7 Mile Liquor

7 Mile Liquor 09756756708
09672399956

အေးလေ လက်ညှိုးထိုးတာကြီးကျတော့ လွန်တာပေါ့...မန္တလေးမြို့တွင်ဖြစ်သည်။ဦးထုပ်မဆောင်းပဲ ဆိုင်ကယ်စီးလာသော ကောင်မလေးနှစ်ယောက်က...
09/05/2026

အေးလေ လက်ညှိုးထိုးတာကြီးကျတော့ လွန်တာပေါ့...

မန္တလေးမြို့တွင်ဖြစ်သည်။

ဦးထုပ်မဆောင်းပဲ ဆိုင်ကယ်စီးလာသော

ကောင်မလေးနှစ်ယောက်ကို

မော်တော်ပီကယ်ရဲကြီး ဦးမြင့်နံက

လက်ညိုးထိုးရင်း ဝီစီမှုတ်ရင်း တားလေသည်။

" ... တွီ ... တွီ ... တွီ ..."

ကောင်မလေးနှစ်ယောက်က စိတ်ဆိုးမာန်စိုးဖြင့် ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီးနောက် ပြောလေသည်။


" ဦးရဲကြီး မှုတ်ချင်မှုတ်ပါ ... လက်ညှိုးနဲ့တော့ မထိုးပါနဲ့ "

" ဟာ "
🤓🤓🤓

အတော်မူးနေသော အရက်သမားတစ်ယောက်လမ်းမပေါ်တွင် ဒယိမ်းဒယိုင် လျှောက်လာရင်းဘုရားကျောင်းထဲမှ ထွက်လာသည့်ဖာသာ နှစ်ယောက် ကို ဝင်တ...
03/05/2026

အတော်မူးနေသော အရက်သမားတစ်ယောက်
လမ်းမပေါ်တွင် ဒယိမ်းဒယိုင် လျှောက်လာရင်း

ဘုရားကျောင်းထဲမှ ထွက်လာသည့်
ဖာသာ နှစ်ယောက် ကို ဝင်တိုက်မိသည်။

ထိုအခါ အရက်သမားက ပွစိပွစ်ိဖြင့်

"အော် . . လူတွေ . . လူတွေ . .
ဘုရားသခင် တစ်ယောက်လုံးကိုတောင်
မမြင် ကြတော့ ပါလား ..❗"

တစ်ယောက်သော ဖာသာက သူ့ကိုပြန်ပြောသည်။

"ချစ်သား . . မင်းဟာ ဘုရားသခင် မဟုတ်ပါဘူး . .
ဒီစကားကို နောက်ဘယ်တော့မှ မပြောပါနဲ့ ကွယ်"

အရက်သမားက မှေးစင်းနေသောမျက်လုံးများနှင့်
ဖာသာကို ပြန်ကြည့်ရင်း ပြောသည်။

"ဖာသာ . . ဒီကိစ္စကို ကျုပ်သက်သေပြနိုင်ရင်
ယုံမလားဗျ ❓"

"ဒါဆိုရင်တော့ . .ယုံရတော့ မှာပေါ့လေ "

"ကဲဒါဆို . . ကျုပ်နောက် လိုက်ခဲ့ "

အရက်သမားက ဖာသာနှစ်ယောက်ကို
အစောနက သူထွက်လာခဲ့သော
အရက်ဆိုင်သို့ ခေါ်သွားသည်။

အရက်ဆိုင်တံခါးဝသို့ အရောက်
သူတို့ကို လှမ်းမြင်လိုက်သည့် ဆိုင်ပိုင်ရှင်က
အရက်သမားကို ကြည့်ရင်း အလန့်တကြား
အော်ပြောလိုက်သည်။

"အိုး ❗ ဘုရားသခင် . .
နောက်တစ်ခေါက် ပြန်လာပြန်ပြီ . ."

ထိုအခါအရက်သမားက ဖာသာနှစ်ယောက်
ဘက်သို့လှည့်ကြည့်ပြီး ခေါင်းကိုဆတ်လျက်
ပြောလိုက်သည်။

"ကဲ . . တွေ့ပြီမဟုတ်လား . .
ဘယ်နှယ့်ရှိစ . .ဟင်းဟင်း"

" တိန် . . ❗"

😁😁😁😁😁😁

KZO 🇲🇲

တနေ့ရွှေဘယ်လောက်သားရလဲဆိုတာကို အားရပါးရ၊ ဂုဏ်ယူစွာကြွားနေတာကိုတွေ့တယ်။ ကျနော့် မျက်လုံးထဲမှာတော့-သူ့အနောက်က နှစ်ပေါင်းထေ...
30/04/2026

