Khin Myanmar Store

Khin Myanmar Store မသန်စွမ်း လူငယ်လေးများရဲ့ လက်မှုပစ?

ကပ်ဘေးအမျိုးမျိုးကိုကျော်လွှားနိုင်ပြီးအောင်မြင်သောအနာဂတ်များရရှိကြပါစေရှင့်
18/04/2022

ကပ်ဘေးအမျိုးမျိုးကိုကျော်လွှားနိုင်ပြီးအောင်မြင်သောအနာဂတ်များရရှိကြပါစေရှင့်

မြန်မာဝတ်စုံဆိုရင် ပန်းကြယ်သီးလေးတွေပါမှပို ပြီး ပြည့်စုံတယ်လို့ ထင်ကြတဲ့ ညီမလေးတွေ ရှိကြလား??ဒီက မမလည်း အတူတူပါပဲနော်။ ...
21/01/2021

မြန်မာဝတ်စုံဆိုရင် ပန်းကြယ်သီးလေးတွေပါမှပို ပြီး ပြည့်စုံတယ်လို့ ထင်ကြတဲ့ ညီမလေးတွေ ရှိကြလား??

ဒီက မမလည်း အတူတူပါပဲနော်။ မြန်မာဝတ်စုံချုပ်တိုင်း အပ်ချုပ်ဆိုင်က အဒေါ်ကြီးကို ပန်းကြယ်သီး မပါမဖြစ်တပ်ပေးဖို့ ပူဆာလေ့ရှိပါတယ်။ ပန်းကြယ်သီးမတပ်ရရင် ဘာလိုလို့ လိုနေမှန်းမသိဘဲ သိပ်မလှဘူးလို့ပဲ ထင်တတ်တဲ့သူပါ။ ရိုးရိုး ပြောင်ဝတ်တာထက်စာရင် အဝတ်အစားဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ ပန်းကြယ်သီးလေးပါခြင်းက ပိုမိုပြည့်စုံသွားစေပါတယ်....

အခုဆိုရင် မမအတွက် အရမ်းအဆင်ပြေသွားပါပြီ။
ခရမ်းရောင်ကြာပန်းမသန်စွမ်း အမျိုးသမီးလေးတွေ ကိုယ်တိုင်ချုပ်တဲ့ ပန်းကြယ်သီးလေးတွေ အားပေးပြီး မြန်မာဝတ်စုံချုပ်တိုင်း ကိုယ်တပ်ချင်တဲ့ ပုံစံကို ယူသွားလိုက်တာပါပဲ။ မသန်စွမ်းတဲ့ သူတွေလုပ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ သူတို့က သန်စွမ်းသူတွေထက် စိတ်ကူးစိတ်သန်းပိုကောင်းပြီး လက်ရာသေသပ်ကြတယ်။ ချုပ်ရိုးပြေတာတွေ ဘာတွေမရှိဘူး။ အရောင်စုံ ၊ဒီဇိုင်းစုံ ၊ပန်းပေါင်းစုံ ချုပ်ထားတော့
ကိုယ့်စိတ်ကြိုက် လိုချင်သလောက် ဝယ်လို့ရပါတယ်။ ဈေးကလည်း အရမ်းအရမ်းကိုမှ တန်ပါတယ်...

အခုလို ခက်ခဲနေတဲ့ ကာလမှာ သူတို့လေးတွေ အလုပ်အကိုင်ရရှိစေဖို့ မမတို့ Khin Myanmar Store က သူတို့လုပ်တဲ့ Handmade လေးတွေကို ကိုယ်စားယူရောင်းပေးပါတယ်။ ပန်းကြယ်သီး ခရေဇီမို့ပဲ ဖြစ်ဖြစ်၊ သူတို့လေးတွေကို စာနာလို့ပဲဖြစ်ဖြစ် တတ်နိုင်သလောက် အားပေးကြပါဦး။ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ ငွေပမာဏလေးဟာ သူတို့မိသားစုအတွက်တော့ ညစာတစ်နပ်စာဖြစ်စေနိုင်ပါတယ်။ လူသားအချင်းချင်း မခွဲခြားဘဲ ကျွန်မတို့ အတူတူဝိုင်းပြီး ကူညီကြရအောင်နော်.... ☺

