25/05/2025
သစ္စာဦးညွှတ်ရာ
______________
အနေဝေးနေတာလည်း
တခုတော့ကောင်းပါတယ်
သစ္စာထားချိန်ရှိလို့လေ
တနေ့နီးရင်...
အချိန်ကာလယန္တရားကြီးကို
တိုက်စားပစ်ခဲ့တဲ့ သံစိုင်သံခဲလေးအဖြစ်
သက်သေပြလို့ရတာပေါ့
ချစ်ခြင်းတရားမှာ ဝေးခြင်းနီးခြင်းမရှိ
အလွမ်းလို့ အမည်နာမ,တပ်မထားတဲ့
သတိရခြင်းလေးကပဲ
သစ္စာတရားကို ခိုင်ကျည်စေတာမျိုး
မျှော်လင့်ခြင်းတွေ နေလောင်ကျွမ်းပျက်ခဲ့သမျှ
ရွှေရောင်လွှမ်းပက်တဲ့ အိပ်မက်တွေလည်း
သစ္စာတရားနဲ့ထုဆစ်ရင်...
တနေ့တော့ အကောင်အထည်ပေါ်လာမှာပဲ
အားတင်းထားပါ... ချစ်သောကလေးရေ...
ယုံကြည်ရာလက်တစုံချင်း
ထိတွေ့ဖမ်းဆုပ်မရနိုင်သေးသရွေ့
ဘယ်လက်မှလည်း ကိုယ်မဆုပ်ကိုင်သလို
ဘယ်ပန်းတိုင်မှလည်း ကိုယ်မလှမ်းဘူး
ကိုယ့်သစ္စာပန်း ဝေလန်းပွင့်ရာနဲ့
ကြွေနွမ်းလွင့်ရာ ရင်ခွင်ရပ်ဝန်းဟာ
မင်းနှလုံးသားပဲဖြစ်စေမယ်။
Credit:: #အနီ
တိုင်းတပါးမှာအလုပ်လုပ်နေတဲ့ ချစ်သူကောင်လေးမှ မန္တလေးမှာအလုပ်လုပ်နေတဲ့ ကောင်မလေးရဲ့မွေးနေ့ကို Supriseလုပ်ခိုင်းတာလေး❣️
ကောင်မလေးအကြိုက် ကောင်မလေးကိုအရမ်းတန်ဖိုးထားချစ်မှန်းအရမ်းသိသာစေသော အမှာစကားလေးတွေနဲ့😍
စာဖတ်ပြပေးတဲ့မင်မင်တောင် အားကျရပါသော😁🤭❣️
Happy Birthdayပါမွေးနေ့ရှင်ညီမလေးရေ
၂ယောက်သားမျှော်မှန်းထားတဲ့ဘဝလေး အမြန်ဆုံးရောက်ရှိပြီး အမြန်နီးစပ်ကျပါစေရှင့်🙏🎂🎉
🏠ဟိန်း မိုဘိုင်း
🏙️တံတားဦး မြို့သာလမ်း
🏙️နကျော်ဒရပ်
📱09444668046
📱09760138086
📱09456954000