Yangon Zay Cho

Yangon Zay Cho လူသုံးကုန်ပစ္စည်း အမျိုးမျိုး

``စိတ်ချမ်းသာခြင်း ၁၀၀၀ ဖိုးလောက်´´``မရှိတော့ဘူးအကိုရေ .. ဟန်ဆောင်ခြင်းပဲ ကျန်တော့တယ်´´``ဟန်ဆောင်ခြင်းတော့ မလိုချင်ဘူးဗျ...
10/08/2022

``စိတ်ချမ်းသာခြင်း ၁၀၀၀ ဖိုးလောက်´´

``မရှိတော့ဘူးအကိုရေ .. ဟန်ဆောင်ခြင်းပဲ ကျန်တော့တယ်´´

``ဟန်ဆောင်ခြင်းတော့ မလိုချင်ဘူးဗျာ... တစ်ခြားဘာရဦးမလည်း´´

``လောဘ နည်းနည်းကျန်မယ် ဒါပေမယ့်အကိုယူချင်ရင် အတ္တနဲ့ရောယူမှရမယ် ၊ သူတိူ့က တစ်စုံတွဲရောင်းတာ´´

``ဟာ... မယူဘူး မယူဘူး´´

``ဒါဆို ဟိုဟာတော့ကျန်သေးတယ် အကိုကြိုက်မှာတော့မဟုတ်ဘူး... ´´

``ဘာလည်း´´

``မပြည့်စုံခြင်း´´

``ဟာ.. စိတ်ချမ်းသာခြင်းက ဘယ်ရောက်သွားတာလည်းကွာ´´

``အကိုရယ် လူတိုင်း လိုချင်နေတာ.. ဒီအချိန်ဆို ကုန်ပြီပေါ့ဗျာ´´

``ဒါဆို မေတ္တာတရားကော´´

``အားနာလိုက်တာ အကိုရယ်.. မေတ္တာတရားက ပစ္စည်းပြတ်နေတယ်အကိုရေ့´´

``မင်းတို့ဆိုင်က ဘာမှလည်း မရှိတော့ပါလား..´´

``ဒေါသ နဲ့ မနာလိုခြင်းတွေတော့ ပေါပါ့...စျေးလည်းပေါတယ် ယူမလား အကို´´

``ငါလိုချင်တာ စိတ်ချမ်းသာခြင်းကွာ...´´

``ကောင်းပြီ အကို.... တစ်ခုတော့ရှိတယ် စျေးလည်းကြီးတယ် အဲ့ဒါလေးဝယ်သွားလိုက် အကိုလိုချင်တဲ့ စိတ်ချမ်းသာခြင်းထက်ပိုကောင်းမယ်၊ သူကရှားလည်းရှားတယ် အတုတွေတော့ပေါ်နေတယ် ဒီတစ်ခုကအစစ် တော်တော်ကောင်းတယ်´´

``ဘာလည်းဟ.... ယူမယ်ကွာ အဲ့လိုပစ္စည်း´´

``ဥပေက္ခာတရား´´


#စာပေဗဟုသုတလူတိုင်းရ

🤔🤔🤔
10/08/2022

🤔🤔🤔

"  စိတ်ရှည်ပါ "လူငယ်တိုင်းအတွက် အကျိုးရှိစေမယ့် ပုံပြင်လေးတစ်ပုဒ်နဲ့ အတူ ဝေမျှချင်ပါတယ်။ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ရှိ...
23/02/2022

" စိတ်ရှည်ပါ "
လူငယ်တိုင်းအတွက် အကျိုးရှိစေမယ့်
ပုံပြင်လေးတစ်ပုဒ်နဲ့ အတူ ဝေမျှချင်ပါတယ်။

ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ရှိသတဲ့..သူ့မှာ အဖိုးတန်ရေနွေးကြမ်းအိုးတစ်လုံး ပိုင်ဆိုင်တယ်။

သူဟာ အဲဒီရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင်ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။

