KK Hotpot

KK Hotpot Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK Hotpot, Shopping & retail, West To The Shwe Taung Yoe Station, ChinTae Street, Yay Aye Kwin Quater, Taunggyi.

🌧️ မိုးရာသီရောက်ရင် အမှတ်တရ တစ်ခုမဟုတ်တစ်ခုတော့ရှိကြတာပဲမလား။🌧️ မိုးရေတူတူဆော့ခဲ့တဲ့ကောင်မလေးလား။ မိုးရွာထဲမှာ ဆိုင်ကယ်စ...
08/06/2026

🌧️ မိုးရာသီရောက်ရင် အမှတ်တရ တစ်ခုမဟုတ်တစ်ခုတော့ရှိကြတာပဲမလား။
🌧️ မိုးရေတူတူဆော့ခဲ့တဲ့ကောင်မလေးလား။ မိုးရွာထဲမှာ ဆိုင်ကယ်စီးခဲ့ကြတဲ့အခိုက်အတံ့လား။

🥰 မင်မင်ကတော့ မိုးလေးအေးပြီး ဟော့ပေါ့အတူစားခဲ့တဲ့အခိုက်အတံ့လေးကို သတိအရဆုံးပဲ။

အကြာကြီးစဉ်းစားမနေဘဲ... အဲ့ဒီ သတိရရတဲ့သူကို အောက်မှာ Mention ခေါ်ပြီး ဒီညနေ 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 မှာ မိုးအေးအေးကို အတူတူ အန်တုဖို့ ချိန်းလိုက်ရအောင်နော်။ 👇

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (VX bar အောက်ဖက်) ၊တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #မိုးရွာရင်KKကိုသတိရလိုက်ပါ #အမဲဆီမပါတဲ့ဟော့ပေါ့

06/06/2026

မိုးအေးအေးလေးနဲ့ HotPot စားမယ်ဆို KK HOTPOT & BBQ ကိုသတိရလိုက်နော် ❤️

#တောင်ကြီး

✨ ဝဥခေါက်ဆွဲ နဲ့ ရိုးရိုးခေါက်ဆွဲ Calories ဘယ်လောက်ကွာလဲ သိကြလားရှင့်။ 😉ဟော့ပေါ့စားရင် ခေါက်ဆွဲမပါမဖြစ်ဆိုပေမယ့် စားပြီး...
05/06/2026

✨ ဝဥခေါက်ဆွဲ နဲ့ ရိုးရိုးခေါက်ဆွဲ Calories ဘယ်လောက်ကွာလဲ သိကြလားရှင့်။ 😉

ဟော့ပေါ့စားရင် ခေါက်ဆွဲမပါမဖြစ်ဆိုပေမယ့် စားပြီးရင် ဝိတ်တက်တော့မှာပဲ" ဆိုတဲ့ စိုးရိမ်စိတ်က နောက်ကနေ အမြဲလိုက်လာတတ်ပါတယ်။😋

😮‍💨 အထူးသဖြင့် ခေါက်ဆွဲအမျိုးအစား မှားရွေးမိတဲ့အခါ Calories ကွာဟချက်က သင်ထင်ထားတာထက် ပိုပြီး ထိတ်လန့်စရာကောင်းပါတယ်ရှင်။

🟥 ၁။ ရိုးရိုးခေါက်ဆွဲ / ဂျုံခေါက်ဆွဲ

ဂျုံနဲ့ ပြုလုပ်ထားတဲ့ ရိုးရိုးခေါက်ဆွဲခြောက် (သို့) အဝါရောင်ခေါက်ဆွဲတွေဟာ (Carbohydrates) သိပ်သည်းဆ အရမ်းမြင့်မားပါတယ်။ တစ်ပွဲကို ပျမ်းမျှ Calories ၂၀၀ မှ ၃၅၀ ကယ်လိုရီ အထိ ရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး... ဟော့ပေါ့အိုးထဲ ထည့်လိုက်တဲ့အခါ ဟင်းရည်ထဲက ဆီနဲ့ အနှစ်တွေကိုပါ ခေါက်ဆွဲက စုပ်ယူလိုက်တာမို့ ကယ်လိုရီက အဆမတန် ပိုတက်သွားစေနိုင်လို့ ဝိတ်ချနေသူတွေအတွက်တော့ အဓိက ရန်သူတော်ကြီးပါပဲ။ ❌

