AKARI

AKARI Used To Be Yours

အမျိုးသမီးတစ်ဦးရဲ့အထာအကျဆုံးပုံစံပြောပါဆိုရင် ဘယ်သူ့ကိုမှ အထူးတလည်အားမကျဘူး။ မနာလိုမဖြစ်ဘူး။အား မကိုးဘူး။ မမှီခိုဘူး။ကို...
17/02/2025

အမျိုးသမီးတစ်ဦးရဲ့အထာအကျဆုံးပုံစံ
ပြောပါဆိုရင် ဘယ်သူ့ကိုမှ အထူးတလည်
အားမကျဘူး။ မနာလိုမဖြစ်ဘူး။
အား မကိုးဘူး။ မမှီခိုဘူး။
ကိုယ့်ဘဝရပ်တည်ဖို့အတွက် ပိုက်ဆံရှာနိုင်တယ်။
Independent Woman ဖြစ်တယ်ပေါ့။
စားချင်တာ စားနိုင်ဖို့ လိုချင်တာ ဝယ်နိုင်ဖို့
ပိုက်ဆံအိတ်ထဲ အတော်အသင့်ရှိတယ်။

နေ့တိုင်း ကိုယ်နဲ့လိုက်မဲ့ အဝတ်အစားဝတ်ပြီး
မျက်နှာကို ကြည့်ကောင်းအောင် ပြင်တယ်။
ရိုးရှင်းပေမဲ့ တစ်မူထူးခြားပြီး လှနေတာမျိုး။
ဘဝကို ဖြစ်သလို မနေဘူး။ လုပ်စရာရှိတာ
တာဝန်ကျေအောင် လုပ်တယ်။ ရွေးချယ်လိုက်တဲ့
ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတယ်။

သူများအကြောင်း အများကြီး focus မထားဘူး။
ကိုယ့်အကြောင်း ပိုစိတ်ဝင်စားတယ်။
စိတ်ထားလှအောင် အမြဲကြိုးစားနေထိုင်တယ်။
ကိုယ့်ပေါ် ကောင်းရင် ဆတိုး ပြန်ကောင်းတတ်သူ။
ရှိသင့် ရှိထိုက်တဲ့ မာနလေးတော့ရှိတယ်။
သူများအမြင်မှာ ချေတယ်ထင်ရပေမဲ့ ဒီလို
lifestyle က အထာအကျဆုံးပါပဲ။

ဒီလိုအမျိုးသမီးများသည် လေးစားဖို့ကောင်းပြီး
နှစ်လိုဖွယ်ကောင်းတယ်။ သဘောကျ စရာကောင်းတယ်။

#နူးနူးအောင်

တိတ်တဆိတ်လေးနေရတဲ့ အရသာကိုသဘောကျလာလို့ ထင်ပါရဲ့ ။သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။တကယ...
30/01/2025

တိတ်တဆိတ်လေးနေရတဲ့ အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ။
သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။

တကယ်တမ်းကျတော့....
သွေးအေးအေး နေနိုင်သွားတယ်ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့သူတွေ ရှိနေ လို့ပါ ။

ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီအရာကို လွှတ်ချဖို့ပဲ တွေးတဲ့ သူလို့
ပြောရင်တောင် မမှားပါဘူး ။

တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြီးငွေ့လာတယ် ။
အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ် ။

ချစ်ခြင်း နဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ် ။
ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့လူတွေနဲ့ ကင်းအောင်နေချင်တယ် ။

ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေး ရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘယ်လိုနေရမလဲဆိုတာပဲ အဖြေရှာတယ် ။

အမှီအခိုမပါပဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ် ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ် ။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင်နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ် အေးချမ်းအောင် နေတယ် ။

တချို့ ခံစားချက်တွေက တခြားလူကို
ရင်ဖွင့်လိုက်မှ ပေါ့ပါးသွားတာ မဟုတ်ဘူး ။
ကိုယ့်တစ်ယောက်တည်းနေပြီး
ခေါင်းအေးအေးထား တွေးလိုက်တဲ့ အခါ
ထူးဆန်းစွာပဲ ပိုအဆင်ပြေသွားတတ်ပါတယ် ။