တနေ့ရွှေဘယ်လောက်သားရလဲဆိုတာကို အားရပါးရ၊ ဂုဏ်ယူစွာကြွားနေတာကိုတွေ့တယ်။

ကျနော့် မျက်လုံးထဲမှာတော့-

သူ့အနောက်က နှစ်ပေါင်းထောင်ကျော် သဘာဝအတိုင်းရှိနေတဲ့မြစ်။ တန်ဘိုးဖြတ်မရတဲ့မြစ်။ ဘာစောက်တန်ဘိုးမှ မရှိတဲ့ ရွှေတကျပ်သားကြောင့် ပျက်သွားတဲဲ့မြစ်။

အဲဒါကို ဂုဏ်ယူနေတဲ့လူဟာ ဘီလူးနဲ့တူတယ်။ သိပ်ရွံစရာကောင်းတယ်။

တူးချင်ရင် မြစ်ချောင်းတွေ မရှိတဲ့နေရာတူးပါ။ လူမရှိတဲ့တောထဲသွား။ တူးစရာရှားလို့၊ ဒီလောက်တန်ဘိုးဖြတ်မရတဲ့ မြစ်မှ လာတူးကြတယ်။

ဪ ….လူတွေလူတွေ ထမင်းငတ်နေကြတာလည်း မဟုတ်ဘူး။ သေရေးရှင်ရေးတမျှ၊ ဒီမြစ်နားမှ မတူးရင်သေတော့မယ်ဆိုရင် နားလည်ပေးလို့ရသေးတယ်။ အခုဟာကဗျာ၊ မဟုတ်သေးဘူး ဆရာတို့။

ဒေါ်လာသန်းရာချီချမ်းသာသွားတာလည်း မဟုတ်ဘူး။

မြစ်ချောင်းတွေရဲ့တန်ဘိုးကို နားမလည်ကြတဲ့လူတွေပဲ။

ဖြစ်ပုံက ဒီလိုဗျ! တရုပ်ပြည်ကနေပြီး ကျုပ်တို့နိုင်ငံမှာရှိတဲ့ မြွေပွေးတွေကိုစျေးကောင်းပေးပြီးဝယ်တာ ခင်ဗျားတို့လဲကြားဖူးမှ...
29/04/2026

ဖြစ်ပုံက ဒီလိုဗျ!

တရုပ်ပြည်ကနေပြီး ကျုပ်တို့နိုင်ငံမှာရှိတဲ့ မြွေပွေးတွေကို
စျေးကောင်းပေးပြီးဝယ်တာ ခင်ဗျားတို့လဲကြားဖူးမှာပေါ့...

စျေးကောင်းရသတဲ့ဟေးး ဆိုတာနဲ့
ကျုပ်တို့နိုင်ငံက သကောင့်သားတွေကလဲ
မြွေပွေးဖြစ်ပြီးရော ဆိုပြီး သေးသေးကြီးကြီး
အကုန်ဖမ်းပြီး မြွေပွဲစားက တဆင့်
တရုပ်ပြည်ကို ရောင်းကြသတဲ့၊

ဖြစ်ချင်တော့.....

မြွေပွေးမှာ မျက်ပြူး နဲ့ မျက်မှေး နှစ်မျိုးရှိပြီး
တရုပ်တွေဝယ်တာက မျက်မှေးအမျိုးအစား တဲ့ဗျ

အဲဒီ မြွေပွေးမျက်မှေးက အဆိပ်သိပ်မပြင်းတော့
သူတို့ ဟင်းချက်ရောင်းရတာ အဆင်ပြေတာကိုးးး

မျက်ပြူးကကျတော့
အဆိပ်အရမ်းပြင်းလို့ တရုပ်ပြည်မှာ
ဘယ်သူမှ မစားဘူးတဲ့!

အဲဒီမှာ ဘာတွေဆက်ဖြစ်ကြလဲဆိုတော့.....

ရောင်းတဲ့ကောင်ကလဲ
ပြူးပြူးမှေးမှေး မြွေပွေးဖြစ်ပြီးရောဆိုပြီး
ဖမ်းရောင်းသလို

မြွေပွဲစားကလဲ
ရသမျှအကုန်သယ်ပြီး တရုပ်ပြည်သွားပို့တယ်၊

အဲဒီမှာ ဝယ်လက်တရုပ်က
မျက်ပြူးတွေ မဝယ်ဘူးလို့ပြောတော့
မြွေပွဲစား ဒုက္ခရောက်ပြီလေ....

မွဲတော့မှာကိုးးးး

အဲဒီမှာ ရွှေလီကနေ မြွေကားကြီးကို ပြန်မောင်းလာရင်း
အကြံပေါ်လာတာနဲ့ ကားထဲက မြွေပွေးမျက်ပြူးတွေကို
တစ်ကောင်ချင်းယူပြီး မျက်လုံးမှာ ပရုပ်ဆီ လိမ်းပေးသတဲ့!

