App Studio

App Studio Best Apple Experience in Tachileik.

Apple Device နှင့် သက်ဆိုင်သည့် အကြောင်းအရာများအားလုံး စုံလင်ပြည့်စုံစွာ သိရှိလိုပါက App Studio ဆိုင်သို့ ကြွရောက်လေ့လာ ကြည့်ရှုစမ်းသပ်နိုင်ပါသည်။

Apple ID သာ မရှိရင် သင့် iPhone က အပိုပစ္စည်းတစ်ခုပဲ ဖြစ်သွားနိုင်တယ်ဆိုတာ သိပါသလား?Apple ID ဆိုတာ iPhone တစ်လုံးရဲ့ စွမ...
16/06/2026

Apple ID သာ မရှိရင် သင့် iPhone က အပိုပစ္စည်းတစ်ခုပဲ ဖြစ်သွားနိုင်တယ်ဆိုတာ သိပါသလား?

Apple ID ဆိုတာ iPhone တစ်လုံးရဲ့ စွမ်းဆောင်ရည်အားလုံးကို အသက်သွင်းပေးတဲ့ အဓိက သော့ချက်နဲ့ အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒါကြောင့် Apple ID Account တစ်ခု ရှိထားခြင်းက ကိုယ့်ဖုန်းအတွက် ဘာကြောင့် ဒီလောက်အရေးကြီးလဲဆိုရင်…

• Privacy နှင့် Data လုံခြုံမှု
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ၊ ဗီဒီယို၊ Contact တွေနဲ့ Data တွေအားလုံးကို Cloud စနစ်ပေါ်မှာ ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ သိမ်းဆည်းပေးထားနိုင်တာ Apple ID ပဲ ဖြစ်ပါတယ်။

• Find My (ဖုန်းပျောက်ရင် ရှာနိုင်ခြင်း)
ဖုန်းပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းတို့ ကြုံလာရတဲ့အခါ ဖုန်းရှိမယ့် Location ကို တိကျစွာ ရှာဖွေဖို့နဲ့ တစ်ဖက်လူ လုံးဝ သုံးစွဲလို့မရအောင် iCloud Activation Lock ချပြီး လှမ်းပိတ်ပစ်နိုင်ဖို့အတွက် Apple ID Account က မရှိမဖြစ် လိုအပ်ပါတယ်။

• Ecosystem & Data Backup (စက္ကန့်ပိုင်းအတွင်း Data ပြန်ရခြင်း)
ဖုန်းအသစ်ပြောင်းတဲ့အခါ၊ ဖုန်းပျက်သွားတဲ့အခါမှာ ကိုယ့်ရဲ့ Apple ID ကို ပြန်ရိုက်ထည့်လိုက်ရုံနဲ့ အရင်ဖုန်းထဲက Data တွေ အားလုံးကို တစ်ခုမှ မပျောက်ပျက်ဘဲ စက္ကန့်ပိုင်းအတွင်း ပြန်လည်ရရှိစေပါတယ်။

ဒီလိုမျိုး iPhone User တိုင်းအတွက် အရေးကြီးတဲ့ Apple ID Account ရဲ့ Username နဲ့ Password လေးတွေကို သေချာလေး မှတ်သားထားဖို့ အကြံပြုလိုက်ရပါတယ်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

iPhone တစ်လုံးဝယ်တော့မယ်ဆိုရင် ဘာမှမကြည့်ဘဲ ဒီတိုင်းဝယ်လိုက်တာထက် ဒီအချက် (5) ချက်ကိုသတိထားပြီးမှ ဝယ်ဖို့ အကြံပေးချင်ပါတ...
15/06/2026

iPhone တစ်လုံးဝယ်တော့မယ်ဆိုရင် ဘာမှမကြည့်ဘဲ ဒီတိုင်းဝယ်လိုက်တာထက် ဒီအချက် (5) ချက်ကိုသတိထားပြီးမှ ဝယ်ဖို့ အကြံပေးချင်ပါတယ်။

