Latt Saung

Latt Saung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Latt Saung, Cultural Gifts Store, Tamwe.

✨ကဆုန်လပြည့်နေ့ ဆိုတာတော့  ဗုဒ္ဓဘာသာဝင်များအတွက်  မြတ်စွာဘုရားရဲ့   ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ နေ့ထူးနေ့မြတ်တစ်နေ့ဖ...
14/05/2022

✨ကဆုန်လပြည့်နေ့ ဆိုတာတော့ ဗုဒ္ဓဘာသာဝင်များအတွက် မြတ်စွာဘုရားရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး ✨ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ အနေနဲ့ မိမိရဲ့ အဆိုးနဲ့ အညစ်အကြေးတွေ ဗောဓိညောင်ပင် များထံသွားလို​့ 💧 ညောင်ရေသွန်းလောင်းကာ ဆေးကြောသန့်စင်လေ့ရှိကြပါတယ်။
🙏ဒါ့ကြောင့်မို့လို့ ဒီနေ့ထူးနေ့မြတ်လေးမှစတင်ပြီး ပြည်သူ၊ပြည်သား အားလုံး ကျန်းမာရွှင်လန်းကြပါစေ လို့ ကျွန်တော်တို့ လက်ဆောင်ကနေ ဆုမွန်ကောင်းလေးတောင်းလိုက်ရပါတယ်။🙏

ပိတောက်၊ ငုဝါ ရွှင်လန်းဖြာတဲ့ 💦နှစ်ဦးသင်္ကြန်အခါလေးမှစပြီးတော့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ချစ...
13/04/2022

ပိတောက်၊ ငုဝါ ရွှင်လန်းဖြာတဲ့ 💦နှစ်ဦးသင်္ကြန်အခါလေးမှစပြီးတော့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ချစ်ခင်ရသူတွေနဲ့ အတူတူဖြတ်သန်းနိုင်ကြပါစေလို့
✨Lattsaung✨ကနေ🙏 ဆုမွန်ကောင်းလေးတောင်းပေးလိုက်ရပါတယ်။ဘေးရန်ကင်းကွာပြီး မျှော်လင့်ထားတဲ့အရာတွေအားလုံးလည်းအမှန်အတည်ဖြစ်လာပါစေနော်။

✨လက်ဆောင်ချစ်သူ✨တွေမှာ  ချစ်နေရတဲ့ Crush ရဲ့ Facebook  အကောင့်လေးကို add ချင်ပေမဲ့ Accept မလုပ်ပေးမှာကြောက်လို့ တိုင်ပတ်...
04/04/2022

✨လက်ဆောင်ချစ်သူ✨တွေမှာ ချစ်နေရတဲ့ Crush ရဲ့ Facebook အကောင့်လေးကို add ချင်ပေမဲ့ Accept မလုပ်ပေးမှာကြောက်လို့ တိုင်ပတ်နေတဲ့သူတွေများရှိကြလားဗျ။❓❓

😅ရင်တွင်းခံစားချက်တွေကို ရေလည်ဖွင့်ပြောပြချင်ပေမဲ့ ပလစ်ခံထားရတော့ ဖီလင်ကြဲတာပေါ့နော်။
စိတ်ပျက်မနေပါနဲ့... Crush လေးရဲ့ စိတ်ဝင်စားမှုလေးလည်းရအောင်၊ သူများတွေနဲ့မတူပဲ
နည်းလမ်းအသစ်လေးဖြစ်အောင် လက်ဆောင်ရဲ့ "Accept လုပ်ပေးပါ " ရင်ထိုးလေးတွေကို လက်ဆောင်ပေးလို့ရပါပြီနော်။ 🥰

✔ဒီဇိုင်းလေးကလည်း တစ်မျိုးလေးဆန်းနေတာမို့ Crush လေးရဲ့ Attention ကိုရစေမှာဖြစ်ပြီး ချစ်စရာ ဇာတ်လမ်းလှလှလေး ဖန်တီးနိုင်ဖို့ လမ်းစလေးတစ်ခုကိုဖြစ်စေမှာ အသေအချာပဲပေါ့။

