Rangoon710

Rangoon710 Welcome to the quiet corner of the internet where we talk terps, history, and the roots of the 710 culture. Know your local laws.

No selling, no promoting — just learning and sharing.
🔞 20+ only. Stay chill, stay aware.
– Rangoon710

🍬 Original Z a.k.a Zkittlez: ခေတ်သစ် ဆေး_ခြောက်လောကရဲ့ အရသာစံနှုန်းကို ပြောင်းလဲပစ်ခဲ့တဲ့ "Candy Terp" -အရင်က Zkittlez လ...
23/05/2026

🍬 Original Z a.k.a Zkittlez:
ခေတ်သစ် ဆေး_ခြောက်လောကရဲ့ အရသာစံနှုန်းကို ပြောင်းလဲပစ်ခဲ့တဲ့ "Candy Terp"

-အရင်က Zkittlez လို့ လူသိများခဲ့ပေမဲ့၊
အခုအချိန်မှာတော့ …
သကြားလုံး Brand နဲ့ ဖြစ်ခဲ့တဲ့ Trademark ပြဿနာတွေကြောင့်
"The Original Z" အဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ရတဲ့ ဒီStrain ဟာ Candy-Terp တွေရဲ့ အစလို့တောင် ပြောလို့ရပါတယ်။

Zkittlez Strain တွေမပေါ်လာခင် အချိန်အထိ Premium W**d ဆိုတာကို လူအများက
Gas, Skunk, Kush, Chem နဲ့ Haze တို့လိုမျိုး ပြင်းထန်ပြီး Classicဆန်တဲ့ အရသာတွေနဲ့သာ ဖော်ပြခဲ့ကြတာပါ။

ဒါပေမဲ့…
Original Z ပေါ်လာပြီးနောက်ပိုင်းမှာတော့
လက်ဆတ်တဲ့ အပူပိုင်းဒေသရဲ့ သစ်သီးနံ့တွေ၊ သကြားလုံးနံ့တွေနဲ့ အသက်ဝင်နေတဲ့ Candy Terps တွေကို ရူးသွတ်ခြင်း စတင်လာပါတော့တယ်။

📖 မူရင်းဖန်တီးသူများနှင့် သမိုင်းကြောင်း (Who created Original Z?)

-Original Z ရဲ့ သမိုင်းကြောင်းကို ပြောရရင် Terphogz Brand က ရှေ့ဆုံးကရှိနေမှာပါ။

Tony Mendocino နဲ့ Green R. Fieldz တို့လိုပဂ္ဂိုလ်တွေနဲ့ ဆက်နွယ်နေတဲ့ Group ဖြစ်ပီး၊ လက်ရှိမှာတော့ "Creators of the Original Z legacy" အဖြစ် ရပ်တည်နေပါတယ်။

ဒါပေမဲ့ …
Z Strain ရဲ့ Story ကိုပြောပါဆိုရင်တော့ လူတစ်ယောက်တည်း၊ Group တစ်ခုတည်းပေါ် မူတည်နေတာမျိုးတော့ မဟုတ်ပါဘူး။

Leafly ရဲ့ မှတ်တမ်းတွေအရ
နားလည်လွယ်အောင် ပြောရမယ်ဆိုရင်….

"Gas Station Bob ဆိုတဲ့သူနားကနေ ရလာတဲ့
Z မျိုးရိုးကို၊ Terphogz အဖွဲ့က သေချာစိုက်ပျိုးပြီး အကောင်းဆုံးအရသာကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။"

"အဲဒီနောက် 3rd Gen Family ရဲ့ အကူအညီနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း Zkittlez ဆိုတဲ့ နာမည်နဲ့ ကမ္ဘာကျော်လာခဲ့တာပါ။"

ဒါကြောင့် Original Z ကို "ဘယ်သူ Breed လုပ်တာလဲ?" လို့ မေးရင် အဖြေက နည်းနည်းရှုပ်ပါတယ်။

ဒါပေမဲ့
လက်ရှိမှာ Authentic Z ကို ရှာမယ်ဆိုရင် Terphogz / Original Z brand ကို အဓိက အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

🧬 မိဘမျိုးရိုး (Parent Genetics)

-Original Z ရဲ့ မျိုးရိုးဗီဇ အတိအကျကတော့ နည်းနည်း ပဟေဠိဆန်ပါတယ်။

လူးအများလက်ခံထားကြတဲ့ Lineage Story အရ Original Z ဟာ
"Grape Ape × Grapefruit × လျှို့ဝှက်မျိုးရိုးတစ်ခု" နဲ့ ဆက်နွယ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ Breeder ဘက်ကနေ အတည်ပြုထားတဲ့ Public Genetic Map မရှိသေးတဲ့အတွက်၊ ဒီ Lineage ကို "Commonly reported / Alleged lineage" အနေနဲ့သာ မှတ်ထားသင့်ပါတယ်။

🍬 ချိုမြိန်တဲ့ အနံ့နဲ့ အရသာ (Aroma & Flavor)

-Original Z က သာမန် အချိုနံ့ပဲ မဟုတ်ပါဘူး။
သူဟာ ဆေး_ခြောက်လောကထဲမှာ "Candy Terp" ဆိုတဲ့ ဘာသာစကားကို Mainstream ဖြစ်လာအောင် တွန်းပို့ခဲ့တာပါ။

သူ့ အနံ့က ချိုတယ်၊
အရသာက သစ်သီးသကြားလုံးလို Fresh ဖြစ်စေတဲ့ ခံစားချက်ကိုရတယ်၊
သောက်ပြီးရင်လည်း ပါးစပ်ထဲမှာ Candy Terp Aftertaste ကျန်တတ်တယ်။

အဲ့ဒီလို အချက်တွေကြောင့်ပဲ
Original Z ဟာ Flavor Chaser တွေရဲ့
အဓိက Strain တစ်ခုလို ဖြစ်လာခဲ့တာပါ။

🌈 Z ရဲ့ ယဉ်ကျေးမှု လွှမ်းမိုးမှု (Cultural Influence)

-Original Z ဟာ Candy-Terp Movement ရဲ့ အရေးကြီးဆုံး Strainတွေထဲက တစ်ခုပါ။

နောက်ပိုင်းမှ ထွက်လာတဲ့
Runtz, Zushi, Rainbow Belts, Zkittlez crosses, နဲ့ Candy-Gas hybrids တော်တော်များများမှာ Z ရဲ့ အနံ့အရသာ လွှမ်းမိုးမှုကို တွေ့ရနိုင်ပါတယ်။

အထူးသဖြင့် Runtz လို Strain တွေမှာ Z ရဲ့ Influence ကို တိုက်ရိုက်မြင်တွေ့ရ နိုင်တာပါ။

ဘာလို့လဲဆိုရင် Runtz ကိုယ်တိုင်ကိုက
Z × Gelato မျိုးရိုးနဲ့ နာမည်ကြီးလာခဲ့တာကြောင့်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

🛒 🌱(Buyer & Grower’s Guide)

💎သောက်သုံးချင်သူများအတွက် (For Consumers)

-တကယ့် Original Z အတွေ့အကြုံကို မြည်းစမ်းချင်ရင်တော့ … Terphogz / Original Z Official Releases တွေ (သို့မဟုတ်) Terphogz နဲ့ တရားဝင် Collaboration လုပ်ထားတဲ့ Brands တွေကို ရှာတာ အကောင်းဆုံးပါ။

⚠️ဈေးကွက်ထဲက "Z" နာမည်တပ်ထားတဲ့ Product တိုင်းကို Original လို့တော့ မယူဆသင့်ပါဘူး။⚠️

💎စိုက်ပျိုးချင်သူများအတွက် (For Growers)

-Original Z ကို စိုက်ပျိုးချင်သူတွေအတွက် အရေးကြီးဆုံးအချက်ကတော့ Original cut နဲ့ Z-family seed line ကို မရောဖို့ပါ။

Original Cut Route:
မူရင်း Original Z cut ကို လိုချင်တယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ Verified cut ကိုသာ ရှာဖို့ အကြံပေးပါရစေ။

⚠️"Z" နာမည်တပ်ထားတဲ့ Clone တိုင်းကို မူရင်းအဖြစ် မယုံသင့်ပါဘူး။⚠️

Seed Route:
အကယ်၍ Seed ကနေ စချင်ရင်တော့ Terphogz ရဲ့ Official Z-family crosses(ဥပမာ - Z’lectrolytes, Z3, Zazaya) တွေက စိတ်အချရဆုံး ရွေးချယ်မှုဖြစ်မှာပါ။

