December ONE

December ONE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from December ONE, Shopping & retail, အမှတ်(၃၇)၊ထွန်းသီရိလမ်း, Sanchaung.

အရင်ဆုံး အမျိုးတို့ရဲ့ Profile မှာ ဒီpost ကို public နဲ့ share ပြီး ဒီ post ရဲ့ အောက်မှာ ss ကို comment ပေးလိုက်တာနဲ့ to...
18/05/2022

အရင်ဆုံး အမျိုးတို့ရဲ့ Profile မှာ ဒီpost ကို public နဲ့ share ပြီး ဒီ post ရဲ့ အောက်မှာ ss ကို comment ပေးလိုက်တာနဲ့ top premium ဖိနပ် သုံးရံ ရယူလိုက်ပါ 😍😍😘

ဆိုဒ် ၄၀ ကနေ ၄၄.၅ ထိ ဆိုဒ် စုံ တောင်းထားတဲ့ အမျိုးတွေ အတွက် တင်ပေးလိုက်ပါပြီ

Error အနာအဆာ ကင်း Top premium second အရံတွေ ဖြစ်ပါတယ် ခင်ဗျာ 🙏

စျေးနှုန်း ဖိနပ်ဆိုဒ် အသေးစိတ် ကို ပုံတိုင်းရဲ့အောက်မှာ ဝင်ကြည့်နိုင်ပါတယ် ခင်ဗျာ 🙏
ကိုယ့်ရဲ့ အကြိုက်တွေ့တာနဲ့ Send Message ထဲကို ဝင်ပြီး အပြေးသာ မှာလိုက်တော့ 🥰

T&C YGN မိသားစုမှ တာဝန်ယူမှု အပြည့်နဲ့ ရောင်းချပေးနေပါတယ်

#စေတနာကောင်းလျှင်ကံကောင်းမည် 🙏🙏🙏

စေတနာကောင်းလျှင်၊ကံကောင်းပါမည်။
16/05/2022

စေတနာကောင်းလျှင်၊ကံကောင်းပါမည်။

14/05/2022

......"ရဟန်း ဆိုတာ"......
🙏🙏🙏🙏🙏🙏🙏

- ရခဲတဲ့ လူ့ဘဝမှာ
ကျီးမိုက်လို အပျော်မလိုက်
မြင့်မြတ်စွာ သင်္ကန်းဝတ်နဲ့
ဖြတ်သန်းနေသူပါ...

- ဘုရားရှင် ပညတ်ခဲ့တဲ့ တရား
ဝိနည်းသိက္ခာပုဒ်များစွာကို
ကျင့်သုံးလိုက်နာရသူပါ...

- ရရှိတဲ့ လာဘ်လာဘ
သင့်တဲ့ အသုံးအဆောင်လေးနဲ့
ရောင့်ရဲတင်းတိမ်ရသူပါ...

- မိဘနဲ့ ဆွေမျိုးမကျန်
သက်ရှိ သက်မဲ့ အရာမှန်သမျှ
သံယောဇဉ် ဖြတ်ရသူပါ...

- သတ္တဝါတွေ လမ်းမှန်ရောက်အောင်
ဘုရားမိန့်ကြား ဓမ္မတရားနဲ့
လမ်းပြပေးရသူပါ...

- ကိလေသာ အညစ်အကြေးတွေ
စင်ကြယ် ကင်းဝေးအောင်
ပြုဆောင်ရသူပါ...

- သုခနိဗ္ဗာန်ကို မျှော်လျှက်
အဖော်မမက် တစ်ယောက်တည်း
ဓမ္မနဲ့ပဲ ခရီးဆက်ရသူပါ...။

(မှတ်ချက်)- လောက၌ လူဖြစ်ရန် မလွယ်။

လူတို့၌ ယောက်ျားဖြစ်ရန် မလွယ်။
ယောက်ျားတို့၌ ရဟန်းဖြစ်ရန် မလွယ်။
ရဟန်းတို့၌ တည်မြဲရန် မလွယ်။

