27/01/2022
👉Daisuki လေးတွေအာပေးလို့ရပါတယ်ရှင့်။
👉မိတ္ထီလာ၊ ပျော်ဖွယ်၊ရမည်းသင်း၊တပ်ကုန်း၊နေပြည်တော်မှ Daisuki အားပေးချင်သူများ ကျမ Khin La Wonn Pageမှာ အားပေးလို့ရပါပြီရှင့်။
👉ရမည်းသင်းမြို့တွင်းဆိုရင် ပို့ခfreeပါရှင့်။ကျန်မြို့များ ကားဂိတ် တင်ပေးပါတယ်ရှင့်။
👌Kpay -09 402707124(% ပေးစရာမလိုပါ)
👌Wave-09 981036084(%ပေးစရာမလိုပါ)
☘️☘️မင်္ဂလာပါရှင်☘️☘️
☘️နှစ်သစ်မှာ Daisuki Local Productဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကို မိတ်ဆက် ပြောပြချင်လို့ပါ။
☘️ပြောချင်တဲ့ အကြောင်းအရာများပြီး စာရှည်သွားတာမို့ သည်းခံ ဖတ်ပေးကြပါဦးရှင်။
☘️မင်မင်တို့ အမေးခံရဆုံးမေးခွန်းကတော့
Quality ကောင်းတဲ့ဆပ်ပြာကို ဒီလောက်ဈေးနဲ့ဘယ်လိုထုတ်နိုင်တာလဲ???
☘️မင်မင်ကသုတေသနပြုလုပ်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် သုတေသနလုပ်ခွင့်မရတော့တဲ့အခါ သင်ထားတဲ့ပညာ၊သိထားတဲ့အသိတွေကို အကျိုးပြုတစ်ခုခုအနေနဲ့လုပ်ချင်ခဲ့ပါတယ်။
☘️ မင်မင်ဂျပန်မှာသုတေသနလုပ်ခွင့်ရတော့ organicပစ္စည်းတွေများလှတဲ့ဂျပန်ဟာ မြန်မာနိုင်ငံထက် အပင်အရင်းအမြစ်တွေနည်းတာတွေ့ရှိခဲ့ရပါတယ်။ကံကောင်းစွာဖြင့် သဘာဝအပင်တွေကနေ Cosmetic Value တွေကိုရှာဖွေလေ့လာတဲ့ဆရာနှင့်ဂျပန်နိုင်ငံရဲ့ နာမည်ကြီး cosmetic company မှာနှစ်ကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့တဲ့ဆရာတို့နဲ့၄နှစ်တာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။မင်မင်ရဲ့ဆရာတွေကလည်း မြန်မာနိုင်ငံရဲ့သဘာဝအပင်အရင်းအမြစ်များ၏ cosmetic value ကိုစိတ်ဝင်စားတာမို့ သုတေသနကောင်းစွာလုပ်ခွင့်ရခဲ့ပါတယ်။အဲဒီသုတေသနတွေထဲက ရလဒ်တစ်ချို့ကို အကျိုးအမြတ်မတောင်းပဲသုံးစွဲခွင့်ပြုပေးတဲ့ဆရာတို့နှင့်ချစ်ခင်ရတဲ့ သုတေသနပြုလုပ်ဖက်မိတ်ဆွေသူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်ရပါတယ်။မဟုတ်ရင် Daisuki ရဲ့Price ဟာယခုလက်ရှိစျေးနှုန်းထက်အဆများစွာ ပိုသွားမှာဖြစ်ပါတယ်ရှင်။
☘️ Quality ကောင်းပြီး local product လေးတွေကိုလူတိုင်းသုံးစွဲစေချင်ခဲ့တာမို့ ကုန်ကြမ်းရဲ့ကုန်ကျစရိတ်ပေါ်ကိုသာ တွက်ချက်၊ စျေးနှုန်းသတ်မှတ်ခဲ့တာဖြစ်ပြီး Packaging အတွက်ကုန်ကျစရိတ်ကိုအတတ်နိုင်ဆုံး လျော့ချခဲ့ပါတယ်။Logo Design ကအစ အညွှန်းစာရွက်အဆုံး အဆင့်တစ်ခုချင်းစီကို မင်မင်တို့ကိုယ်တိုင်ပဲ အိပ်ရေးပျက်ခံ အပင်ပန်းခံလုပ်ခဲ့တာမို့ Daisuki ဟာ သင့်တင့်နဲ့ဈေးနှုန်းနှင့်ကောင်းမွန်တဲ့ Qualityကိုပေးနိုင်တာဖြစ်ပါတယ်။
☘️ Daisuki ရဲ့Focus ဟာ customer ဖြစ်တဲ့အတွက် မင်မင်တို့ ကိုယ်စားလှယ်ပေးခြင်းဟာလည်း Deli ခ သက်သာစေရန် အဓိကရည်ရွယ်တာဖြစ်ပါတယ်။အမြတ်အစွန်းနည်းနည်းရပေမယ့် Daisuki ကိုယုံကြည်စွာလက်တွဲပေးကြတဲ့ ကိုယ်စားလှယ်များကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။
☘️မင်မင်တို့ရဲ့ Daisuki ကို မေတ္တာဖြင့် ပံ့ပိုးပေးပါသော Let Me Share - Irene Pretty , Beauty by Emerald , Skincare by Boo, My Beauty Style - Stella တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
Daisuki ကို ယုံကြည်စွဲ လက်တွဲခေါ်ဆောင်ပေးသော Dinky Diana - Online Cosmetics And Accessory နှင့် Nature Leaves တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
☘️မင်မင်က Production ပိုင်းရော၊ Fundingအတွက်လည်း (စာသင်ရသေးတာမို့) မေတ္တာဖြင့် ကူညီပေးပါသော Page admin အကိုကြီးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကျေးဇူးအတင်ရဆုံးကတော့ မင်မင်တို့ရဲ Daisuki ကိုအခက်အခဲကြားကနေ အခုချိန်ထိရပ်တည်နိုင်အောင် ချစ်ခင်ယုံကြည်စွာ အားပေးကြတဲ့ customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်ရှင့်။ချစ်ခင်ရတဲ့ customer တစ်ယောက်ချင်းစီရဲ့ Review ကောင်းကောင်းလေးတွေက ငွေကြေးနဲ့တန်ဖိုးဖြတ်မရတဲ့ အမြတ်အစွန်းဖြစ်ပါတယ်ရှင့်။
We love Daisuki ❤❤❤
#ပြည်တွင်းဖြစ်ကို အားပေးပါ။