26/02/2019
🤣🤣🤣တရားသမားကို ရည်းစား လုပ်မိတော့🤣🤣🤣
ကျမမှာရည်းစားတစ်ယောက်ရှိခဲ့ဘူးတယ်။ နာမည်က ကိုမျိုးကြီး တဲ့…
fb ကပဲတွေ့တာပါ… လူပုံက ရိုးပုံရိုးလက်နဲ့ ယဉ်ယဉ် မွန်မွန်ပါပဲ။
သူက လာ add တာရှင့်…
သူ့ profile က လပြည့်နေ့ဘုရားပေါ်မှာရိုက်ထားတဲ့ပုံလေးနဲ့ ပန်းလေးကိုင် ယောပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့မို့ acc ကလည်းအစစ်မို့ကျမလည်း လက်ခံလိုက်မိတယ်…
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားစာတွေshareတယ်။
ဆုံးမစာတွေ shareတယ်။
သံဝေဂစာတွေ တင်တယ်ဆိုတော့ အော်…ရုပ်ရည်လေး သနားကမားလေး ဘာသာတရားကိုင်းရှိုင်း ဘုန်းကြီးလည်းတနှစ်တခါဝတ်တယ်ဆိုတော့ ကြွေပြီလေဆိုပြီး…...
နောက်ပိုင်းသူနဲ့ကျမ cb ကစကားတွေဘာတွေပြောရင်း ချစ်သူတွေဖြစ်သွားကြရောပေါ့ရှင်.. ချစ်သူဖြစ် အဖြေပေးပြီးနောက်ပိုင်းလည်း cb ကစကားပြောတော့ ယဉ်ယဉ်ကျေးကျေးပဲ…
တနေ့တော့ ကျမတို့တွေ့ရအောင်ဆိုပြီး ချိန်းကြတယ်..
ကဲ..တွေ့ပါပြီရှင်…ကိုယ်တော်ချော… ထိုင်ပြီးစကားလေး ဘာလေးပြော..ရီရီမောမောနဲ့ ကျမနားကိုကပ်လာတယ်..
“လက်လေးကိုင်ကြည့်ချင်တယ်”
“အို..အကိုကလည်း”…..ကျမလည်း ရင်တွေခုန်တာပေါ့ရှင်......
“အော်..လှကြည်ရယ်......
လက်ကလေးက အပေါ်ယံအရေပြားတထောက်စာသာ လှနေပေမယ့် အောက်မှာတော့သွေးတွေ အကြောတွေနဲ့ရွံစရာကြီးပါ..မီးရှို့ရင် ဒီလက်တွေက ကောက်ကွေးပြီး မဲပြာကုန်မှာနော်…”
“အမ်…ဘာတွေပြောနေတာလဲ နိမိတ်မရှိ နိမာမရှိ အကိုရယ်…”
“ပြောပြတာပါ လှကြည်ရယ်..”
“ကိုယ်လုံးလေးကသေးသေးလေးနော်လှကြည်....
ခါးလေးက သေးသေးလေး တပ်မက်စရာပဲ..
ဒီအသုဘခန္ဓာကိုယ်မှာ မကြည့်တတ်ရင်တော့ တဏှာစိတ်ရိုင်းတွေဝင်တတ်ကြတယ်လှကြည်ရယ်”
“ဟမ်..ဘာတွေပြောနေတာလဲ ဘယ်က အသုဘလဲ ဘာတဏှာစိတ်ရိုင်းလဲ အကိုရယ် စကားကိုကောင်းကောင်းပြောပါ”……
“တွေးမိတာ ပြောတာပါ လှကြည်ရဲ့.ရင်တွေခုန်နေလား လှကြည်” တဲ့
“အင်း…ခုန်နေသလိုပဲ အကို.........”လို့ပြောတော့
“သတိလက်မလွတ်စေနဲ့ လှကြည် ကာမစိတ်ရိုင်းတွေဝင်မလာခင် အတွေ့အထိကို အသိနဲ့ဖြတ်ပါ” တဲ့
“ဘာ…ရှင်.. ရှင်ဘာတွေပြောနေတာလဲ”
“မဟုတ်ပါဘူး ပုထုဇဉ်လူသားတွေအတွက် ကာမဂုဏ်ခံစားတတ်တာကိုသတိရမိလို့ပါ လှကြည်ရယ်…”
“ဟယ်…ဘာကာမဂုဏ်လဲ အကိုရယ် ဒုက္ခပါပဲ..”
“လှကြည်ကို အကိုတကယ်ချစ်တာလားဟင်” ကျမ မေးရတော့တာပေါ့..မဖြစ်တော့ဘူးလေ……
“ချစ်တာပေါ့ လှကြည်ရယ်..လှကြည်ရော အကို့ကို တပ်မက်လား”
“ဟမ်..ဘာကို တပ်မက်ရမှာတုန်း စကားတွေက ဘယ်လိုတွေပြောနေတာလဲ”
“ဟုတ်တယ်လေ ချစ်တယ်ဆိုတာ တပ်မက်တာဘဲပေါ့ လှကြည်ရယ်....
သူတော်ကောင်းတွေမှာရှိတဲ့ မေတ္တာကမှ အေးချမ်းတာ…”
“ကဲ..ဟုတ်ပါပြီ အကိုရယ်..ထားပါတော့ ကျမ ဘုန်းကြီးတစ်ပါးရဲ့ တရားတွေလာနာနေရသလိုပဲ..”