မမတို့ရဲ့ မေတ္တာစေတနာကို ပြသတဲ့အနေနဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုလုပ်အားကို အသိအမှတ်ပြုကြပါစို့...☺☺


#မသန်စွမ်းအမျိုးသမီးများ

#ပန်းကြယ်သီး

ငယ်ငယ်တုန်းက ကျောပိုးအိတ်တို့၊ စက်ဘီးသော့တို့မှာ ကီးချိန်းလှလှလေးတွေ တပ်ရတာ ကြိုက်ခဲ့တဲ့သူတွေရှိလား??မမကတော့ ကီးချိန်း လ...
18/01/2021

ငယ်ငယ်တုန်းက ကျောပိုးအိတ်တို့၊ စက်ဘီးသော့တို့မှာ ကီးချိန်းလှလှလေးတွေ တပ်ရတာ ကြိုက်ခဲ့တဲ့သူတွေရှိလား??

မမကတော့ ကီးချိန်း လှလှလေးတွေ မြင်ရင် မ၀ယ်ဘဲ မနေနိုင်တဲ့သူပါ။ အခုလည်း အိမ်သော့နဲ့ ကားသော့တွေ၊ စလင်းဘတ်အိတ်တွေမှာ ကီးချိန်း လှလှလေးတွေ တပ်ထားဆဲပါပဲ။
ကီးချိန်း တပ်ခြင်းက ကိုယ့်အသုံးအဆောင်အိတ်ကလေးတွေကို ချစ်စရာကောင်းသွားစေရုံတင်မကပါဘူး။ သော့တွေမှာ ကီးချိန်း တပ်ထားရင် အလွယ်တကူရှာရလွယ်‌စေတယ်ဆိုတာ အားလုံးပဲ ကြုံဖူးကြမယ်ထင်ပါတယ်။ သော့ပျောက်တတ်လွန်းတဲ့ ကျွန်မအတွက်တော့ သော့တိုင်းမှာ ကီးချိန်း လေးတွေမဖြစ်မနေကို တပ်ထားရပါတယ် 😁😁

အခုမမတို့ဆီမှာ ပုလဲလုံးတွေနဲ့ ဖန်တီးထားတဲ့ ကီးချိန်း လှလှလေးတွေ ရောက်နေပါတယ်။ အစက ရိုးရိုး ခြေ၊လက်မသန်စွမ်းတဲ့သူလေးတွေလုပ်ထားတယ်ထင်ခဲ့ပေမယ့် ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေ လုပ်ထားတယ်ဆိုတာ သိရတော့ အရမ်းအံ့ဩရပါတယ်။ သန်စွမ်းသူတွေတောင် သေချာအသေးစိတ်လုပ်ရတာ၊ သူတို့လို ဉာဏ်ရည်အားနည်းတဲ့ကလေးတွေ တော်တော်အချိန်ယူကြိုးစားရမှာပဲဆိုတဲ့ အသိကြောင့် လေးလည်းလေးစားသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ သူတို့လုပ်ထားတာလေးတွေက သပ်သပ်ရပ်ရပ်ရှိသလို အရောင်အသွေးအစုံအလင်နဲ့ တော်တော်လှပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ အားထုတ်မှုကို အသိအမှတ်ပြုချင်လို့ အများကြီး အားပေးထားပါတယ်💕💕

အခုဒီစာကိုဖတ်နေတဲ့ ချစ်ရသူတွေလည်း ကီးချိန်း လေးတွေ အားပေးပြီး ဉာဏ်ရည်မသန်စွမ်းတဲ့ကလေးတွေကို ဖေးမပေးဖို့ တောင်းဆိုပါတယ်။ ကျွန်မတို့ သန်စွမ်းသူတွေတောင် ခက်ခဲနေတဲ့အချိန်မှာ သူတို့လေးတွေအတွက် အလုပ်အကိုင်ရရှိဖို့ဆိုတာ တကယ်ကို မလွယ်ကူလှပါဘူး။ အမှတ်တရ လက်ဆောင်ပေးချင်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်သုံးဖို့ပဲ ဖြစ်ဖြစ်
ဉာဏ်ရည်မသန်စွမ်းတဲ့ကလေးတွေကို ကူညီတဲ့အနေနဲ့ ကီးချိန်းလေးတွေ အားပေးကြပါဦးနော်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာတော် မူကြပါစေရှင်🙏🙏