ပြန်လည်မျှဝေပါသည်။
အသျှင်ခေမာသီရိ
🙏🙏🙏🙏🙏

11/05/2022

နေ့စဥ်
🙏ရှစ်ပါးသီလ
🙏ခင်ပွန်းကြီးဆယ်ပါး
🙏​မေတ္တာသုတ်ပါဠိ​တော်
🙏မောရသုတ်ပါဠိတော်
🙏ပုဗ္ဗဏှသုတ်ပါဠိ​တော်
🙏ပဌာန်းပစ္စယနိ​ဒ္ဒေသပါဠိ​​တော်
🙏ဓာရဏပရိတ်ပါဠိ​တော်
များရွတ်ဖတ်ပူဇော်ရ​သော
ကုသိုလ် ​ကောင်းမှုများ​ကြောင့် ...
ခုနစ်ရက်သားသမီး အ​ပေါင်း
စိတ်ကျန်းမာကိုယ်ချမ်းသာ၍ ​ဘေးအန္တရာယ်
အ​ပေါင်းမှ ကင်း​​ဝေးကြပါ​စေ. 🙏

10/05/2022

ရန်ကုန် မြို့နယ်အသီးသီးက ရပ်ကွက်သူ ရပ်ကွက်သား
လမ်းသူ လမ်းသားများ အားလုံးကို အထူးသတိပေးပါတယ်

အခြေအနေကတော့ သိကြ ကြားကြပါလိမ့်မယ်
အလုအယက်တွေအရမ်းပေါလာပြီ
အရင်က ဆိုင်ကယ်စီးကြတဲ့မြို့နယ်တွေမှာလောက် လုနေကြပေမယ့် ဒီနေ့ဆို ဆိုင်ကယ်စီးခွင့်မရှိတဲ့ လှည်းတန်းလို လူစည်ကားတဲ့နေရာမှာတောင် အုပ်စုဖွဲ့သတ်ဖြတ်သွားတဲ့ထိ အတင့်ရဲလာတယ်
နောက်ဆို အိမ်ထဲထိ ရောက်လာတော့မှာ ကျိန်းသေနေပြီ

ငုံ့ခံမလား တုန့်ပြန်မလား ကျွန်တော်တို့ ဒီနှစ်လမ်းပဲရွေးစရာရှိပါတယ်

PDFတွေချည်း အားကိုးနေလို့ မရပါဘူး
သူတို့မှာ သူတို့ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေ မစ်ရှင်တွေကိုပဲ အာရုံစိုက်နိုင်မှာပါ
အလုအယက်ပေါတဲ့ နေရာတွေကို အချိန်ပြည့်လိုက်ပြီးစောင့်ကြည့်နိုင်မှာမဟုက်ပါဘူး

မိမိနေထိုင်ရာ နေရာဒေသပါတ်ဝန်းကျင်ကို ကျွန်တော်တို့ပြည်သူတွေပဲ တာဝန်ယူစောင့်ရှောတ်ရမှာပါ
လှည်းတန်းလို လက်နက်ကိုင်ဆောင်ထားတဲ့ လူအယောက်နှစ်ဆယ်လောက်ရှိတဲ့ အုပ်စုလိုက် လုယက်သတ်ဖြတ်မှုမျိုးတွေက ကာကွယ်နိုင်အောင်
ပြင်ဆင်ထားသင့်ပါပြီ တလမ်းနဲ့တလမ်း တရပ်ကွက်နဲ့တရပ်ကွက် ချိတ်ဆက်ထားကြပြီး
နေရာတခုမှာ လုယက်မှုဖြစ်တာမျိုး ကြားသိလိုက်တာနဲ့
သံချောင်းခေါက်အချက်ပေးတာမျိုး အခြားတနည်းနည်းနဲ့ အချက်ပေးတာမျိုးပြုလုပ်ပြီး အားလုံးစုပေါင်းကာကွယ် ဖမ်းဆီးကြမယ်ဆိုရင် အချောင်နေအချောင်စား ကလေကချေသူခိုးဓါးပြတွေ အတင့်ရဲလာမှာမဟုက်ပါဘူး

ဒီလိုကာကွယ်တာလည်း နိုင်ငံရေးကိစ္စမဟုက်လို့ လက်ရှိစကစရဲ့ဥပဒေနဲ့လွတ်ကင်းပါတယ်
ကျွန်တော်တို့ပြည်သူလူထုပိုင်းက ဟိုဟာကိုကြောက်နေသလိုလို ဒီဟာကိုကြောက်နေရသလိုလိုဖြစ်နေရင် နေသာသလိုနေကြမယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်မြို့ကြီးကို
ကလေကချေသူခိုးဓါးပြတွေလက်ထဲ ထင်တိုင်းကြဲခွင့်ပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်

