10/05/2024
精彩OK! Magazine Interview translation ✨️
OK! : "EXO official weiboက အားလုံးကို fanmeetingမှာ သူတို့နားထောင်ချင်တဲ့သီချင်းကို voteပေးခိုင်းခဲ့တယ်။ မင်းအနေနဲ့ရော နားအထောင်ချင်ဆုံး၃ပုဒ်က ဘာတွေဖြစ်မလဲ။ "
CY: "အခုရက်ပိုင်းမှာ "EI dorao"လို powerfulဖြစ်တဲ့ ဖျော်ဖြေမှုမျိုးကို နားထောင်ချင်နေသလို ပေါ့ပါးပြီး တက်ကြွစေတဲ့ "Drop That" "Don't Fight The Feeling" လို အခုထိ stageပေါ်မှာ မဖျော်ဖြေရသေးတာမျိုးတွေပေါ့ အဲဒါတွေလည်း ကောင်းလောက်မှာပါ။ "
OK! : "EXOမှာ 12နှစ်တာဆိုတာ အရမ်းကြာခဲ့ပေမဲ့ အချိန်တွေက မြန်သလိုပဲ။ မင်းကိုယ်တိုင်ရော ဘယ်လိုခံစားရလဲ။ အရင်၁၂နှစ်တာတုန်းကနဲ့ အခုဘယ်လိုမျိုး ရင့်ကျက်ပြီးပြောင်းလဲလာခဲ့လဲ။ မင်းရဲ့ ဘဝအတွက် အမြင်တွေနဲ့ အကြံဉာဏ်တွေကရော ပြောင်းလဲသွားလား။ "
CY: "ကမ္ဘာကြီးကိုကြည့်လိုက်တဲ့အချိန်မှာ အရာရာကပြောင်းလဲသွားခဲ့တော့ ကျွန်တော့်ရဲ့အမြင်တွေနဲ့ ခံစားချက်တွေကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်အများကြီးကို ကြုံတွေ့ခဲ့ရပြီး အများကြီးလည်း ရင့်ကျက်လာခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အရေးကြီးတယ်လို့ထင်ခဲ့တဲ့အရာတွေကလည်း အခု အဲဒီလောက်ထိ အရေးမကြီးတော့သလိုပါပဲ။"
OK! : "ဒါဆို အခုမင်းအတွက် အရေးအပါဆုံးကရော ဘာများလဲ။ မင်း ဘာကိုလုပ်ချင်လဲ ဒါမှမဟုတ် သစ်လွင်တဲ့တခြားမင်းကိုယ်မင်း ရှာတွေ့ထားပြီလား။ "
CY: "ဂီတက ကျွန်တော့်အတွက် အရေးအပါဆုံးအရာဖြစ်နေဆဲပါပဲ။ အချိန်တွေကြာလာလို့ တခြားအရာအသစ်တစ်ခုခု တွေ့သွားခဲ့မယ်ဆိုရင်တောင် အစကတည်းက ဂီတဆိုတာ ကျွန်တော့်အတွက် အရေးအပါဆုံးအရာဖြစ်နေဦးမယ်လို့ ထင်ပါတယ် ပြီးတော့ အဲဒီအရာက ဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။"