MMA Mobile Phone Repair Service Center

MMA Mobile Phone Repair Service Center Mobile Service

တလဝင်ငွေ ဘယ်လောက်ရလဲလို့မေးလာရင်...စားပြီးသောက်ပြီး သိန်း ၅၀၀ လောက်ပဲ ကျန်ပါတယ်လို့သာဖြေ...တကယ်တော့ ..သူတို့ကြားချင်တဲ့အ...
22/01/2024

တလဝင်ငွေ ဘယ်လောက်ရလဲလို့မေးလာရင်...

စားပြီးသောက်ပြီး သိန်း ၅၀၀ လောက်ပဲ ကျန်ပါတယ်လို့သာဖြေ...

တကယ်တော့ ..
သူတို့ကြားချင်တဲ့အဖြေက ပိုက်ဆံလေး ၃ ၄ သိန်းဝန်းကျင်လောက်နဲ့ မင်းဒုက္ခတွေများပြီး ရွာလည်နေတယ်ဆိုတဲ့အဖြေကိုကြားချင်တာ။

😂

ယုံတာမယုံတာက သူ့အပိုင်းဖြစ်သွားပြီ
ယုံပြီးစိတ်ဆင်းရဲသွားရင်လည်း ပြောရတာတန်တယ်။😂

မယုံလို့ စောက်ကြွားထင်သွားလည်း နောက်မမေးတော့ဘူး နားအေးတယ်..။

😌

#သဘောကျလို့ 😁😁

🦋"ငွေ၏ လှည့်စားခြင်းများ"🦋       *****************  သေရင် ယူသွားလို့ မရပေမယ့် ငွေ မရှိရင် သေတော့မည့် အတိုင်းပါပဲ။မေတ္တာစ...
16/12/2023

🦋"ငွေ၏ လှည့်စားခြင်းများ"🦋
*****************

သေရင် ယူသွားလို့ မရပေမယ့်
ငွေ မရှိရင် သေတော့မည့် အတိုင်းပါပဲ။

မေတ္တာစစ်ကို ဝယ်ယူလို့ မရပေမယ့်
ငွေ မရှိရင် ဘယ်သူမှ
အနား မကပ်ချင်ကြပြန်ဘူး။

ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးကို
ငွေက မဖန်တီးပေးနိုင်ပေမယ့်
မကျန်းမာတဲ့ အချိန်မှာ
ငွေကို အလိုရှိ ရပြန်တယ်။

အတတ်ပညာ၊ အသိပညာများစွာကို
ငွေနဲ့ ဝယ်ယူလို့ မရပေမယ့်
ပညာတတ်ဖို့အတွက် ငွေကို
အသုံးပြုကြ ရပြန်တယ်။

ငွေ ရှိနေရင် လူအ က
လူတော် ဖြစ်သွားနိူင်ပေမယ့်
ငွေ မရှိရင် လူတော်တွေက
လူအ ဖြစ်သွားကြ ရပြန်တယ်။

လူတကာ ကို ခေါင်းမော့ ရင်ကော့အောင်
လုပ် မပေးနိုင်ပေမယ့်
ငွေ ကြောင့် လူတစ်ချို့ကို
ဒူးထောက်၊အောက်ကြို့လိုက်ရ ပြန်တယ်။

လူတိုင်းရဲ့ မျက်ရည်ကို
သုတ် မပေးနိုင်ပေမယ့်
ငွေ ကြောင့်ပဲ လူတစ်ချို့
မျက်ရည် ကျခဲ့ရ ပြန်တယ်။

နွေးထွေးတဲ့ မိသားစုကို
ဖန်တီး မပေးနိုင်ပေမယ့်
ငွေရဖို့ လူတစ်ချို့က
မိဘရင်ခွင်/မိသားစု အသိုက်မြုံ ကနေ
ရေခြား၊ မြေခြားအဝေးကြီးကို
ထွက်ခွာသွားကြရ ပြန်တယ်။

ငွေကြေးကြောင့်ပဲ အတ္တသမား၊
လောဘသား ဖြစ်စေတယ်။
များများ ချမ်းသာ လာတော့လဲ
အာဏာ၊ပါဝါကို မက်မောလာအောင်
စိတ်ကိုပြောင်းလဲ စေပြန်တယ်။