⬜ ၂။ ဝဥခေါက်ဆွဲ (Konjac Noodles)
ဝဥခေါက်ဆွဲမှာတော့ ရေဓာတ် ၉၇% နဲ့ Glucomannan လို့ခေါ်တဲ့ သဘာဝအမျှင်ဓာတ် (Fiber) ၃% ပဲ ပါဝင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကယ်လိုရီက တစ်ပွဲလုံးကုန်အောင် စားရင်တောင်မှ ၆ မှ ၁၀ ကယ်လိုရီ ခန့်သာ ရှိတာမို့ ရိုးရိုးခေါက်ဆွဲနဲ့ ယှဉ်ရင် ကယ်လိုရီ အဆပေါင်း ၃၀ ကျော် ကွာဟပါတယ်ရှင်။ လုံးဝ (လုံးဝ) ဝိတ်မတက်စေတဲ့အပြင် အမျှင်ဓာတ်ကြောင့် အစာခြေစနစ်ကိုပါ အထောက်အကူပြုတဲ့ "Superfood" ပါပဲ။ ဆီးချို/သွေးချိုသမားတွေနဲ့ Keto Diet သမားတွေအတွက် သုခဘုံပဲပေါ့။ ✅

ဒီတော့... နောက်တစ်ခေါက် 𝗞𝗞 HOTPOT ရောက်ရင် ဝိတ်တက်မှာကို လုံးဝစိတ်ပူစရာမလိုဘဲ "ဝဥခေါက်ဆွဲ" လေးကို အထာကျကျ မှာစားပြီး အပြည့်အဝ ဇိမ်ယူလိုက်ရအောင်နော်။ 💃🍲

(ဝိတ်ချနေရင်း ဟော့ပေါ့ကို လွမ်းနေတဲ့သူငယ်ချင်းကို အောက်မှာ Mention ခေါ်ပြီး သတင်းကောင်းပါးလိုက်ပါဦး) 👇

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (VX bar အောက်ဖက်)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #ဝဥခေါက်ဆွဲ #ဝိတ်ထိန်းဟော့ပေါ့ #အမဲဆီမပါတဲ့ဟော့ပေါ့

31/05/2026

KK က special အသားလွှာလေးနဲ့အလိုက်ဖက်ဆုံးဖြစ်မယ့်အချဉ်❤️

#တောင်ကြီးဟော့ပေါ့

"ဟော့ပေါ့စားရင် ပထမပိုင်းတော့ အရမ်းမြိန်ပြီး... နောက်ပိုင်းကျ အီပြီး ဆက်မစားနိုင်တော့တာမျိုး ဖြစ်ဖူးတယ်မလား?" 🤦‍♀️အဝစားပ...
31/05/2026

"ဟော့ပေါ့စားရင် ပထမပိုင်းတော့ အရမ်းမြိန်ပြီး... နောက်ပိုင်းကျ အီပြီး ဆက်မစားနိုင်တော့တာမျိုး ဖြစ်ဖူးတယ်မလား?" 🤦‍♀️

အဝစားပဲစားစား၊ မှာစားပဲစားစား... ဟော့ပေါ့ကို အစအဆုံး အရသာရှိရှိနဲ့ မအီဘဲ ဇိမ်ရှိရှိ စားနိုင်ဖို့ဆိုရင် အစားအသောက် Expert တွေသုံးတဲ့ "အလှည့်အပြောင်း အထာ" လေးတွေ ရှိပါတယ်ရှင်။

ကျွန်မတို့ရဲ့ လျှာပေါ်က အရသာခံအဖုလေးတွေ က အရသာတစ်ခုတည်းကိုပဲ ဆက်တိုက်ရနေရင် ဦးနှောက်က ဗိုက်မပြည့်သေးရင်တောင် "တော်ပြီ၊ အီပြီ" ဆိုတဲ့ အချက်ပြချက်ကို ပေးလိုက်တတ်ပါတယ်။ ဒါကြောင့် အရသာကို မျှတအောင် 'စား' ပေးဖို့ လိုတာပါ။

