Pann's Bookstore

Pann's Bookstore Welcome to Pann's Bookstore 🤎
အိမ်ရောက်ငွေချေစနစ်ဖြင့် စာအုပ်များကိုပို့ဆောင်ပေးနေပါပြီရှင့်🤎
(1)

17/08/2026

ရေကန်သာကြာတိုင်းအေး - နေဝင်းမြင့်

အခန်းကြီးခုနစ်ခန်းခွဲပြီး ဘာသာ ပြန်ထားတဲ့ဒီစာအုပ်ဟာ ရွှေမဂ္ဂဇင်းမှာ နှစ်နှစ်ကျော်ပါခဲ့တဲ့ အခန်းဆက် ၀တ္ထုကြီးပါပဲ။ The Glass Palace ကို ဆရာနေ၀င်းမြင့်ကသာ ဘာသာပြန်ခြင်းမဟုတ်ပဲ ဆရာထိပ်တင်သက်ကလဲ ရွှေနန်းတော်အမည်နဲ့ ဘာသာပြန်ထားသေးတယ်ဆိုပါတယ် ။ ရေကန်သာကြာတိုင်းအေး တစ်၀က်မရောက်ခင်မှာပဲ ဆရာထိပ်တင်သက်ရဲ့ ရွှေနန်းတော်ဟာ လုံးခြင်းအဖြစ်ထွက်လာခဲ့တယ်လို့သိရပါတယ် ။( ဆရာထိပ်တင်သက်ရဲ့ စာအုပ်ပုံလေးများ ရှိသူအနေဖြင့်လဲ ပုံလေးတစ်ပုံလောက်မျှပါလို့ တောင်းခံပါရစေ) ။ ရေကန်သာကြာတိုင်အေးဟာ ပထမဆုံလုံခြင်းအဖြစ် ပုဂံတိုက်ကနေထွက်ရှိခဲ့ပြီး ၂၀၁၀ခုနှစ်မှာ ဘာသာပြန် (ရသ)အမျိုးသားစာပေဆုကိုရရှိခဲ့တဲ့ ဆရာနေ၀င်းမြင့် ဘာသာပြန်လက်ရာကောင်းစာအုပ်တစ်ဖြစ်ပါတယ် ။

ဇာတ်ဖွင့်တာက အမြောက်သံကြီး မန္တလေးအနောက်ဘက်မြို့ရိုး ရောက်လာတာနဲ့စဖွင့်တယ်။ တိုင်းပြည်ကို ကျွန်ပြုတော့မယ့်အသံ။ ဝတ္ထုအဖွင့် ‘မန္တလေး’ခန်းဟာ ၁၂၄၇ ခုနှစ် ပါတော် မူခါနီးရက်တွေ၊ တိုင်းရေးပြည်ရေး ကျိုက် ကျိုက်ဆူနေတဲ့ အချိန်။ ဗြိတိသျှ မြို့သိမ်း တပ်တွေ ရောက်နေကြပြီ။ ညောင်ဦး၊ ကွမ်းရွာ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ မြင်းခြံ နဲ့ စစ်ကိုင်းမှာ မြန်မာ တပ်တွေက ရှိတဲ့လက်နက်နဲ့ ပိတ်ဆို့ခုခံ နေကြတယ်။ အရှင်နှစ်ပါး တိုင်းတစ်ပါး ဆောင်ကျဉ်းခံရတော့မယ့် အခြေအနေ ကြီး ဆိုက်နေပေမယ့် ပြည်သူဆင်းရဲသားတွေက ကျူးကျော်စစ်မှာ တွေတွေ ဝေေ၀ ရှိနေကြတယ်။ နောက်တော့ မင်းနှစ်ပါးနဲ့အစေအပါး တွေဆောင်ကျဉ်းခံရတယ်။ သည်သမိုင်း အချက်အလက်တွေကို ဝတ္ထုပါဇာတ်ကောင် တွေနဲ့ ရောမွှေပြီး ကျစ်ကျစ်လျစ်လျစ်ရေးထား တာ စိတ်ဝင်စားစရာကောင်း တယ်။ မန္တလေးကျဆုံးခန်းဟာ ပဒေ သရာဇ်ကျဆုံးခန်း ဖြစ်တယ်။ ပဒေ သရာဇ်ကျဆုံးခန်းဟာ ခေတ် သစ်ရဲ့ အရုဏ်ဖြစ်ဖို့ ဖန်လာတယ်။ သမိုင်းမှာ အလှည့်အပြောင်းပါပဲ။