အားလုံးညီညွှတ်ကြပါ
သတ္တိရှိကြပါ မြို့ကြီးသားပီသကြပါ ယောက်ျားကောင်းဖြစ်ကြောင်း ဒီအချိန်မှာ အလုပ်နဲ့သက်သေပြကြပါ
တခြားဒေသတွေမှာ အိမ်လုံးကျွတ် ရွာလုံးကျွတ် မီးလောင်တိုက်အသွင်းခံနေရတာတောင် နောက်မဆုပ်တမ်း မတရားမှုတွေကို တော်လှန်တိုက်ထုက်နေချိန်မှာ
ကျွန်တော်တို့ ရန်ကုန်မြို့ကြီးသားတွေအဖြစ်က
သူခိုးဂျပိုးလောက်အဆင့်ကိုတောင် ခေါင်းငုံ့ခံနေရတယ်ဆိုရင်တော့ အင်မတန်ရှက်စရာကောင်းပါတယ်

ကျေးဇူးပြုပြီး ဖြန့်ဝေပေးကြပါ
*********************

06/05/2022

အိပ်မရတဲ့ည၊အိပ်ပျက်တဲ့ည

ပိန်ပေမဲ့ ဒူးမကျော်တဲ့ ၅ လက်မ သာသာ ဘောင်းဘီ အတိုတွေကို အပေါ်က အင်္ကျီ jacket , sneaker တွေနဲ့ လိုက်ဖက်အောင် ဝတ်တတ်တာ Jus...
01/05/2022

ပိန်ပေမဲ့ ဒူးမကျော်တဲ့ ၅ လက်မ သာသာ ဘောင်းဘီ အတိုတွေကို အပေါ်က အင်္ကျီ jacket , sneaker တွေနဲ့ လိုက်ဖက်အောင် ဝတ်တတ်တာ Justin Bieber ပဲ

ဖိနပ်ဆို Crocs ကနေ စပြီး Low , mid , high အကုန် နဲ့လဲ ဝတ်တယ် ဘောင်းဘီကို တော်တော် တိုတာဝတ်ပြီး အပေါ်က ခပ်ပွပွ top တွေနဲ့ တွဲတယ်

ဒီမှာ ဘောင်းဘီတို အဝတ်နည်းကြတယ် ဝတ်ရင်လည်း ဒူးလောက်ဝတ်ကြတာတွေ့ရတယ် ဒီလို အတိုလေးတွေ ဝတ်ကြည့် သင့်ပါတယ် 🙏🏽

Credit bh

29/04/2022

အသစ်ရောက်တာတွေ ထပ်တင်ပေးထားပါတယ် ခင်ဗျာ 🙏🙏🙏
ဆိုဒ် ၄၀ ကနေ ၄၄.၅ ထိ ဆိုဒ် စုံ တောင်းထားတဲ့ အမျိုးတွေ အတွက် တင်ပေးလိုက်ပါပြီ

Error အနာအဆာ ကင်း Top premium second အရံတွေ ဖြစ်ပါတယ် ခင်ဗျာ 🙏

စျေးနှုန်း ဖိနပ်ဆိုဒ် အသေးစိတ် ကို ပုံတိုင်းရဲ့အောက်မှာ ဝင်ကြည့်နိုင်ပါတယ် ခင်ဗျာ 🙏
ကိုယ့်ရဲ့ အကြိုက်တွေ့တာနဲ့ send message ထဲကို ဝင်ပြီး အပြေးသာ မှာလိုက်တော့ 🥰

T&C YGN မိသားစုမှ တာဝန်ယူမှု အပြည့်နဲ့ ရောင်းချပေးနေပါတယ်
Like and share လေးကူညီကြပါနော် ကူညီပေးတဲ့ အမျိုးတွေအတွက် ဖိနပ် သုံးရံ ကံစမ်းမဲရှိပါတယ် ခင်ဗျာ 🙏🙏🙏

