Shinloonmal

Shinloonmal Tarrot Reader

၃ ရက် ၃ လ အဓိဌာန် နံပါတ် ၃ ကံပွင့်၊လာဘ်ဖွင့် ၉ရက် အဓိဌာန်✨=========================ငွေကြေးကိစ္စတွေနဲ့ပတ်သတ်ပြီး အောင်မြင...
04/03/2026

၃ ရက် ၃ လ အဓိဌာန်
နံပါတ် ၃

ကံပွင့်၊လာဘ်ဖွင့် ၉ရက် အဓိဌာန်✨
=========================
ငွေကြေးကိစ္စတွေနဲ့ပတ်သတ်ပြီး အောင်မြင်စေတဲ့ အဓိဠာန်တခုပါ။ တကယ်တမ်းပြောရရင် ငွေကြေးအခက်အခဲအတွက် လုပ်သောငြားလည်း မိမိစိတ်ကို အဖြူစင်ဆုံးထားပြီး ကုသိုလ်စိတ်၊ ဗုဒ္ဓမြတ်စွာဘုရားကိုကြည်ညိုသောစိတ်နဲ့ပဲ အဓိကလုပ်သင့်တာပါ။ Intention ကအရေးကြီးပါတယ်။ တချိန်လုံး ပူနေတဲ့စိတ်လေးခဏရပ်ထားပြီး အတတ်နိုင်ဆုံး လောဘစိတ်ကို လျော့ထားပါ။ ဒါဟာ ပုံမှန်ငွေကြေးအတွက် လုပ်ရတဲ့ ritual လိုမျိုး မဟုတ်တဲ့အတွက် စည်းကမ်းရှိရပါတယ်။ ရေသောက်ရင် ရေဝမှာမှန်ပေမယ့် ရေထဲကိုဘာမှမရောမိဖို့ကအရေးကြီးပါတယ်။ ဒါမှရေရဲ့ အကျိုးအာနိသင်အပြည့်အဝရမှာပါ။

အဓိဌာန် အတွက် အချိန်မှန် နေရာမှန်တခုမှာ လုပ်နိုင်တာကအကောင်းဆုံးပါပဲ။ မနက်အိပ်ယာထအချိန်တခုမှာလုပ်မယ်ဆို အဲ့အချိန်မှာလုပ်ဖြစ်အောင်လုပ်ပါ။ ဒီနေရာမှာ လုပ်မယ်လို့ သတ်မှတ်ထားတဲ့နေရာမှာလုပ်ပါ။ ပြီးရင် ရေတခွက်နဲ့အမြဲ အဓိဌာန် လုပ်ပါ။ ဖန်ခွက်အကြီးနဲ့လုပ်ပါ အရမ်းမသေးပါစေနဲ့။ အဲ့ဒီရေတခွက်အတူ အဓိဌာန် တင်ပြီး သစ္စာဆိုပါ။ အမွှေးတိုင် တစ်တိုင်လဲပူဇော်ပါ။ ပြီးရင်အဓိဠာန် ဆက်လုပ်ရမှာဖြစ်ပါတယ်။ ၉ရက်ကြာပါလိမ့်မယ်။ အဲ့လို ၉ရက်တကြိမ် အနည်းဆုံး ၃ခါဆက်တိုက်လုပ်ပါ။ တချို့က အဆင်ပြေလို့ ၉ခါအထိလုပ်တဲ့သူတွေလဲရှိပါတယ်။ ပြီးရင်တော့ တလတကြိမ် ၉ရက်အဓိဠာန်လေးကို လတိုင်းလုပ်ပါ။ သေချာတာတခုက မိတ်ဆွေဘယ်တော့မှ ထမင်းမငတ်တော့ပါဘူး။