ဒါကြောင့်....
ဘယ်သူ့ကိုမှလည်း သွားမနှောင့်ယှက်ဘဲ
စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
ကျွန်မ တိတ်တဆိတ်လေးပဲ
ရှင်သန်နေထိုင်ရတဲ့ အရသာကို
အရင်ကထက် ပိုသဘောကျလာတယ် ။

သံယောဇဥ်တွေ တစ်ရစ်ချင်း ဖြတ်မယ်  အမုန်းမပါတဲ့လမ်းခွဲခြင်းမျိုးနဲ့  တဆင့်ချင်း  နှုတ်ဆက်မယ် ။       ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့...
29/01/2025

သံယောဇဥ်တွေ တစ်ရစ်ချင်း ဖြတ်မယ်
အမုန်းမပါတဲ့လမ်းခွဲခြင်းမျိုးနဲ့ တဆင့်ချင်း
နှုတ်ဆက်မယ် ။

ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့
စိတ်ကလွဲ ဘာမှမကျန်အောင်
ပြတ်သားမယ် ။

ပေးနိုင်တဲ့မေတ္တာမှာ
ဘာအရောင်မှ မပါအောင်
အတတ်နိုင်ဆုံးထိန်းချုပ်မယ် ။

ဒါက
မင်းကိုကိုယ်ပေးနိုင်တဲ့
နောက်ဆုံးပြတ်သားခြင်းမို့ ...

ဘာအတွက် မှ မပြောင်းလဲတော့ဘဲ
ကိုယ်ကစလို့ ပြုံးမပြဖြစ်အောင်
ကြိုးစားနေထိုင်တယ် ။

သံယောဇဥ်ရှိနေသေးတယ်ဆိုရင်တောင်
အချစ်ကြောင့်မဟုတ်တဲ့ မာနကြောင့်
အမုန်းမပါတဲ့ရှင်းတမ်းတွေနဲ့
လက်ကျန်စာရင်းချုပ်မယ် ။

21/12/2024

လိမ်သွားတဲ့ငွေတွေပြန်မရပေမယ့်
ကျွန်‌တော် ဘာလို့ ဒုက္ခအကြီးအကျယ်
မရောက်ခဲ့ရလဲ ?

သိစေချင်တဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။
ငွေကျိန်စာတဲ့

အမှန်ပါပဲ။
ကျွန်‌တော်ကတော့ကတိတည်သူမို့
ဒါတွေကို ယုံတယ်။

ငွေနဲ့ပတ်သက်ပြီး ကတိမတည်တတ်တဲ့သူတွေ
ကြီးပွားချမ်းသာနေတာ တစ်ခါမှမတွေ့ဖူးသေးဘူး။

Money mind-set

ပိုက်ဆံက သခင်ရှိတယ် ။
ပိုက်ဆံမှာ ကျိန်စာရှိတယ်။
ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ ။

ပိုက်ဆံကိုပေးမယ်ပြောပြီး
ကတိတည်တည်ပြန်ပေးပါ။

အခက်အခဲဆိုတာ
လူ့ဘဝသက်တမ်းတစ်လျှောက်မှာ
မခက်ခဲဖူးတဲ့လူမရှိပါဘူး ။
အနည်းနဲ့ အများ ကြုံကြမယ်။

ပိုက်ဆံကို ကတိပျက်အောင်လုပ်ရင်
သင့်ဆီမှာ ပိုက်ဆံတည်မြဲတော့မှာမဟုတ်ပါဘူး။

ပိုက်ဆံကိုကပ်စေးနည်းပြီး
စုနေမှမြဲတာ မဟုတ်ပါဘူး။

ကတိတည်တည်နဲ့ပေးစရာရှိပေး ယူစရာရှိယူပါ။
လက်ခက်ရင်ငွေပါခက်တယ် ။

ကတိမတည်သူက ဘယ်တော့မှမတိုးတက်ပါဘူး။

ပိုက်ဆံကိုပြန်မဆပ်ချင်တဲ့သူတွေဆီမှာ
ငွေဘယ်တော့မှမမြဲပါဘူး။

လက်ခက်သူတွေ ဘာလုပ်လုပ်မအောင်မြင်ပါဘူး။

ဘယ်လောက်တန်ဖိုးကြီးတဲ့
အဝတ်တွေ ဝတ်ထားပါစေ
တောက်ပြောင်မှုမရှိ အရောင်မထွက်ပါဘူး။

ကိုယ့်ဘဝမှာ မသိမ်ငယ်ချင်ရင်
သူများကိုပေးစရာရှိတာလေးတွေ
ဖြည်းဖြည်းချင်းနဲ့ ကျေအောင်ဆပ်ကြပါ။

