Feeling Story Book

Feeling Story Book Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Feeling Story Book, Book shop, Yangon.

သတိ လေးထားပါ မိတ်ဆွေ.....
28/02/2023

သတိ လေးထားပါ မိတ်ဆွေ.....

22/12/2022
~မြန်မာနိုင်ငံအကြောင်းအချိန်ခဏလောက်ယူပြီး ဖတ်ပေးပါလား😃😃………………………………………၁ ။ မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ အရေအ...
10/11/2022

~မြန်မာနိုင်ငံအကြောင်းအချိန်ခဏလောက်ယူပြီး ဖတ်ပေးပါလား😃😃
………………………………………
၁ ။
မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့သည့်
သမ္မတ အရေအတွက့့့့် ( 11 ) ယောက်

၂ ။ သမ္မတ အမည်မျာ့း့့နဲ … … … မွေးဖွားချိန်ကွယ်လွန်ချိန်
(1) စဝ်ရွှေသိုက် … … … [ ၁၈၉၆ - ၁၉၆၂ ]
(2) ဒေါက်တာဘဦး … … … [ ၁၈၈၇ - ၁၉၆၃ ]
(3) မန်းဝင်းမောင် … … … [ ၁၉၁၆ - ၁၉၈၉ ]
(4) ဦးနေဝင်း … … … [ ၁၉၁၈ - ၂၀၀၂ ]
(5) ဦးစန်းယု … … … [ ၁၉၁၈ - ၁၉၉၆ ]
(6) ဦးစိန်လွင် … … … [ ၁၉၂၄ - ၂၀၀၄ ]
(7) ဦးအေးကို … … … [ ၁၉၂၁ - ၂၀၀၆ ]
(8) ဒေါက်တာမောင်မောင်… … … [ ၁၉၂၅ - ၁၉၉၄ ]
(9) ဦးစောမောင် … … … [ ၁၉၂၈ - ၁၉၉၇ ]
(10) ဦးသန်းရွှေ … … … [ ၁၉၃၃ - ? ? ? ]
(11) ဦးသန်းရွှေ … … … [ ၁၉၉၃ - ???? ]
(12) ဦးသိန်းစိန် … … … [ ၁၉၄၅ - ??? ]
(13) ဦးထင်ကျော် .... .... .. [ ၁၉. - ??? ]
၂။ သမ္မတ အဖြစ်တာဝန်ယူခဲ့သည့် သက်တမ်း နှင့်
ကိုယ်စားပြု ခဲ့သည် ပါတီ အမည်များ ……

{1} စဝ်ရွှေသိုက် … ( ၄-၁-၁၉၄၈ မှ ၁၆-၃-၁၉၅၂ ထိ )
ကိုယ်စားပြု ပါတီအမည့့့့့့်
[ ဖဆပလ ] တနည်းအာဖြင့့့် (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူလွပ်လပ်ရေးအဖွဲ့ချုပ် )

{2} ဒေါက်တာဘဦး …( ၁၆-၃-၁၉၅၂ မှ ၁၃- ၃ ၁၉၅၇ ထိ )
ကိုယ်စားပြုပါတီ ( ဖဆပလ )

{3} မန်းဝင်းမောင် …( ၁၃ - ၃- ၁၉၅၇ မှ၂-၃-၁၉၆၂ ထိ )
ကိုယ်စားပြုပါတီ့့့့( ဖဆပလ )

{4} ဦးနေဝင်း … ( ၂-၃-၁၉၆၂ မှ ၂-၃-၁၉၇၄ ထိ )
ကိုယ်စားပြုပါတီ … ( တပ်မတော် )

{5) ဦးနေဝင်း …( ၂-၃-၁၉၆၂ မှ ၉-၁၁-၁၉၈၁ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )

(6) ဦးစန်းယု …( ၉-၁၁-၁၉၈၁ မှ ၂၅ - ၇ - ၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )

(7)
ဦးစိန်လွင် …{ ၂၅ -၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ ထိ )
ကိုယိစားပြုပါတီ ( မြန်မာဆိူရှယ်လစ်လမ်းစဉ်ပါတီ )

(8)ဦးအေးကို ( ၁၂- ၈ - ၁၉၈၈ မှ ၁၉-၈-၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )

