16/10/2025
EFI ဆိုတာ ... အပိုင်း (၂)
ဆက်လက်ပြောပေးမှာက input ပိုင်းက ဆင်ဆာတွေအကြောင်းပါ။
ပထမဆုံးပြောချင်တဲ့ ဆင်ဆာ က
EOT /ECT
engine oil temperature/Engime coolent temperature လို့အလွယ်ခေါ်တဲ့ EOT ဆင်ဆာဟာ ဆင်ဆာပေါင်းစုရဲ့ မရှိမဖြစ်ဆင်ဆာတစ်ခု အရေးပါတဲ့ဆင်ဆာတစ်ခုလို့ပြောရင်လဲ မမှားပါဘူး။ အင်ဂျင်ရဲ့ အပူချိန်ကိုသိရှိအောင် လုပ်ဆောင်ပေးတဲ့ ဆင်ဆာပါ။ EOT လို့ပြောရင် စလစ်အိုး ရဲ့အခြေမှာ တည်ရှိနေနိုင်ပီးတော့ ECT လို့ပြောရင် ရေတိုင်ကီ သို့မဟုတ် ရေလိုင်းအတွင်းတနေရာရာမှာတည်ရှိနေနိုင်ပါတယ်။ သူရဲ့ အခြေမှာ နှစ်ပင်ပဲ ဝင်ဖို့လိုလိမ့်မယ်။
တစ်ပင်က Gnd လို့ခေါ်တဲ့ -အဝင် ဖြစ်ပီးတော့ တစ်ပင်က ecu အထွက် 5-5.5v ရှိတဲ့ စစ်ကနယ်ကြိုးပါ။ EOT ဟာ V လုံးဝ ပြန်မထွက်ပါဘူး။ (V ထွက်တယ်လို့ပြောကြတဲ့ ဆာ့ဆာတေ အကုန် တာ့တာပါ။) သူက ပြောင်းလဲလာတဲ့အပူပေါ်မှာ ခုခံမူလို့ခေါ်တဲ့ resistence တွေပြောင်းလဲလာပီးတော့ ECUရဲ့ အညွှန်း V အားကို စားပစ်တာပါ။ သူစားလိုက်တဲ့ V အားရဲ့ အတိုးအလျော့ကို ECU က ထောက်လှမ်းပီးမှ အပူချိန်ဘယ်လောက်ဆိုတာကိုတွက်ယူပါတယ်။
ဆိုလိုတာက အပူချိန် သုံးဆယ့်ငါး°C မှာ ECU ရဲ့ အညွှန်း V ကို 2V ကျော် စားပလိုက်ပီးတော့ ဆင်ဆာကို ကြိုးတပ်ထားမယ်ဆိူရင် ကြိုးကို ဖေါက်တိုင်းရင် 2V ကျော်ယုံလေးပဲပြနေမှာပါ။ အကယ်၍ ဆင်ဆာရဲ့ ဆော့ကက်ကိုဖြုတ်ချိန်မှာတော့ ECU က ကြွေးထားတဲ့ 5V ကိုတွေ့ရမှာပါ။ ဒါကသူ့ရဲ့အလုပ်လုပ်ပုံပါ။ သူဟာ အပူချိန်မြင့်လာရင် ခုခံမူမြင့်လာပါတယ်။ အဲ့သည့်အခါ အထွက် V လျော့သွားမှာပါ။ အကယ်၍ ဖြုတ်တိုင်းမယ်ဆိုလဲ room temperature ရှိနေလ်ု့ 5v နီးပါး မထွက်ပါဘူး။ ရေခဲရေထဲ ထည့်စမ်းမယ်ဆိုရင်တော့ ohm လို့ခေါ်တဲ့ resistance လျော့ကျသွားမှာမို့ v အထွက် ပိုလာနိုင်ပါတယ်။ EOT/ECT ပျက်စီးနေမယ်ဆိုရင်တော့ ECU က အင်ဂျင်ရဲ့ပကတိအပူချိန်ကို မသိရလို့ ဆီပေးတိုင်ပင်ကို မချိန်ညှိနိုင်ပါဘူး။ EOT က ပူနေတယ်လို့ အချက်ပြခဲ့ရင် အင်ဂျင်က ဆီလျော့ကျွေးဖို့လိုနေပီလို့သိတဲ့အခါ ECU က ဆီလျော့ပါတယ်။
အင်ဂျင်အေးနေရင် ECUက ဆီပိုပေးပါတယ်။ အပူချိန်ကိုပြရာမှာ ပျက်စီးနေတဲ့ ဆင်ဆာဖြစ်ခဲ့ရင် အပူချိန်ကိုမပြောင်းလဲပဲ တသတ်မှတ်ထဲပြနေမှာပါ။ ဆိုပါစို့ - 45°C ကိုအမြဲပြနေရင် ECUက အမြဲဆီပိုပေးနေလို့ အင်ဂျင်အင့်တာပလပ်လဲရတာတွေ ဆီမီးခိုးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ EOT/ECT က error code လို့ခေါ်တဲ့ ချက်မီးအရေအတွက်နှင့် ပြရင်တော့ 7ချက် အမြဲပြနေမှာပါ။ မပြုပြင်ခဲ့ရင်တော့ error ကုတ်ဟာ ပြန်ပျောက်သွားပီးတော့ ECU က အသေမှတ်ယူသွားနိုင်ပါတယ်။ နောက်တကြိမ် eot အသစ်လဲသည့်တိုင် -45°c ဟာမပြောင်းဘဲ အသေဖြစ်နေတာ အင့်မြဲ မြဲအင့်နေတာ စတဲ့ ပြသနာတွေကြုံလာရပါတယ်။