ဘယ်လောက်ပြူးတဲ့မျက်လုံး ဖြစ်နေနေ
ပရုပ်ဆီနဲ့တွေ့တော့ မှေးရတော့တာပဲ.....

တရုပ်ဝယ်လက်ဆီ ပြန်သွားပြီး
ဟောဒီမှာ တာကော လိုချင်တဲ့မျက်မှေး ဆိုပြီး
ရောင်းတော့
စောင်တရုပ်ကလဲ ဘုမသိဘမသိနဲ့
မြွေပွေးမျက်မှေးတွေ ဆိုပြီး ငွေချေပေးလိုက်တာပေါ့.....

ရက်တွေကြာလာလို့
ပရုတ်ဆီဓာတ်ပျယ်သွားတဲ့ မြွေပွေးတွေရဲ့ မျက်လုံးတွေက
ပြူးပြူးလာတိုင်း တရုပ်ရဲ့မျက်လုံးပါ ပြူးပြူး လိုက်လာသတဲ့...

ငါဝယ်တုံးက မျက်မှေးတွေက အခုဘာလို့ပြူးလာသလဲ
ဆိုပြီး စဉ်းစားရင်းနဲ့ တရုပ်ကြီးက ရိပ်မိသွာပြီး

''' စောက်ပ လိုး ဘီမာသွေ ''' တဲ့

သြော် !!!!
မြန်မာလိမ်ရင် တရုတ်လည်းမခံနိူင်ပါလား !!!!!

😜😜😜

to Kyaw Zay Ya pk

🖤 သမိုင်းတရား ခံတစ်ယောက်အကြောင်းဒလန်ဆိုရင် ဇွက် တဲ့ ••••ဒလန်ဆိုတဲ့ စကားလုံး  နဲ့ ဒလန်ဆိုရင်ဇွက် ဆိုတဲ့စကားလုံး။ဒီ စကားလု...
26/04/2026

🖤 သမိုင်းတရား ခံတစ်ယောက်အကြောင်း

ဒလန်ဆိုရင် ဇွက် တဲ့ ••••

ဒလန်ဆိုတဲ့ စကားလုံး နဲ့ ဒလန်ဆိုရင်ဇွက် ဆိုတဲ့စကားလုံး။
ဒီ စကားလုံးနှစ်လုံး ကို ပထမဆုံး စတင် ပြောဆိုခဲ့တဲ့ ဒလန်စကားလုံးရဲ့ မူရင်းပိုင်ရှင်။

သူ့ပါးစပ်က ထွက်လာတဲ့ ဒီ စကားနှစ်လုံးထဲနဲ့ တိုင်းပြည်ဖျက် သာသနာဖျက် လူ့အရင်း အမြစ်တွေ ကို ပျက်စီး စေခဲ့တဲ့ ယုတ်ညံ့တဲ့ ဖားပါးစပ်နဲ့ အမျိုးသမီး ။

ပြီးတော့ •••
ဘုန်းကြီးလည်း ဇွက်
Non CDM လည်း ဇွက်
အုပ်ကြီးလည်း ဇွက်
သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး •••
လို့ ပရိတ်သတ်ကို လှုံ့ဆော်ပေးခဲ့ကြတဲ့ ဒီးမိန်းမယုတ်နဲ့ တစ်ကွ သူ့လို ဖက်ခွက်စား တစ်သိုက်။

ဒီစကားတစ်လုံးရဲ့နောက်ဆက်တွဲအနေနဲ့
ဒလန်လို့ စွပ်စွဲခံရပြီး အသက်ပေးလိုက်ရတဲ့ သံဃာတော်အရှင်သူမြတ် အပါး 200 ကျော်
မတရား အသတ်ခံလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေ ။

မသိ နားမလည်တဲ့အတွက် အသက်တွေ ဘဝတွေ စတေးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ နဲ့ လမ်းလွဲရောက်သွားခဲ့ရသူတွေ။

ပြာပုံဖြစ်သွားခဲ့ရတဲ့ ရွာတွေ
ပျက်စီးခဲ့ရတဲ့ လမ်းတွေ တံတားတွေ နိုင်ငံတော်ပိုင်အဆောက်အဦးတွေ ။

ကူကယ်ရာမဲ့ ဒုက္ခပင်လယ်ဝေနေဆဲ စစ်ဘေးရှောင်တွေ ။
အမှောင် ထဲမှာရှိနေဆဲ အသိနည်းတဲ့ သွေးချင်းတွေ ။

နောက်ပြီး
💔 နူးရဲ့ ဆရာတော် ဘုန်းဘုန်း ဦးကောဏ္ဍည
💔 နူးတို့ အဝေးရောက် အလှူပြုဖော် မောင်နှတွေထဲက အစ်ကိုတော် ဗျတ္တ
💔 နောက် ဘာမှမသိနားမလည်တဲ့ နူးရဲ့ တူမလေး။