ကဲ... KK က လျှို့ဝှက်ချက် ၃ ချက်ကို မျှဝေပေးလိုက်ပြီနော်။ 👇

၁။ Soup Base ကို ဉာဏ်ဆင်ပြီး ရွေးပါ 🍲
ဟင်းရည်မှာ ဆီအနှစ်တွေ အရမ်းများတဲ့ မာလာ (Mala Soup) ချည်းပဲ သောက်ရင် အမြန်ဆုံး အီသွားတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ Mala + Collagen (သို့) ကြက်စွပ်ပြုတ်ရည် နှစ်မျိုးတွဲစပ်ထားတဲ့ အိုးကို ရွေးပါ။
မာလာအစပ်စားလိုက်၊ ကြက်စွပ်ပြုတ်ရည် ဆိမ့်ဆိမ့်လေးနဲ့ လျှာကို ပြန်ဖြေလိုက်လုပ်တာက ဦးနှောက်ကို အရသာအသစ် အမြဲပေးနေသလိုဖြစ်လို့ လုံးဝမအီတော့ပါဘူး။

၂။ စားတဲ့ "အစီအစဉ်" က စကားပြောတယ် 🥩🥬
လူတော်တော်များများက ဆိုင်ထိုင်တာနဲ့ အသားတွေကိုပဲ အရင်အုံနဲ့ကျင်းနဲ့ ပစ်ထည့်တတ်ကြပါတယ်။ ဒါက အီစေတဲ့ အဓိကတရားခံပါပဲ။

အထာကျကျ ဘယ်လိုရွေးထည့်မလဲ?
အရင်ဆုံး အသီးအရွက်၊ မှို နဲ့ ပဲပြားတွေကို ဟင်းရည်ထဲထည့်ပြီး အချိုဓာတ်ထုတ်ပါ။ ပြီးမှ အသားကို တစ်ချပ်ချင်းစီ စက္ကန့်ပိုင်းပဲ နူးညံ့အောင် ဝတ်ပြီး စားပါ။ နောက်ဆုံးမှ ခေါက်ဆွဲထည့်စားပါ။ ဒီလို အစီအစဉ်အတိုင်းစားရင် အစာလည်းကြေလွယ်ပြီး အီလည်းမအီပါဘူး။

၃။ အချဉ်ရည်စပ်နည်း အကြံပြုချက်

အချဉ်ရည်စပ်တဲ့အခါ မြေပဲဆော့စ်တွေ အရမ်းများရင် အဆီဓာတ်များပြီး ပိုအီတတ်ပါတယ်။ အထာကျကျ စားချင်ရင် ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ တောက်တောက်စဥ်း၊ ရှာလကာရည် (သို့) သံပရာရည် နဲ့ ငရုတ်သီးစိမ်း ကို ပိုထည့်ပါ။ ဒီလိုတွေမစပ်ချင်ရင်တော့ KK ရဲ့ ဝန်ထမ်းလေးတွေကိုစပ်ခိုင်းလို့ရပါတယ်။ ဒီအချဉ်ဓာတ်နဲ့ အစပ်ဓာတ်က အသားရဲ့ အဆီပြန်မှုကို အကောင်းဆုံး ဖြတ်တောက် ပေးနိုင်လို့ အဆုံးထိ မြိန်နေစေမှာပါ။

✨ အားလုံးထက် အရေးကြီးဆုံးကတော့ ဟော့ပေါ့ရဲ့ အခြေခံ "ဟင်းရည်စစ်စစ်" ဖြစ်ဖို့ပါပဲ။ အသင့်သုံးအထုပ်တွေ၊ အမဲဆီခဲတွေနဲ့ ချက်ထားတဲ့ ဟင်းရည်က စားပြီးတာနဲ့ ဗိုက်ကယ်ပြီး အီစိမ့်နေတတ်ပါတယ်။

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 မှာကတော့ Ready-made အထုပ်တွေ လုံးဝမသုံးဘဲ အမဲဆီမပါတဲ့ အရိုးပြုတ်ရည်စစ်စစ် နဲ့ပဲ ချက်တာမို့လို့ စားသုံးသူတွေအတွက် အစအဆုံး ပေါ့ပေါ့ပါးပါးနဲ့ အီသွားခြင်းမရှိဘဲ ဇိမ်ရှိရှိ Chill လို့ရတာပေါ့။ 🥰

