Phadusarpe

“လူငယ်တိ စာဖတ်ကတ်ပါ”ဗဟုသုတ၊ အတွေးအခေါ်၊ ဖြတ်ထိုးဉာဏ်၊ ဖြန့်ကျက်တွေးခေါ်စဉ်းစားဉာဏ်၊ သိပ္ပံသဘောတရား၊ ထီထွင်ကြံဆမှုအားကောင...
02/08/2026

“လူငယ်တိ စာဖတ်ကတ်ပါ”

ဗဟုသုတ၊ အတွေးအခေါ်၊ ဖြတ်ထိုးဉာဏ်၊ ဖြန့်ကျက်တွေးခေါ်စဉ်းစားဉာဏ်၊ သိပ္ပံသဘောတရား၊ ထီထွင်ကြံဆမှုအားကောင်းရေ စာအုပ်ချေတိကို ဖတ်ကတ်ပါလို့ အကြံပြုပါရေ။

အစ်ကို, ကိုညိုထွန်းအောင်
၂၀၂၁ ခုနှစ်၊ စက်တမ်ဘာလ(၁၂)ရက်၊ တနင်္ဂနွီနိ

ခေတ်သစ် အာရက္ခ အိုဒက်ဆီးများ အလိုဟိသည်။ ——- လူတိုင်း အိမ်ကို လွမ်းဖူးရေ။ ကိုယ့်ပြည်ကို ပြန်လာချင်လူ တိ မကန် ဟိရေ။ ကိုယ့်...
23/07/2026

ခေတ်သစ် အာရက္ခ အိုဒက်ဆီးများ အလိုဟိသည်။
——-

လူတိုင်း အိမ်ကို လွမ်းဖူးရေ။

ကိုယ့်ပြည်ကို ပြန်လာချင်လူ တိ မကန် ဟိရေ။

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်လာချင်လူတိ မကန်ဟိရေ။

မတတ်သာလို့ ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာမှာ ချန်ထားခပနာ၊ ဝီးရစ်နီကတ်ရရေ ကိုယ့် ချစ်မယား၊ ချစ်သားသမီးတိ ဘားကို ပြန်လာချင်လူတိ မကန် ဟိရေ။

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာမှာ ကျန်ရစ်နီကတ်တေ ဘော်ဒါ အပေါင်းအသင်း မိတ်ဆွီ သူငယ်ချင်းတိဘားကို ပြန်လာချင်လူတိ မကန် ဟိရေ။

***
ယင်းပိုင်မျိုး ပြန်လာချင်ရေ အထဲမှာ အိုဒက်ဆီး လေ့ပါရေ။

ယေလေ့ အိုဒက်ဆီး၏ အိမ်ပြန်ခရီးက နှစ် ၂၀ တောင်ကြာခရေ။

မွီးကင်းစ သားချေနန့် ချစ်မယားကို ချန်ထားပစ်ခပနာ၊ စစ်ထွက်တိုက်ရရေ။ စစ်ပွဲက ၁၀ နှစ်ကြာရေ။ စစ်ပွဲပြီးလို့ အိမ်ကို ပြန်ရေ ခရီးကြမ်း လမ်းခရီးက ၁၀ နှစ်ကြာရေ။

ယေလေ့ ဇာပင်ဖြစ်ဖြစ်
အဖမြီနန့် ကိုယ့်သားမယား ဘားကို ရောက်အောင်ပြန်ဖို့ ကြိုးစားခရေ။

နောက်ဆုံး
ဇာပင်ဖြစ်ဖြစ် အိုဒက်ဆီး တစ်ယောက် သူ့နိုင်ငံ၊ သူ့ပြည်၊ သူ့မိသားစု ဘားကို အသက်ရှင်လျက်နန့် ရောက်အောင်ပြန်လာနိုင်ခရေ။

***
BC ၁၂ ရာစုက အိုဒက်ဆီးစွာ သူ့အိမ်ပြန်ခရီးကို အခက်အခဲပေါင်းစုံနန့် ရင်ဆိုင်ပနာ မရောက်ရောက်အောင် ကြိုးစားခရရေပိုင်၊

၂၁ ရာစု ခေတ်သစ် အာရက္ခ(ရက္ခိုင်)တိလေ့

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်သားမယား၊ ကိုယ့်အမျိုးအဆွီ၊ ကိုယ့်မိတ်ဆွီ သူငယ်ချင်း၊ ကိုယ့်ဘော်ဒါ အရင်း၊ ကိုယ့်အဖမြီဘားကို အခက်အခဲပေါင်းစုံနန့် ရောက်အောင်ပြန်ဖို့ ကြိုးစားနီကတ်ရရေ လူတိ မကန် ဟိရေ။
(တချို့က ပြန်ရောက်တေ။ တချို့က ကံမကောင်းလို့ ပြန်မရောက်နိုင်ခ)
***

တဖက်မှာလေ့ ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်မလာချင်ရေ Anti-အိုဒက်ဆီး အာရက္ခတိလေ့ မကန်ဟိရေ။

***
ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်လာချင်ရေ ခေတ်သစ် ရက္ခတိထဲမှာ အလွှာပေါင်းစုံက ပညာသျှင်တိအပါအဝင် အာရက္ခ အိုဒက်ဆီးဆရာဝန်တိနန့် တည်ဆောက်ရီး ကျွမ်းကျင်ရေ ခေတ်သစ် အိုဒက်ဆီးတိ ပြန်လာနိုင်ပါဇီ။

***
ခေတ်သစ် အာရက္ခ အိုဒက်ဆီး တိ၏ အိမ်ပြန်ခရီး ဖြောင့်ဖြူးသာယာနိုင်ပါဇီ။

မောင်နှင်းခိုင် (ပုဏ္ဏားကျွန်း)