ဒါပေမဲ့ တစ်ခုသိထားသင့်တာက
Seed line တစ်ခုက Original clone နဲ့ 1:1 တူမယ်လို့ မယူဆသင့်တာပါ။

💡Seed route ဆိုတာ Original cut ကို Copy လုပ်တာမဟုတ်ဘဲ၊ Z ရဲ့ Candy-terp direction ကို Pheno hunt လုပ်ထားပဲတာ ဖြစ်ပါတယ်။

🎯 Rangoon710 အမြင်

-Original Z ဟာ
Premium w**d ဆိုတာ THC ပြင်းအား တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊
ထူးခြားတဲ့ Flavorတွေကြောင့်လည်း
သမိုင်းဝင်နိုင်တယ်ဆိုတာကို သက်သေပြခဲ့တာပါ။

⛽️OG Kush က ဆေးခြောက်လောကမှာ
Gas ဆိုတဲ့ ဘာသာစကားကို တည်ဆောက်ပေးခဲ့တာဆိုရင်—

🍭Original Z က Candy ဆိုတဲ့ ဘာသာစကားအသစ်ကို Mainstream Cannabis Culture ထဲကို အရောက်သယ်လာခဲ့တာပဲ ဖြစ်ပါတယ်။

✍️ Written by Rangoon710

🔬 COA ဆိုတာ ဘာလဲ? -ဆေး_ခြောက်ရဲ့ သန့်ရှင်းမှုနဲ့ ပြင်းအားကို စစ်ဆေးခြင်း 🔬GACP လက်မှတ်က စိုက်ခင်းရဲ့ စနစ်ကျမှု၊ သန့်ရှင်...
22/05/2026

🔬 COA ဆိုတာ ဘာလဲ?
-ဆေး_ခြောက်ရဲ့ သန့်ရှင်းမှုနဲ့ ပြင်းအားကို စစ်ဆေးခြင်း 🔬

GACP လက်မှတ်က စိုက်ခင်းရဲ့ စနစ်ကျမှု၊
သန့်ရှင်းရေးနဲ့ စိုက်ပျိုးလုပ်ငန်းစဉ်ကို ဖော်ပြတယ်ဆိုတာ ရှေ့မှာ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။
https://www.facebook.com/share/p/1AwEr5R9SQ/?mibextid=wwXIfr

ဒါပေမဲ့
မေးခွန်းတစ်ခုတော့ ကျန်နေပါသေးတယ်…

ဒီစိုက်ခင်းက ထွက်လာတဲ့ အပွင့်က
❔ဘယ်လောက်သန့်လဲ
❔THC / CBD ဘယ်လောက်% ပါလဲ
❔မှို၊ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့
Heavy metals လို အန္တရာယ်ရှိနိုင်တဲ့အရာတွေကော စစ်ထားလား …
စတာတွေ သိချင်ရင်တော့ နောက်ထပ် အရေးကြီးတဲ့ စာရွက်တစ်ရွက်ကို ထက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အဲ့ဒါကတော့ COA —
Certificate of Analysis ပါ။

📊 COA က ဘာကို ပြတာလဲ?
(The Safety Check)

-COA ဆိုတာကို နားလည်လွယ်အောင် ပြောရရင်
စူပါမားကတ်က စားစရာအထုပ်တွေရဲ့ ကျောဘက်မှာ ကပ်ထားတဲ့ Nutrition Facts နဲ့ ဆင်တူပါတယ်။

❗️ဒါပေမဲ့ Cannabis COA က ပိုပြီးအရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ ဆေး_ခြောက်ရဲ့

❔THC, CBD နဲ့ တခြား Cannabinoids တွေ ဘယ်လောက်ပါလဲ
❔အနံ့အရသာ Profile (Terpenes)ကကော ဘယ်လိုလဲ

ဘေးကင်းမှု အနေနဲ့ …

❔မှိုဘက်တီးရီးယား၊ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ Heavy metals, Residual solvents လို Contaminants တွေကကော သတ်မှတ်ထားတဲ့ စံနှုန်းအောက်မှာ ရှိရဲ့လား? …

ဆိုတာ တွေကို ဖော်ပြပေးတဲ့ Lab Report ဖြစ်လို့ပါ။

ဒါပေမယ့်!!

ဒီနေရာမှာ ထက်မေးစရာတစ်ခုရှိတာက
⚠️COA က တစ်ခါစစ်ထားရုံနဲ့
အမြဲ ပြန်အသုံးပြုလို့ရနိုင်လား?? ဆိုတာပါ…

🌱ဆေး_ခြောက်ဆိုတာ သက်ရှိအပင်ပါ။
မျိုးရိုးတူ၊ စိုက်ခင်း တူနေသည့်တိုင်…
-အလင်း​ရောင်
-အပူချိန်
-ရေ
-မြေဩဇာ
-ပိုးမွှားကျရောက်မှုအခြေအနေ
-ရိတ်သိမ်းချိန် နဲ့
-Drying / Curing
စတာတွေ ကွာသွားရင် တစ်သုတ်နဲ့တစ်သုတ် ရလဒ် ကွဲပြားသွားနိုင်ပါတယ်။

"ဇန်နဝါရီလ Harvest နဲ့
မတ်လ Harvest က
Strain နာမည်တူနေရင်တောင်
THC % မတူနိုင်သလို, Contamination risk လည်း မတူနိုင်ပါဘူး"

ဒါကြောင့် COA ဆိုတာ…
⚠️တစ်ခါစစ်ပြီး တစ်သက်လုံးသုံးလို့ရတဲ့ လက်မှတ်တော့ မဟုတ်ပါဘူး။

-မိတ်ဆွေ ဝယ်မယ့် Product ပေါ်က
Batch Number / Lot Number နဲ့
COA ပေါ်က Batch Number ကိုက်ညီမှသာ အဓိပ္ပာယ်ရှိမှာပဲ ဖြစ်ပါတယ်။

ဒါဆို…
❌ COA က ဘယ်အရာတွေကိုတော့
မဖော်ပြနိုင်ဘူးလဲ❌

-ဒီအပင်က ဘယ် Breeder ဆီကလဲ❔

-ဘယ် Nursery/Fam က Clone ယူထားတာလဲ❔

-Genetics မူလဇာစ်မြစ်က တကယ်ကော မှန်ရဲ့လား❔

-နာမည်ကြီး Strain အစစ်လား၊ နာမည်တပ်ထားတာပဲလား❔

စတာတွေကိုတော့
COA က အတည်မပြုပေးနိုင်မှာ မဟုတ်ပါဘူး!

🧬 ဒါဆို Genetics စစ်မစစ်ကိုကော ဘယ်လို သိရနိုင်မလဲ?

-ကိုယ်ဝယ်မယ့်အပင်/အဖူးက မျိုးစစ်မျိုးမှန်
ဟုတ်မဟုတ် သိချင်ရင်တော့ Grower / Dispensary ဘက်မှာ သီးသန့် ထပ်မေးပြီး အတည်ပြု ရမှာပဲ ဖြစ်ပါတယ်။

💎Source: ဘယ် Breeder ဆီကနေ Seed / Clone ရထားတာလဲ?

💎Type: Clone ကနေ ဖြတ်ထားတာလား၊ Seed ကနေ ဖောက်ထားတာလား?

💎Lineage: မိဘမျိုးရိုးက ဘာလဲ?

💎Selection: Seed ကနေ ဖောက်ထားတာဆိုရင် ဘယ်လို စံနှုန်းတွေနဲ့ အကောင်းဆုံး Keeper cut ကို ရွေးချယ်ထားတာလဲ?