ဒီတစ်ခေါက် KK လာရင် ဒီနည်းလမ်းလေးတွေအတိုင်း အထာကျကျ စားကြည့်ဖို့ မမေ့နဲ့နော်! 😉

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (VX bar အောက်ဖက် )၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #အထာကျကျဟော့ပေါ့စားနည်း #အမဲဆီမပါတဲ့ဟော့ပေါ့

27/05/2026

❤️KK HOTPOT & BBQ မှာလာစားတဲ့ကလေးတွေတိုင်းကြိုက်ကြတဲ့ အချဉ်စပ်နည်းလေးမျှဝေလိုက်ပါတယ်ရှင့်။
#တောင်ကြီးဟော့ပေါ့ #ဟော့ပေါ့အချဉ်စပ်နည်း

သောကြာနေ့ည ရောက်ပြီဆိုရင်..."ဒီညနေ ဘာစားကြမလဲ?""မသိဘူးလေ... နင်စားချင်တာပြော""ဘာစားစားရတယ်... စဉ်းစားရတာ ပျင်းလို့"ဒီလို...
22/05/2026

သောကြာနေ့ည ရောက်ပြီဆိုရင်...
"ဒီညနေ ဘာစားကြမလဲ?"
"မသိဘူးလေ... နင်စားချင်တာပြော"
"ဘာစားစားရတယ်... စဉ်းစားရတာ ပျင်းလို့"
ဒီလို Dialogue မျိုးနဲ့တင် အချိန်တွေ ကုန်နေပြီမဟုတ်လား? 😂

ဘာစားရမလဲ စဉ်းစားရတာကို ဦးနှောက်က အားအင်မသုံးချင်တော့တဲ့အခါ "အဆင်သင့်ရှိပြီးသား အရသာလည်းရှိ စိတ်ချရတဲ့ နေရာ" ဖြစ်တဲ့... 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 ကိုသာ တန်းလာခဲ့လိုက်ပါတော့နော်။ 🥰✨

ဘာလို့လဲဆိုတော့ 𝗞𝗞 မှာက...
✨ ဟင်းရည်(၂)မျိုး Free၊ အသားလတ်လတ်ဆတ်ဆတ်လေးနဲ့ပူပူနွေးနွေး အရသာစစ်စစ်ကို စိတ်လွတ်ကိုယ်လွတ် စားရုံပဲ။

✨ တစ်ပတ်လုံး ပင်ပန်းခဲ့သမျှကို အမဲဆီမပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟော့ပေါ့လေးသောက်ရင်း၊ သူငယ်ချင်း/မိသားစုနဲ့ စကားတွေပြောပြီး စိတ်ရောကိုယ်ပါ အားပြန်ဖြည့် လိုက်ပါရှင်။ 🔋❤️

✨ စားပြီးရင် အင်္ကျီမှာ အနံ့စွဲမှာ မဟုတ်လို့ သောကြာနေ့ည Night Out ဆက်လုပ်ချင်သူတွေအတွက် ကွက်တိပဲနော်။ 🌃

ကဲ... "ဘာစားမလဲ" လို့ မေးနေတဲ့သူတွေကို ဒီ Post အောက်မှာ Mention ခေါ်ပြီး "KK သွားမယ်" လို့ အဖြေပေးလိုက်တော့နော်! 😉👇

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (VX Bar အောက်ဖက်)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #သောကြာနေ့ည #ဒီညနေဘာစားမလဲ

အဝစားဘူဖေးတွေမှာ လူတိုးရတာ၊ အသားတွေက လတ်မလတ် စိတ်မချရတာတွေကို ငြီးငွေ့နေပြီလား? 🤔      တခါတလေကြရင်.... အများကြီးစားလိုက်...
15/05/2026

အဝစားဘူဖေးတွေမှာ လူတိုးရတာ၊ အသားတွေက လတ်မလတ် စိတ်မချရတာတွေကို ငြီးငွေ့နေပြီလား? 🤔

တခါတလေကြရင်.... အများကြီးစားလိုက်ရတာကို တန်တယ်လို့ ထင်ကြပေမယ့် တကယ်တမ်းတော့ ကိုယ့်အတွက် အာဟာရရှိရှိ သန့်သန့်ရှင်းရှင်းနဲ့ စိတ်ချလက်ချ စားသုံးလိုက်နိုင်တယ်ဆိုတာကမှ တကယ်တန်တယ်ဆိုတာမျိုး ဖြစ်နေတက်ပါတယ်။