သိစေရန်....

ဟာသကြိုက်ပေမယ့် သူများအနာကို နှိုက်ပြီးမရယ်မိဖို့တော့ သတိထားတယ် ။ ထွေရာလေးပါး ပြောပေမယ့် သူများ မျက်ရည်နဲ့ အပျင်းဖြေဖို့...
27/11/2023

ဟာသကြိုက်ပေမယ့်
သူများအနာကို နှိုက်ပြီး
မရယ်မိဖို့တော့ သတိထားတယ် ။

ထွေရာလေးပါး ပြောပေမယ့်
သူများ မျက်ရည်နဲ့
အပျင်းဖြေဖို့ထိ ပါးစပ်မပေါ့ဘူး ။

ဆက်ဆံရေးကို
အရိုးအရွက်ထိ ခြွေချမိတဲ့အခါ
နောက်တစ်ကြိမ် ပြန်စိမ်းလန်းဖို့
နှလုံးသားကြီးစွာ ရေပြန်လောင်းတယ် ။

မာနရှိပေမယ့်
ကိုယ်မှားရင် အဲ့ဒီမာနကို ခြေရင်းချပြီး
ညွတ်နူးတောင်းပန်ဖို့လည်း လေ့ကျင့်ထားတယ် ။

ခေါင်းဗလာ ရင်ဟောင်းလောင်းလူတွေကို ရှောင်တယ် ။

အသက်ရှူရုံ အသက်ရှင်နေတဲ့
walking deadတွေနဲ့ မပေါင်းဘူး ။

လောကကြီးထဲ စိတ်ရှင်းရှင်းနဲ့ နေထိုင်သွားဖို့
မေတ္တာအရသာမဲ့သူတွေနဲ့ပါ ဝေးဝေးနေပါတယ် ။

ဒါ ကျွန်တော့် အဘိဓမ္မာပဲ ။

အချစ်💋မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေ💏
26/11/2023

အချစ်💋
မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေ💏

 #ပင်လယ်က_ပင်လယ်ပါပဲ=================== #သေချာလေးဖတ်ကြည့်စေချင် #ကလေးငယ်တစ်ယောက် ပင်လယ်အရောက်မှာလိူင်းခတ်သွားတာကြောင့် ဖ...
22/08/2023

#ပင်လယ်က_ပင်လယ်ပါပဲ
===================

#သေချာလေးဖတ်ကြည့်စေချင်

#ကလေးငယ်တစ်ယောက်
ပင်လယ်အရောက်မှာ
လိူင်းခတ်သွားတာကြောင့်
ဖိနပ်ပျောက်၍သွားသောအခါ
"ပင်လယ်ဟာသူခိုး"လို့
သဲပြင်မှာရေးပြီး သူစွပ်စွဲတယ်.....။

#တံငါသည်လင်မယား
ငါးများစွာ ရတဲ့တစ်နေ့မှာ
"ပင်လယ်ဟာကျေးဇူးရှင်"ပါလို့
သဲပြင်မှာရေးပြီး
ကျေးဇူးတင်တယ်.....။

#လူငယ်တစ်ယောက်
ပင်လယ်ရောက်ပြီး
လိူင်းရေတွေကြား
နစ်မြုပ် သေသွားသောအခါ
သူ့အမေက
"ပင်လယ်ဟာလူသတ်သမား"ပါလို့
သဲပြင်ထက်မှာ သူရေးခဲ့တယ်.....။