စတဲ့… ဒီအချက်တွေ သိမှသာ

-ကိုယ်ဝယ်မယ့်အပွင့်က မူရင်းအစစ်လား❔
သူတို့ဘာသာ ပြန်စပ်ထားတာလား (ဒါမှမဟုတ်) နာမည်လိမ်တပ်ထားတဲ့ (White label) အပင်လား❔ဆိုတာကို ခွဲခြားနိုင်မှာပါ။

✔️GACP က "ဘယ်လို စနစ်တကျ စိုက်ခဲ့လဲ" ဆိုတာကို ပြပြီး

✔️COAက "ဘယ်လောက် သန့်ရှင်းပြီး အာနိသင် ဘယ်လောက်ပြင်းထန်လဲ" ဆိုတာကို ပြတာ ဖြစ်ပါတယ်။

⚠️GACP ရှိတာနဲ့
မျိုးရိုးဗီဇ သေချာတယ်လို့ မဆိုလို နိုင်သလို၊
COA လက်မှတ် ရှိတာနဲ့လည်း မူရင်း Clone အစစ်လို့ဖြစ်ပါတယ်လို့ သက်သေမပြနိုင်ပါဘူး။

မိတ်ဆွေတို့အနေနဲ့
Premium Quality ရဲ့
အရသာအစစ်အမှန် ခံစားချင်ရင်တော့ …

စာရွက်စာတမ်းတွေအပြင်
အပင်ရဲ့ "မူလဇာစ်မြစ် (Source)" ကိုပါ
သေချာလေ့လာဖို့ Rangoon710 မှ တိုက်တွန်းလိုက်ရပါတယ်။

✍️ Written by Rangoon710

🌿 GACP လက်မှတ်ဆိုတာ အရည်အသွေး အာမခံချက်တစ်ခုလား? 🌿GACP (Good Agricultural and Collection Practices) ဆိုတာကို နားလည်လွယ်အ...
17/05/2026

🌿 GACP လက်မှတ်ဆိုတာ အရည်အသွေး အာမခံချက်တစ်ခုလား? 🌿

GACP (Good Agricultural and Collection Practices) ဆိုတာကို နားလည်လွယ်အောင် ဥပမာပေးရရင်— စားသောက်ဆိုင်တစ်ဆိုင်ရဲ့ "မီးဖိုချောင် သန့်ရှင်းရေးနဲ့ လုပ်ငန်းစဉ် စနစ်ကျမှု" ကို စစ်ဆေးပေးတဲ့ အသိအမှတ်ပြု လက်မှတ်နဲ့ ဆင်တူပါတယ်။

ထိုင်းနိုင်ငံမှာ ဆေး_ခြောက်စိုက်ခင်းတွေကို ပေးတဲ့ GACP လက်မှတ်ဆိုတာ…
ခြံတစ်ခြံဟာ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း စတဲ့ နေရာတွေမှာ အောက်ပါအချက်တွေကို စနစ်တကျ လုပ်ဆောင်ကြောင်း အသိအမှတ် ပြုပေးတာမျိုးကို ဆိုလိုတာပါ…

ဒါတွေက
🌱စိုက်ပျိုး၊ ရိတ်သိမ်း၊ ကိုင်တွယ်တဲ့ လုပ်ငန်းစဉ်တွေ စနစ်ကျခြင်းနဲ့ မှတ်တမ်းထားရှိခြင်း။

🌱စိုက်ပျိုးတဲ့ ပတ်ဝန်းကျင် (ရေ၊ မြေဆီလွှာ) စတဲ့ Input တွေကို သေချာ ထိန်းချုပ်ထားခြင်း။

🌱ပိုးမွှားကာကွယ်မှု၊ သန့်ရှင်းရေးနဲ့ သိုလှောင်မှုတွေက စံနှုန်းနဲ့ ကိုက်ညီခြင်း.. တို့ကို အာမခံချက်ပေးတာ ပဲဖြစ်ပါတယ်။

ဒီနေရာမှ သတိထားစရာ တစ်ခုက
GACP ရထားတယ်ဆိုတာနဲ့ အောက်ပါအချက်တွေကို အာမခံတယ်လို့ လုံးဝ မယူဆဖို့ပါပဲ…

❌ဒီအပင်က မျိုးရိုးဗီဇ (Genetics) အစစ်အမှန် ဖြစ်တယ် ဆိုတာ

❌Breeder အစစ်အမှန်ဆီက လာတယ်ဆိုတာနဲ့

❌Batch တိုင်းမှာ ဓာတုအကြွင်းအကျန် လုံးဝမရှိဘူးလို့ အာမခံနိုင်တာမျိုး … မဟုတ်တာတော့ သိထားဖို့လိုအပ်ပါတယ်။

(ထိုင်းရိုးရာဆေးပညာဌာန - DTAM ကိုယ်တိုင်က "GACP ဟာ ထုတ်ကုန်တွေမှာ ဓာတုအကြွင်းအကျန် မရှိကြောင်း တိုက်ရိုက် အာမခံတဲ့ လက်မှတ်မဟုတ်ဘူး" လို့ ရှင်းလင်းစွာ ဖော်ပြထားပီးသားပါ။)

👨‍🍳 စားသောက်ဆိုင် ဥပမာနဲ့ ပြန်ကြည့်ရရင်
ဒီမီးဖိုချောင် အရမ်းသန့်ရှင်းတယ်၊ အစားအသောက် ကိုင်တွယ်ပုံ စနစ်ကျတယ် ဆိုတာက GACP ပါ။
ဒါပေမဲ့ စားဖိုမှူးရဲ့ ဟင်းချက်နည်း (Recipe/Genetics) ညံ့နေရင် အဲ့ဒီဟင်းက စားလို့ ကောင်းမှာ မဟုတ်ပါဘူး။

ဆေး_ခြောက်မှာလည်း အတူတူပါပဲ။ GACP က "ဘယ်လို စနစ်တကျ စိုက်ခဲ့လဲ" ဆိုတာကိုပဲ ယုံကြည်မှုပေးတာပါ။

"ဘာ Genetics လဲ၊ အနံ့အရသာ ဘယ်လောက်ကောင်းလဲ" ဆိုတာကို အာမခံတာ မဟုတ်ပါဘူး။

🎯 Rangoon710 ၏ အမြင် (သတိပြုရန်)
⚠️ဒီအချက်အလက်ကို မျှဝေပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအနေနဲ့ "GACP" ဆိုတဲ့ စာလုံးကိုတွေ့တိုင်း မျက်လုံးစုံမှိတ်ပြီး အထင်မကြီးသွားစေဖို့ပါ။

ဈေးကွက်ထဲမှာ GACP လက်မှတ်ကို ဘန်းပြပြီး၊ သာမန် Geneticsအညံ့စား (White-label Seed) တွေကို "အဆင့်မြင့် Premium" ဆိုပြီး ဈေးတင်ရောင်းနေတဲ့ လှည့်ကွက်တွေကို ရှောင်ရှားနိုင်ဖို့ ဖြစ်ပါတယ်။

🔬 ဒါဆိုရင် တကယ့် အရည်အသွေးကို ဘာနဲ့ တိုင်းတာမလဲ?
GACP က စိုက်ပျိုးတဲ့ "လုပ်ငန်းစဉ်" ကိုပဲ စစ်ဆေးတာဆိုရင်...

သုံးစွဲသူတွေအနေနဲ့
❔ကိုယ်သောက်မယ့် အပွင့်ထဲမှာ ဘာဓာတ်တွေ ဘယ်လောက်ပါနေလဲ?၊
❔ပိုးသတ်ဆေး အကြွင်းအကျန်တွေ တကယ်ပဲ ကင်းစင်ရဲ့လား??
❔THC, CBD ဘယ်လောက် ရာခိုင်နှုန်းပါလဲ??? ဆိုတာတွေကို
ဘယ်လို စစ်ဆေးအတည်ပြုနိုင်မလဲ?

