို မေ့ထားလို့မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ စိတ်ကျန်းမာရေးကောင်းစေဖို့ ဘာတွေဂရုစိုက်ဖို့လိုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

စိတ်ကျန်းမာရေးကောင်းစေဖို့အတွက် မွေးမြူသင့်တဲ့အလေ့အထလေးတွေက ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့ဆိုရင်

နေ့စဉ် အိပ်ချိန် ၈ နာရီထားရှိပေးပါ

တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားရှိပြီး စိတ်ဖိစီးမှုကင်းစေဖို့ဆိုရင် ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်။ ပြည့်ဝတဲ့အိပ်စက်ချိန်က မှတ်ဉာဏ်ကောင်းစေသလို အာရုံစူးစိုက်မှုကိုကောင်းစေပြီး စိတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။

အာဟာရပြည့်ဝအောင်စားပေးပါ

အာဟာရပြည့်ဝအောင်စားသုံးမှုက ခန္ဓာကိုယ်ကျန်းမာဖို့အတွက်တင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ပါ အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။ အစားအစာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုတွေထဲမှာ omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်၊ တူနာငါးတို့ကို ထည့်သွင်းစားသုံးပေးသင့်သလို သစ်သီးတွေနဲ့ ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ရုပ်ပိုင်းဆိုင်ရာတင် ကျန်းမာစေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

သူငယ်ချင်းတွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်ပါ

တစ်နေ့တာမှာ အနည်းဆုံး ၁၀ မိနစ်လောက် ချစ်ခင်ရသူမိတ်ဆွေ သူငယ်ချင်းတစ်ဦးဦးနဲ့ စကားစမြည်ပြောတာကလည်း စိတ်ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အလုပ်တွေများနေရင်တောင် ၁၀ မိနစ်လောက်တော့ ခင်မင်ရသူတစ်ယောက်ယောက်နဲ့ စကားစမြည်ပြောပေးဖို့မမေ့ပါနဲ့။

ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ

နေ့စဉ်တိုင်းရဲ့ အချိန်ဇယားထဲမှာ ကိုယ်ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်ဖို့အတွက်၊ ဝါသနာပါရာ ပညာရပ်အသစ်တွေကို သင်ယူနိုင်ဖို့အတွက် သီးသန့်အချိန်ဖယ်ထားပေးပါ။ ဒီလိုလုပ်ဆောင်ပေးမှုက ဦးနှောက်ကို အသစ်သစ်သောအရာတွေကို သင်ယူခွင့်ရစေသလို စိတ်အပန်းပြေစေပြီး စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

အခြားသူတွေကို ကူညီပေးပါ

သူတစ်ပါးကိုကူညီပေးတာက စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။ ဒီခံစားမှုက စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် တစ်နေ့တာ သွားလာလှုပ်ရှားမှုအတွင်း အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှကူညီပေးတတ်တဲ့ အလေ့အထလေးကိုမွေးမြူစေချင်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေလျော့တတ်ပါစေ

လူတော်တော်များများ စိတ်ပိုင်းဆိုင်ရာ မကျန်းမာရတဲ့ အဓိကအကြောင်းအရင်းက စိတ်ဖိစီးမှုတွေကို တစ်ချိန်လုံးပိုက်ထားတာကြောင့်လည်းပါပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ မေတ္တာပို့တာ၊ သီးချင်းအော်ဆိုတာ၊ ဂိမ်းဆော့တာအပါအဝင် စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တဲ့ အလေ့အထလေးတစ်ခုကို မွေးမြူထားလို့ စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။

အတွေးတွေကို အနားပေးတတ်ပါစေ

လူတစ်ယောက်တိုးတက်ဖို့ဆိုတာ အမြဲတွေးနေဖို့လိုတယ်ဆိုပေမယ့် တစ်ခါတလေမှာ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ ယုံကြည်မှုပျောက်ဆုံးစေတဲ့ အတွေးမျိုးတွေကိုတော့ အဆက်မပြတ်တွေးနေရင် ဆိုးကျိုးဖြစ်လာဖို့ကများမှာပါ။ ဒါကြောင့် တွေးတောမှုတွေကို လိုအပ်လာရင် အနားပေးတတ်စေဖို့လည်း သတိရပါ။

ရယ်မောပါ

ရယ်မောခြင်းက စိတ်ကျန်းမာရေးအတွက် ဆေးဝါးတစ်ခုပါ။ ဒါကြောင့် တစ်နေ့တာမှာ စိတ်ညစ်စရာတွေရှိနေရင်တောင် ဟာသလေးတွေရင်ဖြစ်ဖြစ် စိတ်ပျော်စေမယ့် အပြုအမူလေးတွေတွေ့ရင်ဖြစ်ဖြစ် စိတ်ပျော်ရွှင်စေမယ့် အခိုက်အတန့်လေးနဲ့ ကြုံကြိုက်တဲ့အခါ ရယ်မောဖို့ မမေ့ပါနဲ့။

