12/04/2026
Amplifierအကြောင်း သိ့ကောင်းစေရာ
၁။ AF (Audio Frequency) Amplifier ဆိုတာ လူ့နားနှင့် ကြားနိုင်တဲ့ Frequency တန်ဖိုး 20 to 20KHz ကြားမှာ ရှိတဲ့ Frequency တန်ဖိုးတွေရဲ့ Amplitude တန်ဖိုးတွေကို မြင့်တင်ပေးတားကို ခေါ်ဆိုပါတယ်။
၂။ Transistor တစ်လုံးမှာ Amplifier အနေနဲ့ အလုပ်လုပ်ဆောင်တယ် ဆိုတာကတော့ Transistor ရဲ့ Base ကို ဝင်ရောက်လာတဲ့Input Signal ရဲ့ Amplitude တန်ဖိုးကို တိုးမြှင့်ပြီးတော့ Output Signal အဖြစ် ထုတ်ပေးခြင်းကို ဆိုလိုပါတယ်။
၃။ AF Amplifier တစ်လုံးရဲ့ အလုပ်လုပ်ဆောင်ပုံကတော့ Microphone ကနေ တဆင့် ဝင်လာတဲ့ အသံကို Electrical Signal အနေနဲ့ ပြောင်းလဲပါတယ်။ (လူ့စကားပြောနေတဲ့ အသံကို Electronic Device တွေနားလည်းအောင် Electrical Signal အဖြစ်သို့ ပြောင်းလဲခြင်းကို Microphone ကနေ တဆင့် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။) အဆိုပါ Microphone ကနေ တဆင့် ဝင်လာတဲ့ Signal ရဲ့ Amplitide တန်ဖိုးဟာ အလွန် ငယ်ပါတယ်။ အဲဒါကြောင့် Loudspeaker ဆီကို တိုက်ရိုက် ပေးပို့ရင် ကြားရဖို့ မလွယ်ပါဘူး ။ အဲဒါကြောင့် Microphone နဲ့ Loudspeaker တွေရဲ့ ကြားထဲမှာ Signal ရဲ့ Amplitude တန်ဖိုးကို မြင့်တင်ပေးနိုင်တဲ့ Amplifier တစ်ခု ခံပြီးတော့ အသုံးပြု လုပ်ဆောင်ရပါတယ်။
၄။ Voltage Amplifier ဆိုတာ ဝင်လာတဲ့ Signal ရဲ့ Voltage or Amplitude တန်ဖိုးကို မြှင့်တင်ပေးတာပါ။ Power Amplifier ဆိုတာ ဝင်လာတဲ့ Signal ရဲ့ Power ကို တန်ဖိုးကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ (Power ဆိုတာကလည်း P=VI ဖြစ်ပါတယ်)။
၅။ Amplifier နဲ့ ပတ်သက်ရင် Common Emitter (CE Circuit) အမျို။အစားကို အများဆုံးအနေနဲ့ အသုံးပြုကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Amplifier ရဲ့ Input and Output ကြားမှာ Impedence ကို Matching ဖြစ်စေနိုင်တဲ့ အမျိုးအစားအနေနဲ့ ဆိုရင်တော့ CE Circuit အမျိုးအစားက အသင့်လျော်ဆုံး ဖြစ်သောကြောင့်ပါ။
၆။ Amplifier အဆင့်တွေ တစ်ခုနဲ့ တစ်ခုကြားမှာ ထည့်သွင်းတည်ဆောက်ရတာတွေကို Coupling ပြုလုပ်တယ်လို့ ခေါ်ဆိုပါတယ်။ Coupling ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကိုအောက်မှာ ဖော်ပြပေးထားပါတယ်။
(က) RC Coupling
(ခ) Impedence Coupling
(ဂ) Transformer Coupling
(ဃ) Direct Coupling
၇။ RC Coupling ဆိုတာကတော့ Resistor ၂ လုံး ၊ Capacitor ၁ လုံးကို အသုံးပြုထားတဲ့ RC Network ပုံစံဖြစ်ပါတယ်။ ပထမ Resistor တစ်လုံးက ပထမ အဆင့်ရဲ့ Load Resistor အနေနဲ့ အသုံးပြုပါတယ်။ နောက်ထပ် Capacitor နှင့် Resistor ကတော့ နောက်အဆင့် တစ်ခုအတွက် Coupling အနေနဲ့ အသုံးပြုခြင်းပဲဖြစ်ပါတယ်။
၈။ Impedence Coupling ဆိုတာကတော့ အချက် (၇) မှာ ဖော်ပြထားတဲ့ RC Network ရဲ့ Resistor နေရာမှာ Inductive Load တစ်ခုကို အစားထိုး အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ Gain တန်ဖိုး အနေနဲ့ကတော့ RC Coupling ထက်ကို တန်ဖိုး မြင့်ပါတယ်။
၉။ Transformer Coupling ဆိုတာကတော့ coupling ပြုလုပ်တဲ့ နေရာမှာ Transformer ၁ ခု ကိုပဲ အသုံးပြုတာပဲဖြစ်ပါတယ်။ Transformer ရဲ့ Primary ကို ပထမ အဆင့်ရဲ့ Inductive Load အနေနဲ့ အသုံးပြုပါတယ်။ Transformer ရဲ့ Secondary ကိုတော့ နောက်အဆင့်ရဲ့ Signal Source အနေနဲ့ အသုံးပြုခြင်းဖြစ်ပါတယ်။
၁၀။ Direct Coupling ဆိုတာကတော့ အဆင့် ၂ ခု အကြားမှာ မည့်သည့် Component တွေကိုမှ ကြားခံ အနေနဲ့ အသုံးမပြုပဲ တိုက်ရိုက် ချိတ်ဆက်ပြီးတော့ ဆက်သွယ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ယခု နည်းလမ်းကတော့ Distortion တွေကိုလျော့ ကျစေပါတယ်။ နောက်ထပ်တချက် အနေနဲ့ကတော့ Direct Coupling ကို အသုံးပြုခြင်းအားဖြင့် Frequency Range တန်ဖိုး အကျယ်ကြီးမှာလည်း အလုပ်လုပ်စေပါသည်။
to Owner