၁။ CEIR (နံပါတ်တစ် အရေးကြီးဆုံး)
တရားဝင် CEIR စနစ်မှာ မှတ်ပုံတင်ထားခြင်း ရှိမရှိ အရင်ဆုံး စစ်ရပါမယ်။ (App Studio မှာတော့ CEIR အတွက် အခွန်အပြည့်အဝ ပေးဆောင်ထားတဲ့ (လုံးဝ) ပါကင်မဖောက်ရသေးတဲ့အလုံးများကိုသာ ရောင်းချပေးတာမလို့ CEIR အတွက်စိတ်ချရပြီးအဆင်သင့်အသုံးပြုရုံပါပဲ။)

၂။ ကိုယ်နဲ့ကိုက်ညီမယ့် Storage ကိုမစဉ်းစားဘဲ ဝယ်ခြင်း
128GB၊ 256GB ဆိုရင် လောက်နိုင်ပါတယ် ဆိုပြီး အလွယ်တကူ မရွေးလိုက်ပါနဲ့။ အခုနောက်ပိုင်း Photo/Video Quality တွေက အရမ်းကြီးလာလို့ ကိုယ်က ဘာအတွက်သုံးမှာလဲ ဆိုတာ သေချာတွက်ချက်ပြီးမှ Storage ကို ရွေးချယ်သင့်ပါတယ်။

၃။ နောက်ဆုံးပေါ် Pro Max မော်ဒယ်လ် ဆိုရင် အကောင်းဆုံးပဲ ထင်ခြင်း
ကိုယ့်ရဲ့ နေ့စဉ်သုံးစွဲမှုပုံစံကို မစဉ်းစားဘဲ နောက်ဆုံးထွက် iPhone Pro Max မော်ဒယ်လ် အမြင့်ဆုံးကိုပဲ ဝယ်မယ် ဆိုပြီး ရွေးတာမျိုးထက် ကိုယ့်အလုပ်နဲ့ ကွက်တိကျမယ့် မော်ဒယ်လ်မျိုးကိုပဲ ရွေးချယ်တတ်ဖို့ လိုပါတယ်။

၄။ After-Sales Service (ဝယ်ပြီးနောက်ပိုင်း ဝန်ဆောင်မှု)
ဈေးနည်းနည်း ပိုသက်သာတယ်ဆိုလို့ ဝယ်လိုက်ပြီးမှ ချို့ယွင်းမှု တစ်ခုခု ကြုံရတဲ့အခါ Warranty (အာမခံ) ပိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိရင် ရေရှည်မှာ အခက်တွေ့ရတတ်တာမို့တာဝန်ယူမှုအပြည့်အဝပေးတဲ့ဆိုင်တွေမှာသာ ဝယ်ယူသင့်ပါတယ်။

၅။ Region
ကိုယ်ဝယ်မယ့် iPhone က Apple Official Region လား၊ ဘယ်နိုင်ငံထုတ် Region လဲဆိုတာ သေချာကြည့်ရပါမယ်။ ဥပမာ- X/A Region ဆိုရင် Apple Myanmar Official Region ဖြစ်ပြီး CH/A (China) Region ဆိုရင် FaceTime Audio သုံးမရတာမျိုး ရှိတတ်လို့ ကိုယ်နဲ့ အဆင်ပြေမယ့် Region ကိုသာ ရွေးချယ်ပါ။

တာချီလိတ်မြို့ App Studio မှာ ဝယ်ယူမယ်ဆိုရင်တော့ ကိုယ်နဲ့ အကိုက်ညီဆုံး iPhone မော်ဒယ်လ်ကို သေချာအကြံပြု ရွေးချယ်ပေးမှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ရောင်းချပေးနေတာမလို့ ယုံကြည်စိတ်ချစွာ ဝယ်ယူလိုက်ပါနော်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