ဇာတ် ကောင် အားကောင်းတာ၊ ဇာတ်ကောင်များတာ၊ ခေတ်ကာလတွေကိုဖြတ် သန်းတာ၊ လူ့ စိတ်ခံစားမှုတွေကို ဖွဲ့နွဲ့ နိုင်တာတွေကို သည် ဝတ္ထုကြီးမှာ တွေ့ရ တယ်။ မဒရပ်စ်ရောက် သီပေါ၊ ရတနာ ဂီရိရောက် သီပေါ၊ မြန်မာသစ်တော သဘာဝ၊ ဆင်သဘာဝ၊ ရှေးကအိန္ဒိယ နိုင်ငံသားတွေ မြန်မာနိုင်ငံရောက်လာတာကအစ သည်ဝတ္ထုကြီး ထဲ မှာ လှလှ ပပထည့်ရေးသွားတယ်။

ဘယ်စာအုပ်ဖတ်ရမှန်းမသိဖြစ်နေရင် ဒီစာအုပ်ကိုဖတ်ကြည်ကြပေါ့ ...

Book Review by- ADNyein 🌸🌿အား
လေးစားစွာcrdပေး၍ မျှဝေပါသည်
...

#ရေကန်သာကြာတိုင်းအေး

#နေဝင်းမြင့်

“ အချစ်ဟာ အရေးမပါဘူးလို့ မဆိုလိုပါဘူး။ဒါပေမယ့် ဘဝမှာ အချစ်ကို ပထမတန်းစားနေရာပေးနေသေးသ၍ ပြဿနာက ဆုံးနိုင်မှာ မဟုတ်ဘူး ။ တန...
17/08/2026

“ အချစ်ဟာ အရေးမပါဘူးလို့ မဆိုလိုပါဘူး။
ဒါပေမယ့် ဘဝမှာ
အချစ်ကို ပထမတန်းစားနေရာ
ပေးနေသေးသ၍ ပြဿနာက
ဆုံးနိုင်မှာ မဟုတ်ဘူး ။

တန်ဖိုးရှိတာ တစ်ခုကို နေ့ရောညပါ
အားတက်သရော စိတ်ဝင်တစား လုပ်ပါ ။
ပညာရှာပါ ။
စာကောင်းဖတ်ပါ ။

အချစ်ထက် ပိုတဲ့အရာက
ဘဝကို နေပျော်အောင် လုပ်နိုင်မှ
အချစ်စိတ်က တန်ဖိုးရှိတယ် ။

ကိုယ့်ဘဝကိုယ်
တန်ဖိုးတတ်အောင် မလုပ်နိုင်ဘဲနဲ့
အချစ်ကို တညည်းညည်း တညူညူ လုပ်နေတာဟာ
ပြဿနာကို မဆုံးနိုင်အောင် ရှာနေတာပဲ ။

လူတွေကို
ကိုယ်လိုသလို ဖြစ်လာအောင်
မလုပ်နိုင်ပါဘူး ။
ကိုယ့်ဘဝကိုယ်
ကိုယ်လိုသလို ဖြစ်လာအောင်
လုပ်ချင်ရင် ဖြစ်နိုင်ပါတယ် ။

ဒါကလည်း ကိုယ့်မှာ
ညဏ်ပညာ နဲ့ မြင့်မားတဲ့
ဘဝမျှော်မှန်းချက်ရှိရင်ပေါ့ ။

ပညာ နဲ့ မျှော်မှန်းချက် မရှိတဲ့
ဘဝဟာ အမြဲတမ်း
သိမ်ငယ်စရာတွေကို ပေးလိမ့်မယ်ဆိုတာ မှတ်ထားပါ ။ ”

#အဓိပ္ပာယ်ရှိသောဘဝ
#ဆရာမထက်ထက်ထွန်း (Waterfall)

16/08/2026

ကျွန်မပညာသည်

15/08/2026

ကံကြမ္မာကိုမယုံကြည်ကြသူများ

14/08/2026

"သမီးတော်ဟာ စစ်ကိုလိုလားသူ မဟုတ်ပါ။
ပန်ထွာပြည်ကြီး မပျက်စီးစေလိုပါ။
ပြည်သူပြည်သားတွေ အတိဒုက္ခရောက်ကြမှာကိုလည်း မလိုလားပါ ခမည်းတော်ဘုရား"

