Ma Tar-Shine Hope

Ma Tar-Shine Hope Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Tar-Shine Hope, Shopping Service, No. 928, Yay Kan Yat A Paw Lan, Thein Kone quarter, Mon state, Thaton.

06/04/2024
05/04/2024

"တစ်နေ့ဒုက္ခမရောက်ချင်ရင် ရပ်ပစ်ရမယ့် အလိမ်အညာ (၃) ခု"

တစ်ခါတလေ ဘေးလူတွေကို အမှန်အတိုင်း မပြောမိတာ လက်ခံနိုင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေတာကိုတော့ လုံးဝခွင့်မလွှတ်သင့်ဘူး။

ကိုယ့်ဘဝကို အလိမ်အညာတွေနဲ့ တည်ဆောက်ထားသူဟာ တစ်နေ့မှာအကုန်ပြိုလဲမှာပဲ။

တိုးတက်ချင်ရင် ကိုယ့်ရဲ့ပြစ်ချက်တွေကို အရိုးသားဆုံးဝန်ခံဖို့လိုတဲ့အတွက် ရပ်ပစ်ရမယ့် အလိမ်အညာသုံးခုကို မျှဝေလိုက်ပါတယ်။

ငါ့မှာအချိန်မရှိဘူး
******************

အများစုက အချိန်မရှိတာထက် အချိန်နဲ့ Energy ကို သေချာ မစီမံနိုင်တာဖြစ်တယ်။

အိပ်မက်တွေနောက်လိုက်ဖို့၊ သင်ယူလေ့လာဖို့အချိန်မရှိပေမဲ့ အပျော်အပါးအတွက် တော့ အားလပ်နေတတ်ကြတယ်။

လူတိုင်းမှာဖိအားတွေ၊ တာဝန်တွေ ရှိတယ်။ အောင်မြင်သူတွေလည်း ဒီလိုပဲစတင်ခဲ့ရတယ်။

အလုပ်တစ်ခုက ကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဆိုတာ သေချာရင် အချိန်ရှာပေးရမှာကိုယ့်တာဝန်ပဲ။

ဒါကသိပ်မဆိုးလှဘူး
********************

အချိန်ဖြုန်းတာ၊ အဆိပ်အတောက်ဖြစ်သူတွေနဲ့ပေါင်းတာစတဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ဒုက္ခမရောက်နိုင်ဘူးထင်ရင် ပြန်စဉ်းစားဖို့လိုနေပြီ။

တစ်နေ့ကိုနည်းနည်းစီ တိုးတက်သွားသူက နှစ်တွေကြာရင် မမှတ်မိလောက်အောင် ပြောင်းလဲနိုင်သလို နည်းနည်းစီ ဆုတ်ယုတ်နေသူကလည်း ပြင်မရအောင် ပျက်စီးသွားနိုင်တယ်။

ဒါကြောင့် ဘာကိုမှ လွယ်လွယ်မတွေးဘဲ နောက်မကျခင် အပြောင်းအလဲလုပ်ဖို့ လိုတယ်။

ငါ့မှာမပြည့်စုံသေးဘူး
**********************

တစ်ခုခုကိုစတင်ဖို့ အားလုံးပြည့်စုံတဲ့နေ့ကိုစောင့်နေတာက အချိန်ဆွဲတာထက်မပိုဘူး။

အဆုံးသတ်မှာ ဒုံရင်းအတိုင်းရှိနေတဲ့ ရလဒ်ကအတူတူပဲ။ ဘယ်သူမဆို ပထမအကြိမ်မှာ တလွဲလုပ်မိမှာပဲ။

စောစောမှားထားမှ နောက်အရေးကြီးတဲ့အချိန်မှာ မှန်နိုင်မှာဖြစ်တယ်။

စိတ်မပါတာ၊ မတက်ကြွတာ၊ လိုအပ်ချက်မပြည့်စုံတာ စတဲ့ဆင်ခြေတွေနဲ့ ဘဝကိုဒုံရင်းအတိုင်းနေမလား၊

လိုချင်တဲ့နေရာရောက်ဖို့ အလွဲတွေကို ဇွဲကောင်းကောင်းနဲ့ သည်းခံတိုးတက်သွားမလား ဆုံးဖြတ်ဖို့လိုတယ်။

