15/09/2023
Hola! A Fool's Bag page လေးကနေကြိုဆိုလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့အသစ်ထွက်ရှိလာတဲ့ နားဆွဲလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
သင်ဟာ လိပ်ပြာလေးတွေကိုကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတစ်ယောက်လား။
အများနဲ့မတူဘဲ ဆန်းပြားတဲ့ နားဆွဲလေးတွေကိုကြိုက်နှစ်သက်တဲ့သူလား။
ပွဲတက်ဖို့ဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ဖို့ဘဲဖြစ်ဖြစ် fancy ပစ္စည်းလေးတွေကိုနှစ်သက်တဲ့သူတွေအတွက် အကြိုက်တေွ့ေစမယ့် Cicada wing earring လေးတွေကိုမိတ်ဆက်ပေးပါရစေ။
နားဆွဲလေးတွေကိုတော့ resin နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ အရောင်အမျိုးအစား ၅ ရောင်ရှိပြီးတော့ glitter ပါတာနဲ့ glitter မပါတာဆိုပြီးနှစ်မျိုးရှိပါတယ်။
Glitter ပါဝင်တာကတော့ အလက်လက်လေးတွေနဲ့ အလင်းရောင်နဲ့တွေ့တိုင်း လှပနေစေမှာဖြစ်ပြီး၊ glitter မထည့်ထားတာကတော့ အရောင်ရိုးရိုးရှင်းရှင်းလေးတွေနှစ်သက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာဖြစ်ပါတယ်။
နားဆွဲဆန်းဆန်းလေးတွေနဲ့ ပွဲထုတ်ချင်တဲ့ ညီအစ်မတွေအတွက်ရော၊ ကိုယ်ရဲ့ကောင်မလေးအတွက် အသစ်အဆန်းလေးတွေ လက်ဆောင်ပေးချင်တဲ့ ညီကိုတွေအတွက်ပါအဆင်ပြေစေမယ့် ဒီဇိုင်းလေးတွေဘဲဖြစ်ပါတယ်။
Cicada wings earring လေးတွေကိုမှာယူချင်တယ်ဆိုရင်တော့ A Fool's Bag page messenger ကနေတစ်ဆင့် preorder တင်နိုင်ပါပြီနော်။
အခုလိုမျိုး Handmade ပစ္စည်းလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ page လေးကို like and follow လေးပြုလုပ်ပေးသွားကြပါဦးဗျာ။