#မရှိဆင်းရဲသား တစ်ယောက်
ပင်လယ်အောက်မှ
အဖိုးတန်တဲ့ ပုလဲကို
ကောက်ရတဲ့ အခိုက်မှာ
"ပင်လယ်ဟာတန်ခိုးရှင်"ပါလို့
သဲပြင်ထက်မှာ
တင်စားရေးခဲ့တယ်.....။

#သူတို့ရေးထားသမျှ စာအားလုံးက
သိပ်မကြာခင်မှာပဲ
လိူင်းရေတွေရဲ့ ပုတ်ခတ်မူ့ကြာင့်
သူ့အလိုလို ပျောက်ပျက်ခဲ့ရတယ်.....။

#ပင်လယ်ကသူ့ကို ဘယ်သူတွေ
ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင်
ဘယ်လိုပဲတွေးတွေး
ဘယ်လိုပဲရေးရေး
ပင်လယ်က ပင်လယ်ပါပဲ....။

#သူ့တာဝန်
သူ့သဘာဝအရ ပြောင်းလဲ
လည်ပတ်နေတာကလွဲလို့
သူ့အတွက် ဘာမှဖြစ်လာနိုင်စရာ
အကြောင်းမရှိပါ.....။

#လူ့လောကမှာလည်း
ဒီလိုပါပဲလေ
အကောင်း နေမလား
အဆိုး နေမလား
ဝမ်းနည်း နေမလား
ဝမ်းသာ နေမလား
အဆိုး လုပ်မလား
အကောင်း လုပ်မလား....။

#ဘယ်လိုပဲနေနေ
ဘာတွေပဲလုပ်လုပ်
လူတို့ရဲ့နုတ်ဖျားက စကားတစ်ခွန်းနဲ့
လွတ်ကင်းသွားတယ်လို့ မရှိပါဘူး
အမြဲတမ်း ဝေဖန်ပုတ်ချ
ခံနေရမှာပဲလေ။

#ကြိုက်သူက အကောင်းပြောမယ်
မကြိုက်သူက မကောင်းပြောမယ်
လူအားလုံးရဲ့စကားကို
လိုက်ပြီး ခံစားမနေပါနဲ့....။

#ဘယ်လောက်ထိ
နားကျည်းစရာတွေနဲ့
ကြုံနေပါစေ
အချိန်တန်တော့လည်း
အရာတိုင်းဟာ
သူ့အလိုလို တဖြည်းဖြည်းနဲ့
ပျောက်ကွယ်သွားကြတာပဲလေ......။

...Original Writer

ဘယ်သူ ဘယ်လိုပင် မိမိအပေါ်မြေနိမ့်ရာလှန်စိုက်ချင်ကြပါစေအပြုံးမပျက်ဘဲ ရှေ့ဆက်၍လျှောက်လှမ်းလို့ နေပါ့မယ်ဘာအတွက်ကြောင့်မှအပြ...
18/08/2023

ဘယ်သူ ဘယ်လိုပင်
မိမိအပေါ်
မြေနိမ့်ရာလှန်စိုက်ချင်ကြပါစေ
အပြုံးမပျက်ဘဲ ရှေ့ဆက်၍
လျှောက်လှမ်းလို့ နေပါ့မယ်

ဘာအတွက်ကြောင့်မှ
အပြစ်မြင်မနေတော့ပါဘူး
ကိုယ့်ဘဝကိုယ့်အခြေအနေဟာ
ကိုယ့်နဲ့ ထိုက်တန်လို့ ဖြစ်တည်လာတာကြောင့်
အရာအားလုံးအတွက် ကျေနပ်ပါတယ်

ကိုယ့်အကြောင်းကိုယ်ဘဲ
သိတာနားလည်တာကြောင့်
ကိုယ့်ဘဝကို
ကိုယ်တိုင်သာ
ကိုယ်ချင်းစာတယ်

အဲ့ဒါကြောင့် ကိုယ်ကြိုးစားရမယ်
တခြားသူတွေထက် ပိုပြီးတော့
ကိုယ်အကြမ်းတမ်းခံနိုင်ရမယ်
ပိုပြီးတော့လည်း သည်းခံနိုင်ရမယ်
ပိုပြီးတော့လည်းပဲ အပင်ပန်းခံနိုင်ရမယ်