👉ဒါ့ကြောင့်မို့လို့ Accept လုပ်ပေးပါ ရင်ထိုးလေးတွေကို မှာယူချင်တယ်ဆိုရင်တော့ Page messenger ကိုလာရောက်ပြီးမှာယူလို့ ရနေပါပြီဖြစ်ကြောင်းလေးလဲ အသိပေးလိုက်ရပါတယ်နော်။

✨လက်ဆောင်✨ ရဲ့ Product လေးတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုထဲက ချစ်စရာ အရုပ်ကလေးတွေ၊ ကြည်နူးစရာ စကားစုလေးတွေကို ခေတ်အမြင်နှင...
24/03/2022

✨လက်ဆောင်✨ ရဲ့ Product လေးတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုထဲက ချစ်စရာ အရုပ်ကလေးတွေ၊ ကြည်နူးစရာ စကားစုလေးတွေကို ခေတ်အမြင်နှင့်လိုက်အောင် ထုတ်လုပ်ထားတာဖြစ်ပြီး ရိုးရှင်းမှုနဲ့ ဆန်းသစ်မှုခံစားချက် နှစ်ခုလုံးကို တပြိုင်နက် ရရှိစေနိုင်မှာဖြစ်ပါတယ်။

ယနေ့ခေတ်အချိန်မှာတော့ 📱Social Media တစ်ခု ဖြစ်တဲ့ Facebook ကို ကမ္ဘာ တစ်ဝှမ်းတင်မက မြန်မာနိုင်ငံမှာပါ အသုံးများလာတာမို့လို့ ကျွန်တော်တို့ငယ်ငယ်က ဆော့ကစားခဲ့တဲ့ မြန်မာ့ရိုးရာအရုပ်ကလေးတွေကို မေ့မေ့လျော့လျော့ ဖြစ်လာတတ်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ်နဲ့မကွာ ဆောင်ပြီး ကစားခဲ့ရတဲ့ အချစ်တော် ဖိုးဝရုပ်ကလေဟာလည်း အပါအဝင်ပေါ့။

ဖိုးဝရုပ်ကလေးရဲ့ သနပ်ခါးပါးကွက်လေး၊😄 ပြုံးနေတတ်တဲ့မျက်နှာ၊ 💖လုံးလုံးကစ်ကစ်လေးနဲ့ ချစ်စဖွယ် ဟန်ပန်အမှုအရာတွေကို ပြန်အမှတ်ရစေချင်တယ်ဆိုရင်တော့ လက်ဆောင်ဆီကနေ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ 👉 "ဖေ့စ်ဘွတ် ဖိုးဝ" လေးကို ကျွန်တော်တို့ ထံမှာ ဝယ်ယူလို့ရနေပါပြီခင်ဗျာ။

ရိုးရာမပျက်ဘဲ ချစ်စရာကောင်းတဲ့ ငယ်ဘဝလေးကို အမှတ်ရစေမယ့် ဒီဇိုင်းလေးဖြစ်လို့ ကိုယ်တိုင်ပဲသိမ်းထားထား ၊ ချစ်ခင်ရသူတွေကိုလက်ဆောင်ပေးပေး အဆင်ပြေစေမှာပါနော်။
ချစ်ဖို့ကောင်းတဲ့ ကိုဖိုးဝနဲ့ အတူ နေရာတိုင်းမှာ အပြုံးတွေကို ဝေမျှလိုက်ကြပါစို့နော်... 🖤

မြန်မာလူမျိုးတို့ အလေးထားရသော တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့) တွင် မိဘပြည်သူအားလုံး ရောဂါကပ်ဆိုးရန်ဘ...
16/03/2022