ဒီ၉ရက်မှာ စင်္ကြာဝဠာတခွင်လုံး၌ အတုမရှိသော ဗုဒ္ဓမြတ်စွာရဲ့ကြီးမားလှစွာသောဂုဏ်သတ္တိတွေနဲ့အတူ အဓိဌာန် တာဖြစ်ပါတယ်။ ဆုတခုကိုသာ တောင်းပါ။ လောဘနဲ့ဒေါသ တရက်တခြားလျော့နိုင်လေလေ ပို‌သိသာလေလေပါ။ သူများမကောင်းကြောင်းပြောတာရှောင်ပါ။

ပထမရက်
အရဟံ ပုတီး(၉)ပတ်

ဒုတိယရက်
သမ္မာသမ္ဗုဒေါ ပုတီး(၉)ပတ်

တတိယရက်
ဝိဇ္ဇာစရဏသမ္ဗန္နော ပုတီး(၉)ပတ်

စတုတ္ထရက်
သုဂတော ပုတီး(၉)ပတ်

ပဉ္စမရက်
လောကဝိဒူ ပုတီး(၉)ပတ်

ဆဌမရက်
အနုတ္တရောပုရိသ ဒမ္မသာရထိ ပုတီး(၉)ပတ်

သတ္တမရက်
သတ္တာဒေဝမနုသာနံ ပုတီး(၉)ပတ်

အဌမရက်
ဗုဒ္ဒေါ ပုတီး(၉)ပတ်

နဝမရက်
ဘဂဝါ ပုတီး(၉)ပတ်

တရက်ပုတီးစိတ်ပြီးတာနဲ့ တရက်စာပြီးသွားကြောင်း သစ္စာတင်ပြီး အဲ့ဒီသစ္စာနဲ့အတူ မိမိဖြစ်လိုတဲ့အရာကို လေးလေးနက်နက်နဲ့ သေချာဆုတောင်းပါ။ ပြီး သတ္တဝါအားလုံးကို အမျှဝေပြီး သူတော်ကောင်းတွေရဲ့ မေတ္တာကို ပြန်ပြီးခံယူပါ။ ကပ်ထားတဲ့ရေကို ၉နာရီထားပြီး အပင်တခုကိုလောင်းရင် ငါကံကောင်းနေပြီး၊ ငါချမ်းသာတော့မယ်ဆိုပြောပါ။ ဒုက္ခရောက်နေတဲ့သူတွေတွေ့ရင်လဲ ဒီအဓိဌာန် လေးကိုမျှဝေပေးကြပါ။

ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီး စည်းစိမ်ဥစ္စာတိုးပွါးစေမည့် မဟာဝေဒဗ္ဗ မန္တန်တော် အသံထွက် နှင့် မြန်မာပြန် အနက်2026 နှစ်...
04/03/2026

ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီး စည်းစိမ်ဥစ္စာတိုးပွါးစေမည့်