#ပန်ထွာဘုရင်မ #စိမ့်ပညာရေး

14/08/2026

ပန်းတွေကိုသဘောကျတဲ့
သာမန်လူသားတစ်ယောက်ပဲ ဖြစ်လိုတယ်

အတ္တဆန်မိတာတွေရှိပေမဲ့ အေးချမ်းခြင်းကိုပိုသဘောကျတယ်
စိတ်အထိခိုက်များတဲ့နေ့တွေမှာတောင်
ပန်းရုံတွေတွေ့ရုံနဲ့ ပြုံးမိတတ်တယ်

လူရှုပ်ထွေးတဲ့နေရာတွေ ဘယ်လောက်ပျော်စရာကောင်းကောင်း
ပန်းနံ့ရတဲ့ သစ်ရိပ်လေးမှာ စာအုပ်လေးတစ်အုပ်ထိုင်ဖတ်နေရတာကိုပိုနှစ်ခြိုက်တယ်

ဒါဟာ တုံးအမှုတစ်ခုဆိုရင်တောင်
ငါကတော့ ပန်းတွေကိုပဲရွေးချယ်ဦးမှာပဲ

ယှဥ်ပြိုင်မှုထက် သူငယ်ချင်းကို..
တန်ဖိုးကြီးအရာတွေထက် တန်ဖိုးရှိတဲ့အရာကို..
ပိုသဘောကျတဲ့ သာမန်လူသားတစ်ယောက်အဖြစ်
ရှင်သန်ချင်တာငါ့ရွေးချယ်မှုမလို့