မြန်မာ့သမိုင်းတွင် ဖယ်ရှားခံခဲ့ရသော မြန်မာနိုင်ငံ၏ ပထမဆုံးသော အာဇာနည်နေ့ ( ဖြစ်ရပ်မှန် / တိမ်ဖုံးနေသော သမိုင်းအစအနများ )...
19/07/2026

မြန်မာ့သမိုင်းတွင် ဖယ်ရှားခံခဲ့ရသော မြန်မာနိုင်ငံ၏ ပထမဆုံးသော အာဇာနည်နေ့ ( ဖြစ်ရပ်မှန် / တိမ်ဖုံးနေသော သမိုင်းအစအနများ )
____________________________________

ပါမောက္ခ ဒေါက်တာအေးကျော် ရေးသည်

မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ်လိုက်သည့်နေ့ဖြစ်ပါသည်။ ဤနေ့ကို သတိရစေရန် ဂျုလိူင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။

အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခု၊ မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်လျက်၊နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင် ဆောင်ရွက်ခဲ့ပေသည်။

ဤသို့ဆောင်ရွက်နေစဉ်
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။
ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။

တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။

၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ စျေးဆိုင်များ၊ စျေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။

အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။
မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။

ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။

ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။

ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။

“(အာဇာနည်ဆိုသည်မှာ.....

သူပုန်ဖြူ ဧ့ ဘဝင်နွမ်းညှိုး ဂျူလိုင်မိုး______________________________________အဝေ....သူငယ်ချင်းတဖွဲဖွဲပြိုကျနီရေ ဂျူလိုင...
19/07/2026