တစ်ညမှာ ရေနွေးကြမ်းအိုးကို မတော်တဆထိမိလို့ ရေနွေးအိုးအဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရော

အဲဒီလူလည်း လန့်နိုးပြီး စိတ်သောကရောက်သတဲ့

အိုးဖုံးမရှိပြီဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မလဲဆိုပြီး အဲဒီလူဟာ အိုးကိုလှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက်အပြင်ဖက် ပစ်ထုတ်လိုက်သတဲ့။

မနက်လင်းလာတော့ အိုးဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ်ကျနေလို့ ကွဲမသွားဘူးတဲ့။

အဲဒီမွာ အိုးကို သူပစ်ထုတ်လိုက်မိပြီဆိုပြီး
စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့...

အိမ်ပြင်ထွက်တော့ ညကလွင့်ပစ်လိုက်တဲ့ အိုးဟာ
မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်သတဲ့...

ပုံပြင်လေးထဲက
ဘာကိုသင်ခန်းစာပေးချင်သလဲဆိုတော့
တစ်ခါတလေမှာ ကိစ္စရပ်တချို့က
စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန်နှေးရတယ်..
အလောတကြီးဖြစ်ဖို့ မလိုပါဘူး...
ကိစ္စရပ်တော်တော်များများက
ကိုယ်တွေးထင်သလို မဟုတ်တဲ့အတွက်ကြောင့်ပါ။

လောတယ်၊ စိတ်ဆတ်တယ်ဆိုတာက မိစ္ဆာ တစ်ကောင်လိုပါ။

ကိစ္စရပ်တော်တော်များများကို အဆိုးဘက်တွေးမြင်ပြီး
ပိုဆိုးအောင် လုပ်မိစေတတ်သလို
အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ်ပါတယ်။

ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ကလည်း အသိဉာဏ်တစ်မျိုး ဖြစ်ပါတယ်....။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့။

တစ်ချို့သောကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစားဖြစ်ချိန်မတန်ရင်ဖြစ်မလာတတ်သေးပါဘူး.. စိတ်ရှည်ပါ။

အခက်အခဲတွေကြုံတိုင်း စိတ်မြန်စွာ
မဖြေရှင်းလိုက်ပါနဲ့

တစ်ချို့သော အခက်အခဲတွေက ခုရှင်းမှ
အဆင်ပြေတတ်ပေမယ့်
တစ်ချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့
သည်းခံစိတ်ရှည်တဲ့ သက်လုံကို
စမ်းသပ်မှုတွေ ပါနေပါတယ်
စိတ်ရှည်ပါ။

စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို
အလုပ်ပြီးမြောက်အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ပါ။

စိတ်ရှည်ခြင်းဆိုတာ
ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး
တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေရဖို့
အကောင်းဆုံး ဗျူဟာတစ်ခုလို့
ပြောလို့ရပါတယ်။

ဒါကြောင့် စိတ်ရှည်ပါ ။

Credit

မီးခဏ ခဏပျက်လို့ မီးစက်ကြီးများဝယ်ပေးလေရောသလား😂😂😂
14/02/2022

မီးခဏ ခဏပျက်လို့ မီးစက်ကြီးများဝယ်ပေးလေရောသလား😂😂😂

ဟုတ်သားဟ😁😁😁 ဘယ်ဆိုးလို့လဲ 😂😂😂
30/01/2022

ဟုတ်သားဟ😁😁😁 ဘယ်ဆိုးလို့လဲ 😂😂😂

ဟုတ် ကဲ့ ကျေး ဇူး ပါ 🤌🤌🤌
30/01/2022

ဟုတ် ကဲ့ ကျေး ဇူး ပါ 🤌🤌🤌

စာအုပ် စာပေ လူ့မိတ်ဆွေ...🌚🌚🌚
27/01/2022

စာအုပ် စာပေ လူ့မိတ်ဆွေ...🌚🌚🌚

ဆိုင်ကယ် ဇက်သော့ခတ်ရန်သူခိုးကဆိုင်ကယ်တစီးကိုခိုးဖို့ cctv မှတ်တမ်းတွေအရအချိန်ခနပဲကြာပါတယ် ယခုလိုသော့ခတ်ထားရင်ခိုးယူဖို့ ...
26/01/2022