မဟာဝေဒဗ္ဗ မန္တန်တော် အသံထွက် နှင့် မြန်မာပြန် အနက်

2026 နှစ်ဦးအဓိဌာန် ကုသိုလ် နံပါတ် (၄)
~~~~~~~~~~~~~~~~~~~~~~~~~~~~
အဝတ်အစား သန့်ရှင်းတာဝတ်ဆင်ရပါမယ်

အမွှေးနံ့သာ စွပ်ရမယ်

ပန်းပန်ရင် ပိုကောင်းတယ်

မရွတ်ဆိုမှီ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးကို ရိုသေစွာကန်တော့ပါ 🙏🙏🙏

နေ့လည်ပိုင်းတွင် မိုးကောင်းကင်ကို မော့ကြည့်ပြီး
မိမိအိမ်ဂေဟာပေါ်ကို ရွှေမိုးငွေမိုး ရွာကျနေသလို အာရုံပြု ပြီး ၃ ခေါက် ရွတ်ဖတ် ပူဇော်ရပါမည်

တောင်တန်းသာသနာပြုဆရာတော် နေ့စဉ်ကျင့်ဆောင်တော်မူသော              💦    "မေတ္တာရေစင် ကျင့်စဉ်"   💦တောင်တန်းသာသနာပြုဆရာတော်ဘ...
04/03/2026

တောင်တန်းသာသနာပြုဆရာတော် နေ့စဉ်ကျင့်ဆောင်တော်မူသော
💦 "မေတ္တာရေစင် ကျင့်စဉ်" 💦

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး မနက် အရုဏ်တက်လို့ မျက်နှာသစ်ပြီးတာနဲ့ အရင်ဆုံး တစ်နေ့တာရဲ့ နံနက်မှာ မင်္ဂလာတံခါးဖွင့်ဖို့ ဘုရားခန်းထဲ စဝင်ပါတယ်။

ဘုရားကျောင်းဆောင်ရှေ့ ရေတဖန်ခွက်ကို ကိုင်၍ ” ဤ ရေချမ်းတော်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင် ဘုရား…” လို့ ရွတ်ဆိုပြီး ရေချမ်းတော်လှူဒါန်းပါတယ်။

ရေချမ်းတော်လှူဒါန်းပြီးတဲ့အခါ ဂုဏ်တော် ၉ ပါး ၉ ခေါက် ရွတ်ဆိုပူဇော် ပွားများပါတယ်။ ဂုဏ်တော်ကွန်ချာပူဇော်ပါတယ်။ သရဏဂုံ ၃ ပါး ၉ခေါက် ပူဇော်ပါတယ်။

ရေဖန်ခွက်ထဲက ရေကို စိုက်ကြည့်ပြီး ရေမေတ္တာပို့ပါတယ်။ “ဤရေ အေးမြသလို ၃၁ဘုံသားဝေနေယျတို့၏ ဘဝများစွာလည်း အေးမြပါစေ၊ အေးချမ်းပါစေ။ သင်တို့ဘဝ အေးချမ်းကြသလို ကျွန်ပ်ဘဝလည်း အေးချမ်းပါစေသတည်း”။

ယနေ့နံနက် ရေချမ်းတော် ကပ်လှူရသည့်ကုသိုလ် ဂုဏ်တော်နှင့်သရဏဂုံ ပွားများပူဇော်ရသောကုသိုလ်၊ မေတ္တာပွားများရသောကုသိုလ် ဤကောင်းမှုကုသိုလ်ကို ၃၁ဘုံဝေနေယျတို့အား အမျှပေးဝေပါကုန်၏။ (ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့) ၃ကြိမ်