မြန်မာလူမျိုးတို့ အလေးထားရသော တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့) တွင် မိဘပြည်သူအားလုံး ရောဂါကပ်ဆိုးရန်ဘေးမှ အမြန်ဆုံးလွတ်ငြိမ်းကာ စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြစေဖို့ လက်ဆောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...🖤

✌ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ အယူအဆလေးတစ်ခုရှိပါတယ်။ အဲ့တာကတော့  🦉 ❤🦉 ဇီးကွက်မောင်နှံ အရုပ်လေးတွေကို ကို...
11/03/2022

✌ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ အယူအဆလေးတစ်ခုရှိပါတယ်။

အဲ့တာကတော့ 🦉 ❤🦉 ဇီးကွက်မောင်နှံ အရုပ်လေးတွေကို ကိုယ့် စျေးဆိုင်မှာပဲ ဖြစ်ဖြစ်၊အရောင်းပြခန်းတွေမှာပဲဖြစ်ဖြစ် အဆောင်လေးအဖြစ် ထားထားရင် လာဘ်လာဘတွေ ရွှင်လန်း လာနိုင်တယ်ဆိုတာလေးပဲဖြစ်ပါတယ်။
စာဆို​လေးတစ်ခုကိုထပ်ပြောပြရမယ်ဆိုရင်တော့ ✨" ဇီးကွက်နှစ်ကောင်လာဘ်ကိုဆောင် အိုတောင်မဆင်းရဲ" ✨ဆိုတာလေးပဲဖြစ်ပါတယ်။
အဲ့ဒီစာဆိုလေးကို အစွဲပြုပြီး ဆိုင်တော်တော်များများမှာ🦉 ❤🦉 ဇီးကွက်မောင်နှံ လာဘ်ခေါ်အရုပ်လေးတွေကို ထားရှိလာတာနှစ်ပေါင်းများစွာ ရှိခဲ့ပြီပဲဖြစ်ပါတယ်။
ဇီိးကွက်လေးတွေကလည်း ယနေ့အချိန်အထိ လူအများအတွက် ချစ်စရာဖြစ်နေတာလည်းကြာခဲ့ပြီဖြစ်ပါတယ်။
✌ဒီနေ့ခေတ်တွေတိုးတက်ပြောင်းလဲလာတဲ့ အချိန်မှာတော့ လက်ဆောင်ကနေ မြန်မာ့ရိုးရာအတိုင်း အမြင်ဒီဇိုင်းဆန်းလေးနဲ့ ဇီးကွက်ရင်ထိုးလေးတွေကို ထုတ်လုပ်ထားလိုက်ပါပြီဗျ။
✌ဆိုင်အတွင်းမှာ လာဘ်ခေါ် အဆောင်လေးအနေနဲ့ပဲ ထားထား၊သင်သွားလေရာ ယူဆောင်သွားလို့ရ သင့်စိတ်တိုင်းကျ အသုံးပြုလို့ရနေပါပြီနော်။
နောက်ဆုံးတစ်ခုပြောပြချင်တာက သင့်ချစ်သူအတွက် လက်ဆောင် ပေးချင်ရင်လည်း ဇီးကွက်မောင်နှံရုပ်လေးဖြစ်လို့ တမျိုးလေး Ro နေမှာပဲဖြစ်ပါတယ်ဗျ။
ဒါ့ကြောင့်မိုလို့ လက်ဆောင်ရဲ့ (ဇီးကွက်မောင်နှံ) ရင်ထိုးလေးတွေကို ဆိုင်မှာအဆောင်အနေနဲ့ထားမလား?🍀
ကိုယ်တိုင်ပဲတပ်မလား ? 😉
ချစ်ရသူတွေအတွက် လက်ဆောင်ပေးမလား? 🤗
မှာယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့လက်ဆောင် Page ရဲ့ Chat Box မှာ လာရောက်ဆက်သွယ်ပြီးတော့ ဝယ်ယူနိုင်ပါတယ်ဗျာ .... 💖💖