သူပုန်ဖြူ ဧ့ ဘဝင်နွမ်းညှိုး ဂျူလိုင်မိုး
______________________________________

အဝေ....သူငယ်ချင်း
တဖွဲဖွဲပြိုကျနီရေ ဂျူလိုင်မိုးရီစက်တိကြားထဲမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နန့်တိုင်တဝက် လွှင့်တင်ထားရေ မင်းရို့ ငါရို့တိ၏ အာရက္ခနိုင်ငံ အောင်လံတော်အောက်မှာ ကျဆုံးခရေအာဇာနည်အတွက် အခမ်းအနားစွာ မင်းအတွက်ပြုလုပ်တေဘဝင်နွမ်းညှိုး ဖွယ်ရာ အခမ်းအနားတရပ်ပါရာဝေ။
ဒေအခမ်းအနားစွာ ငါရို့တိအားလုံးအတွက် တသက်လုံးအမှတ်ရနီဖို့ အဖြစ်အပျက်တခုရာ။ မိုးဦးကျရာသီ ဆိုကေလေ့ ရဲဘော် ရဲဘက်တိအားလုံး သီနတ်မြှောက်အလေးပြုနီတုန်း ကြားလိုက်ရရေ မိုးကြိုးသံစွာ သူရဲကောင်းပီပီ အသက်စွန့်လွှတ်ခရေ အာရက္ခနိုင်ငံတော်၏ အာဇာနည် သူရဲကောင်းတယောက် ဖြစ်ကြောင်းကို သက်သီပြပီးရေလို့ ငါထင်မြင်မိရေ။
ရဲဘော်ရဲဘက်တိအားလုံးက မင်းကိုဒေပိုင်အလေးပြုနီရေပိုင် ကျန်ဟိရေ မင်း၏မိသားစု၊ ညီအစ်ကို မောင်နှမ၊ ဆွီမျိုးသားချင်းတိ လေ့သင့် မင်း၏ ခမ်းနားအပြောင်မြောက်ဆုံး၊ အတောက်ပဆုံးလုပ်ရပ်တိ အတွက် ရက်ပြတ်ဂုဏ်ယူနီကတ်ဖို့စွာရာ။ ရဲရင့်မှု၊ သတ္တိ ကောင်းမှု၊ အမိန့်တာဝန်ကို ကျီပွန်စွာထမ်းရွက်မှု၊ မျိုးချစ်စိတ်ဓါတ်ပြင်းထန်ပြီးကေ တာဝန်ယူလိုစိတ်ဟိမှု၊ အနစ်နာခံ တတ်မှု၊ စွန့်လွှတ်စွန့်စားလိုမှု၊ သူရဲကောင်းပီသမှုဆိုရေ ဂုဏ်ပုဒ်တိစွာ မင်းကိုယ်တိုင် မင်းသွီးနန့်ရီးထိုးခရေ မင်း၏သမိုင်းတိရာ ဖြစ်တေ။
မင်း မှတ်မိဖို့သိမ့်ရာ.......
ငါဆိုရေအကောင်စွာ တော်လှန်ရီးအကြောင်းကို နကန်းတလုံးသိရေအကောင်မဟုတ်ပယှောင်၊ စိတ်လေ့ဝင်စားစွာ မဟုတ်။ တော်လှန်ရီး၏ ဆင်းရဲဒုက္ခ၊ မမြင်နိုင်ရေအခက်အခဲအကြောင်းတိကို ကြောက်လို့ ဂေါင်းကိုက်တေ၊ ဖင်နာရေ၊ အီးယောင်.. နီမကောင်း၊ စာမိန်းပွဲဟိရေ၊ ဘွဲ့ယူရဖို့သိမ့်၊ ရည်းစား ပူညံပူညံလုပ်ဖို့စွာ ကြောက်လို့ဆိုပနာ ဝိလည်ကြောင်ပတ်လုပ်နီရေကြားထဲက မင်း၏ အပြောအဆို၊ စည်းရုံးရီး လိမ္မာပါးနပ်မှုအောက်မှာ ငါစွာ မရောက်ချင်ကေလေ့ တော်လှန်ရီးလမ်းကြောင်းထက်ကို ရောက်လာရရေ။
အစခါက ငါစွာ "မလုပ်ချင်ရေအလုပ်ကိုလုပ်ရရေ" ဆိုပြီးကေ မင်းကို အပြစ်မြင်မိခကေလေ့သင့် အဂုအချိန်မှာတော့ခါ ဒေပိုင် မပြီးဆုံးသိမ့်ရေသမိုင်းပီးတာဝန်ကို ကျီကျီနပ်နပ်ထမ်းဆောင်နီရရေအတွက် ကိုယ့်စွာကို ကောင်းကြီးဂုဏ်ယူရေ။ ယင်းအတွက် ကြောင့်နန့်လေ့ မင်းကို ကျေးဇူးတင်ပြီးကေ အလေးပြု နီဖို့စွာရာ...
အဝေသူငယ်ချင်း......
တော်လှန်ရီးနယ်မြီကို ခြီချပြီးခါကပင် အမြဲတမ်းပိုင် ပြောပြောနီရေ မင်း၏တော်လှန်ရီး အတွိအကြုံ၊ သင်ခန်းစာတိစွာ ရဲဘော် ရဲဘက်အားလုံးအတွက် အညောင်းပြေအညာပြေ အားဆီးတခွက်လို့ငါမြင်ရေ။
မင်းပြောနီရေအထဲက "တော်လှန်ရီးသတိ" "လုံခြုံရီးသတိ"ဆိုရေ စကားလုံးစွာ ရဲဘော်ရဲဘက် အားလုံး အလီးထားကတ်တေ စကားလုံးဖြစ်တေပိုင် တော်လှန်ရီးသစ္စာ၊ တော်လှန်ရီးခံယူချက်၊ တော်လှန်ရီးအယူအဆ၊ တော်လှန်ရီးသဘောထား၊ တော်လှန် ရီးကျိန်စာ၊ တော်လှန်ရီးပါရာဇိက ရို့ကို မဆုံးနိုင်ရေ တထောင့်တည ပုံပြင်အဖြစ် အာပေါင်အာရင်းသန်သန် စကားလုံးကြွယ်ကြွယ်နန့် ရဲဘော်ရဲဘက်အားလုံး နားလည်အောင် ပြောပြနိုင်ရေမင်းကို ကျန်ဟိခရေရဲဘော်ရဲဘက်အပေါင်းရို့က အမြဲတမ်း သတိရနီပြီးကေ အလေးပြုကတ်ဖို့စွာ အမှန်ဗျာယ်...။
မင်းရို့ငါရို့တိ တိုက်ကင်းလှည့်ရင်း သမိုင်းပီးတာဝန်ကျီပွန်ရေ ရက္ခိုင်မျိုးချစ်တော်လှန်ရီးသမားတိ၏ အုတ်ဂူတိကိုတွိတိုင်း မင်းပြောခရေ စကားကို ငါ..ဒေနိထက်ထိ မှတ်မိနီသိမ့်ရေ။ "အစ်ကိုကြီးရို့ ကျဆုံးခရေ ဒေနီရာသို့ ငါစွာ.. ငိုကြွီးဖို့လာစွာမဟုတ်။ အစ်ကိုကြီးရို့၏ မပြီးဆုံးသိမ့်ရေ သမိုင်းပီးတာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာစွာ ဖြစ်တေ" ဆိုစွာကိုလေး ဝေ....။ အေစကားကတော့ ပါပလိုနီရူဒါ၏ ကဗျာထဲက စာသားချေတခုကို အားကျအတုယူလို့ပြောစွာရာဆိုပြီးကေ နီရူဒါ၏ ယင်းကဗျာအကြောင်းကို ပြန်ပြောပြဖူးစွာ ငါမှတ်မိနီသိမ့်ရေ။
ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်သားတိလက်နန့်ဖန်တီးနိုင်ရီးအတွက် အရေးအပါဆုံးတခုဖြစ်တေ တော်လှန်ရီး လမ်းကြောင်းကို တတူတူဖြတ်သန်းနီတုန်း ရန်သူ့စခန်းကိုဝင်တိုက်ရင်း သူရဲကောင်းပီပီကျဆုံးခရပြီးကေ တော်လှန်ရီး နယ်မြီက အစောကြီး ထွက်ခွာလားရရေမင်းအတွက် ရဲဘော်ရဲဘက်အပေါင်းက မင်း၏သူရဲကောင်း ဆန်ရေ လုပ်ရပ်တိကို ဂုဏ်ယူနီကတ်ဖို့စွာရာ။