(9) ဒေါက်တာမောင်မောင် (၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈)
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )

(10) ဦးစောမောင် ( ၁၉-၈-၁၉၈၈ မှ ၂၃ -၄-၁၉၉၂ ထိ )
ကိုယ်စားပြုပါတီ (တပ်မတော် )

(11)ဦးသန်းရွှေ ( ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇ ထိ )
ကိုယ်စားပြုပါတီ ( တပ်မတော် )

(12) ဦးသန်းရွှေ ( ၁၅-၁၁-၁၉၉၇ မှ ၁၉-၃-၂၀၀၇ ထိ )
ကိုယ်စားပြုပါတီ ( တပ်မတော် )

(13)ဦးသိန်းစိန် ( ၃၀-၃-၂၀၀၇ မှ ၁-၄ -၂၀၁၆ ထိ )
ကိုယ်စားပြုပါတီ (U.S.D.P )

၄ ။ မြန်မာနိုင်ငံ၏ပထမဆုံးသော ရာဇဝင်ကျမ်း
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း

၅။ မြန်မာနိုင်ငံအရှည်ဆုံးထင်ရှားသော မြစ်များ
(က) - ဧရာ၀တီမြစ် ( ၁၂၃၈ မိုင် )
( ခ )- သံလွင် ( ၇၉၆ မိုင် )
( ဂ ) - ချင်းတွင်း ( ၆၉၁ )
(ဃ) - စစ်တောင်း ( ၁၈၆ )

၆ ။ ဧရာဝတီမြစ် ၏ လက်တတ်ခွဲများ ။
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ)သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ)တိုးမြစ်
(ဇ) သံဒိမြစ်
(စျ) ပြင်စလူမြစ်

၇။ ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်

၈။ စစ်တောင်းမြစ်၏ မြစ်လက်တတ်ခွဲများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း

၉။မြန်မာနိုင်ငံအတွင်း စတင်ခဲ့သော ရှေးခေတ်မြိူ့ပြများ
(က) တကောင်း
(ခ) ဗီႆနိူး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ

၁၀။ မြန်မာမင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၈) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်

၁၁။မြန်မာနိုင်ငံ ပထဆုံး မင့်း့့့တကောင်းအဘိရာဇာ
၁၂။ ရုပ်ပွားတော်အများဆုံးရှိသော စေတီ့့
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်
၁၄။ မြန်မာ့ ပထဦးဆုံးဒေါက်တာ
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)
၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး

၁၆။မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင့့့်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
၁၇။စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်
၁၈။တွံတေးတူးမြောင်း (၂၁) မိုင်

၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမူ့း့့
ဦးသန့် (1909- Jan-2) တွင်မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်

၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိူင်လူမျိုး ဦးရဲကျော်သူ (1833-1910)

၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (1788-Aug-9) U.S.A. နိူင်ငံ့့့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘောင်္ပေါ်တွင် ကွယ်လွန်

၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှေ့ ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ
၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
၂၆။ မြန်မာနိုင်ံအတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
၂၇။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင့့်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )

၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်

ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠဝတီ ။ မြစ်ကြီး
သွရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန်တာရ၀တီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရ၀တီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ်ထီလာ ။ မိတ်ထီလာ
ယက်ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ်မာဝတီ ။ ရမျးဗွဲ

၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ့့့် ( ဧရာဝတီ )
၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ်… {စစ်တောင်း)
၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )
၃၂။ မြန်မာနိုင်ငံ ၏ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )
၃၃။ မြန်မာနိုင်ငံ ၏အစွန်ကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်
၃၄။မြန်မာနိုင်ငံ၏ အမြင်ဆုံးသောမြို့ …[ချင်းပြည်နယ်ဖလမ်းမြို့]
၃၅။ မြန်မာနိုင်ငံ၏အကြီးဆုံးဆည် …[ သဖန်းဆိပ်ဆည် ]
၃၆။ မြန်မာ့နိူင်ငံ၏ ၂၀၁၄သန်းခေါင်စာရင်းအရ လက်ရှီလူဦးရေ အရေအတွက် ……… [ ၅၁.၄၉ ] သန်း