အာဏာ၊ပါဝါ ရထားသူကိုလည်း
သူ့အား ပြန်လည် မက်မော လာအောင်
ပြုပြင် ပြောင်းလည်း နိုင်ပြန်တယ်။

ငွေ က ဖန်ဆင်းရှင် မဟုတ်ပေမယ့်
ငွေကပဲ လူပေါင်းများစွာရဲ့ ဘဝကို
ပြုပြင် ပြောင်းလဲ ပြစ်နေတယ်။


#မူရင်းရေးသားဖော်ပြသူအားလေးစားစွာဖြင့်
ေးပါသည်

တရားကို တေးဆို ၊ အဖေကိုသားကဆဲဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာလိမ်နို...
19/10/2023

တရားကို တေးဆို ၊ အဖေကိုသားကဆဲ

ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်

မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ

လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား

အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို

အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ

အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင်

အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ်

မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း

ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ

ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား

ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ်

မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ

အဖေ အမေက ကျွန်နဲ့တူ ၊သားသမီးက သခင်ဖြစ်

ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြော

ဂုံံးတိုက်လျှင် ကျေးဇူးရှင် ၊ဖြောင့်မတ်လျှင် လူမသုံး

သီလယူရင်း မျက်စပစ်သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။

*ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

Crd

ပြန်လည်မျှဝေလိုက်ပါတယ်ဖတ်ဖြစ်အောင်ဖတ်ပါနော်

redmi 8a pmi 632 ခဲလောင်းတာလေးပါ
19/09/2023

redmi 8a pmi 632 ခဲလောင်းတာလေးပါ

အတွေ့အကြုံက စျေးကြီးတယ်"""""""""""""""""""""""""""""""""""""""""" ဧရာမသင်္ဘောကြီးတစ်စင်း၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပ...
30/07/2023

အတွေ့အကြုံက စျေးကြီးတယ်
""""""""""""""""""""""""""""""""""""""""""
ဧရာမသင်္ဘောကြီးတစ်စင်း၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

-To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်.....

-MMA

ဆန်တအိတ် ၉၀၀၀၀ 100000တဲ့😮😮(1)စပါးတင်း(၁၀၀)ကို     ငွေကျပ်(၁၂)သိန်း(2)စပါးတင်း(၁၀၀)ကိုကြိတ်     ရင်ဆန်အိတ်(၃၀)ရတယ်'(3)ဆန်...
20/07/2023

ဆန်တအိတ် ၉၀၀၀၀
100000တဲ့😮😮
(1)စပါးတင်း(၁၀၀)ကို
ငွေကျပ်(၁၂)သိန်း
(2)စပါးတင်း(၁၀၀)ကိုကြိတ်
ရင်ဆန်အိတ်(၃၀)ရတယ်
'(3)ဆန်တစ်အိတ်(၄)သောင်းနဲ့ပဲ
ရောင်းရင်(၁၂)သိန်းပြန်ရဘီ
(4) ကြိတ်ခွဲခက ဖွဲနူနဲ့ဆန်ကွဲပြန်ရောင်း
ရငွေထဲကပေးလို့ရသေးသည်
(5) ဆန္တအိတ္ကို တသောင်းခွဲ15000
လောက်တင်(အရင်း+အမြတ်)=
55000/-ထက်ပိုမဖြစ်သင့်ဖူး
(6)အပြင်မှာ ဆန်တအိတ်ဘယ်လောက်ထိ
ဝယ်စားနေကြရလည်းဆိုတာ
ကာယကံရှင်တွေအသိဆုံးပဲဖြစ်မှာပါ
လောဘ လေးနည်းနည်းလျော့ ပေးခြင်းဖြင့် သာမန်အောက်ခြေ လူတန်းစားများးကို စာနာပေးပါ။😔😔😔
Credit

02/07/2023

👍👍👍👍

ခုချိန်ထိ ခု,ဆယ်,ရာ,ထောင်,သောင်း,သိန်း,သန်း,ကုဋေ ထိဘဲသိခဲ့တာ...🙂ဗဟုသုတအနေနဲ့ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
26/06/2023