Apple Accessories (အားသွင်းခေါင်း၊ အားသွင်းကြိုး) တွေ ဝယ်တဲ့အခါ Original စစ်စစ်လား၊Compatible (Apple Products နဲ့ တွဲဖက်...
15/06/2026

Apple Accessories (အားသွင်းခေါင်း၊ အားသွင်းကြိုး) တွေ ဝယ်တဲ့အခါ Original စစ်စစ်လား၊

Compatible (Apple Products နဲ့ တွဲဖက်အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာ) လားဆိုတာ သေချာမခွဲတတ်ရင် ကိုယ့်ဖုန်းအတွက် ရွေးချယ်မှု မှားယွင်းသွားနိုင်ပါတယ်။

Apple Original Accessories: Apple က ကိုယ်တိုင်ထုတ်တာမို့ ဗို့အားအမှန်ဆုံးနဲ့ Battery Healthကို ရေရှည်အထိ အကောင်းဆုံးကာကွယ်ပေးပြီး စိတ်အချရဆုံးပါပဲ။

Compatible Accessories: သူ့မှာတော့ Apple ဘက်က အသိအမှတ်ပြုထားတဲ့ MFi Certified (Made for iPhone/iPad) ရထားတဲ့ Brand Compatible တွေဆိုရင်

Apple ရဲ့ စံချိန်စံညွှန်းမီ တရားဝင်ထုတ်ထားတဲ့ Accessories တွေမလို့ ဖုန်းအတွက် အန္တရာယ်ကင်းပြီး Original ထက်လည်း ဈေးနှုန်း ပိုသက်သာပါတယ်။

ဒါပေမယ့် သတိထားရမှာက MFi Certified မဖြစ်ထားပဲ Apple နဲ့တစ်ပုံစံတည်းတူအောင် လိုက်ထုတ်ထားတဲ့ First Copy Accessories ( Compatible ) တွေကိုတော့ ဖုန်းပျက်စီးနိုင်လို့ လုံးဝ (လုံးဝ) ရှောင်ရပါမယ်။

ဒါကြောင့် ကိုယ့်ရဲ့ iPhone လေးကို ရေရှည်စိတ်ချလက်ချ သုံးနိုင်ဖို့ 100% စစ်မှန်တဲ့ Apple Original Accessories တွေနဲ့ စိတ်ချရတဲ့ Brand ပစ္စည်းတွေကိုပဲ ရောင်းချပေးနေတဲ့ တာချီလိတ်မြို့ App Studio မှာပဲ ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုက်ရပါတယ်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

စာလေ့လာဖို့၊ အလုပ်လုပ်ဖို့အတွက် iPad နဲ့ MacBook ထဲက ဘယ်ဟာရွေးရမလဲဆိုတာ စဉ်းစားရင်း လမ်းပျောက်နေပြီလား? ဒါဆိုရင်တော့ ရွေ...
13/06/2026

စာလေ့လာဖို့၊ အလုပ်လုပ်ဖို့အတွက် iPad နဲ့ MacBook ထဲက ဘယ်ဟာရွေးရမလဲဆိုတာ စဉ်းစားရင်း လမ်းပျောက်နေပြီလား?

ဒါဆိုရင်တော့ ရွေးရလွယ်အောင်…

သင်ခန်းစာတွေ လိုက်မှတ်ပြီး မှတ်စုလိုက်ရေးရတာ ကြိုက်တဲ့ကျောင်းသားတွေနဲ့ ဒီဇိုင်း ဆွဲမယ့်သူတွေဆို Apple Pencil နဲ့ တွဲသုံးလို့ရတဲ့ iPad လေးကိုရွေး

လုပ်ငန်းဆောင်ရွက်မှုတွေ၊ အလုပ်ဆော့ဝဲလ် အကြီးကြီးတွေ သုံးရမယ့်သူတွေ၊ Excel/Data ကိုင်တွယ်ရသူတွေနဲ့ Video editor သမားတွေဆို MacBook ကိုသာ ရွေး