ဆေးလိပ်နဲ့အရက်ဖြတ်ပါ

စိတ်ညစ်တဲ့အခါ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီဖြေရှင်းနည်းက ယာယီအခိုက်အတန့်အတွက်ပဲ အသုံးဝင်တာပါ။ ရေရှည်မှာက စိတ်ကျန်းမာရေးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာချင်ရင် အရက်နဲ့ဆေးလိပ်ကို ဖြတ်ပါ။


ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

ကိုယ်ခံအားကောင်းစေဖို့ ပရိုတင်း (အသားဓာတ်) စားပါPhoto Created - Ravish Magazineပရိုတင်း (အသားဓာတ်) ဆိုသည်မှာ ကျွန်ုပ်တို...
15/05/2023

ကိုယ်ခံအားကောင်းစေဖို့ ပရိုတင်း (အသားဓာတ်) စားပါ

Photo Created - Ravish Magazine

ပရိုတင်း (အသားဓာတ်) ဆိုသည်မှာ ကျွန်ုပ်တို့ရဲ့ အာဟာရနှင့် ကိုယ်ခံစွမ်းအားအတွက် အရေးပါတဲ့ဓာတ်တစ်ခု ဖြစ်ပါတယ်။ ကိုဗစ်ကဲ့သို့ အသက်အန္တရာယ်ထိခိုက်စေနိုင်သော ရောဂါပိုးမွှားများကို ကာကွယ်ဖို့အတွက် ပရိုတင်း (အသားဓာတ်) ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပေးဖို့လိုပါတယ်။

ကိုယ်ခံအားကောင်းခြင်းဆိုသည်မှာ ပြင်ပမှ ဝင်ရောက်လာသော ရောဂါပိုးမွှားများ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး စသည်) ကို ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိခြင်းကို ဆိုလိုပါတယ်။ ထိုကဲ့သို့ တိုက်ခိုက်ရာတွင် အရေးကြီးသော နည်းလမ်းတစ်ခုမှာ ပဋိပစ္စည်း (antibodies) ထုတ်လုပ်၍ တိုက်ခိုက်သောနည်းလမ်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းမှာ ခန္ဓာကိုယ်မှ ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်း (antibodies) ထွက်ရှိအောင် လှုံ့ဆော်ပေးခြင်းဖြစ်ပါတယ်။

ပရိုတင်း (အသားဓာတ်) ဟာ ပဋိပစ္စည်း (antibodies) ထုတ်လုပ်ရန် အဓိက လိုအပ်သော အမိုင်နိုအက်စစ်ကို ထုတ်လုပ်ပေးပါတယ်။ ပရိုတင်း (အသားဓာတ်) အားနည်းသောအခါ ရောဂါကာကွယ်သော ပဋိပစ္စည်း (antibodies) မထုတ်လုပ်နိုင်တော့ဘဲ ကိုယ်ခံအားနည်းလာပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။

crd.
Dr.Myanmar

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အပြောင်းအလဲမြန်၏။စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။Be St...
11/05/2023

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

.... #လေးစားလျှက်
#ကင်း
vlogs

15/04/2023

နှစ်သစ်ဆုတောင်း🙏🙏🙏

ငါသည်
သူတစ်ပါး ပျက်စီးအောင် လုပ်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
သူတစ်ပါး၏ ကြီးပွားမှုကိုသာ လိုလားသူဖြစ်ရပါလို၏။

ငါသည်
သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုမဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
ဝမ်းသာနိုင်သူသာ ဖြစ်စေရမည်။

ငါသည်
လူအများကို လှည့်စားဟန်ဆောင်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းသူသာ ဖြစ်စေရမည်။

ကျေးဇူးတော်ရှင် ပါမောက္ခချူပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

06/04/2023
ယနေ့ 22.1.23 အမေဆုံးတာ ၁နှစ်နဲ့၆လပြည့် မှာ ကွယ်လွန်သူများဖြစ်ကြတဲ့ ပါပါ့ - ဦးထွန်းရီ၊ တုံတုံ့ - ဒေါ်မဌေး၊ အကို - ကိုအေးလ...
22/01/2023

ယနေ့ 22.1.23 အမေဆုံးတာ ၁နှစ်နဲ့၆လပြည့် မှာ ကွယ်လွန်သူများဖြစ်ကြတဲ့ ပါပါ့ - ဦးထွန်းရီ၊ တုံတုံ့ - ဒေါ်မဌေး၊ အကို - ကိုအေးလွင်
တို့အားရည်စူး၍ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာအတွက်
ဆေးပဒေသာပင် အလှူငွေ ၁၀၀၀၀၀/ တစ်သိန်းကျပ် နှင့်အမေ့အဝတ်အစားများကို လှူဒါန်းခဲ့ပါတယ်။
အဖေ၊အမေနဲ့အကိုတို့ရောက်ရာ ဘုံဘဝမှ
သာဓုခေါ်ဆိုန်ုင်ပါစေ🙏🙏🙏
ကုသိုလ္ အမွ် အမွ် အမွ်....