ဒီတစ်ခါ လက်ဆောင်ကနေ မိတ်ဆက်ပေးသွားမယ့် ရင်ထိုးလေးကတော့   ''အောင်ပါစေ" ရင်ထိုးလေးပဲဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ အခက်အခဲဆိုတ...
01/03/2022

ဒီတစ်ခါ လက်ဆောင်ကနေ မိတ်ဆက်ပေးသွားမယ့် ရင်ထိုးလေးကတော့ ''အောင်ပါစေ" ရင်ထိုးလေးပဲဖြစ်ပါတယ်။

အောင်မြင်မှုနဲ့ အခက်အခဲဆိုတာကတော့ အမြဲ ဒွန်တွဲနေတာပဲဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး ကြုံလာပါစေ ဇွဲမလျော့ဘဲ ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံဆုံရလာတာပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်ရတဲ့သူတွေ အခက်အခဲကြုံရတဲ့အချိန်မျိုးမှာ ဖြစ်ဖြစ် ဒီရင်ထိုးလေးကိုဆောင်ထားပြီး "အောင်ပါစေ" ဆိုတဲ့ ဆုတောင်းစာလေးနဲ့အတူစိတ်ဓာတ်ခွန်အားရရှိစေဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။💖💖

✔ အောင်မြင်မှုရဲ့ သက္ခေတ ကိုဖော်ညွှန်းတဲ့ 🌿
အောင်သပြေခက်လေးကို မြင်လိုက်တာနဲ့ ခွန်အားပြည့်၀ လန်းဆန်းစေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်...✨

ဒါ့ကြောင့်မိုလို့ လက်ဆောင်ရဲ့ (အောင်ပါစေ) ရင်ထိုးလး ကို ကိုယ်တိုင်ပဲတပ်မလား ? 😉
ချစ်ရသူတွေအတွက် လက်ဆောင်ပေးမလား? 🤗

မှာယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့လက်ဆောင် Page ရဲ့ Chat Box မှာ လာရောက်ဆက်သွယ်ပြီးတော့ ဝယ်ယူနိုင်ပါတယ်ဗျာ .... 💖💖

ဒီတစ်ခေါက် ကျွန်တော်ကတော့ လက်ဆောင်ရဲ့ရင်ထိုးလေးတွေထဲကမှ လူကြိုက်အများဆုံးတစ်ခုဖြစ်တဲ့ Lucky ရင်ထိုးလေးနဲ့ မိတ်ဆက်ပေးပါရစ...
21/02/2022

ဒီတစ်ခေါက် ကျွန်တော်ကတော့ လက်ဆောင်ရဲ့ရင်ထိုးလေးတွေထဲကမှ လူကြိုက်အများဆုံးတစ်ခုဖြစ်တဲ့ Lucky ရင်ထိုးလေးနဲ့ မိတ်ဆက်ပေးပါရစေ 🤗🤗

ကျွန်တော်တို့အားလုံးတစ်နေ့တာ ရင်ဆိုင်ရမယ့်လောကဓံရဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ဖြတ်သန်းရတဲ့အခါ ကံကောင်းမှုတွေကိုပဲ မျှော်လင့်ကြတာ ဓမ္မတာပါပဲ...🤗

ချစ်ခင်ရသူတွေကိုလည်း မကောင်းတဲ့ကံဆိုးမှုတွေ မလာနိုင်အောင် အားပေးစကားဆိုချင်ပေမယ့် အနားမှာ မရှိနိုင်ဘူးဆိုရင်တော့ Lucky ဆိုတဲ့ စကားလုံးလေးနဲ့ အတူ ဂရုစိုက်မှုတွေကို ဖော်ပြလို့ရပါသေးတယ်နော်... 😉