ဇာအလုပ်ကို ပင်လုပ်လုပ် သူများထက်စောပြီး လုပ်ရမှကျီနပ်တတ်တေ၊ အနစ်နာခံတတ်တေ၊ စိတ်အီးပြီး ဂေါင်းဆောင်ပီသရေ မင်းစွာ သမိုင်းပီးတာဝန် ကျီပွန်ခရေ အကြောင်း ရဲဘော်ရဲဘက်အားလုံးက နားလည် သဘောပေါက် လက်ခံထားကတ်စွာရာ။ အခုလေ့သင့် မင်းစွာ ရဲဘော် ရဲဘက်အပေါင်းရို့ကို အစောကြီးထွက်ခွာ ကြောခိုင်းလားခဖို့ဗျာယ် ကာဝေ...။
သူငယ်ချင်း မင်းကတော့ကေ ရှိကလားခရေ အစ်ကိုကြီးရို့၏ လမ်းစဉ်အတိုင်း သမိုင်းပီးတာဝန်ကို ကျီပွန်ခပြီး ဗျာယ်နန်း....။
လောကမှာ မွီးတနိ၊ သီတနိလို့ ဆိုကတ်ကေလေ့သင့် သီစွာမှာတော့စောလို့သီခြင်း၊ နောက်ကျမှသီခြင်း စရေ သီခြင်းတရား အမျိုးမျိုးထဲက မင်းစွာ အချိန်မတန်ဘဲ စောပနာသီခြင်းလို့ ငါမှတ်ယူရေ။ "အာရက္ခနိုင်ငံတော်နန့် ရက္ခိုင်လူမျိုးရို့အတွက် သူရဲကောင်းပီပီ အသက်ပီးခရစွာလောက် မွန်မြတ်တေ အလုပ်မဟိ" လို့ခံယူထားရေမင်းအတွက် အာရက္ခနိုင်ငံတော်နန့် ရက္ခိုင်လူမျိုးတိက အမြဲတမ်းအမှတ်ရနီဖို့စွာရာ ။ ရက္ခိုင့်အာဇာနည်သူရဲကောင်းတိထဲက တဦးလို့ နှောင်းလူတိရင်ဘတ်ထဲမှာ မင်းစွာ ထာဝရ ရှင်သန်နီဖို့စွာရာ။
မင်း စိတ်ချလီ သူငယ်ချင်း.....
ငါရို့တိအလှည့်မှာခါလေ့သင့် မညံ့စီရဝေ။ အာရက္ခတိုင်းပြည်ကိုတည်ဆောက်နီတုန်း အမျိုးသားလွတ်မြောက်ရီး တိုက်ပွဲကာလမှာ မင်းရီးထိုးခရေ မင်း၏သွီးစက်တိစွာ အလကားမဖြစ်စီရ။ မင်းရို့တိ၏သွီးစက်တိမခြောက်သိမ့်ခင် မင်းရို့ငါရို့ ထုဆစ်နီရေ "ရက္ခိတလမ်းစဉ် အကောင်အထည်ပေါ်ရီး"၊ "ရက္ခိုင့်ကံကြမ္မာ ရက္ခိုင့်လူမျိုးလက်နန့် ရီးထိုးရီး" ဆိုစွာတိကို ဆက်လုပ်နီဖို့စွာရာဝေ။
အဝေး..သူငယ်ချင်း တိုက်တိုက်ဆိုင်ဆိုင်ဗျာယ်ကာဝေ။ ဂနိခါ ဂျူလိုင်(၁၉)ရက်မလား။ မင်းရို့ငါရိုတိ ကျောင်းသားချေဘဝခါ "ဆယ့်ကိုးဂျူလိုင် မမိနိုင်"ဆိုပြီးကေ စာစီစာကုံးတိရီး၊ ကဗျာတိရီးပြီးကေ ပြိုင်ပွဲဝင်ခ ကတ်တေ။ ပန်းချီအနုပညာကို ချစ်မြတ်နိုး ရေ မင်းစွာ အာဇာနည်ဆိုရေဂေါင်းစဉ်နန့် ကိုယ့်ရုပ်ပုံ ကိုဆွဲဗျာယ် ပြိုင်ပွဲဝင်ဖူးခရေ တနိကို ငါမှတ်မိနီသိမ့်ရေဝေ။ ပြိုင်ပွဲကအပြန် တဖွဲဖွဲပြိုဆင်းနီရေ ဂျူလိုင်မိုး ထဲမှာ ထီးချေ တဆောင်ကိုနှစ်ယောက်ဆောင်းဗျာယ် ငါရိုသူငယ်ချင်းနှစ်ယောက်အိမ်ပြန် ခကတ်တေ အချိန်ကို ပြန်မြင်ယောင် လာမိကေ ငါ့ရင်မှာဆို့နင့်ပြီးကေ ဘဝင်ညှိုးနွမ်းရရေဝေ။
အဂုအချိန်မှာ ယင်းဖြစ်ရပ်တိစွာ အဂယောင့်ဖြစ်ခလီဗျာယ်လာလို့ ငါတွေးနီမိရေ။ အာဇာနည်ဆိုရေ ဂေါင်းစဉ် အောက်မှာ ကိုယ့်ရုပ်ပုံကို ကိုယ်ဆွဲပြီးကေ ပြိုင်ပွဲဝင်ခရေ ပန်းချီအနုပညာမှာဝါသနာထုံသူ မင်းတယောက် ဧကန် စစ်စစ် အာဇာနည်ဖြစ် ရဗျာယ်ကာ။ အချေခါကပန်းချီပုံစွာ အနာဂတ်မင်းဘဝ အတွက်နိမိတ်ပုံလားချင့်ဝေ။ တိုက်ဆိုင်လိုက်တေပင်နန်း....။
သူငယ်ချင်း.. မင်းရို့ငါရို့အချေခါကဆင်နွှဲဖူးခရေ အာဇာနည်နိဆိုစွာက ငါရို့မင်းရို့ရက္ခိုင်အမျိုးသား လွတ်မြောက် ရီးနန့် လုံးဝမပတ်သက်တေ အတုအယောင်နိတရက်ရာဝေ။ ရက္ခိုင်ရနံ့မသင်းမြဘဲ ရက္ခိတဝိဉာဉ်ဆိတ်သုဉ်းရေ အဓိပ်ပါယျမလီးနကျတေ နိတရက်ရာ ဖြစ်တေ။ အဂုအချိန်ခါမှာတော့ကေ ငါရို့မင်းရို့ရက္ခိုင်လူမျိုးတိအတွက် စစ်မှန်ရေအာဇာနည်နိ စစ်စစ်ကို ကျင်းပပြု လုပ်ခဗျာယ်ဝေ။ မင်းအတွက် ငါဂုဏ်ယူရေပိုင် မင်းကိုယ်မင်းလေ့သင့် ဂုဏ်ယူနိုင်ပါစီဝေ သူငယ်ချင်း...။
အာရက္ခနိုင်ငံတော်တေးခြင်းကို အိုလံပစ်ပြိုင်ပွဲမှာဆိုရရေတနိ ယင်းအရသာနန့်လွတ်လပ်ရီးတေးသံကို ငါကိုယ် တိုင် ပြောပြသီဆိုဖို့ မင်းအုတ်ဂူရှိ အရောက်လာခဖို့စွာရာ။
အာရက္ခနိုင်ငံတော်နန့် ရက္ခိုင်လူမျိုးအတွက် သမိုင်းပီးတာဝန် ကျီပွန်ရေ၊စစ်သားကောင်းပီသရေမင်းအတွက် အမြဲတမ်း ဂုဏ်ယူ နီဖို့စွာရာပါဝေ..။ မင်းပယှောင် သမိုင်းပီး တာဝန်ကျီပွန်ရေ အာရက္ခစစ်သားတော်တိအများကြီး ပေါ်ပေါက်လာနိုင်စီဖို့ တဖွဲဖွဲ ပြိုဆင်းလာနီရေ ဂျူလိုင်မိုးရီစက်တိအောက်မှာ ဘဝင်နွမ်းညှိုးစွာနန့် အားတင်းပနာ ဆန္ဒပြုရင်း...........။
ရက္ခိုင်အမျိုးသားတော်လှန်ရီးလမ်းကြောင်းပေါ်လျှောက်လှမ်းရင်း အာရက္ခနိုင်ငံနန့် ရက္ခိုင်လူမျိုးအတွက် အသက်၊ သွီး၊ချွေး ဘဝ၊ မိသားစုတိကို စွန့်လွှတ်အနစ်နာခံ ပီးဆပ်လားခကတ်တေ အာဇာနည်သူရဲကောင်းအပေါင်းရို့အား ဦးညွတ်ဂါရဝပီးလျက်။
ရခိုင်လူမျိုး Dr. ညိုထွန်းအောင်
၂၀၁၄ ဇူလိုင်လ (၁၉) ရက်။
လွန်ခရေ (၈) နှစ်က ရီးခရေစာကို အေနိ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နိမှာ တဖဲ့ချေ ပြင်ဆင်ထားပါရေ။
စာလုံးပေါင်းသတ်ပုံအနီနန့် အရီအတွက်ပြပုဒ် (တစ်) စာလုံးပေါင်းကို ရခိုင်သင်ရိုးညွှန်းတမ်း ထဲက အတိုင်း "စသတ်"မပါဘဲနန့် သုံးထားပါရေ။
++++++++++
"ဘဝင်နွမ်းညှိုး ဂျူလိုင်မိုး"