#ပုလဲကီးချိန်း

ဒီနေ့ခေတ်မှာ နားကြပ်မသုံးတဲ့လူဆိုတာ တော်တော်ရှားမယ်ထင်ပါတယ်နော်...😉ကိုယ့်တစ်ယောက်တည်း ကြားဖို့သာ လိုအပ်တဲ့ အသံတိုင်းအတွက...
14/01/2021

ဒီနေ့ခေတ်မှာ နားကြပ်မသုံးတဲ့လူဆိုတာ တော်တော်ရှားမယ်ထင်ပါတယ်နော်...😉

ကိုယ့်တစ်ယောက်တည်း ကြားဖို့သာ လိုအပ်တဲ့ အသံတိုင်းအတွက် နားကြပ်ကို မဖြစ်မနေသုံးသင့်ပါတယ်။ အပြင်သွားတဲ့အခါ နားကြပ်ကို ဖြစ်သလိုပဲ အိတ်ထဲထည့်သယ်သွားတတ်ရင် တော့အခုကစပြီး အလွယ်မလုပ်ဖို့ မှာချင်ပါတယ်နော်...

ကျွန်မတို့ရဲ့ ကျောပိုးအိတ်၊ လက်ကိုင်အိတ်တွေထဲမှာ မမြင်နိုင်တဲ့ ပိုးမွှားတွေ အများကြီး ခိုအောင်းနေနိုင်ပါတယ်။ အဲဒီပိုးတွေက နားကြပ်ထဲကို ၀င်ပြီး နားကြပ်ကတစ်ဆင့်
နားကိုက်ခြင်း၊ နားယားယံခြင်းစတဲ့ နားနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ် 😔😔 ဒါ့အပြင် နားကြပ်တွေကိုအလွယ်တကူ အိတ်ထဲထိုးထည့်ခြင်းဟာ အမြန်ပျက်လွယ်ပြီး ပိုက်ဆံအပိုကုန်နိုင်ပါတယ်။ ဒါကြောင့် နားကြပ်ကို အသုံးမပြုဘဲ နေတဲ့အချိန်မှာ အိတ်ကလေးထဲ ထည့်ပြီး သိမ်းထားတာ အကောင်းဆုံးပါပဲ...

ကျွန်မတို့ Khin Myanmar Store ကနေ ဒီတစ်ခေါက် မိတ်ဆက်‌ပေးချင်တဲ့ပစ္စည်းကတော့
မသန်စွမ်းအမျိုးသမီးလေးတွေကိုယ်တိုင် စနစ်တကျ ချုပ်လုပ်ထားတဲ့ နားကြပ်ထည့်စရာ အိတ်လှလှလေးတွေပဲ ဖြစ်ပါတယ်....
တစ်ပတ်တစ်ခါလောက် လျှော်သုံးလို့ရပြီး ဇစ်ပါတဲ့ ချည်သားနားကြပ်အိတ်ကလေးတွေကို ကျွန်မတို့ဆီက ၀ယ်ယူအားပေးလို့ရပါတယ်။

အခုလို အခက်အခဲဖြစ်နေကြတဲ့ Covid ကာလမှာ မသန်စွမ်းသူလေးတွေရဲ့ စား‌ဝတ်နေရေးပြေလည်ဖို့အတွက် ရည်ရွယ်ပြီး ရောင်းချပေးနေတဲ့ ဒီ Handmade အိတ်ကလေးတွေကို ၀ယ်ယူပြီး မသန်စွမ်းအမျိုးသမီးတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး အန္တရာယ်ကင်းကြပါစေရှင်... ☺