-7
#အညိုရောင်မေပလ်ရွက်လေးသို့

13/08/2026

4အုပ် -12000ကျပ်

13/08/2026

လွှတ်ချလိုက်ပါ
ပင်ပန်းနေပြီလား။ မင်း လူတစ်ယောက်ကို ချစ်ရတာ သိပ်ပင်ပန်းနေပြီလား။ အဲဒါဆို မင်း ပင်ပန်းနေပြီပဲထား။ လွှတ်ချကြည့်မယ်ရော တွေးဖူးရဲ့လား။ တချို့လူတွေက ဘယ်လောက်ပဲ ပင်ပန်းပြီး နာကျင်နေရပါစေ။ လွှတ်ချဖို့ လုံးဝ မစဉ်းစားတက်ကြဘူး။ အဲဒီလူကိုပဲ မမုန်းနိုင် မမေ့နိုင်ဖြစ်နေတာ။ အဲဒီလူ ဘယ်လောက်ပဲ ကိုယ့်အပေါ် မကောင်းကောင်း သူမှသူပဲ။
တကယ်တော့ ကျွန်မတို့ လူသားတွေဟာ ပင်ပန်းနေမှန်းသိရက်နဲ့လည်း အဲဒါကိုပဲ ဆက်ဖက်တွယ်ချင်ကြတာ။ ကိုယ့်ကို မချစ်နိုင်တော့တာလည်း သိတယ်။ အဲဒါတောင် သူ ချစ်လည်းရတယ် ဆိုပြီး အပင်ပန်းခံ ခေါင်းမာနေတဲ့ သူတွေ ရှိတယ်။ တစ်နေ့နေ့ သူ ငါ့အချစ်တွေ မြင်လာမှာပါ။ သူ တစ်နေ့တော့ နားလည်လာမှာပါ။ အဲဒီလိုတွေ ဖြည့်တွေးပေးကြတယ်။ ဒါပေမဲ့ ဝေးသေးနော်။ မချစ်တဲ့သူက မချစ်ကို မချစ်တာ။ အဲဒါကိုလည်း သိတယ်။ မသိချင်ယောင်ဆောင်ပြီးကို ဆက်ခေါင်းမာကြတာ။
မကောင်းမှန်းသိရက်နဲ့ ဆက်ပြီး တွယ်ကပ်နေသေးရင် ကိုယ့်အမှားနော်။ ဒီမကောင်းတဲ့လူကို ဆက်ပြီး ဖက်တွယ်နေရင် ကောင်းတာတွေ ဘယ်လိုလုပ် ရောက်လာမှာလဲ။ အဲဒီတော့ ရုန်းထွက်ဖို့ ကြိုးစားပါ။ တစ်ခါတလေ ပြန်စဉ်းစားကြည့်တော့ ကျွန်မတို့တွေဟာ သူအပေါ် ချစ်ပေးသလောက် ကိုယ့်ကိုယ်ကိုယ် မချစ်ခဲ့ဖူးဘူး။ အဲဒါတော့ ဝန်ခံတယ်မလား။
ကျွန်မတို့ အမြဲတမ်း အနစ်နာခံပြီး သူကိုပဲ တစ်ချိန်လုံး ထည့်စဉ်းစားနေမိတယ်။ အမြဲတမ်း သူအတွက် စဉ်းစားပေးနေတော့ ကိုယ့်အတွက်ဆိုတာ မေ့နေတတ်တယ်။
“ငါက ချစ်နေရင်ရပြီ ဘာမှမလိုဘူး”
အဲဒါ အလှပဆုံး မုသားပါ။ ဘယ်သူကတော့ ကိုယ်ချစ်တဲ့သူဆီက ဘာမှပြန်မရတာ ဖြစ်ချင်ပါမလဲ။ ဒါဆို ကျွန်မတို့ ပေးဆပ်သလောက် ဘာမှ ပြန်မရတဲ့အခါ ဘယ်သူ နာကျင်ခံစားရလဲ။
နာကျင်သင့်သလောက် နာကျင်ပြီးပြီ။ ခံစားသင့်သလောက် ခံစားပြီးပြီ။ ပေးဆပ်သင့်သလောက် ပေးဆပ်ပြီးပြီ။ အပေါ်စားဆန်သင့်သလောက် ဆန်းပြီးပြီ။ ဘာမှပြန်မရလာဘူးဆိုရင် လွှတ်ချလိုက်ပါတော့။ ကိုယ် သူ့အတွက် အကောင်းဆုံး ချစ်ပေးခဲ့တာလေ၊ သူကမှ မယူတာ။ အဲဒါကြောင့် ပေးနေမိတဲ့ ကိုယ့်မေတ္တာတွေ ပြန်ရုပ်သိမ်းလိုက်ပါ။ ခံစားချက်တွေ အားလုံးကို တစ်ခါတည်း မလွှတ်ချနိုင်တဲ့အခါ ဖြည်းဖြည်းချင်း လွှတ်ချကြည့်ပါ။

12/08/2026

ဘယ်သူတွေက ကိုယ့်ချစ်သောသူကို နာကျင်အောင်လာလုပ်လဲ
ကိုယ့်ကိုတိုင်ပါကွယ် ယောကျာ်းလေးမို့ မဆိုးရဘူး မနွဲ့ရဘူး
ကိုယ့်ကမ္ဘာမှာ မရှိပါဘူး။ မင်းကို ကိုယ်က အ‌ရှေ့ကနေပဲ
ကာကွယ်ချင်တာ လာပါ ကိုယ်ဖက်ထားပေးမယ်
ငိုချင်နေလည်း ကိုယ်ချော့မှာပေါ့။ မင်းက
ကိုယ်သိပ်ချစ်ရတဲ့လူမို့ ကိုယ်က အများကြီးချစ်ပေးမှာပါ။

---------------------------------

ချစ်ခြင်း‌မေတ္တာတွေအကြောင်းပြောရရင် သူက
ငါ့ရဲ့တစ်ဦးတည်းသော ရှားရှားပါးပါး သက်ရှိလေးဖြစ်ပြီး
အစစအရာရာ လက်ခံပေးတဲ့ လူကြီးပဲ။ သူကပြောတယ်
"ငါ့ကို သူများတွေ ငိုအောင်လုပ်တာ မကြိုက်ဘူး" တဲ့။
အနိုင်ကျင့်ခံရတိုင်းလည်း သူ့ရင်ခွင်ကို ပြေးဝင်မိတဲ့အခါ
ကိုယ့်ကမ္ဘာရဲ့ အနွေးထွေးဆုံး ဖြစ်လာရတယ်။