ဘယ်နေရာ ရောက်ရောက် ကံကောင်းနေဖို့အတွက်လက်ဆောင်ရဲ့ Lucky ရင်ထိုးလေးကို သင်နဲ့ အနီးဆုံးဖြစ်တဲ့ နေရာလေးတွေမှာ ထားတာပဲဖြစ်ဖြစ် မိမိကိုင်တဲ့ ပိုက်ဆံအိတ်လေးမှာပဲဖြစ်ဖြစ်ချိတ်ထားပြီး ကံကောင်းမှုတွေကို တံခါးဖွင့်ပြီး ကြိုဆိုလိုက်တော့နော်... 🥰🥰

ကံကောင်းခြင်းတွေနဲ့ပြည့်နှက်နေစေမယ့် ရွှေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ချင်ရင်တော့ လက်ဆောင်ရဲ့ Feeling Lucky ရင်ထိုးလေးက သင့်အတွက် အမြဲအသင့်ရှိနေပါတယ်နော် 🖤🖤

ကျွန်တော်တို့ရဲ့ မြန်မာရိုးရာဓလေ့ထုံးစံမှာ လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် Restaurantတွေမှာ ဖြစ်ဖြစ်  တစ်စုံတစ်ယောက်ကို ...
06/02/2022

ကျွန်တော်တို့ရဲ့ မြန်မာရိုးရာဓလေ့ထုံးစံမှာ လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် Restaurantတွေမှာ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ကြိုဆိုနှုတ်ဆက်တဲ့အခါမှာ မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်စကားပြီးရင် ကြိုဆိုပါတယ် (သို့) ဝဲလ်ကမ်း ကို အများဆုံး အသုံးပြုကြပါတယ် 🤗🤗

ဒီစကားလုံးလေးဟာ ကြိုဆိုခံရတဲ့သူလဲ ကြည်နူးရပြီး ကြားရသူတွေအတွက်လဲ နားဝင်ချိုစေပါတယ်။

ကျွန်တော်တို့ရဲ့ လက်ဆောင်ရင်ထိုးလေးထဲမှ ဝဲလ်ကမ်း ဆိုတဲ့ရင်ထိုးလေးထုတ်ပေးရတဲ့ရည်ရွယ်ချက် ကတော့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ် ဝမ်းပန်းတသာနဲ့ ကြိုဆိုတဲ့ အဓိပ္ပာယ်လေးကိုဖော်ပြနိုင်ဖို့အတွက်ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို ဘဝထဲကနေ ကြိုဆိုတဲ့ အထိမ်းအမှတ် လက်ဆောင်လေး ပေးချင်တယ်ဆိုရင်တော့ ဝဲလ်ကမ်းရင်ထိုးလေးကို ရှိနေတယ်ဆိုတာ သတိရလိုက်ပါနော် 😍🖤

ကျွန်တော်တို့ အားလုံး တစ်နေ့တာ လုပ်ငန်းခွင်မှာ တက်ကြွပျော်ရွှင် စေဖို့ အဓိက လိုအပ်တာက ကျန်းမာပြီး အင်အားအပြည့် ရှိနေဖို့...
30/01/2022

ကျွန်တော်တို့ အားလုံး တစ်နေ့တာ လုပ်ငန်းခွင်မှာ တက်ကြွပျော်ရွှင် စေဖို့ အဓိက လိုအပ်တာက ကျန်းမာပြီး အင်အားအပြည့် ရှိနေဖို့ပဲဖြစ်ပါတယ် ☺️☺️

လူတိုင်းအတွက် မရှိမဖြစ်သွားလေရာမှာ ကိုင်ဆောင်ကြတဲ့ ဖုန်းလေးက Charging အပြည့်ရှိနေဖို့ အရေးကြီးသလိုပါပဲ။ ကျွန်တော်တို့ အားလုံးလည်း ကိုယ်ခံအားအပြည့်ရှိနေမှ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြမှာ မဟုတ်ဘူးလားဗျ ...?