ဒါကြောင့် တန်တယ်၊ မတန်ဘူးဆုံးဖြတ်တဲ့နေရာမှာ KK Hotpot ကတော့ စားသုံးသူတွေအတွက် စိတ်ချလက်ချစားသုံးနိုင်ဖို့ကိုရွေးချယ်ထားပါတယ်။

✨ Ready-made မသုံးထားတဲ့ အိမ်ချက်လက်ရာဟင်းရည်

✨ လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားပေးတဲ့ အသားလွှာတွေနဲ့

✨ KK ရဲ့ Signature Sauce ‌မျိုးစုံကို အကင်၊ အပြုတ်သီးသန့်စီ ကင်လို့၊ ပြုတ်လို့ရတဲ့ မီးဖိုနဲ့အတူ

✨ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် ကျယ်ကျယ်ဝန်းဝန်းစားသုံးနိုင်ဖို့ဆိုရင် KK HOTPOT ကို စိတ်ချလက်ချရွေးလိုက်နော်။

"ကိုယ်စားလိုက်တဲ့ အစားအသောက်က ကိုယ့်ရဲ့ ကျန်းမာရေးအတွက် တကယ်တန်ဖိုးရှိပါစေ" ဆိုတဲ့ စေတနာနဲ့ 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 က မိတ်ဆွေတို့အတွက် အသင့်ရှိနေပါတယ်ရှင်။ 🥰

အရေအတွက်ထက် "စစ်မှန်တဲ့ အရည်အသွေး" ကိုပဲ ရွေးချယ်တတ်တဲ့ မိတ်ဆွေတို့ရေ.... KK Hotpot ကစော်မျော်နေပါတယ်ရှင်။

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (VX bar အောက်ဖက်)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #အမဲဆီမပါတဲ့ဟော့ပေါ့ #အရည်အသွေးကိုဦးစားပေးသူများ

တောင်ကြီးရာသီဥတုက ဟော့ပေါ့ရာသီဥတုလေးဖြစ်နေပြီနော်။❤️Mother’s Day 10% OFF + Soup Free❤️   #တောင်ကြီးဟော့ပေါ့  #အမေများနေ့...
10/05/2026

တောင်ကြီးရာသီဥတုက ဟော့ပေါ့ရာသီဥတုလေးဖြစ်နေပြီနော်။

❤️Mother’s Day 10% OFF + Soup Free❤️

#တောင်ကြီးဟော့ပေါ့ #အမေများနေ့လက်ဆောင်

Foodie လေးတို့ရေ....မေလ (၁၀) ရက်နေ့မှာ KK Hotpot ကိုမေမေနဲ့အတူ လာရောက်သုံးဆောင်တဲ့ မိသားစုတိုင်းအတွက် Food only Total Bi...
09/05/2026

Foodie လေးတို့ရေ....မေလ (၁၀) ရက်နေ့မှာ KK Hotpot ကိုမေမေနဲ့အတူ လာရောက်သုံးဆောင်တဲ့ မိသားစုတိုင်းအတွက် Food only Total Bill (drinkမပါဝင်ပါ) အပေါ် ၁၀% Discount မေတ္တာလက်ဆောင် ပေးသွားမှာဖြစ်ပါတယ်ရှင်။ ✨

❤️ မေမေတွေအားလုံး ကျန်းမာသုခနဲ့ပြည့်စုံပါစေ၊ အေးချမ်းပြီးသာယာတဲ့နေ့ရက်လေးများပိုင်ဆိုင်ပါစေလို့ ဆာတောင်းပေးလိုက်ပါတယ်ရှင့်။ ❤️

မေမေတို့ ပြုံးပျော်ရမယ့်နေ့လေးဖြစ်ဖို့ KK က အသင့်ရှိနေမှာပါ!

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (ရွှေတောင်ရိုးကားဂိတ်ဘေး)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #အမေများနေ့လက်ဆောင် #အမဲဆီမပါတဲ့ဟော့ပေါ့ #၁၀ရာခိုင်နှုန်းလျှော့စျေး

Address

West To The Shwe Taung Yoe Station, ChinTae Street, Yay Aye Kwin Quater
Taunggyi

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Website

Alerts

Be the first to know and let us send you an email when KK Hotpot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share