---------------------------------

သူက ကိုယ့်ရဲ့အရာအားလုံးဖြစ်လာတဲ့အခါ သူ့ရင်ခွင်ဟာ
နွေးထွေးမှုတွေ၊ စိတ်လုံခြုံမှုတွေ အပြည့်အဝပေးနိုင်တဲ့အခါ
အဲ့ဒီလူသားကို လက်မလွှတ်မခံနိုင်တာ မဆန်းတော့ပါဘူး။
စိတ်ကလေးတစ်ချက် ငြိုငြင်မှာကအစ ကြောက်စရာ
မကောင်းတော့ဘဲ ကိုယ်ဘာလုပ်လုပ် အနားမှာရှိနေပေးမှာဆိုတဲ့
ကာကွယ်မှုမျိုးနဲ့ အဲ့ဒီလူသားက သိပ်ကိုလူကြီးဆန်ပါတယ်။

---------------------------------

သူမှသူဆိုတဲ့စိတ်က တကယ်ဆန်းကြယ်တယ်။
သူနဲ့အတူ လျှောက်နေကြ လမ်းတွေမှာ သူမပါတော့
အခြားလူနဲ့လည်း မလျှောက်ချင်ဘူး။ နေရာတွေ
ဘယ်လောက်ထိဝေးနေပါစေ အလုပ်တွေ ဘယ်လောက်မတူပါစေ
ဘယ်‌ယောကျာ်းလေးကိုမှ မမြင်တော့ဘူး။ သူမှသူဆိုတဲ့
စိတ်ကြောင့် နှလုံးသားကလည်း သူ့ဆီ ပါပါသွားတဲ့ပုံပေါ်တယ်။

---------------------------------

#လက်တွဲမဖြုတ်ကြေး - သက်ထားရွှေစင်(THSS)
🔸၅၀၀၀ ကျပ်

12/08/2026

📖 မနေ့ကထက်ပိုပျော်အောင်နေပါ 📖

ဟိုးအရင်က တစ်စုံတစ်ယောက်အတွက်
ရည်ရွယ်ပြီး ရေးထားတဲ့စာတွေက
အချိန်တစ်ခုကြာတဲ့အခါ ခံစားမှု
အဲ့ဒီလူအပေါ်မှာ မရှိတော့ဘူး ။

တချိန်က လူတစ်ယောက်အတွက်
ခံစားပြီး ဆိုည-ည်းဖူးတဲ့ သီချင်းတွေကလည်း
နောက် ၃ နှစ် ၄ နှစ်ကြာတဲ့အခါ
သူ့အတွက် မဟုတ်တော့ဘူး ။

အသဲကွဲကာစကတော့ ေ-သပြီ ထင်တာပါပဲ
မေ-သရင်တောင် ရူ၊းပြီပေါ့
ရှိသမျှ အသဲကွဲသီချင်းတွေနားထောင်ပြီး
ရေချိုးခန်းထဲမှာ ငိုလိုက်ရတာ အမော။

သူ့နာမည်ကြားရုံနဲ့ ငိုချင်လာတယ်
သူ့ဓာတ်ပုံမြင်ရုံနဲ့ မျက်ရည်က စို့တက်လာတယ်
သူနဲ့ရှိဖူးတဲ့ အမှတ်တ‌ရတွေ ပြန်သတိရရင်
ရင်ထဲ နင့်ခနဲ .. ကျင်ခနဲပဲ ..
ဘဝနဲ့ ထပ်တူတန်ဖိုးထားပြီး အသက်နဲ့
ထပ်တူ ချစ်ခင်မြတ်နိုးခဲ့ရသူမို့
အသဲကွဲတော့လည်း စိတ်ဓာတ်တွေက
ဟိုးအောက်ဆုံးအထိ ကျသွားတယ်။

အခုပြန်တွေးကြည့်တော့
ဘယ်လိုမှ မခံစားရဘူး။

အဲ့ဒီတုန်းက ထင်ခဲ့တာ
ငါဟာ သူ့ကိုမြင်တိုင်း နာကျင်ရမယ်
သူ့အကြောင်းကြားတိုင်း ငိုမိမယ်
သူနဲ့ပတ်သက်လာရင်
ခံနိုင်ရည်မရှိလောက်ဘူးလို့ ထင်ခဲ့တာ။

