31/08/2025
Hip Hop Music နဲ့ Streetwear Culture တို့ဟာ ခွဲမရဘဲ ယှဉ်တွဲမြင်တွေ့ရလေ့ ရှိပြီး ဆယ်စုနှစ် (၄) စုတိုင်တိုင် လူငယ်မျိုးဆက်တိုင်းရဲ့ ဖက်ရှင်ရေစီးကြောင်း၊ ဂီတရေစီးကြောင်းများကို အရှိန်ဟုန်ပြင်းပြင်းနဲ့ မောင်းနှင်လျက်ရှိတာ ယခုခေတ်ထိတိုင်ပါပဲ။
Streetwear တွေဟာ Skaters လူငယ်တွေ တိုးဝှေ့ဝယ်ယူလေ့ရှိတဲ့ နယူးယောက်မြို့ရဲ့ Underground Shops တွေဆီကနေ Luxury Brand တွေနဲ့ Collab လုပ်ကာ Runways အထိ တက်ရောက်လာခဲ့ပြီ ဖြစ်ပြီး Hip Hop Artists တွေမှာလည်း Streetwear Brand တွေနဲ့ Collab အကြီးအကျယ်လုပ်ကြတာ၊ ကိုယ်ပိုင် Streetwear Clothing Brand ထောင်လာကြတဲ့အထိ အောင်မြင်လာကြတာကိုလည်း မြင်တွေ့ပြီး ဖြစ်မှာပါ။
ဒါကြောင့် 1990s မှ 2020s ဆယ်စုနှစ် (၄) နှစ်စာ Hip Hop Music နဲ့ Streetwear Culture တို့ အဆင့်ဆင့် ပြောင်းလဲလာပုံ၊ တိုးတက်လာပုံ၊ လူငယ်တွေကို လွှမ်းမိုးလာပုံများကို Grab Your Authentic နဲ့အတူတူ ပြန်လည်ဖြတ်သန်းကြည့်ရအောင်…
1990s အချိန်အခါတွေဟာ Hip Hop လောကရဲ့ အစ ရွှေခေတ်ကာလလို့လည်း ပြောလို့ရမှာပါ။ Rappers တွေဟာ Baggy Jeans, Oversized Tees, Hoodies, Timberlands နဲ့ Snapbacks တွေကို တွဲဖက်ဝတ်ဆင်ကြတာ လက်ညှိုးထိုးမလွဲ မြင်တွေ့ရမှာဖြစ်ပြီး Streetwear Brand တွေ ဖြစ်တဲ့ Stussy, Supreme နဲ့ X-Large တို့ဟာလည်း Rappers, Skaters, Graffti Artists တို့ကို အတော်လေးကို လွှမ်းမိုးနိုင်ခဲ့ပြီး သူတို့တွေရဲ့ Uniforms လို့တောင် ပြောရတဲ့အထိ ဝတ်ဆင်ခဲ့ကြပါတယ်။
Artists တွေဟာ Fashion Lines တွေကို စတင်ဖြန့်ချိခဲ့ပြီး Jay Z ဆို Rocawear, Wu Tang ဆို Wu-Wear ဆိုပြီး Urban Fashion ဆိုတဲ့ စကားလုံးအသုံးကို ကျယ်ပြန့်စေခဲ့ပါတယ်။
2000s ခုနှစ်တွေမှာတော့ Clothing တွေနဲ့အတူ အပြိုင်အဆိုင်ဖြစ်ခဲ့တာကတော့ Sneakers တွေပါပဲ။ Nike SB Dunks, Jordans တို့ဟာ Hip Hop Musician တွေနဲ့ Exclusive Collabs တွေ ပြုလုပ်ခဲ့ခြင်းဟာ Sneakers တွေကို Jewelry တို့လို ရှားပါး၊ တန်ဖိုးကြီးခြင်းဆိုတဲ့ Value ကိုပါ ထပ်တိုးစေခဲ့ပြီး Hip Hop Style တွေထဲက တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် Japanese Streetwear တွေကလည်း အရှိန်စကောင်းလာခဲ့ပြီး BAPE ကို ပုံဖော်ခဲ့ပါတယ်။ Shark Hoodies, Camo Prints တွေကလည်း Hip Hop Musician တွေနဲ့ ခွဲမရလည်း ဖြစ်ခဲ့ပါသေးတယ်။
