18/02/2022
Crochetအထည်လေးတွေကိုဘလိုလျှော်ဖွတ်ပီးဘလိုလှမ်းကြမလဲ။❓
ဒီနေ့မှာတော့မင်မင်က crochetအထည်လေးတွေရဲ့လျှော်ပုံလျှော်နည်း၊ လှမ်းပုံလှမ်းနည်းတို့နဲ့ပတ်သတ်ပီး ဆောင်ရန်၊ရှောင်ရန်လေးတွေကိုသိသလောက်မျှဝေပေးမှာပဲဖစ်ပါတယ်။📌
ခုနောက်ပိုင်းcrochetအထည်လေးတွေကတော်တော်လေးခေတ်စားလာပီဆိုတော့ အထည်လေးတွေကိုဘလိုလျှော်ဖွတ်ရမလဲ။ ဘလိုထိန်းသိမ်းရမလဲဆိုတာမင်မင်ပြောပြပေးပါမယ်။✨
🔴ပထမဆုံးအနေနဲ့မင်မင်ပြောချင်တာကcrochetအထည်လေးတွေကို ခနခနလျှော်နေစရာမလိုပါဘူးနော်။ လျှော်တဲ့အခါမှာလဲအ၀တ်လျှော်စက်သုံးပီးလျှော်ခြင်းကိုလုံးဝ လုံးဝရှောင်ရပါမယ်။❌
🟡နောက်တချက်က အထည်ကို ဆပ်ပြာမှုန့်အကြမ်းစားတေမသုံးပဲ ဆပ်ပြာနု(ရေချိုးဆပ်ပြာ)အဲလိုလေးတေကိုသုံးစေချင်ပါတယ်။ crochetအထည်လေးတွေကနူးညံ့လို့ပါနော်။ ✨ပီးတော့မလျှော်ခင်မှာ ဆပ်ပြာနဲ့အရင်10မိနစ်၊ 15မိနစ်လောက်စိမ်ထားပေးပါနော်။ စိမ်ပီးတဲ့အခါကြမ်းကြမ်းကိုင်ပီးလျှော်တာထက် လက်ကလေးနဲ့ပွတ်ပီးလျှော်ပေးရင်ရပါပီနော်။ 💯✔️
🔴လျှော်တဲ့အခါလက်နဲ့အတင်းပွတ်လျှော်တာတို့၊ Brushနဲ့တိုက်ပီးလျှော်တာမျိုးလုံး၀ လုံး၀မလုပ်ရပါဘူးနော်။ ချည်ဖွာသွားတာမျိုးဖစ်တတ်လို့ပါ။ ❌
🟡ပေတယ်ထင်တယ့်နေရာလေးတွေကိုပဲလက်နဲ့ပွတ်လျှော်ပေးရင်လုံလောက်ပါပီနော်။ 💯✔️
📣လျှော်တာနဲ့ပတ်သတ်ပီးမင်မင်ကပြောပီးပီဆိုတော့အခုလှမ်းတာနဲ့ပတ်သတ်ပီးဆောင်ရန်၊ ရှောင်ရန်တွေကိုပြောပြပေးပါမယ်။
🔴သတိထားရမယ့်အရေးကြီးဆုံးအချက်က ရေညှစ်တယ့်အခုလိမ်ပီးညှစ်တာကိုလုံး၀လုံး၀ရှောင်ရပါမယ်။ 🙅❌
🟡လက်ကလေးနဲ့ဖြည်းဖြည်းချင်းစုတ်ညှစ်ပေးရင်ရပါပီ။ 💯✔️
🔴ရေညှစ်ပီးအ၀တ်လှမ်းတဲ့အခါရေweightပါတာကြောင့်ချိတ်နဲ့လှမ်းတာမျိုးမလုပ်သင့်ပါဘူးနော်။❌
🟡အပြားတခုခုခံပီးဖြန့်လှမ်းပေးရင်အဆင်ပြေပါပီ။ 💯✔️
🔴မီးပူတိုက်ရင်ဆွဲတိုက်တာမျိုးမလုပ်ရပါဘူးနော်။
🟡မီးပူတိုက်ချင်ရင်တော့အထည်ကိုပြောင်းပြန်လှန်ပီးတိုက်သင့်ပါတယ်။ ရေစိုအ၀တ်တခုခုကိုအပေါ်ကနေထပ်ပီးတိုက်လို့ရပါတယ်။ အသာအယာလေးဖိတိုက်ပီးရင်ရပါပီရှင်။ 💯✔️
💬pageကိုlike & followလုပ်ပေးဖို့လဲမမေ့ကြပါနဲ့အုံးနော်။
❣️Crochetအထည်လေးများနဲ့လှနိုင်ကြပါစေရှင့်။❣️
crd: original post