အားလုံးရဲ့ အစ တရားခံဟာ ဒီမိန်းမနဲ့ သူ့ အပေါင်းအသင်း ဖက်ခွက်စားတွေပဲ ။

🍁🍁 နူးတို့ ကတော့
😢 ဒလန်ဆိုရင် ဇွက် •••
ဆိုတဲ့စကားကို နူးတို့ သေသည့်တိုင်
💔💔 ဘယ်တော့ မှ မမေ့ပါဘူး 💔💔💔

👍👍သူ့ကို ချစ်တဲ့သူတွေ အားပေးသူတွေ သွားကြည့်ကြပါစေ။
👍👍သူ့ကို ထောက်ပံ့ပြီး ခုသူ ခံစားနေရတဲ့ ပစ္စုပ္ပန်ငရဲ နဲ့ သံသရာ ဆုံးသည့်တိုင် မလွတ်တော့မယ့် လောက ငရဲကနေ သက်သာအောင်သူ့အကုသိုလ် တွေကို မျှဝေယူပေးကြပါစေ။

နူးကတော့ ရင်ထဲမှာ တဆစ်ဆစ် နာတယ်
💔💔 ဘယ်တော့ မှ မမေ့ဘူး 💔💔💔
💔💔 ဘယ်တော့ မှ မမေ့ဘူး 💔💔💔
💔💔 ဘယ်တော့ မှ မမေ့ဘူး 💔💔💔

ကျက်သရေတုံးမ သက်မွန်မြင့်

26•04•26

ဗရုတ်ကျတဲ့ ရပ်ကွက်ထဲ ၁ နှစ်လောက်နေခဲ့ဖူးတယ်။ အိမ်ရဲ့ခြေရင်းဘက်လမ်းကြားမှာ မြင်းဆေးရောင်းတယ်။ တစ်လမ်းကျော်မှာ မာဆတ်၊ နောက...
22/04/2026