ရေချမ်းတော်စွန့်ပြီးတဲ့အခါ ရေခွက်လေးကိုကိုင် ရေလေးကိုစိုက်ကြည့်ပြီး “ဤ ရေသည် ဆေးဖြစ်ပါစေသတည်း။ ဤရေကို သောက်သုံးခြင်းဖြင့် ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်း၌ ရောဂါဘယဝေဒနာအမျိုးမျိုး ၊ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီးအမျိုးမျိုးတို့သည် ကင်းပါစေ သတည်း၊ ရှင်းပါစေသတည်း၊ လင်းပါစေသတည်း။ ဘုရား တရား သံဃာ ရတနာ၃ပါးတို့၏ အမိန့်တော်….” ဟု ရွတ် ဆို၍ သောက်သုံးပါ။

ချင်းတောင်တန်းသာသနာပြုဆရာတော်ဘုရား ငယ်စဉ်က ချင်းတောင်ပေါ်တွင် တောင်တန်းသာသနာပြုဆရာတော် ဘုရားကြီးနှင့် အတူသီတင်းသုံးနေထိုင်စဉ် မြင်တွေ့ခဲ့ရသော ဆရာတော်ဘုရားကြီး၏ မေတ္တာရေစင်ကျင့်စဉ်နည်းကို.. မေတ္တာရေစင်တရားတော်ခေါင်းစဉ်ဖြင့် ဟောကြားထားသည်ကို ရေးသားပူဇော်ပါသည်…။

၃၁ ဘုံ ကျင်လည်ကြကုန်သော လူအပေါင်း , နတ်အပေါင်း , ဗြဟ္မာအပေါင်းနှင့် အပယ်လေးဘုံသား သတ္တဝါအပေါင်းတို့ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကြည်လင် ရွှင်လန်းငြိမ်းချမ်းကြပါစေ ။

မူရင်းရေးသားပူဇော်သူအား လေးစားစွာ Credit ပေးပါတယ်

 #ဗောဓိညောင်ပင်(၁၀)ပင် အဓိဋ္ဌာန်💐💐💐💐💐💐💐💐💐💐💐💐ညောင်၁၀ ပင် အဓိဋ္ဌာန်လာမေးကြလို့ ပါရှင် 🙏. #သစ်တံခါးဆရာတော်ဘုရားပေးတဲ့ အ‌ခြေ...
04/03/2026

#ဗောဓိညောင်ပင်(၁၀)ပင် အဓိဋ္ဌာန်
💐💐💐💐💐💐💐💐💐💐💐💐

ညောင်၁၀ ပင် အဓိဋ္ဌာန်လာမေးကြလို့ ပါရှင် 🙏
. #သစ်တံခါးဆရာတော်

ဘုရားပေးတဲ့ အ‌ခြေခံကျင့်စဉ်ပါ...ဆရာတော်က ကျောင်း

တိုက်ရောက်လာသူတွေဆို ဒီကျင့်စဉ်အရင်ကျင့်ခိုင်းပါတယ်

ဒါအခြေခံပါတဲ့...ဘုန်းဘုန်းကြီးမိန့်နေတာကို ကိုယ်တိုင်မြင်

ကြားပြီးမှပြောတာပါနော်...

အဓိဌာန်ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ...
💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐

(၁) ဘုရားရှင်အား ရေ(၁၀)ခွက် အမွှေးတိုင်(၁၀)တိုင် ဆီမီး

(၁၀)တိုင်ပူဇော်ပါ...ရုက္ခစိုးအား ကွမ်းယာ(၁၀)ယာလှူပါ...

(၂ )မြတ်ဗုဒ္ဓကို အာရုံပြု ရှိခိုးပူဇော်ပါ...

(၃)ငါးပါးသီလ ခံယူဆောက်တည်ပါ.

(၄)ဂုဏ်တော် (၉)ပါး ပူဇော်ပါ...

(၅)ပဌာန်းပစ္စယနိဒ္ဒေယ ပူဇော်ပါ.. မပူဇော်နိုင်ပါက ပဌာန်း

၂၄ ပစ္စည်း အကျဉ်းပူဇော်ပါ...

၂၄ ပစ္စည်း အကျဉ်းကို(၁၀) ခေါက်ပူဇော်ပါတယ်)

(၆)မေတ္တာသုတ် တစ်ခေါက်ပူဇော်ပါ.... ကိုယ့်အဓိဌာန်နဲ့