ဆိုင်ကယ် ဇက်သော့ခတ်ရန်

သူခိုးကဆိုင်ကယ်တစီးကိုခိုးဖို့ cctv မှတ်တမ်းတွေအရ
အချိန်ခနပဲကြာပါတယ် ယခုလိုသော့ခတ်ထားရင်
ခိုးယူဖို့ အချိန်တခုတော့ကြာမှာပါ

➖➖➖➖➖➖➖➖➖🌀
ဆိုင်ကယ်သူခိုးများသည် ဇတ်သော့အားခြေထောက်ဖြင့် တွန်းကန်ကာ ဇတ်သော့ကို ၂ စက္ကန့်အတွင်း

ကျိုးသွားအောင် လုပ်ပြီးဆိုင်ကယ်ကို တွန်းသွားခြင်းနောက်ထပ်ဆိုင်ကယ်ဖြင့်ခြေဖြင့်ကန်မောင်းသွားခြင်း…စသဖြင့် ခိုးကြရာတွင် ( CCTV ) ကင်မရာမှမြင်ရသော်လည်းဘာမှ ပြန်လုပ်ယူ၍ မရတော့ခြင်း…………။

( GPS ) တပ်ထားသော်လဲ ခိုးယူသည့်အချိန် အလျင်မြန် လိုက်နိုင်မှ တော်ကာ ကျခြင်း………။အဲ့တော့ ကျနော်တို့ အစထဲက ခိုးဖို့ မလွယ်အောင် ခိုးဖို့အချိန်ကို သူခိုးအတွက် အချိန်များများမရအောင်ယခု နည်းလမ်းက အဆင်ပြေမလားလို့ပါ။

ရှေ့ဘီး ဒစ်ဘရိတ်သံကွင်းက အပေါက်လေးတွေမှာ အိမ်သော့အသေးလေးကိုခတ်ထားလိုက်ပါတော်ရုံအချိန်နဲ့ဘယ်လိုမှခိုးလို့မရပါ။ဆိုင်ကယ်ကို တွန်းသွားလို့လည်းမရပါ။

ဇတ်သော့ကျိုးသွားခဲ့ရင်တောင်ဆိုင်ကယ်ကို ထားခဲ့မှဘဲရပါ့မယ်။သယ်ရတာလဲလွယ်ပါတယ် သော့တလုံးမှ ၂၀၀၀ / ၃၀၀၀ လောက်ပဲရှိပါတယ်။

ဘယ်သူ ဘာပြောပြော ဇတ်သော့ကို ညာဘက်စောင်းခတ်ကြပါ ( ဘယ်ဘက်စောင်းခတ်ရင် ခြေဖြင့်ကန်ချိုးရလွယ်လို့ပါ)။

ဂီယာဘီး တွေဆိုရင် ဂွထောက်ကြီးထောက်ပြီးတော့ ဂွထောက် ရဲ့ကွင်းမှာ သော့ခလောက် ခတ်ထားလိုက်ပါ။

လက်ဖက်ရည်ဆိုင်ထိုင်ရင်ဆိုင်ကယ်ကိုမြင်ရတဲ့နေရာမှာထိုင်ပါ။ပြောချင်တဲ့သူပြောပစေ ဆိုင်ကယ်ကိုရှေ့ဘီးသံကွင်းမှာ အိမ်သော့ခလောက် ခတ်ထားပါ။

ပျောက်သွားရင် ဘယ်သူမှ လာလျော်ပေးမှာမဟုတ်လို့ပါ ( သော့ခလောက်ခတ်တာကိုလူတွေမြင်ရင်ရှက်တယ်ဆိုတဲ့သူတွေရှိလို့ပါ )