💡ဒီနေရာမှာ ဆေးခြောက်လောကရဲ့ အရေးအကြီးဆုံး သက်သေခံ လက်မှတ်ဖြစ်တဲ့ COA (Certificate of Analysis) ဆိုတာ ထွက်ပေါ်လာပါတယ်။

COA ဆိုတာ ဘာလဲ၊ ဘယ်လို ဖတ်ရမလဲ ဆိုတာကိုတော့… နောက် Post မှာ အသေးစိတ် ဆက်လက် တင်ဆက်ပေးသွားမှာမို့
စောင့်မျှော် ဖတ်ရှုပေးကြပါဦး။

✍️ Written by Rangoon710

🍦Gelato: ခေတ်သစ် Exotic ဆေး_ခြောက်လောကကို  Cream အနံ့အရသာတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ Strain-ဆေးခြောက်လောကမှာ "Dessert...
17/05/2026

🍦Gelato:
ခေတ်သစ် Exotic ဆေး_ခြောက်လောကကို Cream အနံ့အရသာတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ Strain

-ဆေးခြောက်လောကမှာ "Dessert Strain"လို့ ပြောလိုက်ရင် Gelato ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

သူက Sunset Sherbet နဲ့ Thin Mint Girl Scout Cookies တို့ကို မျိုးစပ်ထားတာဖြစ်ပြီး၊ ခေတ်သစ် ဆေး_ခြောက်သမိုင်းမှာ အရေးအပါဆုံး မျိုးကွဲတစ်ခုလည်း ဖြစ်ပါတယ်။

Gelato လို့ ဆိုလိုက်တာနဲ့ နာမည်ကျော် Phenotype တွေဖြစ်တဲ့ Gelato #33 (Larry Bird), Gelato #41 (Bacio) နဲ့ Gelato #49 (Açai Berry Gelato) တို့ကို တွဲပြီး ပြေးမြင်ကြမှာပါ။

📖 မူရင်းဖန်တီးရှင်နှင့် သမိုင်းကြောင်း (Who bred Gelato?)
-Gelato ရဲ့ ဇာတ်လမ်းက ကယ်လီဖိုးနီးယား ဆေးခြောက်လောကမှာ စတင်ခဲ့တာပါ။
Gelato ကို ဖန်တီးခဲ့တဲ့ နာမည်အကြီး ဖန်တီးရှင်တွေကတော့ Mr. Sherbinski လို့ လူသိများတဲ့ Mario Guzman နဲ့ Cookie Fam ဘက်က Jigga တို့ပဲ ဖြစ်ပါတယ်။

၂၀၁၀ နှောင်းပိုင်းမှာ ခရမ်းရောင်သန်းနေတဲ့ အပွင့်တွေ၊ Creamyဆန်ဆန် မွှေးပျံ့တဲ့ အနံ့တွေနဲ့ ဇိမ်ခံပစ္စည်းတစ်ခုလို ထုပ်ပိုးတင်ဆက်မှု (Luxury presentation) တွေဆီကို ဦးတည်သွားစေခဲ့တဲ့ အဓိက Strain တစ်မျိုးလည်း ဖြစ်ပါတယ်။

🍧 ချစ်စရာကောင်းတဲ့ အနံ့အရသာနှင့် အာနိသင်
-Gelato ကို လူကြိုက်များစေတဲ့ အချက်တွေကတော့ အရာအားလုံး ပြီးပြည့်စုံစေတဲ့ အနံ့အရသာကြောင့်ပါပဲ။

ချိုမြိန်တဲ့ ခရင်မ်ရနံ့ (Sweet cream)၊ ဘယ်ရီသီး၊ ရှောက်သီးခွံ၊ ကွတ်ကီးမုန့်နှစ်နဲ့ မုန့်ဖုတ်ထားတဲ့ အနံ့သင်းသင်းလေးတွေ ပေါင်းစပ်နေတာပါ။

အပွင့်တွေက သိပ်သည်းကျစ်လျစ်ပြီး အရောင်အသွေး စုံလင်လှပပါတယ်။

အာနိသင်အနေနဲ့ ဦးနှောက်ကို ကြည်လင်တက်ကြွစေပြီး၊ ခန္ဓာကိုယ်ကိုတော့ လေးလံနေစေမှာပါ။ (အထူးသဖြင့် Gelato #41/Bacio ဆိုရင် ခန္ဓာကိုယ်ကို လေးလေးလံလံ ဖြစ်စေတဲ့နေရာမှာ နာမည်ကြီးပါတယ်။)

👑 ယဉ်ကျေးမှု တစ်ရပ်ကို အပြောင်းအလဲလုပ်ခဲ့သူ
-Gelato ဟာ ဆေးခြောက်ယဉ်ကျေးမှု သမိုင်းမှာ အလွန်အရေးပါတဲ့ အချိုးအကွေ့ တစ်ခုကို ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။

သူ မပေါ်လာခင်က အဆင့်မြင့် ဆေး_ခြောက် လို့ ပြောရင် OG တွေ၊ Sour တွေ၊ Chem တွေရဲ့ ဓာတ်ဆီနံ့ ပြင်းပြင်းတွေကိုပဲ ပြေးမြင်ခဲ့ကြတာပါ။

ဒါပေမဲ့ Gelato ပေါ်လာပြီးနောက်မှာတော့ ဈေးကွက် တစ်ခုလုံးက အချိုနံ့သင်းနေတဲ့ Exotic တွေဘက်ကို စတင် အာရုံစိုက်လာပါတော့တယ်။

🛒 စိုက်ပျိုးသူများနှင့် သုံးစွဲသူများအတွက် လမ်းညွှန် (Buyer & Grower’s Guide)
-Gelato ဟာ နာမည်ကြီးလွန်းတဲ့အတွက် ဈေးကွက်ထဲမှာ နာမည်တု၊ မျိုးရိုးတုတွေ အများဆုံး ရှိနေတဲ့ အပင်လည်း ဖြစ်ပါတယ်။

ဒါကြောင့် မျိုးစစ်မျိုးမှန်ကို လိုချင်ရင် အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်—

သောက်သုံးချင်သူများအတွက် (For Consumers):
အစစ်အမှန် အရသာကို မြည်းစမ်းချင်ရင် တရားဝင် Dispensaries တွေမှာ SHERBINSKIS ကိုယ်တိုင် ထုတ်လုပ်တဲ့ Bacio (Gelato 41)၊ Mochi စတာတွေကို ရှာဝယ်တာ အသေချာဆုံးပါ။

ဒါ့အပြင် သူတို့နဲ့ မျိုးရိုးဆက်နွယ်မှု ခိုင်မာတဲ့ Alien Labs နဲ့ Connected Cannabis Co. တို့လို Premium Brand တွေဆီက ထွက်တဲ့ Gelato Line တွေကလည်း ယုံကြည်စိတ်ချရတဲ့ ထိပ်တန်းအရည်အသွေးတွေ ဖြစ်ပါတယ်။

🍀စိုက်ပျိုးချင်သူများအတွက် (For Growers):
-မူရင်း Gelato ဟာ အစကတည်းက မျိုးစေ့ (Seeds) အနေနဲ့ မဟုတ်ဘဲ ကိုင်းကူးပင် (Clone-only) အနေနဲ့သာ စတင်ထွက်ရှိခဲ့တာပါ။

ဒါကြောင့် အစစ်အမှန်ကို လိုချင်ရင် ယုံကြည်ရတဲ့ Nursery တွေဆီကနေ … မျိုးရိုးမှန်ကန်ကြောင်း အတည်ပြုထားတဲ့ ကိုင်း (Verified Cuts) တွေကို ရှာဖွေစိုက်ပျိုးတာ အကောင်းဆုံးပါပဲ။

တကယ်လို့ အစေ့ကနေပဲ စိုက်ချင်တယ်ဆိုရင်တော့ Gelato မျိုးရိုးကို ခိုင်ခိုင်မာမာ ဆက်လက်ဖန်တီးနေတဲ့ Seed J***y Genetics လို နာမည်ကြီး Breeder တွေဆီက Gelato Cross (မျိုးစပ်) တွေကို ရွေးချယ်တာ အစိတ်ချရဆုံး ဖြစ်ပါလိမ့်မယ်။

အဆုံးသတ်ရရင်
Gelato Strainဟာ ဆေး_ခြောက် သုံးစွဲသူတွေကို "ဒီကောင် ဓာတ်ဆီနံ့ ဘယ်လောက်ပြင်းလဲ?" ဆိုတဲ့ မေးခွန်းကနေ...
"ဒီအပင်ရဲ့ အရသာက ဘယ်လောက်တောင် နက်နဲနေသလဲ?" ဆိုတဲ့ ခံစားမှုအသစ်ဆီကို အဆင့်မြှင့်တင်ပေးခဲ့တဲ့ ဂန္ထဝင် Strain ပဲဖြစ်ပါတော့တယ်။

✍️ Written by Rangoon710
**d

Sour Diesel: နယူးယောက်မြို့ရဲ့ အမွေအနှစ် (သို့မဟုတ်) East Coast ရဲ့ ဂန္ထဝင်ဓာတ်ဆီနံ့ Can_nabis လောကမှာ "Gas" (ဓာတ်ဆီနံ့)...
16/05/2026

