27/04/2026
❤️ ကြည်ဥ နုဖတ်နေတဲ့ Bouncy & Juicy Skin လေး ပိုင်ဆိုင်ချင်သူတွေအတွက် Round Lab Camellia Deep Collagen Jelly Mask Cleanser
Round Lab ကတော့ လုပ်ချလိုက်ပြန်ပြီနော်🤗🤗
ဒီတစ်ခေါက်ထွက်တဲ့ Cleanser အသစ်လေးကို
မမြင်ဖူးသေးတဲ့ Concept နဲ့ ထုတ်ပေးလိုက်တာပါ။
ပြောရရင်တော့ Dual effect နဲ့ 2 in one သုံးလို့
ရမှာလေးပါ။
ပထမကတော့ ပုံမှန် မျက်နှာသစ်ဆေးလိုပဲ
မနက်ည သုံးလို့ရတဲ့ ပုံစံဖြစ်ပြီး
ဒုတိယကတော့ ပေါင်းတင် mask လိုမျိုးပါ
သုံးလို့ ရနိုင်တာပါ။
Texture လေးကတော့ ပုံထဲကလို Gel texture လေးကိုမှ Camellia ပွင့်ဖတ်လေးတွေ ပါပါတယ်။
Gel texture ပေမဲ့ အညစ်အကြေးတွေကို
ပြောင်အောင် သန့်စင်ပေးပါတယ်။
မျက်နှာသစ်ပြီးရင်လည်း လုံးဝတင်းခြောက်မသွားဘဲ စိုစိုအိအိနဲ့ နုဖတ်ပြီး ကျန်ခဲ့တာ တကယ်ကို
အမိုက်စားပါပဲ။
ဒီ Camellia Collagen Line က အသားအရေကို
Hydrating and Firming effect ပေးတာမို့
စိုပြေတင်းရင်းဖို့ အထောက်အကူပြုပါတယ်။
ဒီ Cleanser လေးကို Mask လိုသုံးမယ်ဆို
Gentle exfoliating effect ပါတာမို့
ဆားဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
mask လိုသုံးမယ်ဆို ထူထူလေး လိမ်းထားပြီး 2 မိနစ်လောက်နေမှ မျက်နှာသစ်ချရပါမယ်။
ingredient အနေနဲ့ Camellia, Collagen, Ceramide, Tea Tree တို့လို အစိုဓာတ်ရပြီး အသားရေတင်းရင်းစေတာတွေ 86% အထိ ပါဝင်ပါတယ်။
exfoliating effect အတွက် Konjac powder အနည်းငယ် ပါဝင်ပါတယ်။
ဒါကြောင့်မို့ ပုံမှန်မြင်နေကျ Cleanser တွေ သုံးရတာ ရိုးနေပြီ၊ အသစ်အဆန်းကိုမှ Luxury ဆန်ဆန်လေး သုံးချင်ရင် ဒီကောင်လေးက စိတ်ပျက်စေမှာ
မဟုတ်ပါဘူးနော်🥳🥳
price -45000 ( 150 ml )