▣ နိုင်ငံတစ်ခု မွေးဖွားခြင်း “Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရ...
18/07/2026

▣ နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။“

စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင် ရေးတယ် မဟုတ်လား။ ချုံကြားမှ ဘုံဖျားသို့ ဆိုလား မသိ။ ဒီတော့ စိတ်နေမြင့်အောင် မြှင့်ပေးမှ၊ ဘဝက လည်း မြင့်မယ်ဆိုတဲ့ သဘောကို တွေ့ရတယ်။ ဒါကို ဆရာကြီး ပီမိုးနင်းကလည်း သူ့ရဲ့ ဘဝတိုးတက်ရေးစာအုပ် တွေမှာ အမြောက်အမြားထည့်သွင်းရေးသားတာတွေ့ရပါတယ်။

ကိုယ့်စိတ်ကိုမှ မြင့်အောင် မထားရင်၊ ဘဝက လည်း နိမ့်ပြီးရင်း နိမ့်နေမှပဲ။ ဒီတော့ ရည်မှန်းချက်ထားရင် မြင့်မြင့်သာထား… လို့ တက်ကျမ်းဆရာတွေက ဟော ပြောလေ့ရှိပါတယ်။ ယုတ္တိဗေဒရဲ့အလိုအရ၊ ဒါကလည်း မှန်သင့်သလောက်မှန်ပါတယ်။ ထားတော့။

▣ နိုင်ငံရေးသတ္တမဇော

ဒီနေရာမှာ နိုင်ငံရေးစိတ်ဇောဟာ ဘာကို ဗဟိုပြုနေသလဲ။ ဘယ်ကို ဦးတည်နေသလဲ၊ ဘယ်ကို မှန်းထားသလဲ ဆိုတာ လေ့လာရမယ် ထင်ပါတယ်။ “ခွဲထွက်ရေး” ဆိုတာကို ဘယ်တော့မှ မပြောတော့ဘဲ၊ ဖက်ဒရယ်ကိုသာ ဖိပြောနေတဲ့အချိန်မှာ၊ “ကွန်ဖက်ဒရေးရှင်း” အထိ ထုတ်ပြောဝံ့တာ ဘယ်သူလဲ။

ဒါဟာ ဘယ်သူဘယ်ဝါဆိုတာ ထက် နိုင်ငံရေးစိတ်ဇောရဲ့ အရည်အသွေးကို ပြနေပါတယ်။ ထိုနည်းလည်းကောင်း နိုင်ငံရေးမျှော်မှန်းချက်ကို ပြသနေသလို၊ သမားရိုးကျ ဇာတ်ညွှန်းဘောင်ထဲကနေ ထွက်ပြီး ရည်မှန်းချက် ထားတယ်ဆိုတာကို ထင်ထင် ရှားရှား ပြနေပါတယ်။

၂၀၁၅ - ၂၀၂၀ ခုနှစ်ကြားကာလဟာ၊ သမားရိုးကျ စတိုရီဘောင်ထဲမှာပဲ ရှိနေတဲ့ကာလပါ။

• (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေလိုတယ်၊
• (၂) ထို့နောက်… ဒီမိုကရေစီ ခိုင်မာကျစ်လစ်လိုတယ်၊
• (၃) ပြီးမှ၊ ဖက်ဒရယ်စနစ်ကို သွတ်သွင်းတည်ဆောက်မယ်၊
• (၄) ကွန်ဖက်ဒရေးရှင်းဆိုတာကို မစဉ်းစားသေးဘူး၊
• (၅) နိုင်ငံသစ် ခွဲထွက်ထူထောင်ဖို့ဆိုတာ ဝေလာဝေး။