ဗရုတ်ကျတဲ့ ရပ်ကွက်ထဲ ၁ နှစ်လောက်နေခဲ့ဖူးတယ်။ အိမ်ရဲ့ခြေရင်းဘက်လမ်းကြားမှာ မြင်းဆေးရောင်းတယ်။ တစ်လမ်းကျော်မှာ မာဆတ်၊ နောက်တစ်လမ်းကျော်ရင် ဘိ။ ဆတ်တွေ ဘိတွေ ဆေးတွေ ပတ်ချာလည်နေတဲ့ ရပ်ကွက်။
ကွမ်းဆိုင်မှာလည်း ဖို/မ နဲ့ ပတ်သက်တဲ့စကားဆိုရင် ထမင်းစားရေသောက်လိုပြောဆိုတတ်ကြ။ ဘယ်စော်လေးကို ချဖို့ စျေးကဘယ်လောက်၊ ကြားကဆက်ပေးသူကို ဘယ်လောက်ပေးရမယ်။
ဘယ်သူ့ဆီက တဆင့်ဆိုရင် ဘယ်စျေး၊ ဘယ်သူက ဘယ်စျေး၊ ၁သောင်းနဲ့စျေးဆစ်ပေး။ ဘယ်စော်လေးက မိုက်တာ၊ ဟဲ့၊ နင် ဟိုကောင်မလေးကို ချပါလား၊ တောင့်တယ် ကိတိတယ်၊ နင့်ကြည့်ရတာ ပဲမြစ်ပဲဟာ၊ ဖြိုနိုင်ပါ့မလား စသဖြင့်။ s*x ကိစ္စနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ s*x ကိစ္စဟာ မထူးဆန်းတော့။
ဒါဆိုရင် အဲဒီပတ်ဝန်းကျင်မှာနေကြသူတွေဟာ အတူအိပ်လို့ရကြသူတွေပဲလို့ ပြောမလား။ နိုး၊ အဲဒီပတ်ဝန်းကျင်မှာပဲ အဲဒီလိုပုံစံတွေနဲ့ မတူကြသူတွေရှိတယ်။ စက်ချုပ်သမလေးတွေ ကျောင်းသူလေးတွေရှိတယ်။ဗရုတ်ပတ်ဝန်းကျင်ဆိုပေမယ့် (လက်တည့်စမ်းလိုသူတွေလည်းရှိမှာပေါ့) နီးစပ်ရာလူတွေက အဲဒီကလေးမတွေကို ကာကွယ်ကြတယ်။
အရက်ဆိုင်မှ ထိုင်သောက်နေကြရင်း ကလေးမလေးဖြတ်သွား။ ဟေ့ကောင် အဲဒါ ဟိုဟာမဟုတ်ဘူးနော်၊ သွားမထိနဲ့။ ဟိုရှေ့မှာ ဆေးသမားတွေရှိတယ်၊ ငါ့ညီမ ဒီဘက်ကနေလာ၊ လာ ဦးလေး လိုက်ပို့မယ်/ အစ်ကို လိုက်ပို့မယ်/ မမ လိုက်ပို့မယ် စသဖြင့်။ ကောင်းသူနဲ့ ဆိုးသူဆိုတာ အမြဲတမ်းဒွန်တွဲနေတယ်။
ဒီရပ်ကွက်မှာနေလို့ ဒီရပ်ကွက်ထဲကလူတွေဟာ လူညစ်တွေချည်းလို့ ပြောလို့မရ။ သို့သော် ကျွန်တော်တို့က ဘယ်လိုမြင်မလဲ။ ဒီရပ်ကွက်ထဲ လူညစ်တွေချည်းပဲလို့ မြင်မလား/ လူကောင်းတွေလည်း ရှိပါသေးတယ်လို့ မြင်မလား။ ငါတို့ရပ်ကွက်ထဲမှာတော့ ဖျာအလုပ်တွေချည်း ရှိကြတာ/ ငါတို့ ရပ်ကွက်ထဲ စက်ချုပ်ရုံတွေရှိကြတယ်လို့ မြင်မလား။
ဖျာအလုပ်တွေချည်းပဲ လုပ်စရာရှိတယ်လို့ မြင်ရင် ကိုယ့်စိတ်က စဉ်းစားမိရင် အဲဒီဘက်ဦးတည်သွားမယ်။ ဒါဟာ ကိုယ့်စိတ်မှာ လက်ခံမိတဲ့အပိုင်း။ လူဟာ စိတ်မှာ သိမြင်တွေးတောခံယူမိတဲ့အကြောင်းအရာကပဲ ကိုယ့်စိတ်ကိုလွှမ်းမိုးတတ်တယ်တဲ့။ ရွေးချယ်တတ်တယ်တဲ့။
ကျွန်တော်တို့က ဘယ်လိုမြင်ကြသလဲ။ ဒီမှာ စကားလုံးတွေ။ မင်းတို့ရပ်ကွက်က အဆင့်အတန်းမရှိဘူးလို့ မြင်မလား/ မင်းတို့မှာ ပြင်စရာလေးတွေရှိကြတယ်လို့ မြင်မလား။ ဖြစ်ရပ်တူရင်တောင် ကိုယ်မြင်တဲ့အမြင်ရဲ့ လားရာမတူရင် စကားလုံးကမတူဘူး။ စကားလုံးလေး မတူရင်ကို ရလာဒ်လည်း မတူကြဘူး။
အဲဒီစကားလုံးတွေကကို ကျွန်တော်တို့ဟာ ဘယ်အရာတွေကို စုပ်ယူလက်ခံမိနေလဲဆိုတဲ့အချက်က ပေါ်လာတယ်။ ဆက်စပ်မိလို့ ကျားတွေအကြောင်း ရေးထားတဲ့ ပိုစ့်တစ်ခုဖတ်ရ။ အဲဒီထဲက စကားလုံး။'ကျားတွေရဲ့အချစ်ဟာ မိန်းကလေးတွေ မျှော်လင့်ထားသလိုအချစ်မျိုးမဟုတ်ဘူး။ 'ကျားတွေတော်တော်များများမှာ မင်းတို့နားလည်သလိုမျိုး 'အချစ်'ဆိုတာမရှိဘူး' ကျားတွေဟာ ဘလာဘလာ စသည်ဖြင့်။ဒါကို မိန်းကလေးအများစုက လက်ခံနေကြတာ ခက်သား။
ကျွန်တော်ပြောချင်တာက စကားလုံးတွေ။ ဥပမာ-မင်းတို့ နားလည်သလို အချစ်ဆိုတာ မရှိဘူးဆိုတဲ့ စကားလုံးမျိုး။ တကယ်က ကျားနဲ့မ သဘာဝအားဖြင့်/ဗီဇအားဖြင့်ဖြစ်စေ အချစ်ကို ရှုမြင်ပုံချင်း မတူကြတာ။ ရှုမြင်ပုံချင်း မတူတာဟာ မရှိတာမဟုတ်။ မိမိတို့ နားလည်ထားတဲ့အရာနဲ့ မကိုက်ညီခြင်း/မတူညီခြင်းဟာ 'မရှိခြင်း'မဟုတ်ဘူး။ မိမိတို့ မျှော်လင့်ထားတဲ့/ ခံစားမိတဲ့ရှုထောင့်နဲ့ မတူညီကြခြင်းသာဖြစ်တယ်။ မိမိတို့က ဘယ်လိုမျှော်လင့်ထားလဲ၊ မိန်းကလေးနဲ့ယောက်ျားလေးဟာ ဗီဇချင်းမတူကြ၊ မိန်းကလေးမှာ (သဘာဝသဘောအရ)စိတ်ခံစားမှုဟာ စိတ်ကူးယဉ်မှုပိုကဲတယ်။