Sour Diesel:
နယူးယောက်မြို့ရဲ့ အမွေအနှစ် (သို့မဟုတ်) East Coast ရဲ့ ဂန္ထဝင်ဓာတ်ဆီနံ့

Can_nabis လောကမှာ "Gas" (ဓာတ်ဆီနံ့) လို့ ပြောလိုက်ရင် ပြေးမြင်ရမယ့် Strain တွေထဲမှာ "Sour Diesel" ကို လုံးဝ ချန်ထားခဲ့လို့ မရပါဘူး။

သူဟာ ဓာတ်ဆီနံ့၊ ချဉ်စူးတဲ့ Skunk အနံ့တွေနဲ့အတူ ၁၉၉၀ ပြည့်လွန်နှစ်တွေက နယူးယောက်မြို့ရဲ့ Can_nabis ယဉ်ကျေးမှုနဲ့ ခွဲခြားလို့မရအောင် တွယ်ဆက်နေတဲ့ ဂန္ထဝင် Strain တစ်မျိုးပဲဖြစ်ပါတယ်။

📖 သမိုင်းကြောင်း
-အစောပိုင်း Hybrid မျိုးစိတ်တွေလိုပဲ Sour Diesel Strain ရဲ့ ဇာစ်မြစ်အတိအကျက အခုထိ ပဟေဠိတစ်ခုလို ငြင်းခုံနေကြဆဲပါ။
High Times မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ
သူဟာ ၁၉၉၀ တုန်းက နယူးယောက်မှာ တန်ဖိုးကြီးတဲ့ Luxury Strain တစ်ခုအနေနဲ့ စတင်ထွက်ပေါ်လာတာပါ။

အစပိုင်းမှာတော့ သူ့ကို "Diesel" လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ခဲ့ကြပေမဲ့၊ အချိန်တွေကြာလာတာနဲ့အမျှ "Sour Diesel" ဆိုပြီး ကမ္ဘာ့ဆေးခြောက်လောကမှာ လူသိအများဆုံး နာမည်တစ်ခု ဖြစ်လာခဲ့ပါတယ်။

🧬 ပဟေဠိဆန်တဲ့ မျိုးရိုးဗီဇ
-Leafly ရဲ့ အချက်အလက်တွေအရ သူ့ရဲ့ မျိုးရိုးကို Chemdawg × Super Skunk လို့ အများစုက လက်ခံထားကြပါတယ်။
ဒါပေမဲ့ သူကလည်း မှတ်တမ်းတွေ သေချာမရှိတဲ့ ကိုင်းကူးပင် (Underground clone) ကနေ ရလာတာဖြစ်လို့၊ တကယ့် ဇာစ်မြစ် အတိအကျကိုတော့ ဒီနေ့အထိ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

🔥 စူးရှပြင်းထန်တဲ့ အနံ့နဲ့ အရသာ
-Sour Diesel ကို နာမည်ကြီးစေတာက
ဓာတ်ဆီနံ့ အပြင်းစား (Fuel)၊ ရှောက်သီးနံ့ (Sour citrus)၊ စူးရှတဲ့ Skunk နံ့၊ မြေကြီးနံ့သင်းသင်းနဲ့ ဓာတုဆေးဝါးနံ့ ခပ်စူးစူး (Earthy chemical funk) အနံ့တွေကြောင့်ပဲ ဖြစ်ပါတယ်။

သူက အနံ့ပြင်းတယ်၊ စူးရှတယ်၊ တစ်ခါရှူလိုက်တာနဲ့ ဘာပင်မှန်း ချက်ချင်းသိသာစေတဲ့ အကြမ်းစားအနံ့နဲ့ မျိုးစိတ်ပါ။

🧠 နေ့ခင်းဘက်အတွက် အကောင်းဆုံး အာနိသင်
-Sour Diesel ကို Strain Description တွေမှာ Fast-Acting, Cerebral, Energizing လို့ မကြာခဏ ဖော်ပြကြပါတယ်။

လူအများစုအတွက် ခေါင်းထဲ ရှင်းလင်းသွားသလို ခံစားရစေပြီး လန်းဆန်းတက်ကြွစေတတ်တဲ့ Cultivar တစ်မျိုးအဖြစ်တာကြောင့် Daytime Classic ဆိုတဲ့ Reputation ကို ရရှိခဲ့တာပါ။

👑 ဆေးခြောက်ယဉ်ကျေးမှုအပေါ် လွှမ်းမိုးမှု
-ဒီနေ့ "Diesel"လို့ ခေါ်တဲ့ Fuel-heavy Aroma Profile ကို ကမ္ဘာ့ Cannabis Culture ထဲမှာ အထင်ကရဖြစ်အောင် လုပ်ပေးခဲ့တဲ့ Strain တွေထဲမှာ Sour Diesel ကလည်း ထိပ်ဆုံးမှာ ရှိနေပါတယ်။

West Coast ရဲ့ Gas ယဉ်ကျေးမှုကို OG Kush က ပုံဖော်ပေးခဲ့သလို…
East Coast ရဲ့ ပြိုင်ဘက်ကင်း Gas ယဉ်ကျေးမှုကိုလည်း Sour Diesel က အသက်သွင်းပေးခဲ့တာပါ။

သူဟာ သုံးစွဲသူတွေကို
"အာနိသင် ပြင်းတာ တစ်မျိုးတည်းကသာ
အရေးကြီးတာ မဟုတ်ပဲ၊ အနံ့အရသာကိုလည်း လေးစားတန်ဖိုးထားရမယ်" ဆိုတာကို သင်ကြားပေးခဲ့တဲ့ ဆရာတစ်ဆူပဲ ဖြစ်ပါတော့တယ်။

✍️ Written by Rangoon710
**d

Shiva, Lord of Bhang: ဘုရားရှင်၊ ဆေးခြောက်နှင့် ယဉ်ကျေးမှုပြယုဂ်ကမ္ဘာပေါ်မှာ ဘာသာတရား တော်တော်များများက မူးယစ်စေတဲ့ အရာတ...
09/03/2026

Shiva, Lord of Bhang: ဘုရားရှင်၊ ဆေးခြောက်နှင့် ယဉ်ကျေးမှုပြယုဂ်

ကမ္ဘာပေါ်မှာ ဘာသာတရား တော်တော်များများက မူးယစ်စေတဲ့ အရာတွေကို တားမြစ်ထားကြပေမဲ့၊ ဟိန္ဒူဘာသာကတော့ တစ်မူ ထူးခြားနေပါတယ်။ ဘာလို့လဲဆိုရင်တော့ သူတို့ဆီမှာ ဆေးခြောက်ကို "လေးစားမြတ်နိုးတဲ့ ယဉ်ကျေးမှု" တစ်ခု ရှိနေလို့ပဲ ဖြစ်ပါတယ်။

အဓိက အကြောင်းရင်းကတော့ Shiva (သီဝ) ဘုရားရှင်ကြောင့်ပါပဲ။

ဟိန္ဒူယုံကြည်မှုမှာ ဘုရားပေါင်း သန်း ၃၃၀ လောက်ရှိတယ်လို့ ဆိုကြပေမဲ့၊ အဓိက အသက်သွေးကြောကတော့ Trimurti (သုံးပါးပေါင်း တစ်ဆူ) ပါ။
အဲ့ဒီအထဲမှာမှ Shiva ဟာ မကောင်းမှုတွေကို ဖျက်ဆီးသူ (Destroyer) ဖြစ်သလို၊ အသွင်ပြောင်းလဲပေးသူ (Transformer) လည်း ဖြစ်ပါတယ်။

📜 Vedas ကျမ်းနှင့် မူလအစ (The Ancient Roots)

ဆေးခြောက်နဲ့ Shiva ရဲ့ ဆက်နွယ်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ပေါ်ပေါက်ခဲ့တဲ့ Vedas (ဗေဒကျမ်း) တွေကနေ စတင်လာတာပါ။
ဟိန္ဒူဘာသာရဲ့ အမြင့်မြတ်ဆုံးကျမ်းတွေထဲမှာ ဆေးခြောက်ကို သာမန် အပင်အနေနဲ့ မဟုတ်ဘဲ "မြင့်မြတ်သော အပင် (Sacred Plant)" အနေနဲ့ ဖော်ပြထားကြပါတယ်။