စသည်ဖြင့်…. ၊ ဒီလို သမားရိုးကျ အစဉ်အလာစဉ်းစားချက် ဘောင်ထဲကနေ မထွက်ခဲ့ပါဘူး။ ဒီဇာတ်ညွှန်းကို စချိုး ဖျက်သူဟာ ဘယ်သူဖြစ်ပါသလဲ။ ဘယ်သူမှ မစဉ်းစားသေးဘူး…ဆိုတဲ့ ကွန်ဖက်ဒရေးရှင်းကို စစဉ်းစားလာခဲ့ပါ တယ်။

▣ ကာယကံမြောက် အိပ်မက်တွေ

“အိပ်မက်” မှာ “လုံ့လ” ပါလာပြီဆိုရင်၊ ဒါဟာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်တော့ပါ။ ဖြစ်နိုင်ပါတယ်။ ထို့နောက် ကိုယ့်ရဲ့ ဆန္ဒကို အဓိပတိထားပြီး ကြိုးစားလာတဲ့ ဆန္ဒဓိပတိအဆင့်ရောက်လာရင်၊ အိပ်မက်ဟာ တကယ်ဖြစ်လာ တော့မယ်။ ဆန္ဒဓိပတိမှာ ဝီရိယာဓိပတိထပ်ပြီး ယှဉ်တွဲလိုက်ရင်၊ ဒါဟာ ပိုနီးစပ်လာပြီ။ သူ့ကို အိပ်မက်လို့တောင် မပြောနိုင်တော့ဘူး။ နောက်ထပ် ဝီရိယာဓိပတိမှာ၊ ပညာဓိပတိ ထပ်ပြီး လိုက်လာရင်တော့၊ ဒါဟာ တကယ်ဖြစ် လာတော့မယ်။ အဟုတ်ဖြစ်လာတော့မယ်။

ဒီတော့ ချုပ်လိုက်ရင်… အိပ်မက်တွေကို အိပ်မက်အတိုင်းသာ စိတ်ကူး ယဉ် အာသာဖြေအဆင့်လောက်သာ ထားရင် အိပ်မက်ဟာ လေထဲမှာပဲ ရှိနေပါတယ်။

▣ မဖြစ်သေးတာပဲ ရှိတယ်

အိပ်မက်ကို ဆန္ဒဓိပတိအဖြစ် ပြောင်းမယ်။ ဆန္ဒဓိပတိကိုလည်း ဝီရိယဓိပတိနဲ့ ကပ်ပြီး ပိုးထားမယ်။ ဝီရိယလုံ့လ ထုတ်တဲ့နေရာမှာလည်း ပညာပါလာပြီဆိုရင်၊ ဒါဟာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်နေရပြီ။ လက်တွေ့ ကာယ ကံမြောက်အားထုတ်နေသူတွေမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်လို့ ယုံကြည်ပါတယ်။

▣ ဖက်ဒရယ်ဆိုတာ တစ်သံတည်းထွက်ဖို့

မြန်မာလူထုဟာ ဒီမိုကရေစီအိပ်မက်ကို လက်တွေ့အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရအောင် အကောင်အထည် ဖော်ရမယ်လို့ လုပ်ခါရှိသေးတယ်၊ နောက်ကြောင်းပြန် အာဏာသိမ်းခံခဲ့ရပါတယ်။
ဒီတော့ ယခင်တုန်းက ဖက်ဒရယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် မအော်တတ်သေးတဲ့ မြန်မာလူထုဟာ ဖက်ဒရယ်ဆိုတာကို အခု ကျယ်ကျယ်လောင်လောင် အော်နိုင်စွမ်း ရှိလာပြီ။

၈၈၈၈ လူထုအရေးတော်ပုံမှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဒီမိုကရေစီရေးမှာတင် တစ်နေတဲ့ နိုင်ငံရေးစိတ်ဆန္ဒဟာ၊ နှစ်ပေါင်း (၃၀) ကျော်ကြာအပြီးမှာတော့ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ ရပ်ခံချက်အပေါ်မှာ တစ်ပြည်လုံးရောက်လာခဲ့တယ်။ ဖက်ဒရယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ညီ တစ်ညွှတ်တည်း အော်နိုင်ဖို့အတွက် နှစ်ပေါင်း (၃၀) ကျော်လောက် စောင့်ရသတဲ့လား။

ဒါတောင် စစ်အာဏာသိမ်း လိုက်လို့ ဗမာပြည်မက လူထုအားလုံးက ဖက်ဒရယ်ဆိုတာကို တောကြိုအုံကြားပါမကျန် အော်နိုင်စွမ်း ရှိလာတာလို့ ပြောနိုင်တယ်။ အာဏာများ မသိမ်းရင်၊ ဒီမိုကရေစီလောက်တင် တစ်နေမှာ မြင်ယောင်မိတယ်။

▣ ဘယ်သူ ဘယ်လောက်မှန်းရဲသလဲ

ဖက်ဒရယ်လို့ ပြောပြီဆိုရင် ဒီမိုကရေစီရောပါရဲ့လားလို့ မေးနေစရာ မလိုပါ။ ဘွဲ့ရပြီးတဲ့သူကို ဆယ်တန်းအောင် လက်မှတ်ရှိလားလို့ မေးစရာ မလိုတော့ပါ။ ဘွဲ့ရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ကာလမှာတုန်းက မဟာဘွဲ့အထိ ရအောင် လုပ်ချင်တယ်လို့ ပြောတဲ့သူဟာ မရူးပါ။ စိတ်ဆန္ဒပြင်းပြတာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတာဖြစ်ပါ တယ်။ နံဘေးမှာ ဆယ်တန်းအောင်ဖို့တောင် မနည်းလုပ်နေရတဲ့သူတွေက မဟာဘွဲ့ရချင်တယ် ပြောတဲ့သူကို အရူး လို့ ပြောကောင်း ပြောမှပေါ့။ အခုတော့ မဟာဘွဲ့တောင် မဟုတ်ဘူး၊ ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) အထိပါ ယူဖို့ ဖြစ်နိုင်တော့မယ်လို့ ယူဆလို့ ရနေပြီ။