ကိုယ်နိုင်သရွေ့ပူဇော်နိုင်ပါတယ်...

(၇) "အရဟံသိဒ္ဓိဘဂဝါအောင် "ပုတီး (၁၀) ပတ်စိတ်ပါ..

ညောင်ပင်ရှေ့မှာ (၁)ပင်စီကို (၁၀၈) လုံး ပုတီး နဲ့ "အရဟံ

သိဒ္ဓိ ဘဂဝါအောင်"ဆိုပြီး (၁)လုံးချပါ...(၁၀)ပတ်စိပ်ရပါ

မယ်...

🌺စုစုပေါင်း ညောင်(၁၀)ပင် မို့ တစ်နေ့ ပုတီးလုံးရေ

(၁၀၈၀၀) (တစ်သောင်းရှစ်ရာ)စိပ်ရပါမယ်...

(၈)ရုက္ခစိုးဂါထာကို (၃၇)ခေါက်ရွက်ပါ...

"ဉုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက်

အကျွနိုပ်အား အသက်ဥစ္စာ ပညာ ပေးပါလော့"

(၉)သတ္တဝါ မှန်သမျှ အနန္တတွေ မေတ္တာပို့ပါ... အထူး

ကျန်းမာစေ..ချမ်းသာပါစေ... အဆင်ပြေပါစေ... အေးချမ်း

ကြပါစေ... အောင်မြင်ကြပါစေ... အပူကင်းပျောက်အအေး

ရောက်ကြပါစေ ဟုပို့ပါ...

(၁၀)မိဘ ဘိုးဘွား ဆရာသမား ဆွေတော်မျိုးတော်တွေ

အမျှဝေပါ .. ရုက္ခစိုးနတ် ဘုမ္မစိုးနတ် အမျှဝေပါ...

🌺တစ်နေ့ထဲ(၁၀)ပင်ပြီးပါကပိုကောင်းပါတယ်..

(၁၀)ရက်ဆက်တိုက်အဓိဋ္ဌာန်မယူထားလည်းရက်ခွဲပြီး (၁၀)

ပင်ပြည့်အောင်လုပ်လို့ရပါတယ်...ဆယ်ပင်ပြည့်မှ (၁)ကြိမ်

အောင်တာပါနော်...

မနက်(၅)ပင်ပြီးအောင်လုပ်ပြီး ညနေမှ(၅)ပင်လုပ်လည်းရ

ပါတယ်

သောက်တော်ရေ+အမွှေးတိုင်က ဘုရားကိုလှူပါ....ကွမ်းက

ရုက္ခစိုးကိုလှူတာပါနော်...(သပ်သပ် ခွက်/ပန်းကန်နဲ့ကပ်ပါ..

ဘုရားနဲ့ပေါင်းမလှူနဲ့နော်....)ကိုယ်ခါတိုင်းဘုရားကပ်သလို

ရွတ်ဆိုပြီးကပ်ပါနော်...

ညောင်ပင်များ(ရှာရလွယ်အောင်ပါ)
💐💐💐💐💐💐💐💐💐💐

(၁)ရွှေတိဂုံစေတီတော်တွင်

တနင်္ဂနွေထောင့်မှာ(၁)ပင် အဂါင်္ထောင့် (၁)ပင်

စနေထောင့်တွင် (၃) ပင်၊ ရာဟုထောင့်တွင် (၁)ပင်

(၂)မဟာဝိဇိယဘုရားတွင် (၂)ပင်

(၃)ဗိုလ်တစ်ထောင်စေတီတော်တွင် (၂)ပင်

(၄)ဆူးလေစေတီတော်တွင်(၁)ပင်

(၅)ငါးထပ်ကြီးဘုရားတွင်(၁)ပင်

(၆)ခြောက်ထပ်ကြီးဘုရားတွင်(၁)ပင်

(၇)ကိုးထပ်ကြီးဘုရားတွင်(၂)ပင်

(၈)မြောက်ဒဂုံ ငါးမန်အောင်ဘုရားတွင်(၂)ပင်

(၉)ကမ္ဘာအေး ဘုရား

( ကုန်းတော်ပေါ်မှာ(၇)ပင် ;ဘိုးဘိုးကြီးနတ်နန်းမှာ(၃) ပင်;

ကမ္ဘာအေး ဥယျဉ်ခြံထဲမှာ( ၂)ပင်)

(၁၀)မယ်လမုဘုရား (၁၀)ပင်

(၁၁)စွယ်တော်ဘုရား (၁၀)ပင်