စိတ်ထားတတ်ဖို့လိုတယ်တစ်ခါတုန်းက သဲကန္တာရထဲကို ညဘက် ခရီးအပြင်းနှင်လာတဲ့ ခရီးသွားလူတစ်စုဟာ တစ်နေရာအရောက်မှာ အသံနက်ကြီး တစ်...
21/01/2023

စိတ်ထားတတ်ဖို့လိုတယ်

တစ်ခါတုန်းက သဲကန္တာရထဲကို ညဘက် ခရီးအပြင်းနှင်လာတဲ့ ခရီးသွားလူတစ်စုဟာ တစ်နေရာအရောက်မှာ အသံနက်ကြီး တစ်သံကိုကြားလိုက်ရတယ်။

" အားလုံးရပ်"

ကန္တာရထဲမှာ သူတို့အပြင် ဘယ်သူမှလည်း မရှိတာကြောင့် ဒီအသံနက်ပိုင်ရှင်ဟာ သဲကန္တာရစောင့်တဲ့ နတ်မင်းကြီး ဖြစ်ရမယ်လို့ ယူဆပြီး အကုန်လုံး မလှုပ်ဘဲ ငြိမ်နေကြတယ်။

တအောင့်ကြာတော့ အသံနက်ကြီး ထပ်ပေါ်လာပြန်တယ်။

"မင်းတို့ခြေထောက် အောက်မှာရှိတဲ့ ပစ္စည်းတွေကို မင်းတို့ အိတ်ထဲကောက်ထည့်၊ ပြီးရင် သွားတော့"

ခရီးသွားတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ သူတို့ခြေထောက်အောက်မှာရှိတဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို ကောက်ထည့်တယ်။ ညကလည်း မှောင်မှောင်၊ ကြောက်ကလည်း ကြောက်နဲ့ဆိုတော့ ခရီးသွားတွေဟာ သူတို့ဘာပစ္စည်းတွေ ထည့်လာကြလဲ မကြည့်ကြတော့ဘဲ အဲ့ဒီနေရာကနေ မြန်မြန်ထွက်ခွာသွားကြတယ်။

အသံနက်ပိုင်ရှင်များ ရောက်လာဦးမလားဆိုတဲ့ ကြောက်စိတ်ကြောင့် ခရီးတောင်မနားဘဲ တစ်ညလုံး အပြင်းနှင်လာလိုက်တာ မနက်ရောက်တော့မှ သူတို့အိတ်ထဲ ဘာပစ္စည်းတွေ ထည့်လာမိလဲဆိုတာ ဖွင့်ကြည့်ကြတယ်။

"အားပါးပါး စိန်တုံးတွေပါလား" သူတို့ထဲက လူတစ်ယောက်က ထအော်တယ်။ ကျန်တဲ့လူတွေလည်း သူတို့အိတ်တွေကို အသီးသီးဖွင့်ကြည့်ကြတယ်။ အမှန်တကယ်ပဲ စိန်တွေဖြစ်နေတာကို တအံတသြ တွေ့လိုက်ရတယ်။

ဒါပေမဲ့ သူတို့မပျော်နိုင်ကြဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ များများထည့်မယူလာမိလို့တဲ့။ စိန်တုံးတွေမှန်းသာသိရင် များများထည့်ယူလာပါတယ်ဆိုပြီးအကြီးအကျယ်စိတ်ညစ်ကုန်ကြတယ်တဲ့။

တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာလည်း ဒီခရီးသွားလူတစ်စုလို ဖြစ်နေတတ်တယ်။ ကိုယ့်မှာ ရှိတဲ့အရာတွေ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ်ရနေတာတွေကို အာရုံမစိုက်ဘဲ ကိုယ်မရလိုက်တဲ့အရာတွေ၊ ကိုယ်လက်လွှတ်လိုက်ရတဲ့အရာတွေကို သွားအာရုံစိုက်ပြီး မပျော်နိုင်ဖြစ်နေကြတယ်။

အမှန်တကယ်တော့ ကျွန်တော်တို့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာဟာ ကျွန်တော်တို့ စိတ်ထားတတ်ခြင်းအပေါ်မှာလည်း အများကြီး သက်ဆိုင်နေပါတယ်။

ဒါကြောင့် စိတ်ထားတတ်ဖို့ လိုပါတယ်။

လက်လွှတ်လိုက်ရတဲ့ အရာတွေကို အာရုံစိုက်ရင်း ကိုယ်ပိုင်ဆိုင်နေတဲ့အရာတွေကို လျစ်လျူရှုမိသလို မဖြစ်ပါစေနဲ့လို မိတ်ဆွေတို့ကို မှာချင်ပါတယ်။

Dr Thet Htar Aung

Merry X'mas
25/12/2022

Merry X'mas

Happy Karen New Year
22/12/2022

Happy Karen New Year

Address

Sanchaung

Telephone

+959254134930

Website

Alerts

Be the first to know and let us send you an email when NNS's Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share