အခုကျတော့လည်း ကိုယ်က
ကိုယ် မဟုတ်ခဲ့သလိုပဲ။

ချစ်တယ် ၊ စိတ်နာတယ် ၊ အဲဒီ့ခံစားချက်ထက်
ပိုကောင်းအောင် နေမယ်။

အတိတ်အကြောင်း ပြန်တွေးမိတိုင်းမှာ
ဘယ်နေရာမှာတော့ သူ့အပေါ် ငါ့ဘက်က
မကောင်းခဲ့ဘူး ဆိုတာမျိုး မရှိအောင် ချစ်ပေးခဲ့တယ်။

အဲ့ဒီအတွက် အတိတ်ကို ပြန်တူးဖော်ကြကြေးဆိုလည်း ကိုယ်က ပြုံးပြီးနေနိုင်တဲ့ ဘက်ကပဲ။

ပေးနိုင်တာထက် ပိုဦးစားပေးခဲ့တယ်
ကိုယ့်ကိုယ်ကိုယ်ထက် ချစ်ပေးခဲ့တယ်
ကိုယ့်ဘဝကို အမှော၊င်ချပြီး
သူ့ဘဝကို ပိုတောက်ပစေခဲ့တယ်

ကိုယ်ဟာ သူ့ကြောင့် အများကြီး နစ်နာခဲ့ပေမယ့်
သူက ကိုယ့်ကြောင့် ဘာမှ ဆုံးရှုံ၊းနစ်နာမှု မရှိစေရဘူး
ဒါဟာ သူ့အပေါ် ကိုယ်ပေးခဲ့တဲ့ စေတနာတွေပဲ

ပတ်သက်ဖူးတဲ့အကြောင်းတွေးမိတိုင်း
ငါ့ဘက်က သူ့အပေါ် လိုတာထက်ပိုပြီး
တာဝန်ကျေပေးခဲ့တယ် ဆိုတဲ့စိတ်က
သိပ် စိတ်ချမ်းသာစေတယ် ။
ပြီးတော့ နောင်တ မရဘူး ။
ချစ်နေတုန်း အချိန်မှာ တကယ် စိတ်ထဲက
နှစ်နှစ်ကာကာ တန်ဖိုးထားပြီး ပေးခဲ့သမျှ
သူ့ဘက်က တန်ဖိုးမသိခဲ့တာကိုလည်း စိတ်မဆိုးဘူး

ကံတရားက အမျိုးမျိုးစမ်းသပ်ပြီးမှ
ကိုယ့်အတွက် စစ်မှန်ခြင်းကို ချပေးတာ ။

အရင်ကတော့ အသဲကွဲရတာဟာ ၊
သူနဲ့ လွဲချော်ရတာဟာ ငါ့ဘဝရဲ့ အနာတရ တစ်ခုပဲ ..
ငါ့ဘဝရဲ့ ပြစ်ချက်တစ်ခုပဲ ဆိုပြီး အားငယ်ဖူးတယ် ..
အခုပြန်တွေးကြည့်ရင် ဒါတွေ ၊ ဒီလိုတွေရှိခဲ့လို့
ငါဟာ အခုနေရာအထိ ရောက်လာတာ
ဖြစ်တယ်လို့ မြင်လာတယ် ။

ကံဆို၊းတာဟာ ကံကောင်းဖို့အတွက်ပဲ ဆိုတာ
သိပြီးတဲ့နောက်မှာ လွဲချော်ဖူးတဲ့အရာတွေကို‌
နောင်တ မရမိတော့ဘူး ။

အလားတူပဲ အနာဂတ်မှာ ရထားလေးတစ်စင်းနဲ့ ဆုံရ‌လို့ လွဲချော်သွားခဲ့ပါစေအုံးတော့ ကျွန်မကတော့ဖြင့် ထူးလို့ တုန်လှုပ်မှာ မဟုတ်တော့ပါဘူး ။

ကျွန်မ မေတ္တာနဲ့ မစစ်မှန်သေးရင် ၊ မထိုက်တန်သေးရင် ဆုံလာအုံးမယ့် အဲ့ဒီလူတွေနဲ့ လွဲချော်ရအုံးမှာပဲလေ ။

#သက်ထားခင်(THK)
#ကံဆိုးတာဟာကံကောင်းဖို့အချက်ပြတဲ့အမှတ်အသားတစ်ခုပဲ
#မနေ့ကထက်ပိုပျော်အောင်နေပါ

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Pann's Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category