(၁၂)ဝင်ဒါမီယာထဲက "အောင်တော်မူ စေတီ" မှာလည်း

အနှစ် (၅၀၀)သက်တမ်းရှိညောင်ပင်ကြီးနဲ့ ညောင်ပင်

သေး(၄)ပင်ရှိပါတယ်...သံလွင်လမ်း ဝင်ဒါမီယာ အောင်မင်း

ခေါင် (၂) လမ်း အဆုံးမှာ "ဓါတ်ပေါင်းစု အောင်မင်းခေါင်

စေတီ"ရှိပါတယ်...

🙏ဆရာတော်ကြီးကဗောဓိညောင်ပင်အဓိဋ္ဌာန်ဘာကြောင့်

လုပ်ခိုင်းတာလဲ ??

"ဗောဓိ" ဆိုတာ ပရိဘောဂစေတီကို ကိုယ်စားပြု ပူဇော်ခြင်း

ဖြစ်ပြီး "ညောင်ပင်"ဆိုသည်မှာ ရုက္ခစိုးနတ်မင်းကြီးအား

ပူဇော်ပသခြင်းဖြစ်ပါတယ်🌳🌳🌳

အကျိုးကျေးဇူး များမှာ
💐💐💐💐💐💐

လာဘ်လာဘတိုးပွားကာ လူချစ်လူခင်များလာသလို

ကျန်းမာရေးလည်း ထူးခြားကောင်းမွန်လာပါတယ်ရှင်...

အဓိဌာန် ဝင်သူများ ဘာဝတ်သင့်ပါသလဲ
💐💐💐💐💐💐💐💐💐💐💐💐💐

အဖြူ ဝမ်းဆက် (အဆင်ပြေရင် ဝတ်ပါ.. အဖြူ အညို

ယောဂီ ရပါတယ်ရှင့်..အဖြူ ဝမ်းဆက်ဆိုရင်တော့ ပိုအေး

ချမ်းတာပေါ့နော်)

ကြို တင် ပြင်ဆင်သွားရမှာတွေက
💐💐💐💐💐💐💐💐💐💐

➡️1.တာလီိစိပ်ပုတီး (ရုက္ခစိုး ဂါထာ ၃၇ ခေါက် ရွတ်ရန်နှင့်

ပုတီးပတ်ရေ မှတ်သားလွယ်စေရန် )

➡️2.သောက်တော်ရေ ခွက်သေးလေး(၁၀) ခွက်နဲ့ လင်ဗန်း

➡️3. ကွမ်းယာထည့်ရန် ပန်းကန်သေး

➡️4.အမွှေးတိုင် -၁၀ တိုင်စီ စည်းပြီးသား (၁၀) စည်း

( စုစုပေါင်း (၁၀)ပင်စာ အတိုင် (၁၀၀) )

➡️5.ဖယောင်းတိုင်(၁၀)တိုင်စီ စည်းပြီး (၁၀)စည်း

( စုစုပေါင်း (၁၀)ပင်စာ အတိုင် (၁၀၀) )

➡️6.ကွမ်းယာ (၁၀) ထုတ်စီး

( စုစုပေါင်း (၁၀)ပင်စာ အယာ (၁၀၀) )

➡️7.ရေသန့် (၅ )လီတာ ပုံး

➡️8.ပုတီးစိတ်ဖို့ အခင်းလေး ဒါတွေအကုန်လုံးကိုခြင်း

တစ်လုံးထဲစုထည့် ပြီးသယ်သွားပါနော်...

ညထဲက ကြိုပြင်ဆင်ထုတ်ပိုးထားပါနော်...ပိုမြန်ပြီးလွယ်ကူ

လို့ပါ ကွမ်းယာ က ရိုးတံပါတဲ့ ကွမ်းရွက်, ထုံးနဲ့ကွမ်းသီးဆိုရ

ပါပြီ...နတ်ဆက်တဲ့ ကွမ်းလို့ပြောဝယ်ရင်ကွမ်းဆိုင်ကသိပါ

တယ်...

🤩အဓိဋ္ဌာန် ညောင်ပင်(၁)ပင်မှာပြီးတိုင်း ကွမ်းတွေကို

အမှိုက်တောင်းထဲ စွန့်ပစ်ထားခဲ့ပြီး ရေ (၁၀) ခွက်ကို

ညောင်ရေပြန်သွန်းခဲ့ပါနော်...

ဗောဓိညောင်ပင် အဓိဋ္ဌာန်အတွက် အမေးအများဆုံး

မေးခွန်းများ

(၁) အချိန်အတိအကျ မလိုပါဘူး...

(၂) တစ်နေ့ကို ညောင်ပင်(၁၀)ပင် ပုတီးပတ်ရေ(၁၀၀)