ဒီအပေါ်စာကြောင်းမှာ (သဘာဝသဘော) လို့ ထည့်ရေးရတယ်။ ဘာကြောင့်ဆို ပျမ်းမျှသဘာဝမို့။ အကယ်၍သာ ဒီစကားလုံးမခံထားရင် မိန်းကလေးတွေထဲ စိတ်ကူးယဉ်မှုထက်လက်တွေ့ဆန်တဲ့သူတွေရှိတဲ့အခါ ငါတို့ကတော့ ဒီလိုမဟုတ်ဘူးဟေ့ ဆိုတာမျိုးရှိတတ်လို့။ ဒါဟာ စကားလုံးသဘောတွေပဲ။ မင်းအမြင်ကို မင်းဘာသာ လွတ်လပ်စွာတွေးခေါ်ရေးချပိုင်ခွင့်ရှိတယ်။
သို့သော် ဒီအမြင်တွေကို အမှန်တရားလိုလိုနဲ့ (တွေးခေါ်မှုရှုထောင့်မမှန်တဲ့အခါ/ အစွန်းတွေကို မမြင်တဲ့အခါ/မိမိအမြင်ကသာ အမှန်လို့မြင်မိထားတဲ့ ပေါတောတောအတွေးရှိနေတဲ့အခါ) သူတစ်ပါးကို လက်ဆင့်ကမ်းမယ်ဆိုရင် အဆိပ်အတောက်ကို ဖယ်ရတယ်။ မိမိ ကြုံတွေ့နားလည်းထားတဲ့ တစ်ကိုယ်စာ ခံစားချက်နဲ့ အမြင်ဆိုတာ လောကကို လူအဖွဲ့အစည်းတစ်ရပ်လုံးကို ကိုယ်စားမပြုဘူး။ ကိုယ့်အမြင်ဟာ ကိုယ်မြင်တာပဲဖြစ်ပြီး အမှန်တရားမဟုတ်ဘူး။
ဖောက်ပြန်တတ်တဲ့ မိန်းမတွေကိုပဲကြည့်ပြီး မိန်းမတွေဟာ ဖောက်ပြန်တတ်ကြတယ်လို့ ပြောလို့မရသလို အတ္တကြီးတဲ့ယောက်ျားတွေကိုမြင်တိုင်း ယောက်ျားတွေဟာ ဒီလိုပဲလို့ ကောက်ချက်ချလို့မရ။ စည်းနဲ့ဘောင်နဲ့ ယဉ်ကျေးတဲ့ ပညာတတ်တဲ့ကျားနဲ့မတွေ အများကြီးရှိပါလျက်နဲ့ စက်ချုပ်ရုံတွေအများကြီးရှိပါလျက်နဲ့ ဖျာသည်တွေစုနေတဲ့နေရာလို့ မြင်ခြင်း/လက်ခံခြင်း/ပြောခြင်းဟာ ကိုယ်ကဘာကို စုပ်ယူဆွဲမြင်နေလဲဆိုတဲ့ မိမိရဲ့ စိတ်နဲ့ပိုဆိုင်တယ်။
ကိုယ်က ဖျာသည်တစ်ယောက်နဲ့ဆုံတိုင်း မိန်းကလေးတွေဟာ ဖျာသည်မဟုတ်သလို ဖျာခေါင်းတစ်ယောက်နဲ့ဆုံတိုင်း ကျားအားလုံးဟာ ဖျာခေါင်းတွေမဟုတ်ကြ။ မိမိတို့တွေ့ရတဲ့ ပတ်ဝန်းကျင်က မိမိတို့ရွေးချယ်လိုက်ခြင်းနဲ့ပဲ ဆိုင်တယ်။
မိန်းကလေးတွေက အချစ်ကိုပိုကိုးကွယ်ပြီး ကျားတွေက အတ္တ(သူလိုရာ) ကိုပဲပိုတွေးတယ်ဆိုတာကတော့ ဗီဇသဘောအရ မှန်တာများတယ်။ သို့သော် ဒီလိုဗီဇမတူခြင်းမှာ စိတ်ကူးယဉ်မှုပိုများတဲ့ မိန်းကလေးတွေရဲ့ဆန္ဒနဲ့ မကိုက်ညီတိုင်း ကျားတွေဟာ ယုတ်ညံ့နေတာမဟုတ်။ မိန်းကလေးတွေဟာ ဖြူစင်မှုပိုများတယ်ဆိုရင်တောင် အထူးတလည်ချီးမွမ်းစရာမဟုတ်။ ဒါဟာဖြစ်တည်မှုပဲ။ အတ္တများပြီး သွေးသားဆန္ဒများတတ်တဲ့ ကျားတွေရဲ့ ဖြစ်တည်မှုဟာလည်း အထူးတလည် ထိုးနှက်စရာမဟုတ်။ ဖြစ်တည်မှုတွေပဲ။
ဖြစ်တည်မှုထဲမှာမှ ကျွန်မတို့က ရိုးရှင်းတယ်လို့ နှိုင်းယှဉ်ဂုဏ်ဝင့်စရာမဟုတ်။ မွေးရာပါ ပါရမီရှင်နဲ့ ကိုယ့်ဘာသာ ကြိုးစားတည်ဆောက်ရသူနှစ်ဦးမှာ ကြိုးစားတည်ဆောင်နေရသူကိုတောင် ပိုပြီး ချီးမွမ်းထိုက်သေးတယ်။ ကျားတွေဟာ အတ္တကြီးတယ်/သွေးသားဆန္ဒများတယ်၊ ဒါကို စည်းနဲ့ဘောင်နဲ့ သိက္ခာနဲ့ ဉာဏ်ရည်နဲ့ ပညာနဲ့ ထိန်းကွပ်ကြရမယ်။
ကျားမှရယ် မဟုတ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတည်ဆောက်ကြရမှာ/ အရှိကိုလက်ခံပြီး ကိုယ့်အရှိတရားဟာ အခြားသူကို မနစ်နာ မထိခိုက်စေဖို့က ဖိုနဲ့မတင်မက လောကကြီးမှာ ကျင့်ကြံအပ်တဲ့အရာတွေ။ဆိုတော့ကာ စာတွေဖတ်တဲ့နေရာမှာ ကိုယ့်ဦးခေါင်းဟာ အဲဒီစကားလုံးတွေကို စုပ်ယူနေတယ်။ ခွဲခြမ်းစိတ်ဖြာပြီး ပယ်သင့်တာပယ်/ ယူသင့်တာယူ။ ဒါမှသာ အဆိပ်ကင်းမယ်။
ကိုယ်တစ်ကိုယ်စာ အမြင်ဟာအမှန်တရားမဟုတ်တာမို့ သတိနဲ့ယှဉ်ရေးမှ အဆိပ်ကင်းမယ်။ ကိုယ်ကြုံတဲ့အရာဟာ လူတိုင်းကြုံတာမဟုတ်လို့ အမှန်တရားမဟုတ်ဘူး။ ကိုယ့်အတွေး ကိုယ့်အမြင် ကိုယ့်အတွေ့အကြုံဟာ ကိုယ့်ဘဝကိုသာ ပိုပြီးကိုယ်စားပြုတယ်။ လောကတစ်ခုလုံးကို ကိုယ်စားမပြုပါ။
ငါတို့သောက်ဖုတ်ကအကွဲလေးနဲ့လှတယ်/နင်တို့ယဥက အတွန့်တွေနဲ့ မလှဘူးလို့ လူ့ဖြစ်တည်မှုတွေကို အပြစ်လိုက်တင်နေလို့မရပါ။ (ဒီဥပမာလေး လှတယ်၊ ဟီဟိ။)
__________________