“မင်း မျက်လုံးလေးတွေသိပ်လှတယ် အကို့ကို ကြည့်စမ်း လှကြည်…..သိပ်လှလွန်းတယ် လှကြည်ရယ်” တဲ့
ကဲ.. ကျမ ရင်တွေခုန်လိုက်တာ
“ကြားရဲ့လား လှကြည်..ခံစားလို့ရရဲ့လား” တဲ့
“ဟမ်.. ဘာ…ဘာ..ဘာလဲ ဘာတွေပြောနေတာလဲ”….
“မျက်စိလေ လှကြည်ရဲ့ မျက်စိကနေအကို့ကိုမြင်ပြီး နားပေါက်ကနေအကိုပြောတဲ့စကားတွေကို ခံစားမိလားလို့ တရားသဘောအရ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်စလုံးက အပုပ်ရည်တွေကျဆင်းနေကြတာလေ.. လှကြည်ရဲ့....ရော အကို့ရဲ့.....ပါ..ပါ..ပါ..”
“ဖျန်း…” (ပါးချသံ)
“ရှင် မိုက်ရိုင်းလှချည်လား ဟင်....ရည်းစားနဲ့လာ date ပါတယ်...
ကာမတွေရော တပ်မက်တာတွေရော တဏှာတွေရော…ဘာတွေလည်း …ရှင် ရူးနေတာလား ဟမ်
ကျမအဖွား တရားခွေဖွင့်ထားလို့ ထိုင်နာတာတောင် ခုလောက်တရားမရဘူး.. ကျမပြန်မယ်”
“ဒေါသတွေကြီးလှချည်လား လှကြည်ရယ်.....
ပါးရိုက်လိုက်တဲ့အချိန်မှာ ဒေါသတွေထွက်
အကို့ကိုစိုးပိုးဆက်ပက် (အဲ..)ပိုးစိုးပက်ဆက် ပြောနေတဲ့အခါမှာ ဖရုဿဝါစာတွေထွက်နဲ့ မင်းဟာ စိတ်ဆင်ရိုင်းကို အသိဉာဏ်ချွန်းနဲ့ အုပ်လို့မရတဲ့ ဘီလူးမတစ်ကောင်လိုပါလား ”
“ဘာ…..”…….“ဖြန်း…”(ပါးထပ်ရိုက်သံ)
“ထပ်ပြောစမ်း..ထပ်ချမှာ …ဟင် ကျမကိုဘာမှတ်နေလည်း...
ကျမက အရင်ခေတ်က လက်ပက်နီအဖွဲ့ဝင် .....
ကျမအဖေက အရင်က လက်ပက်နီခေါင်းဆောင် ရှင့်လောက်ကတော့ ဂုတ်ကနေဆွဲပြီး လွှင့်ပစ်လိုက်လို့ရတယ်..ထပ်ပြောကြည့်စမ်း..”
“မ..မ..ပြောတော့ပါဘူးလှကြည်ရယ်..အကိုမင်းကိုချစ်လို့ပါ..”
“တိတ်စမ်း..အရူးကောင်…အလကားကောင်…
ဖီးလ်မယ်ကြံလိုက် ရိုက်ချလိုက်…ro မယ်ရှိသေး တောက်ချလိုက်နဲ့…
ရိုလာကိုစတာစီးနေရသလိုပဲ..တာ့တာပဲ..ရှင်နဲ့ကျမ ပြတ်ပြီ ငပေါကောင်…fb မှာလည်း block လိုက်ပြီ နောက်လည်း လာမပတ်သက်နဲ့တော့..”
“လှကြည်သဘောပါ..အကိုကတော့ ရေစက်ပါလာတယ်ထင်ပြီး ပျော်လိုက်ရတာ.. ရှေးဘဝကဆုတောင်းတွေပြည့်ပြီ ငါ့အတွက်ပါရမီဖြည့်ဖက်ရပြီဆိုပြီး မနောပီတိ ဂွမ်းဆီထိနေခဲ့ရတာ။ အခု ဥပေက္ခာပြုတော့မှာပေါ့…ရပါတယ် အကိုကျေနပ် ပါတယ်.. ပါးရိုက်ခံရတာကိုလည်း ဝဋ်ကြွေးလို့သတ်မှတ်ပါတယ် အကိုအပြစ်မယူဘူး ခွင့်လွှတ်ပါတယ်..”တဲ့
အဲလိုနဲ့ပဲ ကျမ ရည်းစားနဲ့လမ်းခွဲခဲ့ပါတယ်။ First date, first cut ပဲရှင့်… သူ့ fb ကိုလည်း block ထားလိုက်တယ်... ဖုန်းတွေရော viber ရော အကုန် block ထားလိုက်တယ်။ ကျမမှားလား သူမှားလား ရှင်တို့ဘဲဆုံးဖြတ်ကြည့်…...
အံမယ် ဒင်းက အဲ့နေ့က စတေးတပ်စ်တင်ထားသေးတယ်။ ကျမ နောက် acc တစ်ခုနဲ့ဝင်ကြည့်တာ..” ဝဋ်ကြွေးရှိရင် ကျေအောင်ဆပ်ကြပါ”တဲ့ feeling so sad တဲ့…မသာကောင်က
ရှင်တို့လည်း ကျမလိုဖြစ်မယ်။ သတိထားကြ…………