အမှန်တရားကခါးပေမဲ့ အလိမ်အညာတွေကချိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်မိတတ်ကြတယ်။

ဒါပေမဲ့ ဒီအလိမ်အညာတွေရဲ့နောက်မှာပါလာမယ့်နာကျင်မှု၊ နောင်တတွေက ချိုနိုင်မှာမဟုတ်လို့ အချိန်မီရပ်ပစ်ဖို့လိုပါလိမ့်မယ်။

"ဈေးကြီးလွန်းတဲ့အိပ်မက်တွေအတွက်
ပေးဆပ်မှုလည်းများတတ်တယ်"

ဘဝရဲ့ နာကျင်မှုတွေကြား ရှေ့ဆက်ဖို့ခွန်အားရှာမရတဲ့အခါ အနာဂတ်က ကိုယ်နဲ့စကားပြောကြည့်ပါ။

ငါသာ ဒီတောင်ကို မကျော်နိုင်ခဲ့ရင်
ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်နေမှာလား။

တောင်ထိပ်နဲ့ မဝေးတော့တဲ့အချိန်မှာ စုပုံလာတဲ့ကြိုးစားမှုမှန်သမျှ လက်လွှတ်ခဲ့တဲ့အတွက် နောင်တရနေမှာလား ပြန်မေးဖို့လိုတယ်။

ဘဝမှာ တိုးတက်မှုကြောင့်ရတဲ့နာကျင်မှုနဲ့ နောင်တကြောင့်ရတဲ့ နာကျင်မှုကို မရောမိစေနဲ့။

နာကျင်မှုတစ်ခုက အိပ်မက်တွေဆီလမ်းပြပေးတယ်။ နောက်တစ်ခုက ကိုယ်ကြိုးစားရင်ဖြစ်နိုင်ခဲ့တဲ့ အရာတွေဆီလမ်းပြတယ်။

သက်တံ့တွေ မြင်ချင်ရင် မိုးသည်းတဲ့နေ့ရက်တွေအတွက်သည်းခံရတယ်။

ကိုယ့်ရဲ့ဈေးကြီးလွန်းတဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အပင်ပန်းခံနေရမှန်း သိမြင်နိုင်ရင် ဒီနေ့ရဲ့ စိတ်ပင်ပန်းစရာတွေကိုမှုတော့မှာမဟုတ်ဘူး။

လက်လျှော့ဖို့အတွက် သက်ပြင်းတစ်ချက်ပဲ လိုကောင်းလိုမယ်။

အောင်မြင်ဖို့အတွက်တော့ ကိုယ့်ရဲ့ စိတ်ဓာတ်တွေ သန်မာလာတဲ့အထိ အကြိမ်ကြိမ်ပြန်ထဖို့လိုလိမ့်မယ်။

#သီဟန်
#အခက်အခဲတိုင်းကဘဝရဲ့စာမျက်နှာတွေပါ
MK Book Store & စင်္ကာပူ

05/04/2024

လင်ဇီးဓာတ်စာနှင့် ပျားဝတ်မှုန်အကြောင်း အမေးအဖြေ အစီအစဉ်
=====================================
(𝟱.𝟰.𝟮𝟬𝟮𝟰) သောကြာနေ့မှာ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗟𝗶𝘃𝗲 ရှိပါမယ်။ လင်ဇီးဓာတ်စာနဲ့ ပျားဝတ်မှုန်အကြောင်း သိလိုတဲ့မေးခွန်းတွေကို ဒေါက်တာတင်မာထက်မှပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေလည်း အများကြီးသိရမှာဖြစ်လို့ အားလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ မေးခွန်းတွေကို ကွန်မန့်ရေးပေးခဲ့လို့ ရပါတယ်။
=======

05/04/2024

သိတက်ပါစေ

05/04/2024
04/04/2024

Address

No. 928, Yay Kan Yat A Paw Lan, Thein Kone Quarter, Mon State
Thaton
12041

Telephone

+959799165969

Website

Alerts

Be the first to know and let us send you an email when Ma Tar-Shine Hope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ma Tar-Shine Hope:

Share