ဇတ်သော့ခတ်တဲ့အခါ ဇတ်ကိုညာဘက် စောင်းခတ်ကြပါ……..။

Credit.Sai Kyaw Zayar

ဝန်း ထမ်း................. လူအတော်များများက ကုမ္ပဏီ၀န်ထမ်းဘ၀ကိုမက်မောအထင်ကြီး ရယူလိုကျတယ်ယူနီဖောင်းလေးနဲ့အလုပ်သွား lapto...
22/01/2022

ဝန်း ထမ်း.................
လူအတော်များများက ကုမ္ပဏီ၀န်ထမ်းဘ၀ကို
မက်မောအထင်ကြီး ရယူလိုကျတယ်
ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့လုပ်ရတဲ့
အလုပ်ဆိုတော့ အေးအေးဆေးဆေးကျော့မော့တာတော့
အမှန်ပဲပေါ့ လူမြင်လည်းတင့်တယ် ပတ်၀န်းကျင်က
ဘာအလုပ် လုပ်လဲမေးရင် Marketing/ HR/PR/
Accounting စသဖြင့် ကိုယ်တာ၀န်ယူရတဲ့
ကုမ္ပဏီရဲ့ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့
ပတ်၀န်းကျင်ကလည်း အထင်ကြီးတော့
အဆင်လည်းပြေတာပေါ့

ဒါပေမယ့် အဲကုမ္ပဏီ၀န်ထမ်းဖြစ်ဖို့ဆိုတာလည်း
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး နှစ်များစွာအချိန် ဉာဏ် ငွေ
ရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင် သင်တန်းနဲ့အတွေ့အကြုံ
များစွာရှိမှ လစာ2သိန်းလောက်ကစရတာမျိုး
လစာ3သိန်း 5သိန်း 10သိန်းပေးရင်ကို
တော်တော်များတဲ့ပမာဏပဲလို့ထင်နေရပြီ
အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး
နေနိုင်စားနိုင်ရုံအဆင့်ပဲရှိတာ

ကိုယ်ပိုင်လုပ်ငန်းနဲ့ကုမ္ပဏီ၀န်ထမ်းက သူ့ဟာနဲ့သူ
အားသာချက် အားနည်းချက်ရှိတယ်

ကုမ္ပဏီ၀န်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ်
လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း
ဒီအလုပ်မှာလုပ်နေသရွေ့ ပိုက်ဆံ(လစာ)ကတော့
လကုန်တိုင်းရနေဖို့သေချာတယ် အားနည်းချက်ကတော့
ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင်မပိုင်ဘူး
အချိန်နဲ့သွား အချိန်နဲ့စားရတယ် ဖိအားများတယ်
ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ်
၀င်ငွေကပုံသေကိန်းဂဏန်းမို့ ၀င်ငွေထွက်ငွေသေချာ
တွက်ချက်ပြီးသုံးရတယ် ကိုယ့်လစာ၀င်ငွေထက်
အများကြီးပိုသုံးမိရင် လလယ်လောက်ဆိုငွေပြတ်တတ်တယ်
အကြွေးတင်တတ်တယ်

ကိုယ်ပိုင်လုပ်ငန်းရဲ့အားသာချက်က ကိုယ့်လုပ်ငန်းမို့
ကိုယ်အလုပ် လုပ်ချင်တဲ့နေလုပ်လို့ရတယ်
အလုပ်မလုပ်ချင်တဲ့နေ့ အလုပ်နားပြီး အိပ်မလား
လျှောက်လည်မလား အေးဆေးပဲ ၀င်ငွေကနည်းတဲ့လ
နည်းနိုင်သလို များတဲ့လလည်းများနိုင်တယ် ပုံသေမရှိဘူး
ကိုယ်သာပိုင်ရှင်ဖြစ်တဲ့အတွက် အလုပ်ဖိအားကလွဲပြီး
အထက်ဖိအားဆိုတာမရှိဘူး အားနည်းချက်ကတော့
၀င်ငွေများတဲ့လဆိုတာရှိနိုင်သလို
ရောင်းအားကျတဲ့အခါမျိူးဆို ၀င်ငွေနည်းတဲ့လလည်း
ရှိနိုင်သလို အရှုံးပေါ်တဲ့လလည်းရှိနိုင်တယ်
Customer is always rightကြောင့်ကိုယ့်ကာစတန်မာက
မှားနေခဲ့တောင် ကိုယ်ကသည်းခံရတာမျိူးရှိမယ်
၀က်သားတုတ်ထိုး အချဉ်ပေါင်းတို့ဆို ကိုယ်ပိုင်လုပ်ငန်းထဲ
ပါပေမယ့် လူအထင်သေးတာမျိုးရှိတယ်