ဒါမှမဟုတ် ကိုယ်နဲ့အလိုက်ဖက်ဆုံးလေးကို အပြင်မှာ လက်တွေ့စမ်းသုံးပြီးမှ ရွေးချယ်ချင်တာဆိုရင်လည်း တာချီလိတ်မြို့ App Studio မှာ ကိုယ်တိုင်ကိုယ်ကျ စမ်းသုံးဝယ်ယူဖို့ လှမ်းခဲ့လိုက်ပါ။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

iPhone အသစ်ဝယ်တဲ့အခါ ကိုယ်ဝယ်မယ့်ဆိုင်မှာ ဒီမေးခွန်းတွေကို စိတ်ကြိုက် စစ်ဆေးမေးမြန်းပြီးမှ ဝယ်ယူသင့်ပါတယ်။ • ဒီဖုန်းက CE...
11/06/2026

iPhone အသစ်ဝယ်တဲ့အခါ ကိုယ်ဝယ်မယ့်ဆိုင်မှာ ဒီမေးခွန်းတွေကို စိတ်ကြိုက် စစ်ဆေးမေးမြန်းပြီးမှ ဝယ်ယူသင့်ပါတယ်။

• ဒီဖုန်းက CEIR Passed ဖြစ်ပြီးသားလား?
အခုနောက်ပိုင်း iPhone ဝယ်ရင် ပထမဆုံး မေးရမှာက တရားဝင်အခွန်ဆောင်ပြီး CEIR စနစ်မှာ မှတ်ပုံတင်ထားပြီးသား (CEIR Passed) ဖြစ်လားဆိုတာပါပဲ။ အခွန်မဆောင်ထားရင် နောက်ပိုင်း ဖုန်းလိုင်းပိတ် သွားနိုင်တဲ့အတွက် ဆိုင်က အခွန်အပြီးအစီး ဆောင်ပေးထားလားဆိုတာ မေးကိုမေးရပါမယ်။

• Warranty ( အာမခံ ) ကာလအတွင်း ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမှာလဲ?
အာမခံ (၁) နှစ်ပေးတယ်လို့ ဆိုင်တိုင်း လွယ်လွယ်ပြောကြပေမယ့် တကယ်တမ်း ဖုန်း Error ဖြစ်လာတဲ့အခါ လက်တွေ့မှာ Warranty Claim Process ကို သေချာဆောင်ရွက်မပေးဘဲ ခေါင်းရှောင်တာမျိုး အများဆုံး ကြုံရတတ်တဲ့အတွက် အာမခံ Process အဆင့်ဆင့်ကို အသေးစိတ် တိတိကျကျ မရှင်းပြနိုင်တဲ့ ဆိုင်မျိုးဆိုရင် လုံးဝ မဝယ်သင့်ပါဘူး။

• ဖုန်းအဟောင်းထဲက ဒေတာ (Data) တွေ အကုန် ကူးပေးမှာလား?
အရေးကြီးတဲ့ Data တွေ ပျောက်မသွားဖို့အတွက် Data ကူးတာကို ဆိုင်ဘက်က အစအဆုံး တာဝန်ယူ ကူးပေးနိုင်လားဆိုတာ မေးထားသင့်ပါတယ်။

ဒါ့အပြင် Apple Products တွေကို အာမခံချက်အပြည့်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ရောင်းချပေးနေတဲ့ဆိုင်မှာပဲ ဝယ်ချင်တာဆိုရင်လည်း တာချီလိတ်မြို့ App Studio က အသင့်စောင့်ကြိုနေပါတယ်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

Apple Watch ဆိုတာ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ဘက်ပေါင်းစုံက အများကြီးကူညီပေးတဲ့ အကောင်းဆုံးအဖော်မွန်လေးပဲ ဖြစ်...
11/06/2026