ဒီတော့ သူတို့ ပြောခဲ့တဲ့သူဟာ မရူးဘူးဆိုတာကို နားလည်နေလောက်ပါပြီ။ တကယ် ညံ့နေတာ ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပါပြီ။ ထားပါ။ ဘယ်သူက ညံ့တယ် မညံ့ဘူးဆိုတာကို ပြောချင်တာ မဟုတ်ပါ။ နိုင်ငံရေးအမြော်အမြင်မှာ ဘယ်သူ ဘယ်လောက် မှန်းရဲတဲ့သတ္တိရှိသလဲဆိုတာကို ပြချင် တာ ဖြစ်ပါတယ်။

▣ မှန်းရဲတဲ့ သတ္တိရဲ့နောက်ကွယ်

မှန်းရဲတဲ့သတ္တိရဲ့ နောက်ကွယ်မှာ၊ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စွမ်းရည်နဲ့ ဝီရိယရှိထားတယ်ဆိုတာ မမေ့ သင့်ပါဘူး။ အခုတော့ ကွန်ဖက်ဒရေးရှင်းလောက်ကို အသာထား၊ နိုင်ငံသစ်အထိ မှန်းဖို့ လုပ်နေပြီ။ နိုင်ငံသစ်ဆိုတဲ့ စိတ်ဆန္ဒအားကိုလည်း သိုင်းဝိုင်းစုဖွဲ့နေပြီ၊ ဆန္ဒရဲ့နောက်မှာလည်း ဝီရိယ ထပ် ပေါင်းထည့်နေပြီ။ ဝီရိယကိုလည်း ပညာနဲ့ ယှဉ်စေနေပြီဆိုရင်၊ သေချာတယ်။ မြန်မာ့နွေဦး အကျပ်အတည်းဟာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင် မယ့် ကွင်းပြင် ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

▣ ကျနော့် လက်စွဲ

ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့် စာကြည့်ခန်း နံရံမှာ ကျနော် မြေဖြူနဲ့ ရှင်းရှင်းကြီး ရေးထားတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့….

• တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်….တဲ့။

မင်းသေ့ ရေးတယ်

ရက္ခိုင့်တပ်တော် (AA) က မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာပြီး ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်...
17/07/2026

ရက္ခိုင့်တပ်တော် (AA) က မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာပြီး ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားနိုင်ကာ ဒေသတွင်း ပထဝီနိုင်ငံရေး သြဇာကြီးထွားလာဟု အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ ပြော

ခေတ်သစ်၊ ဇူလိုင် ၁၇

ရက္ခိုင့်တပ်တော် (AA) မှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်လာပြီး ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားသည့်အပြင် ဒေသတွင်း ပထဝီနိုင်ငံရေးတွင်လည်း အရေးပါသော သြဇာလွှမ်းမိုးမှု ရရှိလာကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော မူဝါဒသုတေသနအဖွဲ့ (Think Tank) ဖြစ်သည့် The Jamestown Foundation က သုံးသပ်ဖော်ပြထားသည်။

Jamestown Foundation ၏ "Arakan Army Becomes Most Effective Insurgent Force in Myanmar" ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ဝေသော လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် AA သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် "စစ်ဆင်ရေး ၁၀၂၇" နောက် ပိုင်း မြန်မာနိုင်ငံ၏ စစ်ရေးဟန်ချက်ကို အခြေခံကျကျ ပြောင်းလဲစေခဲ့ပြီး ယခုအခါ တော်လှန်ရေးအင်အားစုများအနက် အင်အားအကြီးဆုံးအဖွဲ့အဖြစ် ကြီးထွားလာကြောင်း ဖော်ပြထားသည်။

AA သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် United League of Arakan (ULA) ကို ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။

AA တွင် ပုံမှန်တပ်ဖွဲ့ဝင် အင်အား ၄၀,၀၀၀ ခန့်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံးသော အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်လာသည်ဟု ဆိုသည်။

AA အောင်မြင်ရသည့် အဓိကအကြောင်းရင်းများအဖြစ် စစ်ရေးအောင်မြင်မှု၊ ထိရောက်သော အုပ် ချုပ်ရေးယန္တရား၊ ကျယ်ပြန့်သည့် မဟာမိတ်ကွန်ရက်၊ မီဒီယာအသုံးချနိုင်မှုနှင့် ခေါင်းဆောင်ပိုင်း၏ မဟာဗျူဟာကျသော ဦးဆောင်မှုတို့ကို ထောက်ပြထားသည်။

စစ်ရေးပိုင်းတွင် AA သည် ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနယ်စပ်ရှိ ပလက်ဝမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သို့ စစ်ဆင်ရေးများ တိုးချဲ့ဆောင်ရွက်လာကြောင်း သိရှိရသည်။

ယင်းနယ်မြေချဲ့ထွင်မှုများ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွက် လုံခြုံရေးကြားခံနယ်မြေ (Buffer Zone) တစ်ခု ဖန်တီးရန်နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တည်ရှိရာဒေသများသို့ ရောက်ရှိနိုင်ရန်ဖြစ်ကြောင်း သုံးသပ်ထားသည်။

AA သည် စစ်ရေးအောင်မြင်မှုအပြင် အုပ်ချုပ်ရေးစနစ်ကိုလည်း တစ်ပြိုင်နက် တည်ဆောက်နိုင်ခဲ့ကြောင်း၊ AA သည် တရားရုံးများ၊ ဥပဒေစိုးမိုးရေးအဖွဲ့များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ထူထောင်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ ထောက်ခံမှုကို ပိုမိုရရှိလာခဲ့ကြောင်း ဆိုသည်။

