25/12/2023
Logo လေးရဲ့ အဓိပ္ပါယ်က ဒီလိုပါတဲ့ဗျာ...
အရောင် သုံးထားခြင်းရဲ့ ရည်ရွယ်ချက်က
အဖြူက သန့်ရှင်း စင်ကြယ်ခြင်း
အနီက ရဲရင့်ခြင်း နှင့်
အနက်က ဝမ်းနည်းပူဆွေးခြင်း စတာတွေ ပါစေခြင်လို့
အဖြူ၊ အနီ၊ အနက် တို့ကို သုံးထားပါတယ်။
နောက်ပြီး လျှပ်စစ်ပစ္စည်းတွေ (DC Device တွေ )မှာ Volt (+) ကို အနီ နဲ့ ကိုယ်စားပြုပြီး၊ Ground (-)ကို အနက်နဲ့ ကိုယ်စားပြုတာကိုလည်း ထင်ဟပ်စေချင်လို့ အနီနဲ့ အနက်ကို သုံးထားပါတယ်။
2 ဆိုတာက
1 ကိုယ် (မိမိ)
1 ကိုယ့်စိတ် (မိမိစိတ်) ပေါင်းလိုက်ရင် 2
အရောင်မှာပါတဲ့ နောက်ခံ အဖြူကို ဖယ်လိုက်ရင် အနီ၊ အနက် ( 2 ဆိုတဲ့ အဓိပ္ပါယ်)။ အဲ့ဒါကိုမှ ဖယ်ထားတဲ့ နောက်ခံ အဖြူ ပေါင်းလိုက်ရင် 3 Colours ဆိုတော့ နှစ်ခုထက်ပိုတော့ 2+ ဆိုတဲ့ သဘောဆောင်ခြင်း
+ ဆိုတာက
ပေါင်းစပ်ခြင်း၊ ကြက်ခြေနီ သင်္ကေတဖြစ်တဲ့ ကူညီခြင်း၊ ကယ်ဆယ်ခြင်း၊
2 ရယ် + ရယ် နှစ်ခု ပေါင်းလိုက်ရင်လည်း
ဖုန်း Barnd မှာ One Plus ပဲရှိမယ်။
Model ထဲမှာဆိုရင်လည်း Samsung J2 Pro, J2 Prime ပဲရှိမယ်။ Mi ထဲမှာလည်း Redmi 5+, iOS ထဲကဆိုလည်း 6+, 6s+, 7+ စသဖြင့်သာ ရှိမယ်။ ဘယ် Brand, ဘယ်ဖုန်း Model မှာမှ 2+ ရယ်လို့ မရှိခြင်း
****(ရှိခဲ့ရင်လည်း ပြောပြပေးပါ။)****
2 ရဲ့ အထက်က အဝိုင်းလေး (o) က
ဖုန်းမှာ ပါတဲ့ Selfie ကင်မရာကို ကိုယ်စားပြုထားခြင်း၊ Selfie ရိုက်ရင် မိမိ ရုပ်ရည်ကို လှပ ချောမောအောင် ရိုက်မှာ ဖြစ်သည့်အတွက် 2+ ဖုန်းဆိုင်ကို လာမယ်ဆိုရင် လာအပ်သူ Customer ကို လှပအောင် (အဆင်ပြေကောင်းမွန်အောင်)ဆောင်ရွက်ပေးမယ်လို့ ဆိုလိုခြင်း
2 ရဲ့ အောက်က Charging Sign (⚡)
ဖုန်း ဘယ်လောက်ကောင်းကောင်း အားမရှိရင် အသုံးမဝင်တော့ပါ။ အားပြန်သွင်းမှ ရမယ်။ ဖုန်းတစ်လုံးအတွက် အားအင်ဟာ အရေးကြီးတယ်။ ဒါကြောင့် လာအပ်သူ Customer တွေကို အားအင် ဖြစ်တဲ့ Energy, Power (⚡) ကို ဖြည့်တင်းပေးမယ်လို့ ဆိုလိုခြင်း
+ ရဲ့ နောက်မှာ ပါတဲ့ စက်ပြင်တဲ့နေရာမှာ သုံးတဲ့ဂွ (Wrench) (🛠) လေးကတော့ ပြုပြင်ခြင်း၊ မွမ်းမံခြင်း ဆိုတဲ့ အဓိပ္ပါယ်လေးပါတဲ့ဗျာ
ထိုသို့သော စိတ်ကူးစိတ်သန်းများကို မွမ်းမံခြယ်သ ပေးပြီးသကာလ ယခု Logo လေးဖြစ်မြောက်လာအောင် ဆွဲသားပေးသော ဆရာ Nyein Chan (N Sai Art)ကို ကျေးဇူးပါခင်မျာ။