01/10/2020
ဒီတခေါက်မှာတော့ ကို့တို့လို့ပေါ့နော့် ပန်ဒါ eye လေးတွေအတွက် အိမ်မှာရှိတဲ့ ပစည်းလေးတွေနဲ့ သဘာ၀အတိုင်းအလွယ်တကူ လုပ်လို့ရမဲ့ နည်းလေးတွေကို လေ့လာမိသလောက် တင်ပေးလိုက်တယ်နော့်💁💙
ဒါဆို အိမ်ထဲမှာပဲ ရှိတဲ့အရာလေးတွေနဲ့ စကွင်းကဲရင်း လှအောင်နေကြမယ်နေိာ့💁💙
၁။ ရှားစောင်းလက်ပတ်
ပထမဆုံး ရှားစောင်းလတ်ပတ်ထဲက အနှစ်တွေကိုဖယ်ထုတ်ပြီး Blenderထဲထည့်ကြိတ်ပြီး ရလာတဲ့ အရည်လေးတွေကို ရေခဲတုံးလေးတွေထည့်တဲ့ခွက်လေးထဲမှာတကန့်တကန့်ချင်းစီ ထည့်ပြီး အတုံးလေးတွေရအောင် ရှစ်နာရီလောက် အေးခဲပေးပါနော့် အေးခဲပြီး အတုံးလေးတွေရလာပြီဆိုရင်တော့ မျက်ကွင်းညိုတဲ့ နေရာတဝိုက်ကို အသာအယာလေးဆယ်မိနစ် ၊ ဆယ့်ငါးမိနစ်လောက်ပွတ်သပ်ပြီး လုပ်ပေးရင် မျက်ကွင်းညိုတာလေးတွေသက်သာ ပျောက်ကင်းလာပါတယ်နေိာ့ 💁နေ့စဉ်လုပ်ပေးရပါမယ်နော့်💁
၂။ လက်ဖက်ခြောက်ထုပ်
နောက်တနည်းကတော့ အသုံးပြုပြီးသား လက်ဖက်ခြောက်ထုပ်ဟောင်းကိုယူပြီး မျက်လုံးပေါ်ကို (၁၀) မိနစ်ခန့်အုပ်ပေးရင်လည်းသက်သာပါတယ်နော့် 💁 နေ့စဉ်လုပ်ပေးနိုင်ရင်တော့ပိုကောင်းပါတယ်ရှင့်💙 သူ့ကကျ မျက်စိအရေပြားနားမှာ အရောင်မဲတာတွေနဲ့ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတယ်နော့်
၃။ အုန်းဆီ
မျက်စိအနားတဝိုက်ကို အုန်းဆီးလေးနဲ့လိမ်းပြီး နှိပ်နယ်ပြီးရင်တစ်ညသိပ်ထားပေးလိုက်ပါနော့် မနက်ကျရင် သေချာသန့်စင်စွာရေဆေးချပေးရမယ်နော့် အုန်းဆီကတော့ ထိခိုက်လွယ်တဲ့အရေပြားကို အာဟာရပြန်လည် ဖြည့်တင်းပေးပါတယ်နော့်💙💁
၄။ Metal spoons
ပထမဆုံး ရေခဲရေထဲမှာ ဇွန်း နှစ်ချောင်းကို ၁၅မိနစ် လောက် စိမ်ထားပေးပါ စိမ်ပြီးရင်တော့ မျက်ကွင်းညိုတဲ့နေရာပေါ်မှာ အသာအယာဖိပြီး မိနစ် အနည်းငယ်လောက် လုပ်ပေးရမယ်နော့် ဒါဆိုရင်တော့ မျက်ကွင်းညိုတာလေးတွေသက်သာလာမယ်နော့်
၅။ ပူစီနံရွက်
ပူစီနံရွက်ကို ရေခဲရေထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ထားပေးပါ ပြီးရင်တော့ မျက်ကွင်းညိုတဲ့နေရာလေးမှာ မိနစ်၂၀လောက် ကပ်ပေးရင် ရပါပီနော့်💁💙တစ်ပတ်တစ်ခါလောက်ဆို ရပါတယ်နော့် 💁💙
၆။ သခြားသီး
သခွားသီးလေးတွေကို စိတ်ပြီး မျက်စိအပေါ်မှာ (၅) မိနစ်လောက်ကြာအောင်အုပ်ပေးပါ
နော့် 💁💙သခွားသီးထဲမှာပါတဲ့အရည်က မျက်ကွင်းညိုတာတွေကို လျင်မြန်စွာကုသပေးနိုင်ပါတယ်နော့်💁💙
၇။ အာလူး
အာလူးလေးတွေကိုအကွင်းအကွင်းလေးတွေဖြစ်အောင် လှီးပြီး မျက်စိပေါ်မှာ မိနစ်အနည်းငယ်ကြာအောင်တင်ထားပေးလိုက်ပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ ဒီလိုမျိုး တစ်နေ့ (၂) ကြိမ်လုပ်ပေးရင် (၃) ပတ်လောက်နေရင် သိသာစွာပြောင်းလဲလာပါလိမ့်မယ်နော့် 💁💙
ဒါလေးကတော့ မျက်ကွင်းညိုတဲ့အရာလေးတွေသက်သာအောင်လယပ်ပေးနိုင်တဲ့နည်းလမ်းတွေထဲက လက်လှမ်းမှီသလောက် ရေးပေးထားတာပါနော့် အမှားလေးတွေပါရင်လည်း ခွင့်လွှတ်ပေးပါ လိုအပ်တာရှိရငိလည်းပြောပြပါနော့် ကျေးဇူးတင်ပါတယ်ရှင့် 💁💙💝
Credit