2010s ကာလတွေကတော့ Streetwear တွေကို Luxury High Fashion Brand တွေနဲ့ တွဲမြင်ရလေ့ရှိတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ ဥပမာ Supreme နဲ့ Lousi Vuitton Collab ဆိုရင်လည်း မြင်တွေ့နေရလေ့ရှိတဲ့ Hip Hop Fashion အမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Kanye West ရဲ့ YEEZY, A$AP Rocky ရဲ့ Raf Simons, Travis Scott ရဲ့ Nike Collab တွေဟာ Fashion လောကမှာ Rappers တွေဟာ ထိပ်ဆုံးမှာ သရဖူဆောင်းနိုင်ဆဲဆိုတာ အသေအချာကို ပြသသွားနိုင်ခဲ့ပါတယ်။ A$AP Rocky ရဲ့ (၂၀၁၁) မှာ ထွက်ရှိထားတဲ့ Peso MV မှာဆို Supreme နဲ့ Rick Owens တို့ဟာ Rocky ကို Hip Hop နဲ့ High Fashion ရဲ့ အတွဲအစပ်နဲ့ ပွဲထွက်စေခဲ့ပြီး Knaye ရဲ့ (၂၀၁၅) Briy Awards မှာ Performance တစ်ခုဖြစ်တဲ့ All Day ကလည်း Yeezy ရဲ့ Aesthetics လို့ ပြောရမယ့် Minimal, Militaristics ဆန်တဲ့ Vibe ကို အပြည့်အဝ မြင်တွေ့ရမှာပါ။
Resales Platform တွေဖြစ်တဲ့ Stock X နဲ့ GOAT တို့ကလည်း Sneakers နဲ့ Hoodies တွေကို Stock Market ရောင်း၊ ဝယ်၊ အလဲအထပ် ပြုလုပ်ကြတဲ့ ဈေးကွက်တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
2020s ခုနှစ်တွေကတော့ Pandemic ကာလတွေဖြစ်ခဲ့တဲ့အလျောက် သက်တောင့်သက်သာရှိတဲ့ Loungwear, Athleisure တွေ ရေပန်းစားလာခဲ့ပါတယ်။ ဒါ့အပြင် Streetwear Brand ကြီး တစ်ခုဖြစ်တဲ့ Supreme ဟာလည်း VF Corp က ဝယ်ယူခဲ့တာမို့ Corporate အဖြစ် ပြောင်းလဲခြင်းဟာလည်း အပြောင်းအလဲကြီး တစ်ခုပါပဲ။ ဒါပေမယ့်လည်း Independent Brands လေးတွေဖြစ်တဲ့ Telfar, Corteiz တို့ဟာလည်း Streetwear ရဲ့ အစ Underground လောကထဲ ပြန်ဝင်ကာ Community နဲ့ ပြန်လည်ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။ Travis, Drake, Central Cee တို့လည်း Hip Hop နဲ့ Streetwear လောကနှစ်ခုစလုံးကို ကောင်းကောင်းကြီး ထိန်းချုပ်နေကြဆဲပါ။
Streetwear Fashion မှာ သိသိသာသာ တွေ့ရှိလာရတဲ့အချက်ကတော့ Digital နဲ့ Fashion ကို ရောစပ်လာခဲ့ပြီး NFTs, Nike နဲ့ RTFKT တို့ရဲ့ Collab မျိုးတွေဟာ ပိုပြီး Experimentals ဆန်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ Gender Bending ပိုဖြစ်ပြီး Bold Color တွေကို အများအပြား သုံးလာကြတဲ့အပြင် Streetwear-Luxury Fushion ကို ပိုမိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
Hip Hop နဲ့ Streetwear ဟာ Trend တစ်ခုဆိုတာထက် ပိုခဲ့ပြီး ကမ္ဘာနဲ့ချီတဲ့ လွှမ်းမိုးမှုမျိုးကို ဖြစ်စေခဲ့တာပါ။ ဆယ်စုနှစ် (၄) ခုစာအထိ Hip Hop Music နဲ့ Streetwear Culture ဟာ ဆက်လက်အားကောင်းလာဖို့ ရှိပြီး လူငယ်တိုင်းရဲ့ ဖြတ်သန်းမှု တလျှောက်မှာ ဆက်လက်ပါရှိနေဦးမှာပဲ ဖြစ်ပါတယ်။
Join our telegram channel for more updates :
https://t.me/grabyoursauthentic