၃၇။ မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံးသော တိုင်း
ရန်ကုန်တိုင်း (၁၂)သန်း
၃၈။ မြန်မာနိုင်ငံ ၏ လူဦးရေ အနည်းဆုံးသော ပြည်နယ်
ကယားပြည်နယ် ( ၄ )သိန်း
၃၉။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးပြည်နယ်… (ရှမ်းပြည်နယ်)
၄၀။မြန်မာနိုင်ငံ၏ အကျဉ်းဆုံးပြည်နယ်… (ကယားပြည်နယ်)
၄၁။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးတိုင်း … ( စစ်ကိုင်းတိုင်း)
၄၂။ လူဦးရေအများဆုံးတိုင်းဒေသ ကြီး ……(ဧရာဝတီတိုင်း)
၄၃။ လူဦးရေ အများဆုံးပြည်နယ် …(ရှမ်းပြည်နယ်)
၄၄။ မြန်မာနိုင်ငံတွင်းပညာရေးကောလိပ် အရေအတွက်
( 20)

၄၅။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်…( ၂၆၁၂၂၈ )မိုင်
၄၆။ မြိုတော်မှာ … ယခင် ရန်ကုန် ယခု နေပြည်တော်
၄၇။ မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်…
ခါကာဘိုရာဇီ ( 19296) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
၄၈။ မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
၄၉။ မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် …[ 1385 ]
၅၀။ မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် … ပန်းနန်းဒင် မြို့
(ခ)တောင်ဘက် … ကော့သောင်း
(ဂ)အရှေ့ဘက် … မိုင်းယောင်း
(ဃ) အနောက်ဘက် … မောင်းတော

၅၁။ မြန်မာပထမ ဦးဆုံးဝန်ကြီးချုပ် … ( ဦးနု )
၅၂။ မြန်မာ ပထမဦးဆုံး အမျိုးသမီးလေယဉ်ပိုင်းလော့
နှင်းဦးဝေ

၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့ ။ ၇၉၀၅၈၀

၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသု ။ ဘိုးတော် ဦးဝိုင်း

၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။ မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျို ုး
ရှမ်း ၃၃ မျို ုး
ကချင် ၁၂ မျို ုး
ကယား ၉ မျို ုး
ကရင် ၁၁ မျို ုး
ချင်း ၅၃ မျို ုး
ဗမာ ၉ မျို ုး
မွန် ၁ မျိ ုး
၅၇။မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]

၆၄။ မြန်မာထီ့့့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့့့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )

၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ …(အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ … ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ…
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…YMBA [1906]
၇၉။မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် … စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်… ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘဖေ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ် ……
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော့့့့်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့့
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့်း့့့့(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက်…… [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက်… [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း … … [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း …[ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း… … [အလောင်းဘုရား]

၉၁။ မြန်မာ့ပထမဆုံး သတင်းစာ…[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ … [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ …[ ဆာဟူးဘတ်ရင့်စ်]

၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ့့့့
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက့့့်
သူကျွန်လုံးလုံးဖြစ်…

၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း… [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် … [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး … …(ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့့့့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂလိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ့့့့့[ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ…{ရှင်ဘို့မယ် )

၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့့့့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်

၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်…

၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား …
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်

၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိူင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့း့့
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]

၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့့့့့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်ပဲဖြစ်ပါတယ့့့့်]

၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့့့့့့[ ဒေါ်ဦးဇွန် ]

၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် ………[ ဗိုလ်အောင်ကျော် ]

၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်

၁၂၁။ဂျူဗလီဟော ဘယ်မှာ …………¿
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့့့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ…

ု၁၂၂။
လက်ရှိ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များ
…………………………………………………………………
{1}သမ္မတ - ဦးထင်ကျော်
{2} ဒုသမ္မတ(၁) - ဦးမြင့်ဆွေ
{3} ဒုသမ္မတ(၂) - ဦးဟင်နရီဗန်ထီးယူ
{4} အတိုင်ပင်ခံပုဂ္ဂိုလ် - ဒေါ်အောင်ဆန်းစုကြည်
{5}ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ။ ဦး၀င်းမြင့်
{6}အမျိုးသား ။ ။ ဥက္ကဌ ။ ဦးမန်း၀င်းခိုင်သန်း
{7} ပြည်ထောင်စုရှေ့နေချုပ် ။ ဦးထွန်းထွန်းဦး
{8}ကာကွယ်ရေးဦးစီးချုပ် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
{9} ပြည်ထောင်စု စာရင်းစစ်ချုပ်- - ဦးမော်သန်း