🌊 သမိုင်းအစ ဒဏ္ဍာရီ (The Legend)
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက နတ်ဘုရားတွေနဲ့ အသူရာတွေဟာ "မသေဆေး (Amrita)" ကို လိုချင်ကြလို့၊ သမုဒ္ဒရာကြီးကို မွှေနှောက်ခဲ့ကြဖူးပါတယ်။
ဒါပေမဲ့ သူတို့လိုချင်တဲ့ မသေဆေး မထွက်လာခင်မှာ၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တဲ့ အပြင်းထန်ဆုံး အဆိပ်အတောက်ကြီး (Halahala) က အရင် ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအဆိပ်ငွေ့တွေကြောင့် လောကကြီး ပူလောင်လာတဲ့အခါ... ကယ်တင်ရှင်အဖြစ် Shiva ဘုရားရှင် ရောက်ရှိလာခဲ့ပါတယ်။
သူဟာ လောကကြီးကို ကယ်တင်ဖို့အတွက် အဲ့ဒီအဆိပ်ခွက်ကြီးကို ကိုယ်တိုင် မော့သောက်လိုက်ပြီး၊ အဆိပ်ရဲ့ ပြင်းအားကြောင့် သူ့ရဲ့ လည်ချောင်းတစ်ခုလုံးဟာ အပြာရောင် ပြောင်းသွားခဲ့ရပါတယ်။
(ဒါကြောင့်လည်း သူ့ကို Neelkanth သို့မဟုတ် The Blue Throated One လို့ ခေါ်ကြတာပါ)။

အဆိပ်ကို မျိုချလိုက်တဲ့အတွက် Shiva ရဲ့ ခန္ဓာကိုယ်ထဲမှာ မခံမရပ်နိုင်လောက်အောင် ပူလောင်မှု (Immense Heat) တွေ ဖြစ်ပေါ်လာပါတော့တယ်။
ဒီအချိန်မှာ တခြားနတ်ဘုရားတွေက Shiva ကို အေးမြသွားစေဖို့အတွက် "အအေးဓာတ်ပေးနိုင်တဲ့ အရာ" တွေကို ဆက်ကပ်ခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာ Bhang (Cannabis) ဟာ အဓိကနေရာက ပါဝင်ခဲ့တာပါ။
ရှေးဟောင်းဆေးပညာအရ Bhang ဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်တဲ့ "Coolant (အပူငြိမ်းဆေး)" တစ်လက်လည်း ဖြစ်လို့နေပါတယ်။

Shiva ဟာ Bhang ကို သုံးစွဲလိုက်ပြီးနောက်မှာတော့ အဆိပ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပူလောင်မှုတွေဟာ ငြိမ်းအေးသွားပြီး၊ တရားမှတ်ရာမှာ ပြန်လည် အာရုံစူးစိုက်နိုင်ခဲ့ပါတော့တယ်။

"Shiva ကို ပုံတော်တွေ၊ ပန်းချီကားတွေနဲ့ ရုပ်ထုတွေမှာ တွေ့ရတဲ့အခါ မျက်လုံးတွေ မှေးစင်းနေတာကို တွေ့ရတတ်ပါတယ်"

တချို့က ဒါဟာ နက်နဲတဲ့ တရားထိုင်ခြင်း (Meditation) ကြောင့်လို့ ဆိုကြသလို၊ တချို့ကလည်း သူအသုံးပြုထားတဲ့ G***a (ဆေးခြောက်) ရဲ့ အာနိသင်ကြောင့်လို့ ယုံကြည်ကြပါတယ်။

🥛 Bhang: ဘုရားပေးသောဖျော်ရည် (The Divine Drink)

အိန္ဒိယမှာ ဆေးခြောက်ကို အများပြည်သူ သုံးစွဲတဲ့ ပုံစံကတော့ Bhang ပါ။
ဒါက ဆေးခြောက်အပင်ရဲ့ အရွက်တွေ၊ အဆီတွေကို ဟင်းခတ်အမွှေးအကြိုင်တွေ၊ နို့/အချိုရည်တို့နဲ့ ရောစပ်ပြီး ဖျော်ထားတဲ့ အချိုရည်တစ်မျိုးပါ။

Lord Shiva အတွက် ကျင်းပတဲ့ ပွဲတော်ရက်တွေမှာ ကိုးကွယ်ယုံကြည်သူတွေဟာ ဒီ Bhang ဖျော်ရည်ကို သောက်သုံးပြီး ပူဇော်လေ့ရှိပါတယ်။
သူ့ရဲ့ အဓိက စွမ်းရည်ကတော့ "Anxiety Reliever" (စိုးရိမ်ပူပန်မှုကို ဖယ်ရှားခြင်း) ဖြစ်ပြီး၊ ဒါဟာ သူတို့အတွက် မူးယစ်ဖို့ သက်သက်မဟုတ်ဘဲ ရိုးရာယုံကြည်မှု (Traditional Belief) တစ်ခုပဲ ဖြစ်ပါတယ်။

🧘‍♂️ Sadhus: အသက်ကိုစွန့်လွှတ်ထားသူများ (The Holy Smokers)

ဒီနေ့ခေတ် နီပေါနိုင်ငံက Pashupathinath ဘုရားကျောင်းမှာ Sadhus (ရသေ့) ကြီးတွေ ဆေးခြောက်သုံးစွဲနေကြတာကို မြင်ရင် မိတ်ဆွေတို့ အံ့သြကောင်း အံ့သြမိပါလိမ့်မယ်။
သူတို့အတွက်ကတော့ ဒါဟာ မူးယစ်ဆေး မဟုတ်ပါဘူး။
Shiva ဘုရားရှင် လမ်းပြခဲ့တဲ့ "Focus" နဲ့ "Meditation" အတွက် အထောက်အကူပြု ပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။

Bhang ကိုတော့ လူတိုင်းသောက်သုံးနိုင်ပေမဲ့၊ အဖူး (Flowering Buds) နဲ့ Charas တို့ကို မီးရှို့သောက်သုံးခြင်းကတော့ အားလုံးနဲ့ မသက်ဆိုင်ပါဘူး။

ဒီအလေ့အထကို "Sadhus (ဆာဒူး)" လို့ခေါ်တဲ့ ရသေ့သူတော်စင်တွေအတွက်သာ သီးသန့်နီးပါး သတ်မှတ်ထားတာပါ။

သူတို့ဟာ လောကီစည်းစိမ်ကို စွန့်လွှတ်ပြီး Shiva ဘုရားရှင်ကို ကိုးကွယ်ဖို့ တောထွက်ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

⚖️ ဥပဒေကို အန်တုသော ယဉ်ကျေးမှု (Culture vs. Law)
အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာ ဆေးခြောက်က လမ်းဘေးမှာတင် သဘာဝအတိုင်း ပေါက်ရောက်တတ်ပါတယ်။
၁၉၇၀-၈၀ ခုနှစ်တွေလောက်မှာ အစိုးရတွေက ဆေးခြောက်ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပေမဲ့၊ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ယဉ်ကျေးမှုကြီးကိုတော့ တားဆီးဖို့ ခက်ခဲနေဆဲပါ။

အထူးသဖြင့် ဘာသာရေးပွဲတော်တွေမှာတော့ ဥပဒေက မျက်ကွယ်ပြုပေးထားရပါတယ်။
ဥပမာ - နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့က Pashupathinath ဘုရားကျောင်းတွေမှာ ကျင်းပတဲ့ Maha Shivaratri ပွဲတော်ဆိုရင် အစိုးရက ဆေးခြောက်သုံးစွဲခွင့်ကို ခေတ္တ ခွင့်ပြုပေးထားရပါတယ်။
ဒီပွဲတော်ကို လူပေါင်း သိန်းနဲ့ချီ လာရောက်ကြပြီး၊ Shiva ဘုရားရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ Chillum (မြေအိုးဆေးတံ) တွေနဲ့ ဆေးခြောက်သောက်ကာ ပူဇော်ကြပါတယ်။