ကျနော်ကတော့ ကုမ္ပဏီ၀န်ထမ်းအလုပ်ကိုဘယ်တုန်းကမှ
သဘောမကျခဲ့ဘူး အတွေ့အကြုံလိုချင်လို့သာ၀င်လုပ်ခဲ့တာပဲ
ရှိတယ် ကိုယ့်ဘ၀ရဲ့အချိန်အတော်များများ နှစ်များစွာကို
လစာပုံသေကိန်းဂဏန်းတစ်ခုရဲ့အောက်မှာ မမြှုပ်နှံချင်ဘူး

ကုမ္ပဏီ၀န်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းတွေကိုပဲအားပေးတယ်
ကိုယ်ပိုင်လုပ်ငန်းလို့ဆိုရာမှာ OS ၀က်သားတုတ်ထိုး
အချဉ်ပေါင်း Delivery ထမင်း/ဟင်း ဘေထုတ်ရောင်း ဆူရှီ
အကုန်ပါ၀င်တယ် တချို့အလုပ်တွေက
နာမည်ကြားလိုက်ရင်သာ လူတွေကအထင်သေး
တစ်မျိုးမြင်တာ ဥပမာ ၀က်သားတုတ်ထိုး အချဉ်ပေါင်း
မုန့်ရောင်း အဲလုပ်ငန်းတွေရဲ့လည်ပတ်ငွေနဲ့၀င်ငွေက
တစ်ရက်ကို2သောင်း 3သောင်း 5သောင်းရှိတယ်
တစ်လကို6သိန်း 9သိန်း 15သိန်း ပတ်ချာလည်ပေါ့
နာမည်ကြီးရင်ကြီးသလို ကိုယ့်၀န်ဆောင်မှုနဲ့အရည်အသွေး
ကောင်းရင်ကောင်းသလို ၀င်ငွေကတက်လာမှာပဲ

အရင်းအနှီးမရှိတဲ့လူတွေအဖို့တော့ ဒီလိုပဲအောက်ခြေက
စရတာပဲ ဘာမှရှက်စရာလည်းမဟုတ်သလို ဂုဏ်ဆာစရာလည်း
မရှိပါဘူး ငွေရဖို့လုပ်ကျတဲ့သမ္မာအာဇီ၀ချင်းအတူတူကိုး

နယ်ကကျနော်သူငယ်ချင်းတစ်ယောက် ရန်ကုန်တက်လာပီး
အဆောင်မှာနေတယ် one stop Martမှာ၀န်ထမ်းလုပ်တယ်
ဘာမှမစုမိတဲ့အပြင် အကြွေးတင်လာတာပဲ အဖက်တင်တယ်
ဒါပေမယ့် Martတစ်ခုရဲ့ ဈေးအရောင်းအ၀ယ် အပြင်အဆင်
ကုန်ပစ္စည်းအ၀င်အထွက် အမြတ်အစွန်း ငွေကြေးဇယားတွေ
သူနားလည်အတွေ့အကြုံရသွားတာတော့ အမြတ်ပေါ့