၁၂၃။ ပြည်ထောင်စု၀န်ကြီးများ-
(1)နိုင်ငံခြားရေးရာ၀န်ကြီး - ဒေါ်အောင်ဆန်းစုကြည်
(2) သမ္မတရုံး၀န်ကြီး - ဒေါ်အောင်ဆန်းစုကြည်
(3) စီမံကိန်းနှင့်ဘဏ္ဍရေး၀န်ကြီး - ဦးကျော်၀င်း
(4) ပြည်ထဲရေး၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
(5) ကာကွယ်ရေး၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး စိန်၀င်း
(6) နယ်စပ်ရေးရာ၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
(7)ပြန်ကြားရေး၀န်ကြီး - ဒေါက်တာဖေမြင့်
(8) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး - ဒေါက်တာအောင်သူ
(9) သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး - ဦးအုန်း၀င်း
(10) အလုပ်သမားလူ၀င်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီး - ဦးသိန်းဆွေ
(11) စက်မှု၀န်ကြီး - ဦးခင်မောင်ချို
(12) ဆောက်လုပ်ရေး၀န်ကြီး - ဦး၀င်းခိုင်
(14)သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီး - သူရဦးအောင်ကို
(14)လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီး - - ဒေါက်တာ၀င်းမြတ်အေး
(15) စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး - ဒေါက်တာသန်းမြင့်
(16) ကျန်းမာရေး၀န်ကြီး - ဒေါက်တာမြင့်ထွေး
(17) ဟိုတယ်နှင့်ခရီးသွား၀န်ကြီး - ဦးအုန်းမောင်
(18) တိုင်းရင်းသားလူမျိုးများ၀န်ကြီး - နိုင်သက်လွင်
(19) လျှပ်စစ်၊စွမ်းအင်၊စည်ပင် ၀န်ကြီး - ဦးဖေဇင်ထွန်း
(20)ပညာရေး၀န်ကြီး - ဒေါက်တာမျိုးသိမ်းကြီး
(21)ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ - ဦးလှသိန်း
(22) အခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဌ- ဦးမျိုးညွန့်
(23)နေပြည်တော်ကောင်စီ ဥက္ကဌ - ဒေါက်တာမျိုးအောင်

၁၂၄။တိုင်းဒေသကြီးနှင့်ပြည်နယ်၀န်ကြီးချုပ်များ
(၁)ကချင် - ဒေါက်တာခက်အောင်
(၂) ကယား - ဦးအယ်လ်ဖောင်းရှို
(၃) ကရင် - ဒေါ်နန်းခင်ထွေးမြင့်
(၄) ချင်း - ဆလိုင်းလျန်လွယ်
(၅)ရခိုင် -ဦးညီပု
(၆) မွန် - ဦးမင်းမင်းဦး
(၇) ရှမ်း - ဒေါက်တာလင်းထွဋ်
(၈)စစ်ကိုင်း - ဒေါက်တာ မြင့်နိုင်
(၉) တနသာင်္ရီ - ဒေါက်တာလဲ့လဲ့မော်
(၁၀)မကွေး - ဒေါက်တာ အောင်မိုးညို
(၁၁) မန္တလေး - ဒေါက်တာဇော်မြင့်မောင်
(၁၂) ရန်ကုန် - ဦးဖြိုးမင်းသိန်း
(၁၃) ပဲခူး - ဦး၀င်းသိန်း
(၁၄) ဧရာ၀တီ - ဦးမန်းဂျော်နီ

#ဓမ္မအလင်းရောင်
ှဖို့စာဖတ်ကြစို့
#လူငယ်များအတွက်
#စာအုပ်စာပေလူ့မိတ်ဆွေ
~regard
~the~original~author... #ℂ𝕣𝕖𝕕𝕚𝕥
....Htoo Htoo