ခုချိန်ထိ ခု,ဆယ်,ရာ,ထောင်,သောင်း,သိန်း,သန်း,ကုဋေ ထိဘဲသိခဲ့တာ...🙂

ဗဟုသုတအနေနဲ့ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

နာကျင်လို့ ဆေးထည့်မယ်ဆိုရင်တောင်လောကဓံကကြမ်းလွန်းလို့ဘယ်ဒဏ်ရာကပိုနာ လည်းဆိုတာ... မမှတ်မိတော့ဘူး။သူငယ်ချင်းလောကမှာလေဒုက္ခ...
21/06/2023

နာကျင်လို့ ဆေးထည့်မယ်ဆိုရင်တောင်
လောကဓံကကြမ်းလွန်းလို့
ဘယ်ဒဏ်ရာက
ပိုနာ လည်းဆိုတာ... မမှတ်မိတော့ဘူး။

သူငယ်ချင်း
လောကမှာလေ
ဒုက္ခဆိုတာ လူတိုင်းရှိတယ်
နာကျင်မှု တွေကြားမှာပဲ
ရစ်မူးပြီး ကူမယ့်သူကို မျှော်မနေနဲ့...

ဆေးပေးလို့ ဖေးကူမယ့်သူထက်
ဆားပေးလို့ တွန်းချင်သူက ပိုများလိမ့်မယ်...။

ဒဏ်ရာဆိုတာ ဆေးထည့်ရင်ပျောက်တယ်
ဒါပေမယ့် အဲ့ဒီ ဆေးကို
မင်းကိုယ်တိုင်ဖော်မှရလိမ့်မယ်...
မင်းကိုယ်တိုင် ထူမှ
မင်းဘဝကို မင်းရပ်တည်နိူင်လိမ့်မယ်။

ဒဏ်ရာပြပြီး လောကကြီးကို
အသနားခံ မနေနဲ့
ဘဝမှာ လူတိုင်းက
ဒုက္ခကိုယ်စီနဲ့ပါ ...။

Credit

ဒါလေးဖတ်ပြီးပြန်ပြန်တွေးလိုက်ပါ**********************************ဗိုက်ဆာဆာနဲ့ အသုပ်ဆိုင်ထဲဝင်ထိုင်ပြီးအသုပ်တစ်ပွဲမှာလိုက...
25/05/2023

ဒါလေးဖတ်ပြီးပြန်ပြန်တွေးလိုက်ပါ
**********************************

ဗိုက်ဆာဆာနဲ့ အသုပ်ဆိုင်ထဲဝင်ထိုင်ပြီး
အသုပ်တစ်ပွဲမှာလိုက်တယ်။

ဘေးခုံမှာက အမျိုးသမီးတစ်ယောက်
အသုပ်ထိုင်စားနေတယ်။သူ့ရဲ့ ၄နှစ်
လောက်အရွယ်သားတစ်ယောက်နဲ့
၆လ လောက်အရွယ်သားတစ်ယောက်
ကို သူ့ဘေးကခုံမှာ ပေးထိုင်ပြီး သူက
တစ်လုပ်စားလိုက် ကလေးတွေကို ခွံ့လိုက်နဲ့ အလုပ်များနေလေရဲ့။

စျေးသည်က ကျွန်တော့်ကိုအသုပ်ပန်း
ကန်လှမ်းပေးတာနဲ့ ကျွန်တော်လည်း
လှမ်းယူပြီး ငုံ့စားနေလိုက်တယ်။

အဲ့နောက် ဆိုင်ရှင်က ဟင်းခါး၂ခွက်
ထည့်ပြီး ကျွန်တော့်ကိုတစ်ခွက် ဘေးခုံ
က အမျိုးသမီးကို တစ်ခွက် ကမ်းပေး
တယ်။

ဟင်းခါးက အငွေ့ထောင်းထောင်းထနေ
ပြီး ခွက်ကအရမ်းပူနေလို့ ကျွန်တော်
လည်း ကပျာကယာ ရှေ့မှာချလိုက်ရ
တယ်။

ဘေးကအမျိုးသမီးလည်း ဟင်းခါးခွက်
ကိုယူပြီးပူနေတော့သူလည်းကပျာ
ကယာ သူရဲ့ရှေ့စားပွဲပေါ်ချလိုက်တယ်။