ထို့ပြင် မောင်တောမြို့ရှိ ဂျာမေဗလီကို ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားများ ကျင်းပခွင့်ပြုခြင်းနှင့် မွတ်စလင်အသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံမှုများ ဆောင် ရွက်ခြင်းတို့မှတစ်ဆင့် လူနည်းစုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းနေကြောင်း သိရှိရသည်။

AA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သဖြင့် စစ်ရေးအတွေ့အကြုံ၊ လက်နက်ခဲယမ်းနှင့် စစ် ဆင်ရေးကျွမ်းကျင်မှုများ ရရှိခဲ့ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း AA သည် နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအဖွဲ့အစည်း အနည်းဆုံး ၂၃ ဖွဲ့ကို စစ်ရေးလေ့ကျင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကိုလည်း အမျိုးမျိုးသော ပုံစံများဖြင့် ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရသည်။

မီဒီယာကဏ္ဍတွင်လည်း AA သည် ရခိုင်နှင့် မြန်မာဘာသာ သတင်းမီဒီယာများအပြင် လူမှုကွန်ရက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့သဖြင့် ၎င်း၏ စစ်ရေးနှင့် နိုင်ငံရေးအောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ခဲ့ပြီး ပြည်သူလူထုအတွင်း ယုံကြည်မှုနှင့် ထောက်ခံမှုများ တိုးလာစေခဲ့ကြောင်း Jamestown Foundation က သုံးသပ်ထားသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုပုံစံသည် လူငယ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ရခိုင်အမျိုးသားရေး အတွေးအခေါ်နှင့် "Arakan Dream"၊ "Way of Rakhita" ဟုခေါ်သော မူဝါဒများကို ချမှတ်ကာ လူငယ်များကို စည်းရုံးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း ရဲတပ်ဖွဲ့၊ အရန်တပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့များတွင် ကျယ်ကျယ်ပြန့်ပြန့် တာဝန်ပေးထားကြောင်း ဆိုသည်။

Jamestown Foundation က AA ၏ ပထဝီနိုင်ငံရေး အားသာချက်များကိုလည်း ထည့်သွင်းသုံးသပ်ထားပြီး ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်း ၁၁ ခုအနက် အနည်းဆုံး ၁၀ ခုမှာ AA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေပြီး အိန္ဒိယနိုင်ငံ၏ Kaladan Multi-Modal Transit Transport Project ၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပလက်ဝမြို့နယ်ကိုလည်း AA က ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်နှင့် အိန္ဒိယတို့၏ အခြေခံအဆောက်အအုံ စီမံကိန်းများ လုံခြုံစွာ အကောင် အထည် ဖော်နိုင်ရေးသည် AA ၏ သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာ မူတည်လာကြောင်း သုံးသပ်ထားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်ကို လက်ခံထားရပြီး ယခုအခါ AA သည် ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်နယ်စပ်ချင်း ထိစပ်နေသဖြင့် ရိုဟင်ဂျာဒုက္ခသည်အရေး၊ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အရေးပါသည့် အခန်းကဏ္ဍ ရှိလာကြောင်း Jamestown Foundation က ဆိုသည်။

Jamestown Foundation က AA သည် ဖွဲ့စည်းတည်ထောင်ပြီး ၁၇ နှစ်အတွင်း ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပင် မရရှိနိုင်သေးသည့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအောင်မြင်မှုများကို ရရှိလာခဲ့ကြောင်း၊ စစ်ရေးတိုက်ပွဲများသာမက ရေရှည်တည်တံ့နိုင်သော အုပ်ချုပ်ရေးယန္တရားကိုပါ တည်ဆောက်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံရှိ အခြားတော်လှန်ရေးအင်အားစုများအတွက် စံပြပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာကြောင်း သုံးသပ်ပြော ဆိုသည်။

Jamestown Foundation သည် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အမေရိကန်အခြေစိုက် လုံခြုံရေး၊ စစ်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သုတေသနအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတကာလုံခြုံရေး၊ အကြမ်းဖက်မှု၊ တရုတ်၊ ရုရှားနှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ သုံးသပ်ချက်များကို ပုံမှန်ထုတ်ဝေလျက်ရှိသည်။

Jamestown Foundation ၏ သုတေသနစာတမ်းများနှင့် လေ့လာဆန်းစစ်ချက်များကို အမေရိကန်အစိုးရ၏ မူဝါဒချမှတ်သူများ၊ စစ်ဘက်နှင့် လုံခြုံရေးအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များနှင့် နိုင်ငံတကာမီဒီယာများက ကိုးကားအသုံးပြုလေ့ရှိပြီး နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာလေ့လာမှုနယ်ပယ်တွင် ဩဇာကြီးသည့် သုတေသနအဖွဲ့များအနက် တစ်ဖွဲ့အဖြစ် သတ်မှတ်ခံထားရသည်။

အထူးသဖြင့် ရုရှား၊ တရုတ်နှင့် အာဏာရှင်နိုင်ငံများ၏ နိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေ အနေများကို မူရင်းဘာသာစကားအရင်းအမြစ်များအပေါ် အခြေခံ၍ လေ့လာဆန်းစစ်ထုတ်ဝေလေ့ရှိခြင်းကြောင့် ယင်းအဖွဲ့၏ သုံးသပ်ချက်များသည် နိုင်ငံတကာ မူဝါဒနှင့် လုံခြုံရေးအသိုင်းအဝိုင်းတွင် အလေးထားခံရလေ့ရှိသည်။

Address

Akyab
Sittwe

Alerts

Be the first to know and let us send you an email when Phadusarpe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phadusarpe:

Shortcuts

Share

Category