Feeling Story Book
21/10/2022

Feeling Story Book

ခွန်အားနဲ့ ရာထူးအာဏာဆိုတာ အမြဲ ရှိမနေပါဘူး...။အိုမင်းလာတဲ့ အခါ ပျက်စီးတတ်တယ်....။ဆိုးတဲ့ ကံတရားတွေက အကျိုးပေးလာတဲ့ အခါပျ...
19/10/2022

ခွန်အားနဲ့ ရာထူးအာဏာဆိုတာ

အမြဲ ရှိမနေပါဘူး...။

အိုမင်းလာတဲ့ အခါ ပျက်စီးတတ်တယ်....။

ဆိုးတဲ့ ကံတရားတွေက အကျိုးပေးလာတဲ့ အခါ

ပျက်စီးတတ်တယ်...။

ရောဂါ တစ်ခုခုနဲ့ ကြုံလာတဲ့ အခါ

ပျက်စီးတတ်တယ်....။

အကြောင်းတရားတွေ မညီညွတ်လို့

ပျက်စီးတတ်တယ်....။

အဲ့ကြောင့် ရာထူးအာဏာရှိတုန်းနဲ့ ခွန်အားရှိတုန်း
ထာဝရ ဒီလိုပဲ ဖြတ်သန်းရမယ်လို့ မတွေးပါနဲ့....။

ခွန်အားနဲ့ ရာထူးအာဏာကို အားလုံးအကျိုးရှိရှိ အသုံးချတတ်ပါစေ....။
ေးပါ...

17/10/2022

သိလျက်နဲ့ ငါ Songလေး ခံစားပေးပါအုံးဗျ

⛔️ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊ဆေးရုံရောက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်⛔️သင့်ကို အရမ်းချစ်နေကြောင်း မကြွားပါနဲ့၊သင်ထ...
15/10/2022

⛔️ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊
ဆေးရုံရောက်ရင်
ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်

⛔️သင့်ကို အရမ်းချစ်နေကြောင်း မကြွားပါနဲ့၊
သင်ထက်သာတဲ့သူနဲ့ အစားထိုးမယ့်အစီအစဉ်က ရှိနေပြီးသာပါ

⛔️အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊
သင်ပြိုသွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်

⛔️ရာထူးကြီးကြောင်း မကြွားပါနဲ့၊🙅
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်

⛔️အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့🙅
သင်မရှိတော့တာနဲ့ တခြားလူဟာဖြစ်သွားတယ်😊

⛔️ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့၊
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်

⛔️ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့၊
သင်ထွက်သွားတာနဲ့ ကားသော့က တခြားလူလက်ထဲရောက်သွားတယ်

🎈သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ👌

#တခြားလူတွေထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက်
နေပူစာလှုံရင်း ဘဝကိုခံစား
ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။

ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

#မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံး၀ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံး၀မဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။

မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။

ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။

တိုတောင်းလှတဲ့ ဘဝလေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။

စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

07/10/2022

အတိတ်နေရက်တွေကို
ရှေဆက်ဖို့ခက်လဲ
အိပ်စက်နေတဲ့
စိတ်ဓာတ်တွေကိုတော့
မ လေးလံအောင်
နေတတ်လာခဲ့ပြီလေ
စာဖတ်ရင်း
အသာဆိုဆိုတာထက်
နာတတ်တဲ့သဘာဝ
သိလာခဲ့ပြီလေ

မျှော်လင့်ချက်ရှိသရွေ့တော့ရှေ့ဆက်လျှောက်နေရအုံးမှာပဲ လေတော်သင့်တဲ့နေရာမှာမရပ်တန့်ရင်မမျှော်လင့်အရာတွေကြုံတွေ့ရမှာပဲ လေ
24/06/2022

မျှော်လင့်ချက်
ရှိသရွေ့တော့
ရှေ့ဆက်လျှောက်
နေရအုံးမှာပဲ လေ

တော်သင့်တဲ့
နေရာမှာ
မရပ်တန့်ရင်
မမျှော်လင့်အရာတွေ
ကြုံတွေ့ရမှာပဲ လေ

07/06/2022

ဘဝက မရေရာတာ
မှန်ပေ့မဲ့ သေချာတာက
လျှောက်လမ်း
နေမှာပဲလေ ပန်းတိုင်တစ်ခုကိုပေါ့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Feeling Story Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category