ဆောင်းပါးရဲ့အဆုံးပိုင်းမှာ wrong progrem ဖြစ်နေတဲ့ ecu တွေကို ဘယ်လို reflash လုပ်မလဲဆိုတဲ့နည်းကိူပါ ရေးပေးပါ့မယ်။ အနိူးခက်မယ် လီဘာရုတ်တရက် မလိုက်လာတာ။ ဆီမီးခိုးထွက်တာ ပလပ်စားတာ ဒါတွေဟာသူ့ရဲ့လက္ခဏာတွေပါ။
စစ်ဆေးနည်းအနေနဲ့ ECU အထွက်က အညွှန်း V အား 5V လာရဲ့လား. မလာရင် ဝါယာလိုင်းစစ၊် ဝါယာမှန်နေရင် ECU လဲရမှာပါ။ အညွှန်းV လာနေခဲ့ရင် ကျန်တဲ့ gnd - ကြိုးဆက်သွယ်မူပြတ်မပြတ် စစ်ရမှာပါ။ အဲ့ဒါတွေအကုန်မှန်နေရင်တော့ eot ဆော့ကက်တပ်ပါ။ ecu ကလာတဲ့ကြိုးကိုဖေါက်ပီး V တိုင်းရပါမယ်။ 5vထက် လျော့က်ုလျော့သွားရမှာပါ။ လီဘာဆွဲကြည့် ပူလာလေ v လျော့လေ ဖြစ်တာမှန်ရင် eot ဆင်ဆာကောင်းပါတယ် ။ အပြောင်းလဲမရှိ v တွေငြိမ်နေမယ်ဆိုရင်တော့ ဆင်ဆာလဲလှယ်ရပါမယ်။ ဒါက EOT /ECT အကြောင်းပါပဲ။
နောက်တစ်ခုကတော့ IAT ပါ။
Intake air temperature လို့ခေါ်တဲ့ အဝင်လေ အပူချိန်အာရုံခံ ဖြစ်ပါတယ်။ အေးနေတဲ့ လေဟာ သိပ်သည်းဆ ပိုမိုများတာကြောင့် oxygen ပါဝင်မူနှုံး များပါတယ်။ မနက်စောစော လေကို တဝရှုကြည့်ပါ။ နေ့လည်တစ်ကြိမ်ရှုပါ။ မတူတာတွေ့ရပါမယ်။ IAT ဆင်ဆာဟာ Throttle body လို့ခေါ်တဲ့ လီဘာဆငိဆာအုံ အတွင်း လေလမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ( မပါတဲဘီးတွေလဲရှိပါတယ်) သူ့ရဲ့အလုပ်က EOT နဲ့ဆန့်ကျင်ဘက်ပါ။ သူလဲ EOT လိုပဲ ECUရဲ့ အညွှန်းV 5Vကို ယူထားပီး ကျန်တချောင်းက Gnd- ပါ။ မတူတာတစ်ခုက eot က ပူလေ v ကျလေဖြစ်ပီးတော့သူကတော့ ပူလေ v တက်လေပါ။ အလုပ်လုပ်ပုံခြင်းကတော့အတူတူပါပဲ။ သူ့ကိုလဲစစ်ဆေးမယ်ဆို ecuက အညွှန်းv ကိုတိုင်းတာရပါမယ်။ gnd- ကြိုးလွတ်မလွတ်တိုင်းရပါမယ်။ ဆင်ဆာကို hair dryer လိုကောင်မျိုးနဲ့ အပူပေးရင်ပူလေ ohm ကျလာလေဖြစ်ရပါမယ်။
မကျလာရင်ဆင်ဆာလဲရမှာပါ။ အညွှန်းV မဝင်လာရင် ECU လဲရမှာပါ။ ကော်အချောင်း လေးဖြစ်တာကြောင့် ရေနွေးစိမ်ခြင်း နှဲ့ ခြင်းမှာမလုပ်ဖို့လိုပါတယ်။ ဒါက IAT အကြောင်းပါ။
electronic ပိုင်းတွေဖြစ်တာကြောင့် v အနည်းအများနဲ့ပဲ ecu က ထောက်လှမ်းရပါတယ်။
လိုအပ်တာများရှိခဲ့ရင်လဲ ထောက်ပြပေးကြပါ။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ ပြည့်ဝကြပါစေ။
Credit: ရဲရင့်သာဝေပိုင်