Apple Watch ဆိုတာ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ဘက်ပေါင်းစုံက အများကြီးကူညီပေးတဲ့ အကောင်းဆုံးအဖော်မွန်လေးပဲ ဖြစ်ပါတယ်။

ဒါကြောင့် Apple Watch က Gym ဆော့တဲ့သူတွေအတွက်တင် မဟုတ်ဘဲ iPhone User တိုင်းအတွက် အသုံးဝင်တယ်ဆိုလည်း မမှားပါဘူး ဘာလို့လဲဆိုရင်

- ကိုယ်မအားတဲ့အချိန်တွေမှာ နာရီကနေပဲ Noti တွေကို အကုန်ဖတ်လို့ရသလို ဖုန်းပြောလို့လည်းရတယ်။

- ကျန်းမာရေးပိုင်းမှာလည်း ကိုယ့်ရဲ့ နှလုံးခုန်နှုန်း၊ အိပ်စက်မှုပုံစံနဲ့ တစ်နေ့တာ သွေးတွင်းအောက်ဆီဂျင်ကို အမြဲ စောင့်ကြည့်ပေးတယ်။

- တစ်ခုခု Accident ( မတော်တဆ) မျိုးနဲ့ ကြုံလာရရင်လည်း အရေးပေါ်ဖုန်းခေါ်ဆိုစနစ် (Crash & Fall Detection) ပါပါသေးတယ်။

- ကိုယ့်ဖက်ရှင်နဲ့လိုက်မယ့် Strap (ကြိုး) လေးတွေ စိတ်ကြိုက်လဲပြီး စမတ်ကျကျလည်း ဖက်ရှင်ထုတ်လို့ရတယ်။

ဒီလိုမျိုး ရှုထောင့်ပေါင်းစုံကနေ ကူညီပေးတဲ့ Apple Watch လေးတွေကို သဘောကျနေပြီဆိုရင်လည်း တာချီလိတ်မြို့ App Studio မှာ ကိုယ်တိုင်စမ်းသုံး ဝယ်ယူလို့ရနေပြီနော်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

MacBook ဝယ်တော့မယ်ဆိုရင် RAM နဲ့ Storage ကို ဘယ်လိုရွေးဝယ်ရမလဲဆိုတာ မသိသေးတဲ့သူတွေ ဒီနည်းလမ်းအတိုင်း ရွေးကြည့်ပါ။RAM (စက...
10/06/2026

MacBook ဝယ်တော့မယ်ဆိုရင် RAM နဲ့ Storage ကို ဘယ်လိုရွေးဝယ်ရမလဲဆိုတာ မသိသေးတဲ့သူတွေ ဒီနည်းလမ်းအတိုင်း ရွေးကြည့်ပါ။

RAM (စက်မထစ်ဘဲ မြန်ဆန်ဖို့)
• 8GB / 16GB: ရုံးသုံး၊ ကျောင်းသုံး၊ Content ရေးတာနဲ့ ပေါ့ပေါ့ပါးပါး ဓာတ်ပုံ/ဗီဒီယိုပြင်မယ့်သူတွေအတွက် ပိုသင့်တော်ပါတယ်။
• 24GB အထက်: 4K ဗီဒီယိုအကြီးစားတွေ Editing လုပ်မယ့်သူတွေနဲ့ Software အကြီးစား သုံးမယ့် ပရော်ဖက်ရှင်နယ်သမားတွေပဲ ရွေးသင့်ပါတယ်။

Storage (ဖိုင်တွေ အများကြီးသိမ်းဖို့)
• 256GB: စာရွက်စာတမ်း၊ ဓာတ်ပုံနဲ့ Software ပုံမှန်ပဲ သုံးမယ့်သူတွေအတွက် အဆင်ပြေပါတယ်။
• 512GB / 1TB: ဗီဒီယိုဖိုင်အကြီးကြီးတွေ အများကြီးသိမ်းချင်သူတွေနဲ့ ရေရှည်အထိ စိတ်အေးချင်သူတွေ ရွေးသင့်ပါတယ်။