ကိုဗစ်ကြီးကလည်း အခုချိန်ထိမပြီးနိုင်သေးဘူးနော်😒😒ချစ်ရတဲ့သူတွေလည်း လွတ်လွတ်လပ်လပ်မနေရတာကြာတော့ ငြီးငွေ့နေကြမယ်ထင်ပါတယ်......
11/01/2021

ကိုဗစ်ကြီးကလည်း အခုချိန်ထိမပြီးနိုင်သေးဘူးနော်😒😒
ချစ်ရတဲ့သူတွေလည်း လွတ်လွတ်လပ်လပ်မနေရတာကြာတော့ ငြီးငွေ့နေကြမယ်ထင်ပါတယ်...
ဒါပေမယ့် အားတင်းထားကြပါဦး💪💪
မကြာမီ လှပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်လို့ယုံကြည်ပါတယ်🥰🥰...

ဒီကပ်ရောဂါကြီး မပြီးသေးသ၍တော့ ကျွန်မတို့အားလုံးအတူတူ တိုက်ပွဲဝင်နေရဦးမှာပါပဲ....
Covid ကိုတိုက်ဖို့အတွက် အကောင်းဆုံးလက်နက်တွေထဲမှာ Mask တွေဟာ ထိပ်ဆုံးကပါနေပါသေးတယ်....😷😷

တစ်ခုရှိတာက တစ်ခါသုံး Mask တွေသုံးတဲ့အခါ ခဏခဏပြန်သုံးတာမျိုးမလုပ်ဘဲ တစ်ခါသုံးပြီးတာနဲ့ စနစ်တကျ လွှင့်ပစ်စေချင်ပါတယ်။ Mask တွေကို ကြုံရာနေရာမှာ လွှင့်ပစ်တာမျိုးလည်း မလုပ်ပါနဲ့နော်...🤗🤗

တစ်ခါသုံး Mask တွေ မသုံးချင်တဲ့သူတွေအတွက် ကျွန်မတို့ Khin Myanmar Store က ခဏခဏ လျှော်ဖွပ်ပြီး ပြန်သုံးလို့ရတဲ့ ချည်သား Mask ကလေးတွေ ရောင်းပေးနေပြီနော်😊😊

ဒီချည်သား Mask လေးတွေဟာ မသန်စွမ်းအမျိုးသမီးတွေ ကိုယ်တိုင် စနစ်တကျ ချုပ်လုပ်ပြီး ပိုးသတ်ပေးထားလို့ စိတ်ချယုံကြည်စွာ အသုံးပြုလို့ ရပါတယ်...😍😍

ရိုးရိုး mask မသုံးချင်ဘူး။ ဒီဇိုင်းလှလှလေးတွေ မှ တပ်ချင်ပါတယ်ဆိုသူတွေအတွက်လည်း သပ်ရပ်လှပတဲ့ Mask ကလေးတွေကို စိတ်တိုင်းကျ ပြုလုပ်ပေးပါတယ်...

အခုလို သူသူကိုယ်ကိုယ် ခက်ခဲနေတဲ့ အချိန်မှာ
မသန်စွမ်းအမျိုးသမီးလေးတွေအတွက် အလုပ်အကိုင်ရရှိအောင် ချည်သား Mask လေးတွေ ဝယ်ယူအားပေးစေချင်ပါတယ်....😊😊
အားငယ်သူကို အားပေးခြင်းဟာလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလားရှင်🙏🙏




#မသန်စွမ်းသူလေးများ၏

Handmade စစ်စစ်လေးတွေကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါရှင်...အရင်ဦးဆုံး ဒီ Pageလေး စတင် ဖြစ်...
07/01/2021

Handmade စစ်စစ်လေးတွေကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါရှင်...
အရင်ဦးဆုံး ဒီ Pageလေး စတင် ဖြစ်ပေါ်လာပုံကို ရှင်းပြပေးချင်ပါတယ်။
တကယ်တော့ " ခရမ်းရောင်ကြာပန်း- မသန်စွမ်းသူများစီးပွားရေးအဖွဲ့ "ကနေ မသန်စွမ်းသူလေးများ ကိုယ်တိုင်လုပ်တဲ့ Handmade ပစ္စည်းတွေကို လွန်ခဲ့တဲ့ (၆)နှစ်ကတည်းက အပြင်‌ ဈေးကွက်မှာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ဒီအဖွဲ့လေးကို လူသိနည်းကြသေးတော့ မျှော်မှန်းသလောက်
မရောင်းချနိုင်ခဲ့ပါဘူး။ အခုချိန်ထိ ခိုင်မာတဲ့ ဈေးကွက်နဲ့ မထုတ်နိုင်သေးပါဘူး...