ဒီတော့ လက်ဆောင်ရဲ့ Charging ရင်ထိုးလေးကို ဆောင်ထားပြီး Energy လေးတွေ မြှင့်တင်ဖို့ အကြံကောင်းလေး ပေးလိုက်ပါရစေဗျာ... 🥰🖤
ရင်ထိုးလေးတွေ ဝယ်ယူလိုပါက Latt Saung Page Chat Box မှတစ်ဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်နော်... 🤎🤎

ဆိုင်တစ်ဆိုင်မှာ စီးပွားရေး ကောင်းချင်တယ် လာဘ်လာဘရွှင်ချင်တယ်ဆိုရင် လာဘ်ခေါ်ကြောင်ရုပ်လေးတွေကို ထားလေ့ရှိကြပါတယ်။ လာဘ်ခေ...
23/01/2022

ဆိုင်တစ်ဆိုင်မှာ စီးပွားရေး ကောင်းချင်တယ် လာဘ်လာဘရွှင်ချင်တယ်ဆိုရင် လာဘ်ခေါ်ကြောင်ရုပ်လေးတွေကို ထားလေ့ရှိကြပါတယ်။

လာဘ်ခေါ်ကြောင်ရုပ်လေးကို Designပုံစံအသစ်လေးနဲ့ သွားလေရာဆောင်ထားပြီး လာဘ်ကောင်းတွေကို အရယူချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေး ရှိပါတယ်နော်... 🤗

လက်ဆောင်က ထုတ်တဲ့ လာဘ်ခေါ်ကြောင်ရုပ်ရင်ထိုးလေးကို မိမိရဲ့ပိုက်ဆံအိတ်မှာ လာဘ်ခေါ်ပုံစံအနေနဲ့ တပ်ထားမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ဆိုင်မှာ ဆောင်ထားတာမျိုးပဲ ဖြစ်ဖြစ် လွယ်ကူပေါ့ပါးပြီး အဆင်ပြေစေမှာ အသေအချာပါပဲနော် 🖤🖤

ကျွန်တော်တို့ရဲ့ လက်ဆောင်ရင်ထိုးလေးတွေကို မှာယူချင်တယ်ဆိုပါက Page Chat Box ကနေ တစ်ဆင့်ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျာ 😍✨

ကျွန်တော်တို့ ပစ်တိုင်းထောင်ရင်ထိုးလေးကို ထုတ်တဲ့ ရည်ရွယ်ချက်လေးကတော့ ဘယ်လိုအခက်အခဲတွေ ရှိလာလာ ၊ အန္တရာယ်တွေပဲ ဘယ်လောက် ...
16/01/2022

ကျွန်တော်တို့ ပစ်တိုင်းထောင်ရင်ထိုးလေးကို ထုတ်တဲ့ ရည်ရွယ်ချက်လေးကတော့ ဘယ်လိုအခက်အခဲတွေ ရှိလာလာ ၊ အန္တရာယ်တွေပဲ ဘယ်လောက် ကြုံလာလာ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ကျော်ဖြတ် နိုင်စေဖို့ ရည်ရွယ်ချက်လေးနဲ့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ် 🖤

လူတိုင်းရဲ့ ဘဝမှာ အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေတာမို့ ဘယ်လောက်ကြမ်းတမ်းတဲ့ လမ်းဖြစ်ပါစေ ရင်ဆိုင်ကျော်ဖြတ်ပြီး ပစ်တိုင်းထောင်လေးလို လဲကျမသွားဘဲ အောင်မြင်မှုကိုရယူနိုင်ဖို့က မိမိကိုယ်တိုင် ရဲ့ဇွဲ လုံ့လ မလျော့လိုက်ဖို့က အရေးကြီးပါတယ်... 🤗🤗

လက်ဆောင်ရဲ့ ပစ်တိုင်းထောင် ရင်ထိုးလေးနဲ့အတူ လောကဓံ အခက်အခဲတွေကို ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ Page chat box လေးကနေတစ်ဆင့် မှာယူနိုင်ပါပြီနော် 🥰🥰

Address

Tamwe

Website

Alerts

Be the first to know and let us send you an email when Latt Saung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share