ဒီနည်းလမ်းလေးတွေအတိုင်း ကိုယ့်အလုပ်နဲ့ ကွက်တိကိုက်မယ့် MacBook လေးကိုရွေးချယ်ပြီးရင် အခုပဲ တာချီလိတ်မြို့ App Studio မှာလာဝယ်လိုက်တော့နော်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

Apple Products တွေအကြောင်းကို စိတ်ဝင်စားပြီး အနာဂတ်အတွက် တိကျသေချာတဲ့ အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ချင်တဲ့ အရည်အချ...
10/06/2026

Apple Products တွေအကြောင်းကို စိတ်ဝင်စားပြီး အနာဂတ်အတွက် တိကျသေချာတဲ့ အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ချင်တဲ့ အရည်အချင်းရှိ လူငယ်များအားလုံးအတွက် တာချီလိတ်မြို့ရဲ့အကြီးဆုံးဖုန်းဆိုင်လုပ်ငန်းစုဖြစ်တဲ့ App Studio Technology Co.,Ltd မှအလုပ်ခေါ်ယူနေပါတယ်။

အကြီးတန်း အရောင်း၀န်ထမ်း - ၂ ဦး (ကျား/မ)
လစာ - အများဆုံး ၇,၀၀၀ ဘတ်
အရောင်း Incentives - လစဥ် အများဆုံး ၅,၀၀၀ ဘတ်
နေ့စဉ် Incentives - နေ့စဥ် ၁၀၀ မှ ၂၀၀ ဘတ်
ဘာသာစကားထောက်ပံ့ကြေး - ထိုင်းဘာသာ ၇၀၀ ဘတ်၊ ရှမ်းဘာသာ ၇၀၀ ဘတ်
အခြားခံစားခွင့်များ - နေ့လယ်စာ နှင့် နေစရာအဆောင် ပေးပါမည်
အလုပ်ချိန် - နံနက် ၈:၃၀ မှ ညနေ ၆:၃၀ ထိ
နားရက် - တစ်ပတ်လျှင် ၁ ရက်

အရောင်း၀န်ထမ်း - ၄ ဦး (ကျား/မ)
လစာ - အများဆုံး ၅,၀၀၀ ဘတ်
အရောင်း Incentives - လစဉ် အများဆုံး ၃,၇၀၀ ဘတ်
နေ့စဉ် Incentives - နေ့စဉ် ၁၀၀ မှ ၂၀၀ ဘတ်
ဘာသာစကားထောက်ပံ့ကြေး - ထိုင်းဘာသာ ၇၀၀ ဘတ်၊ ရှမ်းဘာသာ ၇၀၀ ဘတ်
အခြားခံစားခွင့်များ - နေ့လယ်စာ နှင့် နေစရာအဆောင် ပေးပါမည်
အလုပ်ချိန် - နံနက် ၈:၃၀ မှ ညနေ ၆:၃၀ ထိ
နားရက် - တစ်ပတ်လျှင် ၁ ရက်

ဖုန်းပြုပြင်ရေးဝန်ဆောင်မှုအတွက် customer အကြံပေး - ၂ ဦး (ကျား/မ)
လစာ - အများဆုံး ၆,၀၀၀ THB
အရောင်း Incentives - လစဉ် အများဆုံး ၃,၀၀၀ ဘတ်
ဘာသာစကားထောက်ပံ့ကြေး - ထိုင်းဘာသာ ၇၀၀ ဘတ်၊ ရှမ်းဘာသာ ၇၀၀ ဘတ်
အခြားခံစားခွင့်များ - နေ့လယ်စာ နှင့် နေစရာအဆောင် ပေးပါမည်
အလုပ်ချိန် - နံနက် ၈:၃၀ မှ ညနေ ၆:၃၀ ထိ
နားရက် - တစ်ပတ်လျှင် ၁ ရက်