ဒါကြောင့် ကျွန်မတို့ Khin Myanmar Store Page ကတစ်ဆင့် မသန်စွမ်းသူလေးများရဲ့ Handmade ပစ္စည်းတွေကို လူတွေပိုသိပြီး ၀ယ်ယူအားပေးနိုင်အောင် တစ်ဖက်တစ်လမ်းက ကူညီရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ရောင်းချပေးတယ်ဆိုတာကလည်း ကျွန်မတို့အကျိုးအမြတ်အတွက် မဟုတ်ဘဲ တကယ် ဒုက္ခရောက်နေကြတဲ့ မသန်စွမ်းလေးတွေကို ပုံမှန် အလုပ်အကိုင်ရရှိအောင် ကြိုးစားပေးချင်တဲ့ စေတနာကြောင့်ပဲ ဖြစ်ပါတယ်...

အခုလို အစစအရာရာ ခက်ခဲကျပ်တည်းနေတဲ့ Covid ကာလမှာ သူတို့လေးတွေ စိတ်ဓာတ်ကျမသွားအောင် ကျွန်မတို့က ဝိုင်း၀န်းပြီး စိတ်ခွန်အားပေးကြဖို့ လိုပါတယ်။ တကူးတက မလှူဖြစ်ရင်တောင် သူတို့အားစိုက်ပြီး လုပ်ထားတဲ့ Handmade ပစ္စည်းလေးတွေကို ၀ယ်ယူအားပေးခြင်းဖြင့် ကူညီပေးလို့ရပါတယ်။

ပြည့်ပြီးသား အိုးတွေကို ရေထပ်မဖြည့်ဘဲ လိုအပ်နေတဲ့ ရေအိုးလေးတွေကို ကူညီဖြည့်စွက်ပေးခြင်းဖြင့် တန်းတူညီမျှတဲ့ လူမှုအသိုက်အ၀န်းတစ်ခုကို ကျွန်မတို့ ဖန်တီးလို့ရပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေက စိတ်ကောင်းရှိပြီး ကူညီတတ်သူတွေပီပီ ဒီလိုမျိုး ကုသိုလ်လည်းရ ၀မ်းလည်း၀ အစီအစဉ်လေးမှာ ပါ၀င်ပေးမယ်လို့ ယုံကြည်ပါတယ်ရှင်...

လောလောဆယ်တော့ ကျွန်မတို့ Pageကနေ
မသန်စွမ်းသူလေးများ ကိုယ်တိုင်ချုပ်လုပ်တဲ့
(1) Mask
(2)သတို့သမီး လက်ကိုင်ပန်း
(3) Earphone bag
(4) ပုလဲ Keychain
(5) ပန်းကြယ်သီး လေးတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဈေးလည်းလုံး၀မကြီးစေရပါဘူးရှင်။ ပစ္စည်းလေးတွေအကြောင်း အသေးစိတ်သိချင်ရင် Page ရဲ့ Send message ကိုနှိပ်ပြီး ၀င်ရောက်လေ့လာလို့ရပါတယ်...
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ☺

#မိမိသူငယ်ချင်းတွေပါ သိရအောင် ဒီ post လေးကို ကူညီ Share ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ရှင်...🙏🏻



#မသန်စွမ်းသူများ၏လုပ်အား

လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲🇲🇲🇲🇲လွတ်လပ်ရေးရဲ့ အရသာကို အခုလို ကပ်ရောဂါ ဖြစ်တဲ့ အချိန်မှာ ပိုပြီး သိသွားကြမယ်ထင်ပါတယ်။Mask မတပ...
03/01/2021

လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲🇲🇲🇲🇲

လွတ်လပ်ရေးရဲ့ အရသာကို အခုလို ကပ်ရောဂါ ဖြစ်တဲ့ အချိန်မှာ ပိုပြီး သိသွားကြမယ်ထင်ပါတယ်။
Mask မတပ်ချင်လည်းတပ်ရ၊ လူစုလူဝေးနဲ့လည်း မပျော်ပါးရ၊ ယုတ်စွအဆုံး ကိုယ့်မိသားစု ဆုံးပါးသွားရင်တောင် လိုက်ပါပို့ဆောင်ခွင့်မရနဲ့ ထိန်းချုပ်ခြင်းခံရတာ တော်တော်ဆိုးပါတယ်။ သူ့ကျွန်ဘ၀တုန်းကဆို ကိုယ်ပိုင်အခွင့်အရေးဘာမှ မရတာမို့ အခုထက်ပိုဆိုးပါလိမ့်မယ်။
ဒါကြောင့် လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ခဲ့ကြတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားသောအားဖြင့် လွတ်လပ်ရေးကို တန်ဖိုးထားကြပါစို့။

Happy Independence Day 🇲🇲



ကံကောင်းမှုတွေ ထုံလွှမ်းမယ့် နှစ်သစ်ဖြစ်ပါစေ...လာမယ့်နှစ်သစ်မှာ အဆိုးတွေ ထပ်မကြုံရဘဲ ဒီရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံး ကင်း...
31/12/2020

ကံကောင်းမှုတွေ ထုံလွှမ်းမယ့် နှစ်သစ်ဖြစ်ပါစေ...
လာမယ့်နှစ်သစ်မှာ အဆိုးတွေ ထပ်မကြုံရဘဲ ဒီရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံး ကင်းလွတ်နိုင်ပါစေလို့ Khin Myanmar Store မိသားစုမှ ဆုတောင်းလိုက်ပါတယ်...

Happy New Year 🎉🎊🎈💕



သာယာတဲ့ ခရစ္စမတ်နေ့ကောင်းလေး🎄 ဖြစ်ပါစေ... အခုလို ပျော်စရာကောင်းတဲ့ ခရစ္စမတ်နေ့လေးမှာ အားလုံးပဲ လိုချင်တဲ့လက်ဆောင်တွေ အမျ...
25/12/2020

သာယာတဲ့ ခရစ္စမတ်နေ့ကောင်းလေး🎄 ဖြစ်ပါစေ...
အခုလို ပျော်စရာကောင်းတဲ့ ခရစ္စမတ်နေ့လေးမှာ အားလုံးပဲ လိုချင်တဲ့လက်ဆောင်တွေ အများကြီးရကြပါစေ... တောင့်တသမျှ ဆုတွေလည်း အမြန်ဆုံး ပြည့်စုံနိုင်ပါစေလို့ Khin Myanmar Storeမှ ဆုတောင်းပေးလိုက်ပါတယ်

Merry Christmas to you all🎅🎅🎅


နှစ် (၁၀၀)ပြည့် မြန်မာအမျိုးသားနေ့ 💯🇲🇲 ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်သော နှစ် (၁၀၀)ပြည့် "မြန်မာအမျိုး...
09/12/2020

နှစ် (၁၀၀)ပြည့် မြန်မာအမျိုးသားနေ့ 💯
🇲🇲 ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်သော နှစ် (၁၀၀)ပြည့် "မြန်မာအမျိုးသားနေ့"ကို Khin Myanmar.Store မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည် 🎊🇲🇲



18/10/2020

မသန်စွမ်းသူများ ကိုယ်တိုင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ်သော ထုတ်ကုန် ပစ္စည်း များကို ကျွန်မတို့ရဲ့ မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

#မြန်မာ့လက်မှုပစ္စည်းများ

Address

Tugyi

Telephone

+959795812917

Website

Alerts

Be the first to know and let us send you an email when Khin Myanmar Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share