ထို့ကြောင့် ကိုယ်အားမွေးထားတယ်
ကိုယ်ရှင်သန်နေထိုင်ရသည့်
ကာလပတ်လုံး
သန်မာနေရမယ်ဆိုတဲ့စိတ်ကိုဘဲ
မွေးမြူး၍ ထားပါတယ်

ဘဝကို အရှူံးလည်း မပေးဘူး
ကိုယ်လဲကျတိုင်း ကိုယ့်ဘာသာထူ၍
အကောင်းဆုံးကြိုးစားရုန်းထတယ်
ဖေးမမည့်သူမရှိတော့လည်း
လျှောက်ရသည့်
လမ်းတွေဟာ
ပိုပြီး ခက်ခဲလွန်းတယ်

တစ်နေ့ ဒါတွေ ကျော်ဖြတ်နိုင်မှာပါ
တစ်နေ့တော့ အဆင်ပြေသွားမှာပါလေလို့
နေ့စဥ် တွေးတောရင်း ပျော့ညံ့သွားမည့်
စိတ်ဓာတ်တွေကို မြှင့်တင်ပေးတယ်

ကိုယ်လိုရာခရီးကို မရောက်သေးပေမဲ့
ကိုယ်လျှောက်ခဲ့သည့် ခြေလမ်းတိုင်းမှာ
ကိုယ်ဘယ်လောက်ထိ ကြိုးစားခဲ့ပြီးပြီဆိုတာ
ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်တယ်လေ

မျှော်လင့်ထားသည့်အတိုင်း
တစ်နေ့တော့ မိမိရဲ့ နေ့ရက်တွေ ရှိလာအုံးမှာပါ......

နွေမိုးသား(((🖊)))

"

တစ်ယောက်တည်း နေတတ်တဲ့ သူတွေကိုကြည့်ပြီး ငြီးငွေ့စရာကောင်းတယ်လို့ သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။တကယ်တမ်း သင်ထင်ထားသလို အထီ...
14/08/2023

တစ်ယောက်တည်း နေတတ်တဲ့ သူတွေကိုကြည့်ပြီး ငြီးငွေ့စရာကောင်းတယ်လို့ သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။
တကယ်တမ်း သင်ထင်ထားသလို အထီးကျန်နေကြတဲ့ သူတွေမဟုတ်ကြပါဘူး။

သူတို့ကိုယ်တိုင်ကိုက တစ်ယောက်တည်းဖြစ်နေဖို့ကို ရွေးချယ်ခဲ့ကြတာပါ။

ဆိတ်ငြိမ်တဲ့ တစ်နေရာရာမှာထိုင်ပြီး စာဖတ်ချင် ဖတ်နေလိမ့်မယ်။
နားကြပ်လေးတပ်ပြီး သံစဥ်ကမ္ကာထဲမှာ ပျော်မွှေ့ချင် ပျော်မွှေ့နေလိမ့်မယ်။
နှစ်သက်တဲ့ အရာလေးတွေ လုပ်ပြီး ကြည်နူးနေကြလိမ့်မယ်။
ပြီးတော့
ထောင့်တစ်နေရာကနေ လှုပ်ရှားသက်ဝင်နေတဲ့ ပတ်ဝန်းကျင်နဲ့ လူတွေကို ကြည့်ပြီး ပြုံးချင်ပြုံးနေကြလိမ့်မယ်။

လူတွေကြားထဲ ရောက်နေတာထက် အဝေးကနေ ဒီတိုင်း ထိုင်ကြည့်နေရတာကို သဘောကျနေတတ်ကြတဲ့ သူတွေပေါ့။
အပြင်သွားရင်တောင် လူများတဲ့ နေရာတွေကို ရှောင်ကွင်းသွားလေ့ရှိကြတယ်။

အခြေအနေအရ လူတွေအများကြီးနဲ့ နေရတဲ့အခါ ဒါမှမဟုတ် အလုပ်လုပ်ရတဲ့အခါ လူမှုရေးကြောင့် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ မပျော်ရွှင်နေကြပါဘူး။