👑 နိဂုံးချုပ်ရမယ်ဆိုရင် -
အနောက်နိုင်ငံတွေမှာ ဆေးခြောက်ကို 'Recreational (အပျော်သဘော)' အဖြစ် ရှုမြင်ကြပေမဲ့၊ အရှေ့တိုင်းမှာတော့ ဒါဟာ ဝိညာဉ်ရေးရာ (Spiritual) ကိစ္စ ဖြစ်ပါတယ်။
Shiva နဲ့ Cannabis ဆက်နွယ်မှုဟာ 'Get High' ဖို့သက်သက် မဟုတ်ပါဘူး။
ဒါဟာ 'Illusion (မာယာ)' တွေကို ဖောက်ထွက်ပြီး၊ အမှန်တရားကို ရှာဖွေတဲ့ ရှေးဟောင်း ဝိညာဉ်ရေးရာ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ဆေးခြောက်ဟာ Shiva အတွက်တော့ ဆေးဝါး၊ မိတ်ဆွေနဲ့ ဘုရားတရားရဲ့သင်္ကေတ တစ်ခုပါပဲ။

--------

💡 Rangoon710 ၏ ကိုယ်ပိုင်အမြင် (Fun Fact / Stoner Theory)

ဒီသမိုင်းကြောင်းတွေကို လေ့လာရင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးတစ်ခု ရလာပါတယ်။

ဒဏ္ဍာရီတွေအရ သီဝဘုရားရှင် (Shiva) ဟာ ဟိမဝန္တာတောင်တန်း (Mount Kailash) မှာ တရားကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဆေးခြောက်သမိုင်းကြောင်းနဲ့ ရုက္ခဗေဒအရ ကြည့်ရင်လည်း အဲ့ဒီ ဟိမဝန္တာနဲ့ ဟိန္ဒူကွတ်ရှ် (Hindu Kush) တောင်တန်းဒေသတွေဟာ ....
ကျွန်တော်တို့ အခုခေါ်နေကြတဲ့ "Indica" မျိုးစိတ်တွေရဲ့ မူလဇာတိ (Landrace) ပေါက်ရောက်ရာ ဒေသတွေ ဖြစ်နေပါတယ်။

Indica မျိုးစိတ်ရဲ့ အဓိက Effect ကလည်း လူကို လန်းဆန်းတက်ကြွစေတာ (Uplifting) ထက်၊ ခန္ဓာကိုယ်ကို အေးမြစေပြီး (Relax & Sedative) နက်နက်နဲနဲ အာရုံစူးစိုက်နိုင်ဖို့ (Deep Meditation) ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

ဒါဆိုရင်... လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက Shiva အသုံးပြုပြီး တရားမှတ်ခဲ့တဲ့၊ အဆိပ်ဒဏ်ကို အေးမြစေခဲ့တဲ့ အပင်ဟာ တကယ့် Original "Indica" Landrace ကြီးများ ဖြစ်နေမလား??

🌿🤔 မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ?

⚠️Disclaimer: This post is for culture / history / mythology education.
It does not encourage drug use.
Some parts are legend and devotional belief, so please don’t treat them as proven historical fact.

✍️ Written by Rangoon710

**d

[Rosin Basics] Mason Jar Test: အမှန်တကယ် အရည်အသွေးစစ်ဆေးမှုလား၊ အကြိုခန့်မှန်းချက်သက်သက်လား?Solventless (သို့မဟုတ်) Rosi...
08/03/2026

[Rosin Basics]
Mason Jar Test: အမှန်တကယ် အရည်အသွေးစစ်ဆေးမှုလား၊ အကြိုခန့်မှန်းချက်သက်သက်လား?

Solventless (သို့မဟုတ်) Rosin Culture ကို စိတ်ဝင်စားသူတိုင်း "Jar Test" သို့မဟုတ် "Shake Jar Test" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။

ရေအပြည့်ထည့်ထားတဲ့ ဖန်ပုလင်းထဲမှာ အဖူးတွေကို အားရပါးရ ထည့်ခါပြီး၊ ခဏအကြာ ပုလင်းအောက်ခြေမှာ သဲပွင့်လေးတွေလို အနည်ကျလာတာကို ပြတတ်ကြတဲ့ ဒီမြင်ကွင်းဟာ... ခေတ်သစ် Concentrate Culture ထဲမှာ စိတ်ဝင်စားစရာ အလေ့အထတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။

ဒါဟာ Rosin ရဲ့ အရည်အသွေး (Quality) ကို တိုင်းတာ တာလား?

💧 Washability: ပထမခြေလှမ်း၏ အကြိုစစ်ဆေးမှု

တကယ်တော့ Jar Test ဆိုတာ:
"ရေခဲရေ (Ice water) ထဲမှာ Trichome တွေ လွယ်လွယ်ကူကူ ခွဲထွက်နိုင်မလား?" ... ဆိုတာကို စမ်းသပ်တဲ့ အလွန်ရိုးရှင်းတဲ့ Pre-Check တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကို နောက်တစ်မျိုးအနေနဲ့ Micro-Scale Test လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

-အပင်တွေကို ရေထဲမှာ လှုပ်ခါလိုက်တဲ့အခါ Trichome Head တွေက အပင်တစ်သျှူး ကနေ အလွယ်တကူ ပြုတ်ထွက်လာနိုင်ခြေကို စမ်းသပ်တာဖြစ်ပြီး၊ အောက်ခြေမှာ အနည်ကျတာ များလေလေ...

"ဒီ Cultivar က Bubble Hash (Ice water hash) လုပ်ရင် အထွက်နှုန်း (Yield) ကောင်းနိုင်လေ" ဆိုပြီး ခန့်မှန်းတာပါ။

⚠️ ဒီနေရာမှာ လူအများစု မှားယွင်းတတ်တဲ့အချက်ကတော့

အနည်ကျတာများခြင်းကို "Quality" လို့ သတ်မှတ်လိုက်ခြင်းပါပဲ။ သတိပြုဖို့က Jar Test ဆိုတာ ထွက်နိုင်ခြေ (Yield Potential) ကို စမ်းတာဖြစ်ပြီး၊ အရည်အသွေး (Quality) ကို အပြီးသတ် ဆုံးဖြတ်တာ မဟုတ်ပါဘူး။

Quality (အနံ့/အရသာ/Clean Melt) ကို သိဖို့အတွက်ဆိုရင် နောက်ထပ် Flower Bio အချက်အလက်တွေ အများကြီး သိဖို့ လိုအပ်ပါသေးတယ်။ အထူးသဖြင့် Jar Test ရဲ့ အခန်းကဏ္ဍကို 'အထွက်နှုန်း' နဲ့ 'အရည်အသွေး' မရောထွေးသွားအောင် သတိပြုဖို့ တိုက်တွန်းပါရစေ။

⚠️Disclaimer: Educational content only. Not selling, promoting, or encouraging use. Cannabis laws vary by location—check and follow your local rules.

✍️ Written by Rangoon710

ဆေး_ခြောက်မီးခိုးနှင့် အဆုတ်ကျန်းမာရေး"ဆေးခြောက်သောက်တာက ဆေးလိပ်လောက် အဆုတ်ကို ဒုက္ခမပေးဘူး" … ဆိုတဲ့ စကားကို ဆေး_ခြောက်...
07/03/2026

ဆေး_ခြောက်မီးခိုးနှင့် အဆုတ်ကျန်းမာရေး

"ဆေးခြောက်သောက်တာက ဆေးလိပ်လောက် အဆုတ်ကို ဒုက္ခမပေးဘူး" … ဆိုတဲ့ စကားကို ဆေး_ခြောက်အသုံးပြုသူတွေကြားမှာ ခဏခဏ ကြားဖူးကြမှာပါ။

ဒါပေမဲ့
ဒီအယူအဆက တကယ်ပဲ ရာနှုန်းပြည့် မှန်ကန်ရဲ့လား ဆိုတာကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ European Respiratory Journal (ERJ) ရဲ့ Podcast တစ်ခုမှာ ဆေးပညာရှုထောင့်ကနေ စိတ်ဝင်စားစရာကောင်းလောက်အောင် ဆွေးနွေးသွားခဲ့ပါတယ်။

သူတို့ထောက်ပြသွားတဲ့ အခြေခံအကျဆုံး အမှန်တရားတစ်ခုကတော့…
"မီးခိုးသည် မီးခိုးသာဖြစ်သည် (Smoke is smoke)" ဆိုတာပါပဲ။