ဝါနုသော်

ထောင်ထဲတုန်းက ရေချိုးနေရင်း စစ်​ပြေးတယောက်ရဲ့ ရင်ဘတ်မှာ အဲစာတန်း တက်တူးထိုးထားတာ​တွေ့တယ်..."သေမင်းကိုစိန်ခေါ်တယ်" တဲ့သူ့...
21/04/2026

ထောင်ထဲတုန်းက ရေချိုးနေရင်း စစ်​ပြေးတယောက်ရဲ့ ရင်ဘတ်မှာ အဲစာတန်း တက်တူးထိုးထားတာ​တွေ့တယ်...

"သေမင်းကိုစိန်ခေါ်တယ်" တဲ့

သူ့က စစ်တပ်ကပြေးတာ နှစ် ၂၀ လောက်ရှိပြီတဲ့ ဆိုက်ကားနင်းစားနေတာ... ဘယ်သူတိုင်တယ်ဆိုလား ဖမ်းခံရတာတဲ့.... အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရင်တုန်းက ပြေးခဲ့တဲ့ စစ်ပြေးတွေပါပြန်ဖမ်းတယ်... တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းမှာစိုးလို့လေ...

သူက ရင်ဖွင့်တယ်... ကျနော်ဗျာ အဲစာတန်းထိုးပြီးကတည်းက ကံမကောင်းတာတဲ့... စစ်ကြောရေးရောက်သေးတယ်... တီးခံရတာ သွားတွေလည်း ကျွတ်ထွက်ကုန်တယ်ဆိုပြီး သွားစေ့ပြတယ်... ဟုတ်မဟုတ်တော့ မသိ... အပေါ်သွား တချောင်းပဲကျန်တယ်...

