03/10/2025
မင်္ဂလာပါ။
ဒီနေ့ အောက်တိုဘာလ (၃)ရက်နေ့ဟာ ဓန နက္ခနဲ့ ဆန်းယှဉ်တဲ့ရက်ဖြစ်ပါတယ်
ကို သိသလောက် ပီယဓန ဂါထာလေးပေးမယ်နော် ကိုယ်တိုင်ရွက်နေပါတယ်။ ပီယဓန ဂါထာတွေကတော့ အများကြီးပေါ့နော် မိမိ စိတ်အားထက်သန်တဲ့ ဂါထာကို ပူဇော်လို့ရပါတယ်။
ညီမ လတ်တလောရွတ်ဖြစ်တဲ့ ဂါထာလေးကတော့
👉ဥုံ လကခမီ ဒေဝါ မာရခန္တု။
👉အရဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု ။
👉ဥုံ လာဘံသိဒ္ဓိ သိဒ္ဓိလာဘံ သွာဟ။
နှစ်သက်ရာ ဂါထာ တစ်ပုဒ်ကို ၉ခေါက်စီဖြစ်စေ သက်စေ့ဖြစ်စေ ရွတ်ဆို ပူဇော်နိုင်ပါတယ်။
မနက် ၁၀နာရီ ၄၇မိနစ်မှစပြီး အောက်တိုဘာ (၄)ရက်နေ့ နေ့လည် (၁)နာရီအတွင်း ရွတ်ဆိုနိုင်ပါတယ်။
ငွေကြေး လာဒ်လာဘများပေါကြွယ်ကြပါစေ။