12/04/2019
နှစ်သစ်ကူး ဆုတောင်း
*******************
မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားများ (၇) ရက်သားသ္မီးအားလုံးတို့သည်၊ မြန်မာအတာကူးတဲ့ နှစ်သစ်ကူး မင်္ဂလာ ဤအချိန်အခါမှစ၍။
* မိမိတို့သည် မည်သူ့ကိုမျှ ကိုယ့်အတွက်ကြောင့်
ဒုက္ခမရောက်(မပေး)ရစေဘဲ၊သူတပါးတို့၏၊
အကျိုးစီးပွားကိုသာဆောင်ရွက်ပေးနိုင်သော
သူများဖြစ်အောင်ကြိုးစားနေထိုင်နိုင်သူများ
ဖြစ်နိုင်ကြပါစေ။
* မိမိတို့သည် သူတပါးတို့၏ဆင်းရေးဒုက္ခကို
ပယ်ဖျောက်နိုင်၊ ဆင်းရေးဒုက္ခရောက်သူတို့ကို
ကယ်မစောင့်ရှောက်နိုင်သူများဖြစ်အောင်
ကြိုးစားနေထိုင်နိုင်သောသူများဖြစ်နိုင်ကြပါစေ။
* မိမိတို့သည် မိမိထက်သာလွန်သူများကို မည့်သည့်
အခါမျှမတုမပြိုင်ရစေဘဲ၊ ဂုဏ်ယူဝမ်းမြောက်စွာ
အတူလက်တွဲလုပ်ကိုင်ဆောင်ရွက်၍။
ကြိုးစားနေထိုင်နိုင်သူများဖြစ်နိုင်ကြပါစေ။
* မိမိတို့သည် လောကဓမ္မ၏ ဆိုးသောအခြေအနေ၌
လည်း စိတ်မပျက်ရစေနိုင်၊ လောကဓမ္မ၏ကောင်းသော
အခြေအနေ၌ကိုလည်းလွန်ကဲစွာမတပ်မက်ရစေနိုင်ဘဲ၊
ကောင်းဒဏ် ၊ ဆိုးဒဏ် ဤနှစ်ဒဏ်ကိုခံနိုင်သည့်သူ
ဖြစ်အောင်ကြိုးစားနေထိုင်နိုင်သူများဖြစ်နိုင်ကြပါစေ။
#နှစ်သစ်ကူးမင်္ဂလာဤအချိန်အခါမှစ၍
* ကောင်းမြတ်သော အနာဂတ်ဘဝတွေကို
ပိုင်ဆိုင်နိုင်သူများဖြစ်နိုင်ကြပါစေ။
* ထူးမြတ်သော ဘဝအောင်မြင်မှုတွေရရှိနိုင်သော
သူများဖြစ်နိုင်ကြပါစေ။
* ကြီးမြတ်သော ဂုဏ်သတင်းတွေနဲ့
ကျော်ကြားနိုင်သူများဖြစ်နိုင်ကြပါစေ။
* သင့်မြတ်သော ဘဝတွေကိုကောင်းစွာတည်ဆောက်
နိုင်သူများဖြစ်နိုင်ကြပါစေ။
* စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်
လိုရာဆန္ဒပြည့်နိုင်သူများဖြစ်ကြပါစေ။