အဲဒါနဲ့ သူနယ်ပြန် ရှိသမျှရောင်းချပေါင်နှံပြီး
သူအတွေ့အကြုံနဲ့ အင်းလေး(ညောင်ရွေ)မှာ Mini Martလေး
စဖွင့်တယ် ၂နှစ်လောက် ရှုံးတဲ့အခါရှုံး အရင်းပြန်ရတဲ့အခါရနဲ့
၃နှစ်လောက်မှာ စရောင်းရပြီးစမြတ်လာတယ် အခုဆို
အင်းလေးက Martအပြင် တောင်ကြီးမှာ
ပင်လယ်စာထုံချိုင်းဆိုင် သူဇာတိမှာတစ်ဆိုင်နဲ့
နောင်ချိုမှာ ပီဇာနဲ့ဘာဘယ်တီးဆိုင်လေးပါဖွင့်လာနိုင်ပြီ
အများကြီးမအောင်မြင်ခဲ့ဘူးဆိုတောင် အထိုက်အလျောက်တော့
အောင်မြင်ခဲ့ပြီဆိုရမှာပေါ့ ပုံသေကိန်းဂဏန်းနဲ့လခစား၀န်ထမ်း
ဘ၀ကနေ အခုကိုယ်ပိုင်လုပ်ငန်းရှင်ဘ၀မှာ တစ်လကိုပုံသေ
သိန်း20 30 50ရတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ
ရောင်းအားတက်တဲ့လတွေဆိုအဲထက်ပိုရင်လည်းပိုပါလိမ့်မယ်
သူသာ one stop martမှာအခုထိလုပ်နေသေးရင်
သူ့လစာက3သိန်း 5သိန်းလောက်ထိပဲရနေဦးမှာ
အခုဆို ဆိုင်ခွဲ4ဆိုင် ဦးစီးလုပ်ဆောင်နေတဲ့ကိုယ်ပိုင်
လုပ်ငန်းရှင်ဖြစ်နေပြီ အခုစတုတ္ထဆိုင်‌ အောင်မြင်လာရင်
ပဉ္စမမြောက်ဆိုင် သူထပ်ချဲ့ဦးမှာပဲ သူ့၀င်ငွေတွေက
ထပ်တိုးလာဖို့ပဲရှိတယ်

သူ့ကိုတော်တော်အားကျရတယ်
ကျနော်ကိုယ်တိုင်က အရင်းအနှီးရဖို့
စုဆောင်းရတဲ့ ကုမ္ပဏီ၀န်ထမ်းဘ၀ပဲရှိသေးတာကိုး
ကျနော်လည်းတစ်နေ့မှာ သမ္မာအာဇီ၀ကိုယ်ပိုင်လုပ်ငန်းတွေ
တည်ထောင်ဖို့ ရည်မှန်းချက်အိပ်မက်တွေရှိတယ်

အဲတော့ တစ်လကို ပုံသေကိန်းဂဏန်းနဲ့နှစ်များစွာ
အချိန်ကုန်နေရမယ့် ကုမ္ပဏီ၀န်ထမ်းဘ၀အစား
ရေတွက်မရတဲ့ ကိန်းဂဏန်းပိုင်ရှင်အဖြစ်ကိုပဲ ရအောင်
ကြိုးစားပြီး ပြောင်းလဲကျစေချင်တယ်
ဘယ်ကိုယ်ပိုင်လုပ်ငန်းမဆို မရှက်မကြောက်ပဲ စတင်
လုပ်ဆောင်ပါ တစ်လက်စထဲ ‌3နှစ်လောက်အထိတော့
အရှူံးကိုကြိုတွက်ပြီးတောင့်ခံနိုင်ဖို့လိုတယ် (အရန်လုပ်ငန်း
အရန်ငွေ စသဖြင့်Plan Bတစ်ခါထဲစီစဉ်ထားပေါ့)
3နှစ်လောက်ဆိုရင်စထူးခြားလာပါလိမ့်မယ်