#စေတနာကောင်းလျှင်ကံကောင်းမည် 🙏🙏🙏

ဒီ တစ်ပတ် 💯 100% cotton တီရုပ် အသစ် live နဲ့ premium good second hand ဖိနပ် live လေးတွေ ရှိပါ့မယ် အမျိုးတို့ 🙏🙏🙏
21/04/2022

ဒီ တစ်ပတ် 💯 100% cotton တီရုပ် အသစ် live နဲ့ premium good second hand ဖိနပ် live လေးတွေ ရှိပါ့မယ် အမျိုးတို့

🙏🙏🙏

21/04/2022
ငါသိတ်ချစ်မြတ်နိုးရတဲ့ကလေးရေ ကျန်းမာအောင်နေပေးပါနော်😍😘
21/04/2022

ငါသိတ်ချစ်မြတ်နိုးရတဲ့ကလေးရေ ကျန်းမာအောင်
နေပေးပါနော်😍😘

14/04/2022

သဲဖြူလယ်တီဆရာတော်ကြီး
ရေးသားတော်မူသော ဝိပဿနာ
ကဗျာများ
အပိုင်း(၂)
နာမ်အခဏ်း
၁၁။ စက္ခု-သောတ၊ ဃာန-ဇိဝှာ၊
ကာယငါးလီ၊ ရုပ်အကြည်တည့်၊
တလီမှတ်လော၊ မနောအကြည်၊
ဘဝင်စိတ်ပေတည်း။
၁၂။ အဆင်း-ရူပ၊ သဒ္ဒ-အသံ၊
အနံ့-ဂန္ဓ၊ ရသ-အရသာ၊ အတွေ့-
ဖောဋ္ဌဗ္ဗာ၊ ငါးဖြာအစုံ၊ ရုပ်အာရုံ
ပင်၊ မနောဝိညာဏ်၊ ဆင်ခြင်တုံက၊ သိသမျှအကုန်၊ ဓမ္မာရုံပေတည်း။
၁၃။ အကြည်ခြောက်စုံ၊ အာရုံခြောက်ပါး၊ ထိခိုက်ငြားက၊
ခြောက်ပါးဝိညာဏ်၊ အစဉ်မပြတ်၊ လျှပ်ရောင်ပမာ၊
နာမ်ခန္ဓာသည်၊ ဆိုင်ရာအသီးသီး၊ ဖြစ်ပျက်ကြသတည်း။
၁၄။ စက္ခု-ရူပါရုံ၊ နှစ်ပါးဆုံလျှင်၊
စက္ခုဝိညာဏ်၊ ပေါ်မြဲပင်၊ ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၁၅။ သောတ-သဒ္ဒါရုံ၊ နှစ်ပါးဆုံလျှင်၊ သောတဝိညာဏ်၊ ပေါ်မြဲပင်၊ ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၁၆။ ဃာန-ဂန္ဓာရုံ၊ နှစ်ပါးဆုံလျှင်၊ ဃာနဝိညာဏ်၊ ပေါ်မြဲပင်၊
ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၁၇။ ဇိဝှာ-ရသာရုံ၊ နှစ်ပါးဆုံလျှင်၊ ဇိဝှာဝိညာဏ်၊ ပေါ်မြဲပင်၊
ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၁၈။ ကာယ-ဖောဋ္ဌဗ္ဗာရုံ၊ နှစ်ပါးဆုံလျှင်၊ ကာယဝိညာဏ်၊ ပေါ်မြဲပင်၊ ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၁၉။ မနော-ဓမ္မာရုံ၊ နှစ်ပါးဆုံလျှင်၊ မနောဝိညာဏ်၊ ပေါ်မြဲပင်၊
ပေါ်လျှင်မလွဲ၊ ချုပ်ပျက်မြဲတည်း။
၂၀။ ဝိညာဏ်ငါးဝ၊ ကြွင်းသမျှကို၊ မနောဝိညာဏ်ဆို၏၊ ထိုစိတ်
(၆)ပါး၊ တခြားစီသာ၊ ဖြစ်ကြရာ
သတည်း။
သာဓု သာဓု သာဓု
Credit to ဆရာကြီးဦးတင်ငွေ
(ဓမ္မာစရိယ)
ပူဇော်သူ 🙏🙏🙏
၁၄.၄.၂၀၂၂

Address

အမှတ်(၃၇)၊ထွန်းသီရိလမ်း
Sanchaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when December ONE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share