အတွက်(၁၀)ရက် ဆက်တိုက် စိတ်နိုင်ရင် အောင်ပါပြီ...

Credit(မူရင်းရေးသာသူကို လေးစားလျက်)

Black Collection လေးမင်မင်အရမ်းကြိုက်တဲ့ black colour လေးပါ အရောင်စိုစိုလေးနဲ့အရမ်းလှသောပါပဲရှင်size အကြီးအသေးပေါ်မူတည်ပ...
12/04/2025

Black Collection လေး
မင်မင်အရမ်းကြိုက်တဲ့ black colour လေးပါ အရောင်စိုစိုလေးနဲ့အရမ်းလှသောပါပဲရှင်size အကြီးအသေးပေါ်မူတည်ပြီး ၃၀၀၀၀ကျပ်၀န်းကျင်ကနေစပြီး မှာလို့ရပါတယ်ရှင့်🖤
သင့်တင့်သောဈေးနှုန်းလေးနဲ့ handmade အိတ်လှလှလေးတွေ နဲ့ မိမိုက်ချင်တယ်ဆိုရင် handmade house ကို သတိရလိုက်ပါနော်
Delivery ရှိတဲ့မြို့တိုင်း အိမ်ရောက်ငွေချေ system လေးနဲ့စီစဉ်ပေးပါတယ်ရှင့်

order မှာမှ အိတ်လေးဖန်တီးပေးတာဖြစ်တဲ့အတွက် 3 ရက်မှ 5 ရက်အထိတော့ စောင့်ရပါတယ်ရှင်...ဒါကြောင့် မိမိ ကြိုက်နှစ်သက်တဲ့အရောင် ဒီဇိုင်းလေတွေကို ပုံလေးပြပြီး စိတ်တိုင်းကျ မှာယူလို့ရပါတယ်ရှင့်
house #
#ကျေးဇူးတင်ပါတယ်ရှင့် #
#၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် စီးပွားဥစ္စာတိုးပွားကြပါစေရှင့်🙏 #

Phထည့်mini အိတ်လေးများလည်းကြိုက်နှစ်သက်သည့်အရောင်ကြိုက်နှစ်သက်သောပုံစံလေးမျာကို မှာယူလို့ရပါတယ်ရှင့်💜  House  #
11/04/2025

Phထည့်mini အိတ်လေးများလည်းကြိုက်နှစ်သက်သည့်အရောင်ကြိုက်နှစ်သက်သောပုံစံလေးမျာကို မှာယူလို့ရပါတယ်ရှင့်💜
House #

11/04/2025
Handmade အိတ်လေးတွေ မှာယူလို့ရပါတယ်ရှင့်မိမိကြိုက်နှစ်သက်တဲ့အရောင်ကြိုက်နှစ်သက်တဲ့ ပုံကိုပြပြီးမှာလို့ရပါတယ်ရှင့် Delive...
11/04/2025

Handmade အိတ်လေးတွေ မှာယူလို့ရပါတယ်ရှင့်
မိမိကြိုက်နှစ်သက်တဲ့အရောင်ကြိုက်နှစ်သက်တဲ့ ပုံကိုပြပြီးမှာလို့ရပါတယ်ရှင့်
Delivery ရှိသည့်မည်သည့်မြို့နယ်မဆို အိမ်ရောက်ငွေချေ ပို့ပေးပါတယ်ရှင့်

🤍🤍  House  #
11/04/2025

🤍🤍
House #

Address

Taungoo

Telephone

+959950909809

Website

Alerts

Be the first to know and let us send you an email when Shinloonmal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share