ဖြစ်ချင်တော့ သူ့ရဲ့၆လအရွယ်လောက်
ရှိတဲ့ကလေးက စားပွဲပေါ်လက်လှမ်း
တင်လိုက်တာ ပူပူလောင်လောက်
ဟင်းခါးခွက်က သူ့အမေပေါင်ပေါ်ကို
ဆွဲချလိုက်သလိုဖြစ်ပြီး မှောက်ကျပါ
လေရော။

ကလေးငယ်ရဲ့ ဘောင်းဘီတိုလေး
ဝတ်ထားတဲ့ပေါင်ပေါ် နည်းနည်းလေး
စင်သွားတော့ ကလေးက မငိုပေမဲ့
သူ့ပေါင်လေးကို ပွတ်နေရှာတယ်။

မအေဖြစ်သူက သူ့ပေါင်ပေါ်ကို မှောက်
ကျတဲ့ ဟင်းခါးခွက်ကို တစ်ချက်သာ
ငုံ့ကြည့်ပြီး သူ့သားငယ်ကိုကြည့်ကာ

'သား ပူသွားလား ၊ ပူသွားလား '
ဆိုပြီးမေးလည်းမေးရင်းတစ်သျူးကိုလှမ်းယူပြီး သူ့သားလေးရဲ့ ပေါင်ကို ပွတ်ပေး
နေတယ်။

ပူသွားလား မေးနေတဲ့သူရဲ့အသံဟာ
တုန်ခါနေပြီး မျက်နှာမှာလည်း စိုးရိမ်
ပူပန်နေမူ့တွေကအပြည့်။

ကလေးကို
ကြည့်ပြီး ဘာမှမဖြစ်လောက်ဘူးဆိုတာ
ကြိမ်းသေသိပြီးတဲ့နောက်မှ သူ့ရဲ့
ပေါင်ပေါ်ကို မှောက်ကျခဲ့တဲ့ ဟင်းခါး
ရေကြောင့် လက်တစ်ဝါးစာလောက်ရှိ
တဲ့ ဟင်းခါးရေကွက်ကိုကြည့်ပြီး
သူ့ပေါင်လေးကို သူပွတ်ကာ

'ရှုးးးး! ပူလိုက်တာ ကျက်သွားတာဘဲ'
ဆိုပြီး ခပ်တိုးတိုးလေးရေရွတ်တော့တယ်'

ကျွန်တော် ဒီမြင်ကွင်းကိုကြည့်နေရင်း
အသက်ရှုရပ်မတတ် ခံစားလိုက်ရတယ်။
ရင်ထဲမှာလည်း စို့နင့်သွားတော့တယ်။

အော် ! အမေတွေ အမေတွေ

ဒုက္ခနဲ့ကြုံတွေ့လိုက်ချိန်တောင်
ကိုယ့်ဒုက္ခကို မနာကျင်အားဘူး
သားသမီးအတွက်သောက က သူ့ရဲ့
ခံစားနေရတဲ့ဒုက္ခကို ယာယီမေ့ဖျောက်
ထားနိုင်ကြတယ်။

မိခင်စိတ်ရှိတဲ့ မိခင်တိုင်း
မိခင်စိတ်ရှိတဲ့မိန်းမတိုင်း ကိုယ့်သား
သမီးအတွက် ဒီလောက်ဒုက္ခကိုမဆိုထား
နဲ့ ဒီထက်ကြီးမားတဲ့ဒုက္ခတွေကိုတောင်
အပြုံးမပျက်ခံယူသွားတတ်ကြတယ်။

အဲ့ဒီ သားသမီးတွေ အရွယ်ရောက်လာ
လို့ သူတို့ကို လေသံမာမာပြောခဲ့ရင်၊
တစ်ခွန်းမကျန် ပြန်လှန်ပြောဆိုခဲ့ရင်
သူတို့ခမျာရှာ ရင်ကွဲမတတ်ခံစားကြရ
ရှာတယ်။တခါတရံ လူမမြင်ကွယ်ရာလေး
မှာ သူတို့ကြိတ်ပြီး မျက်ရည်ကျနေကြ
ရှာတယ်။

သက်ရှိထင်ရှား မိဘရှိနေသူတွေ မိဘ
ကိုတန်ဘိုးထားပါ ဘယ်သူနဲ့မှအစားထိုး
လို့မရနိုင်တာ မိဘပါ။