အလုပ်လျှောက်ထားရန်နှင့် အသေးစိတ်သိရှိလိုပါက Viber: 09978999444 (or) [email protected] သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

Premium ဆန်ဆန် Titanium ကိုယ်ထည်နဲ့ Apple Watch Series 10 လေးကို စျေးတန်တန်နဲ့ ဝယ်လို့ရမယ့် အခွင့်အရေးလေးက ထပ်မံရောက်ရှိ...
10/06/2026

Premium ဆန်ဆန် Titanium ကိုယ်ထည်နဲ့ Apple Watch Series 10 လေးကို စျေးတန်တန်နဲ့ ဝယ်လို့ရမယ့် အခွင့်အရေးလေးက ထပ်မံရောက်ရှိလို့လာပြီနော်။

မူရင်းစျေး ဘတ် 22,900 ကနေ ဘတ် 10,000 တောင် လျှော့ထားတဲ့စျေး ဘတ် 12,900 တည်းနဲ့ ဝယ်လို့ရမှာဆိုတော့ အရင်တစ်ခါ ပရိုမိုးရှင်းတုန်းက မရလိုက်တဲ့သူတွေလည်း

ဒီတစ်ခါ ပရိုမိုးရှင်းလေးမှာ ပစ္စည်းရှိတုန်း အမိအရလေး ဝယ်ယူဖို့ တာချီလိတ်မြို့ App Studio ကိုအမြန်ဆုံးသာ လှမ်းခဲ့လိုက်တော့နော်။

( မှတ်ချက် - ပစ္စည်းအရေအတွက်ရှိသလောက်သာ။ )

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

AirPods ဝယ်ဖို့အတွက် AirPods ရိုးရိုးမော်ဒယ် နဲ့ AirPods Pro မော်ဒယ် ဘာဝယ်ရမလဲ စဉ်းစားရခက်နေရင် ဒါလေးဖတ်ကြည့်ပါ။AirPods ...
10/06/2026

AirPods ဝယ်ဖို့အတွက် AirPods ရိုးရိုးမော်ဒယ် နဲ့ AirPods Pro မော်ဒယ် ဘာဝယ်ရမလဲ စဉ်းစားရခက်နေရင် ဒါလေးဖတ်ကြည့်ပါ။

AirPods ရိုးရိုးမော်ဒယ် တွေက ထိပ်မှာနားအစို့ ( Ear Tips ) မပါပေမဲ့ ANC ပါပြီး အသံကြည်လင်ပြတ်သားတယ်၊ ဖုန်းပြော၊ သီချင်းနားထောင် ပေါ့ပေါ့ပါးပါး သုံးဖို့ အကောင်းဆုံးပါပဲ။

AirPods Pro မော်ဒယ်တွေမှာတော့ နားအစို့ ( Ear Tips ) လည်းပါပြီး အပြင်သံတွေကို ပိုလုံစေတဲ့ ANC စနစ်နဲ့ ပိုကောင်းတဲ့ Bass သံတွေကြောင့် ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ ခပ်မိုက်မိုက်အသံ ကွာလတီကို ခံစားချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။

ဒီနှစ်ခုထဲက အကြိုက်ဆုံးလေးကို ရွေးချ​ယ်ပြီးပြီဆိုရင်တော့ တာချီလိတ်မြို့ App Studio မှာ လာရောက်ဝယ်ယူဖို့ လှမ်းလာခဲ့လိုက်တော့နော်။

.
𝐀𝐩𝐩 𝐒𝐭𝐮𝐝𝐢𝐨
HOTLINE: 09 759 760 811 (9:30 AM - 6:00 PM)
No. 4/13, Bogyoke Aung San Main Road, SanSai B, Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)

Address

4/13, Bogyoke Road, San Sai (B)
Tachileik
57130

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

+959759760811

Website

Alerts

Be the first to know and let us send you an email when App Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share