ဆေး_ခြောက်ပင်ကို မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့ မီးခိုးငွေ့တွေထဲမှာ အဆုတ်နဲ့ လေပြွန်ကို ယားယံစေတဲ့ ဓာတုပစ္စည်းတွေ မလွဲမသွေ ပါဝင်နေပါတယ်။
ဒါကြောင့်လည်း … ရေရှည် မီးရှို့သုံးစွဲသူတွေမှာ လေပြွန်ရောင်ရမ်းတာ (Bronchitis) နဲ့ နာတာရှည် ချောင်းဆိုးတဲ့ လက္ခဏာတွေကို ရှောင်လွှဲလို့ မရနိုင်တာ ဖြစ်ပါတယ်။
ပြဿနာက ဆေး_ခြောက်ရဲ့ ဂုဏ်သတ္တိကြောင့် မဟုတ်ဘဲ "မီးရှို့ရှူရှိုက်ခြင်း (Combustion)" လုပ်ငန်းစဉ်ကြောင့် ဖြစ်နေတာပါ။

နောက်တစ်ခုက
"ဆေး_ခြောက်မီးခိုးက ဆေးလိပ်လောက် ကင်ဆာဖြစ်နိုင်ခြေ မရှိဘူး" ဆိုတာ ယေဘုယျအားဖြင့် မှန်တယ်ထင်ရပေမဲ့၊ ဆေးပညာလောကမှာ သုတေသန ကွက်လပ်တွေ အများကြီး ကျန်နေပါသေးတယ်။

⚠️ပိုပြီး သတိထားရမှာက ဆေးခြောက်နဲ့ ဆေးလိပ်ကို ရောပြီးသုံးစွဲတတ်တဲ့ (Dual Users) တွေအတွက် အဆုတ်ထိခိုက်နိုင်ခြေက အဆပေါင်းများစွာ ပိုမြင့်တက်သွားတာပါ။

💡ဒါဆိုရင် ဆေးခြောက်ရဲ့ ဆေးဘက်ဝင် အကျိုးကျေးဇူးကိုလည်း လိုချင်တယ်၊ အဆုတ်ကျန်းမာရေးကိုလည်း မထိခိုက်ချင်ဘူးဆိုရင် ဘာလုပ်ကြမလဲ???

-အဓိက အကြံပြုချက်ကတော့ "Harm Reduction (အန္တရာယ် လျှော့ချရေး)" ပဲ ဖြစ်ပါတယ်။

မီးရှို့ရတဲ့ နည်းလမ်းတွေကို တတ်နိုင်သမျှ လျှော့ချပြီး၊ အပူပေး အငွေ့ပျံစေတဲ့ စနစ် (Dry Herb Vaporizers) တွေကို ပြောင်းလဲသုံးစွဲတာဖြစ်ဖြစ်၊ စားသုံးဆီနဲ့ မုန့်တွေ (Edibles/Tinctures) အဖြစ် ပြောင်းလဲအသုံးပြုတာဖြစ်ဖြစ် လုပ်ဆောင်ခြင်းကသာ ဆေး_ခြောက် သုံးဆွဲသူအတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

✍️ Written by Rangoon710

🔎 Source: European Respiratory Journal Podcast, Jan 2026

Indica တွေက ဘာလို့ ပိုပြီး ခရမ်းရောင် သန်းလေ့ရှိတာလဲ? (The Evolutionary Secret)ဆေး_ခြောက်လောကမှာ ခရမ်းရောင် (Purple Stra...
05/03/2026

Indica တွေက ဘာလို့ ပိုပြီး ခရမ်းရောင် သန်းလေ့ရှိတာလဲ? (The Evolutionary Secret)

ဆေး_ခြောက်လောကမှာ ခရမ်းရောင် (Purple Strains) တော်တော်များများဟာ Indica မျိုးရိုးတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး၊ Sativa Landrace တွေမှာဆိုရင်တော့ ခရမ်းရောင် တွေ့ရဖို့ အရမ်းခဲယဉ်းပါတယ်။

ဒါဟာ သူတို့ရဲ့ "မူလပေါက်ရောက်ရာ ဒေသ (Origin)" ကြောင့်ပဲ ဖြစ်ပါတယ်။

❄️ Indica တွေရဲ့ မွေးရပ်မြေ (The Cold Mountains)
-Indica (Cannabis indica) တွေဟာ 🇦🇫အာဖဂန်နစ္စတန်၊ 🇵🇰 ပါကစ္စတန်နဲ့ အိန္ဒိယမြောက်ပိုင်းက 🏔Hindu Kush (ဟိန္ဒူကွတ်ရှ်) တောင်တန်းဒေသတွေမှာ သဘာဝအတိုင်း ပေါက်ရောက်ခဲ့တာပါ။

အဲဒီဒေသတွေဟာ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်လွန်းတဲ့ နေရာတွေမှာတည်ရှိပြီး၊ နေ့ဘက်မှာ နေပူပေမဲ့ ညဘက်တွေမှာတော့ ရေခဲမှတ်နီးပါးအထိ ပြင်းပြင်းထန်ထန် အေးခဲတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီလို ပြင်းထန်တဲ့ အအေးဒဏ်ကို ညတိုင်း ခံနိုင်ရည်ရှိဖို့နဲ့ အပင် မသေသွားဖို့အတွက်...
အဲဒီဒေသမှာ ပေါက်ရောက်တဲ့ Indica အပင်တွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အနေနဲ့ Anthocyanins(သဘာဝ ဆိုးဆေး) တွေကို အအေးဒဏ်ခံနိုင်ရည် တစ်ခုအနေနဲ့ အသုံးပြုပြီး အသက်ရှင်သန်ခဲ့ရပါတယ်။

နှစ်ပေါင်း ထောင်နဲ့ချီပြီး ဒီလိုပဲ ရှင်သန်လာခဲ့တဲ့အခါ...
"အေးလာရင် ခရမ်းရောင်ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ်" ဆိုတဲ့ အချက်ဟာ သူတို့ရဲ့ မျိုးရိုးဗီဇ (Genetics) ထဲမှာ အပြီးတိုင် ကိန်းအောင်းသွားပါတော့တယ်။

ဒါကြောင့်မို့လို့ ဒီဘက်ခေတ်မှာစိုက်တဲ့ Indica Hybrid အများစုဟာ အနည်းငယ် အေးတာနဲ့ (ဒါမှမဟုတ်) သဘာဝအတိုင်းကို အလွယ်တကူ ခရမ်းရောင် ပြောင်းသွားတတ်ကြတာပါ။

ဒါဆို …🌴 Sativa တွေကျတော့ကော?
(The Tropical Contrast)
-Sativa (Cannabis sativa) တွေရဲ့ မူလဒေသကတော့ အီကွေတာမျဉ်းနားက အပူပိုင်းဒေသတွေပါ။ (ဥပမာ - 🇹🇭ထိုင်း၊ ကိုလံဘီယာ၊ မက္ကဆီကို)

ဒီဒေသတွေဟာ တစ်နှစ်ပတ်လုံး ပူနွေးစိုစွတ်နေတာမို့လို့... Sativa အပင်တွေဟာ အအေးဒဏ်ကို ကာကွယ်ဖို့ Anthocyanins တွေ အများကြီး ထုတ်စရာ မလိုခဲ့ပါဘူး။

ဒါကြောင့် Sativa တွေဟာ မျိုးရိုးအရကိုက အရွက်တွေ သေးသွယ်ပြီး အစိမ်းရောင် (Bright Green) ဖြစ်နေတတ်တာပါ။

တကယ်တော့ ... Genetics (မျိုးရိုး) ဆိုတာ သူတို့ ရှင်သန်ခဲ့ရတဲ့ Environment (ပတ်ဝန်းကျင်) ကနေ ပုံသွင်းပေးလိုက်တဲ့ ရလဒ်တစ်ခုပါပဲ။

Indica တွေရဲ့ တုတ်ခိုင်ကျစ်လစ်တဲ့ အဖူးပုံစံ (Dense buds) နဲ့ ခရမ်းရောင် (Purple hue) တွေဟာ တောင်ပေါ်က ပြင်းထန်တဲ့ လေဒဏ်၊ အေးခဲတဲ့ ညတွေဒဏ်ကို ကြံ့ကြံ့ခံရင်း ဖြစ်တည်လာတဲ့ သဘာဝရဲ့ အနုပညာတစ်ခုလို့ပဲ တင်စားပါရစေ။

✍️Written by Rangoon710

⚠️ Disclaimer (Rangoon710): Educational/scientific content only. This post does not promote the sale, purchase, or use of cannabis, and provides no instructions on cultivation or extraction. Content is for adults only, and laws differ by country—follow your local regulations.

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when Rangoon710 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category