အထူးသဖြင့် အမေတွေပါ။
၉လ ၁၀လ လောက် ကိုယ့်ကိုလွယ်ပိုး
ခဲ့ရသူတွေပါ။စားချင်တိုင်းလည်း
မစားရ ကလေးဒုက္ခဖြစ်မှာစိုးလို့ရှောင်
ကြဉ်ခဲ့ကြရတယ်။

အိပ်ချင်တိုင်းလည်းမအိပ်ရ ကလေး
ထိခိုက်မှာစိုးလို့။လူသာမာန်လို ညောင်း
ညာတဲ့အခိုက်မှောက်အိပ်လို့လည်းမရ
ကလေးကိုငဲ့ပြီး ဆင်ခြဉ်ခဲ့ရတယ်။

မွေးပြန်တော့လည်း သေမင်းကို
အသက်တစ်ဝက်အပ်ပြီး ပင်ပန်းကြီးစွာ
မွေးခဲ့ရရှာတယ်။

မွေးပြီးပြန်တော့လည်း တစ်သက်လုံး
ရှက်ရွံ့စွာဖုံးအုပ်ခဲ့တဲ့ရင်သား၊မိမိ
ကလေးနို့ဆာနေချိန် အရှက်ကိုဘေး
ဖယ်ပြီး လူကြားသူကြားထဲလည်း လှန်
တိုက်ဖို့ဝန်မလေးကြဘူး။

ကလေးနို့တိုက်ချိန် ရှောင်လိုက်ရတဲ
အစားအသောက်တွေ၊ကိုယ့်ကြိုက်တဲ့
အစားတွေ စားချင်နေတဲ့အစာတွေ
ဘေးဖယ်ထားပြီး ကလေးနဲ့သင့်တင့်မဲ့
အစာကိုရွေးစားပြီး မိမိရဲ့ဆန္ဒကိုမျိုသိပ်
ခြဲ့ကရပြန်တယ်။

အရာရာကိုသားသမီးတွေအတွက်
စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ကျေးဇူးရှင်
မိဘ၂ပါးကို ခွန်းတုံ့မပြန်ပါနဲ့။

စိတ်ကဒေါသထွက်နေချိန်လည်း
ကြိတ်မှိတ်မျိုသိပ်လိုက်ပါ။ငုံ့ခံပေးလိုက်
ပါ။သူတို့စိတ်ဆိုးပြေချိန်မှ အကျိုး
အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်း
ပြလိုက်ပါ။မိဘကို စိတ်ထိခိုက်မျက်ရည်
ကျရအောင် ပြုလုပ်မိရင် နောက်ဆုံး
ထွက်သက်တောင်
ခဲရင်းမူ့ဖြစ်တတ်ပါတယ်။စိုးရိမ်စရာ
အခြေအနေဖြစ်တတ်ပါတယ်။

နောက်ဆုံး ကိုယ့်မိဘကိုဘယ်လို
ဆက်ဆံခဲ့လဲ အဲ့ဒီအတိုင်း ကိုယ်မိဘ
အရွယ်ရောက်လာချိန် ကိုယ့်သားသမီး
တွေအလှည့်ရောက်လာရင်လည်း
အတုံ့အလှည့် မုချပြန်ရောက်လာပါ
လိမ့်မယ်။လောကမှာတင် အစားပေးရ
တတ်ပါတယ်။

မိဘကို ကျေးဇူးဆပ်ခွင့် မရနိုင်
မကြုံနိုင်ရင်တောင် ကျေးဇူးတွေကိုတော့
မကန်းမိကြပါနဲ့။ရှိနေချိန်လေး တန်ဘိုး
ထား ပြုစုကြပါ။

သားသမီးတိုင်း မိဘရဲ့ တာဝန်ဝတ္တရား
တွေကို ကျေပွန်နိုင်ခွင့်ရရှိပြီး မိဘရဲ့
ဆုမွန်ကောင်း ကိုရယူနိုင်သူများ ဖြစ်နိုင်ကြပါစေ။

Credit

09/05/2023

Address

Wundwin

Telephone

+959263338661

Website

Alerts

Be the first to know and let us send you an email when MMA Mobile Phone Repair Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share