တစ်ယောက်တည်းဖြစ်စေမယ့် ကိုယ်ပိုင်နေရာလေးတစ်ခုကို ဖန်တီးဖို့ သူတို့ အစွမ်းကုန်ကြိုးစားကြပါလိမ့်မယ်။
လူတွေအများကြီးဝန်းရံထားတဲ့ လေထုကြီးက သူတို့ကို သက်သောင့်သက်သာ မဖြစ်စေတာကြောင့်ပါ။

သူတို့နှစ်သက်တဲ့ သူတွေနဲ့ဆိုရင် အချိန်ကုန်ဖို့ ဝန်မလေးတတ်ကြပေမယ့် များသောအားဖြင့်တော့ တစ်ယောက်တည်းပဲ နေလေ့ရှိကြပါတယ်။

မပျော်တတ်ကြတာ မဟုတ်ဘဲ
တစ်ယောက်တည်း နေရတာကိုက သူတို့အတွက် မက်မောလောက်စရာ ပြီးပြည့်စုံမှုတစ်ခု ဖြစ်နေတာမျိုးပေါ့။

သူတို့ ကမ္ဘာလေးမှာ ကိုယ်တိုင် ဖန်တီးယူထားကြတဲ့ ပျော်စရာတွေက အများကြီးမှ အများကြီးပါ။ ဒါနဲ့တင် လုံလောက်နေကြတဲ့ သူတို့တွေရဲ့ ခံယူချက်ဟာလည်း သိပ်ကိုရိုးရှင်းလွန်းလှပါတယ်။

"I am alone but not lonely"
"တစ်ယောက်တည်းပါပဲ။ ဒါပေမယ့် အထီးကျန်မနေပါဘူး . . . " တဲ့။

စကားလုံးတစ်လုံးတည်းနဲ့ သူတို့ကို ဖော်ပြရမယ်ဆိုရင်...
ဟုတ်ပါတယ် Introvert လေးတွေပါပဲ။

ဘောင်မဲ့.သော..မိန်းမ🧀🧀🧀🧀🧀🧀🧀ဘောင်မဲ့တဲ့..မိန်းမသူမဟာမိန်းကလေးလို..နူးညံ့နွဲနှောင်းရမယ်ဆိုတဲ့ဘောင်ထဲမဝင်သလို..ယောကျာ်း လေး...
07/08/2023

ဘောင်မဲ့.သော..မိန်းမ
🧀🧀🧀🧀🧀🧀🧀
ဘောင်မဲ့တဲ့..မိန်းမ

သူမဟာ
မိန်းကလေးလို..နူးညံ့နွဲနှောင်းရမယ်ဆိုတဲ့
ဘောင်ထဲမဝင်သလို..
ယောကျာ်း လေးဆိုတဲ့ခက်ထန်တဲ့
ဘောင်ထဲလည်း..မရောက်ဘူး
လိုအပ်တဲ့နေရာ..ရှက်တတ်တယ်
ကြောက်တတ်တယ်..
ရင်ဆိုင်ရမယ်..အချိန်ဆိုလည်း
သတ္တိရှိရှိရင်ဆိုင်ရဲတယ်

မိန်းကလေး..ဆိုတာ
အိမ်မူကိစ္စလုပ်ရမယ်..ဆိုတဲ့
ဘောင်ထဲမှာ..မနေဘူး
စားချင်တာကို..ချက်စားမယ်
ကျွေးချင်ရင်..သူများကိုကျွေးမယ်
စိတ်ထဲရှိရာဘဲ..
ဝတ္တရား တစ်ခုအနေနဲ့တော့
ဒီကိစ္စကို.. သဘောမထားဘူး..