ကိုယ်လုပ်မယ့်လုပ်ငန်း အကြောင်းကိုလည်း
သေချာနားလည်ဖို့တော့လိုမယ် ဥပမာ ၀က်သားတုတ်ထိုး
ရောင်းမယ်ဆိုတောင် ၀က်သားကိုအထူအပါးညီဖို့
အချဉ်စပ်တတ်ဖို့ ဟင်းရည်ကောင်းဖို့ သန့်ရှင်းမှုရှိဖို့
၀န်‌ဆောင်မှုကောင်းဖို့ စသဖြင့်ပေါ့

(တချို့ကတော့ သိန်းရာဂဏန်းထိရတဲ့၀န်ထမ်းတွေလည်း
ရှိတယ်လို့လည်းတွေးကျမှာပါ ရှိပါတယ် ဒါပေမယ့်အဲလောက်
အနေအထားရနေမှတော့ အရင်းအနှီးစုပြီး ကိုယ်ပိုင်
လုပ်ငန်းရှင်ဘ၀ခံယူလို့ရနေပြီပဲ ဘာလို့သူများ၀န်ထမ်း
ဆက်လုပ်ပီး သူများအကျိုးအမြတ်ကိုရှာပေးနေတော့မလဲ
သိန်းရာဂဏန်းမကတဲ့ကိန်းဂဏန်းတွေ ဆက်ရှာဖွေပြီး
ရလာသမျှအကျိူးအမြတ်အကုန် ကိုယ်အိတ်ထဲ
ကိုယ်အကုန်ထည့်လို့ရနေပြီပဲနော် )

#ဗညာဆာန်မန်

ဘာ လား 🌚🌚🌚
22/01/2022

ဘာ လား 🌚🌚🌚

Plan ဆိုတာ အမြဲချနေရတာမျိုး။ လုပ်ငန်းရှင်တချို့ထင်ကြတာ ကျွန်တော်ကို Business Plan ဆွဲပေး၊ Marketing Plan ဆွဲပေးဆိုပြီးတစ...
20/01/2022

Plan ဆိုတာ အမြဲချနေရတာမျိုး။

လုပ်ငန်းရှင်တချို့ထင်ကြတာ
ကျွန်တော်ကို Business Plan ဆွဲပေး၊
Marketing Plan ဆွဲပေးဆိုပြီး
တစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။​

Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။
Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။​
နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာ
ဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်
အပြောင်းအလဲရှိနေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့် Plan ကိုအမြဲ update
လုပ်နေဖို့ လိုအပ်တယ်။

New Year ညမှာ ၂၀၂၂ အတွက်
plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်
ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်း
ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။

ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာ
အသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေ
သင်ခန်းစာသစ်တွေက
ကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။​

ဒါကြောင့် Plan ဆိုတာ အမြဲ update
လုပ်နေရတဲ့ Process ဖြစ်တယ်။​
ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်
Plan ချနည်းစနစ် Framework တွေ
ကိုယ့်မှာ ရှိထားဖို့လိုအပ်တယ်။

ဥပမာ Business Plan မှာ ဘာတွေပါရမယ်၊
Brand Plan မှာ ဘာတွေပါရမယ်၊
Marketing Plan မှာ ဘာတွေပါရမယ်၊
HR Plan မှာ ဘာတွေပါရမယ်၊
Training Plan မှာ ဘာတွေပါရမယ်။
ဒီလို ပါဝင်ရမည့်အဆင့်တွေနဲ့
လမ်းကြောင်းတွေကို Framework တွေ၊
Template တွေအနေနဲ့ စုစည်းထားတဲ့
Tool Box လူတိုင်းမှာလိုကြတယ်။​

ဒါကြောင့်လဲ ကိုယ်မပါပဲလည်ပတ်တဲ့
လုပ်ငန်းတွေ လည်ပတ်အောင်
တည်ဆောက်ရေးမှာ ကူညီဖို့
Akyanpay Creator Studio နဲ့
လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ဖို့
Sapwar Strategy Tools ကို
ဖန်တီးဖြစ်ခဲ့တာဖြစ်တယ်။

Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ပါ။

မျှော် လင့် ချက်..........
18/01/2022

မျှော် လင့် ချက်..........

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Zay Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share