ကျနော်လည်း အားပေးစကားပြောလိုက်ပါတယ်...
"သေမင်းကို စိန်ခေါ်တယ်" ဆိုတဲ့ အောက်မှာထပ်ထိုးလိုက်လေလို့...

"ဘွာတေး" ဆိုပြီး 😆😆

၂၀၂၆ သင်္ကြန်က ဘာလဲ ဆိုတော့…Nug CRPH ကကောင်တွေ၊တော်လှန်ရေး လုပ်စား လူလိမ်တွေကိုပြည်သူက ယဉ်ယဉ်ကျေးနဲ့…ယီး လှန်ပြတယ်ခေါ်တာ...
15/04/2026

၂၀၂၆ သင်္ကြန်က ဘာလဲ ဆိုတော့…

Nug CRPH ကကောင်တွေ၊

တော်လှန်ရေး လုပ်စား လူလိမ်တွေကို

ပြည်သူက ယဉ်ယဉ်ကျေးနဲ့…

ယီး လှန်ပြတယ်ခေါ်တာပေါ့…

၂၁ ကတည်း က ငါတို့ လမ်းပေါ်ထွက် ကြဆိုထွက်ကြ

သံပုံးခေါက်ဆိုခေါက်ကြ

ဆိုင်းလင့်သပိတ်

ပန်းသပိတ်

သနခါးသပိတ်

သပိတ်ပေါင်းစုံလုပ်ကြ..

တောထဲဝင် သင်တန်းတက်ဆိုတက်ကြ

ထောက်ပို့လုပ်ဆိုလုပ်ကြ

ကလစ်ဆို ကလစ်ကြ

ထီဝယ် ဘွန်းဝယ် ဆိုဝယ်ကြ…

သတင်းပေါက်တော့ ခံကြရတာ ပြည်တွင်းက…

ငါအမျိုးတွေ ရွာလည်း မရှိတော့ဘူး…

ငါ့ဆွေမျိုးတွေလည်း မစုံတော့ဘူး…

မင်းတို့ နှစ်ပတ်စုထားဆိုလို့ စုထားကြရင်းနဲ့…

ကြိတ်ခံ မှိတ်ခံ လိုက်ကြတာ…

ထောင်ထဲမှာ တချို့

သင်းချိုင်းမှာတချို့

ခြေမစုံ လက်မစုံ နဲ့ မဲဆောက်က မယ်တော်မှာတချို့

မင်းတို့ ဒလန်လို့ စွပ်စွဲ သတ်လို့ သေကုန်သူတွေ တချို့…

မင်းတို့ကြ ပြည်ပမှာ

အလုံးမပျက်

အရပ်မပျက်

ပိုလို့တောင် စီးပွါးတက်နေကြတယ်…

ပြည်တွင်းကို ဆူချင် ငေါက်ချင်သေးလား…

သေကုန်ကုန် တာ

ဘယ်ဝန်ကြီး ဘယ် CRPH ရဲ့ သားသမီးမှ မပါဘူး…

ငါတို့ ပြည်သူစစ်စစ်တွေ

ဒီ တခါ ကြိတ်ထားတဲ့ အံက

မင်းတို့ လာရင် ဆဲ ဖို့…

လို့မှတ်ထား…

စကစ ကို ထောက်ခံ လို့ သင်္ကြန် မှာကဲ တာလို့တော့ မထင်နဲ့

ငါတို့ ပေါက်ကွဲ နေတာ

ပေါက်ထွက်နေတာ

မင်း တို့ ကို

မြနန္ဒာသီချင်းဆိုရင်း

ယီး လှန်ပြနေတာ…။

မော်တော်ယာဉ်ပိုင်ရှင်များကောင်းမှု😁😁😁
10/04/2026

မော်တော်ယာဉ်ပိုင်ရှင်များကောင်းမှု
😁😁😁

ဟော်မုရေလက်ကြား ယီးမှမဖွင့်ဘူး ဟု နောက်တက်လာတဲ့ တောသီးနှိမ်နင်းရေး ဂိုဏ်းချုပ်အယာတိုလာအလီခါမေလတ် ပြော😏😏
23/03/2026

ဟော်မုရေလက်ကြား
ယီးမှမဖွင့်ဘူး ဟု
နောက်တက်လာတဲ့
တောသီးနှိမ်နင်းရေး ဂိုဏ်းချုပ်
အယာတိုလာအလီခါမေလတ် ပြော😏😏

92 လိုသလောက်ရပါမည်👉 First Comment
21/03/2026

92 လိုသလောက်ရပါမည်
👉 First Comment

Address

Yangon

Telephone

+959756756708

Website

Alerts

Be the first to know and let us send you an email when 7 Mile Liquor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7 Mile Liquor:

Share