မိန်းကလေး..ဆိုတာ
အလှအပ..ဘယ်လိုပြင်တတ်ရမယ်ဆိုတဲ့
ဘောင်ထဲမှာ..မနေဘူး
မြန်မာဆန်ဆန်..နူးညံ့လှပချင်လှပမယ်
ယောကျာ်း ဆန်ဆန်..လွတ်လပ်ပေါ့ပါးစွာ
ဝတ်ချင်ဝတ်မယ်..
စိတ်ရဲ့လွတ်လပ်ဖိုဘဲ..တွေးတယ်

မိန်းကလေး..ဆိုတာ
အချိန်တန်လင်ယူသားမွေးရမယ်ဆိုတဲ့
ဘောင်ထဲမှာလဲ..မရှိနေဘူး
ကိုယ်အားကိုယ်ကိုးနိုင်တဲ့..
အသိဥာဏ်ရှိတယ်..
ချစ်တတ်တယ်..ဒါပေ့မဲ့
အလိုမလိုက်ဘူး..

ဘောင်ထဲက..ထွက်နေလို့လဲ
အထိန်းအကွပ်မဲ့နေတာမျိုးတော့.မဟုတ်ဘူး
ရိုးသလိုအသလို
လူမြင်ကောင်းအောင်နေပြနေသူတွေကို
လက်ပိုက်ကြည့်နေတတ်သူတစ်ဦး...
ဒီထက်ပိုပြီ.း..
ကန်သတ်ချက်တွေဆီက..
လွတ်မြောက်ပြီ..
လွတ်လပ်ပျော်ရွင်နေသူတစ်ဦး..

သူမ..
ဘောင်မဲ့သော.မိန်းမ

#စာအုပ်စာပေလူ့မိတ်ဆွေ

02/08/2023

လူတယောက်ကို ချစ်တယ်ဆို
သူနဲ့ တွေ့ရင် ချိုသာရတယ်
သူနဲ့ တွေ့ရင် ပြုံးတတ်ရတယ်
သူနဲ့ တွေ့ရင် မျှဝေတတ်ရတယ်
သူနဲ့ တွေ့ရင် ကိုယ့်ကောင်းခြင်းတွေပဲ
ပေးတတ်ရတယ်❤️

ချစ်လို့ဆိုပြီးး
လူတယောက် ကို ကိုယ့်ဘဝထဲ
ဆွဲခေါ်ရုံနဲ့မရ သေးဘူး

သူ့ဘဝထဲ လည်း ကိုယ်က ဝင်ဆံ့ရတယ်

အတူလက်တွဲလျှောက် ဖို့ဆိုတာ
ဟန်ချက်ညီမှ

တခါတလေ ခလုတ်တိုက်လို့
တယောက်ခွေလဲတဲ့အခါ
နောက်တယောက်က
တောင့်ထားပေးရတယ်

တခါတလေ နှယောက်သား
လမ်းတူကို မရွေးမိတဲ့အခါ
ချက်ချင်းလက်တွဲ မဖြုတ်ပဲ
ခဏ ဖြစ်ဖြစ် ရပ်ကာ ညှိနှိုင်းရတယ်

ဘေးလူကပေးတဲ့ အကြံချက်ထက်
ကိုယ်ချစ်တဲ့ သူ ဖြစ်ချင်တာကို
အရင် နားထောင်ရတယ်

အခန့်မသင့်လို့
တယောက်က တွန်းထုတ်ရင်
လှည့်ထွက်မသွားပဲ တွန်းထုတ်သူကို
ထွေးပွေ့လိုက်ရတယ်

ချစ်တယ် မဟုတ်လား
ချစ်နေဆဲ မဟုတ်လား
အာ့ဆို ကြင်နာရမှာပေါ့💜💜💜💜

ကမ္ဘာပေါ်မှာ ဘယ်လိုအရာကမှ
အဆင်ချောမနေဘူး
အာ့ထဲမှာ သူနဲ့ ကိုယ်ရဲ့ အချစ်တွေလည်း
ပါတာပေါ့

ရပ်နေမရတဲ့ လောကမှာ
မဖြစ်မနေသွားနေချိန်တိုင်း
ခလုတ်တိုက်တာ မဆန်းပါဘူး

လျှောက်နေသ၍ တော့
နည်းနည်းပါးပါး အစမ်းသပ်ခံရမှာပဲ

အာ့လိုမှ ပို သန်မာလာမှာလေ💜💛🤎❤️

Address

Taungoo

Telephone

+959764451505

Website

Alerts

Be the first to know and let us send you an email when AKARI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share