Thuzar

Thuzar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thuzar, Shopping & retail, Shopping, Sagaing.

16/07/2023

ဘယ်သူမှ ကျနော်တို့ကို
နာကျင်အောင်မလုပ်ပါဘူး
သူတို့က သူတို့အတွက်
အဆင်ပြေမယ့်အရာကိုပဲ လုပ်ကြတာပါ
ကျနော်တို့ကသာ အဲ့တာကို
ဘဝကြီးနဲ့ ရင်းပြီး ခံစားနေခဲ့မိကြတာပါ

16/07/2023

ကိုယ်တွေ့

#ပုရစ်

16/07/2023

သူနဲ့မဆုံနိုင်တော့တာ
သေချာပြီးတဲ့နောက်..

သူနဲ့ပတ်သက်သမျှ
ဘာမှမသိရ မမြင်ရ
မကြားရအောင်နေတယ်

သူ့ဘဝအဆင်ပြေ
ပျော်ရွှင်နေသာပဲလို့မှတ်ယူလိုက်တယ်

သူမရှိလည်းပဲ ဘဝက ဆက်မလျှောက်လို့မှ မရတာ

ဒါကြောင့်

အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို
ပျော်အောင်ထားတယ်

ရယ်စရာဟာသတွေကြည့်တယ်

ဖတ်ချင်တဲ့စာအုပ်တွေရှာဖတ်တယ်

သီချင်းတွေနားထောင်တယ်

အရမ်းမွန်းကြပ်လာတဲ့အခါ
စိတ်ကို တရားဓမ္မနဲ့ ထုံမွန်းလိုက်တယ်

မတတ်နိုင်တဲ့အခါ ငိုလိုက်တယ်

မနေ့ကထက် ဒီနေ့ပိုပြီး
အဓိပ္ပာယ်ရှိအောင်နေတယ်

သတိရတဲ့အခါ မင်းရှိနေတဲ့အရပ်
မေတ္တာပို့ပေးလိုက်တယ်

အဆင်မပြေရင်တောင်
ကိုယ့်ကိုယ်ကိုအားတင်းရင်း
ဆက်လျှောက်တယ်

လူတွေရဲ့စိတ်ဟာ အပြောင်းအလဲ
မြန်တတ်တယ်လို့ သိရပြီးနောက်
ခွတ့်လွတ်တတ်အောင်ပဲ
ကြိုးစားတော့တယ်

ဒီဘဝတော့ ဝေးကြပြီဆိုတဲ့
အရှိတရားကို ကြိုးစား လက်ခံ
လိုက်တော့တယ်

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရသူကို မုဒိတာပွါးတယ်

ပျော်ရွှင်ခဲ့ဘူးတဲ့ နေ့ရက်တွေနဲ့
အမှတ်တရတွေကို ရင်ထဲမှာပဲ
တစ်သက်စာ သိမ်းထားလိုက်တော့တယ်

အရမ်းသတိရပြီး အရမ်းလွမ်းတဲ့အကြောင်းတွေ
ဘယ်သူကိုမှထုတ်ပြောမနေတော့ဘူး

မင်းအကြောင်းတွေးမိတိုင်း
ဂျက်ပင်ထိုးမထားပေမယ့်
အခုအချိန်ထိ နှလုံးသားက
ဓာတ်လိုက်နေတုန်းပဲ

ရခဲ့ဘူးတဲ့ ချစ်ခြင်းမေတ္တာဆိုတာ
အခုအချိန်ထိ ကိုယ့်အတွက်ကတော့
အိမ်မက်လိုပါပဲ

ဘာပဲဖြစ်နေနေ ခဏတာ
ပျော်စရာတွေပေးပြီး
တစ်သက်စာ ဝေဒနာတွေပေးလည်း
အချစ်ဆိုတဲ့ ဝေါဟာရကို သိစေခဲ့လို့
တစ်သက်စာကျေးဇူးတင်တယ်

ရာသီတွေ အလီလီပြောင်းပေမယ့်
မပြောင်းလည်းတာတော့ မင်းအပေါ်
ထားခဲ့တဲ့ သံယောဇဉ်တွေပါပဲ...။

ရဲမွန်ဒြာ

16/07/2023

စိတ်ချင်းခြားသွားတယ်ဆိုတာ

ကိစ္စတော်တော်များများမှာ

- ငါမပြောဘူး။မင်းမမေးဘူး။
အကွာအဝေး ဖြစ်သွားတယ်။

- ငါမေးပြီ။မင်းမပြောဘူး။
မကြည်တော့ဘူးဆိုတာ ထင်စရာဖြစ်လာတယ်။

- ငါမေးတယ်။မင်းလည်းပြောတယ်။
တန်ပြန်လေးစားတယ်လို့ ခေါ်တယ်။

- ငါပြောချင်တယ်။မင်းလည်းမေးချင်တယ်။
နားလည်မူ ဖြစ်သွားပြီ။

- ငါမမေးဘူး။မင်းကပြောပြတယ်။
အဲဒါယုံကြည်မှု အဲဒါလေးစားမှုပါ။

ကိစ္စတော်တော်များများမှာ
သင်မြင်ရတဲ့အရာ၊ ကြားရတဲ့အရာများ အားလုံးဟာ
သင်ထင်မြင်ခဲ့သလို မဟုတ်ပါဘူး။
လူ့ဆိုတာ နောက်မှနောင်တဲ့နောင်တနည်းချင်ရင်
သူများကို ရှင်းပြဖို့ အခွင့်အရေးပေးပါ။
သူများကို ရှင်းပြဖို့လည်း စိတ်ရှည်ရှည်ထားပေးပါ။

မမေးဘူး။ မပြောဘူး။ ရှင်းမပြဘူး။
ဒါမာနရှိတယ်လို့ မခေါ်နိုင်ပါဘူး။
ကိုယ့်အပေါ်ရော သူများအပေါ်ပါ
တာ၀န်မဲ့ရာကျမယ်။တရားမျှတမူ မဲ့ရာကျမယ်။
သူများကို အခွင့်အရေးတစ်ခုပေးပါ။
ကိုယ့်ကိုယ်ကိုလည်း အခွင့်အရေးတစ်ခုပေးပါ။

အနေဝေးတာက ကြောက်စရာမကောင်းပါဘူး။
စိတ်ချင်းဝေးသွားရင် အနေနီးရက်နဲ့
ဆယ်ကမ္ဘာခြားသွားပါတယ်။

Credit

15/07/2023

ကိုယ့်ကိုမလိုအပ်တဲ့သူတွေကို
ကိုယ့်ဘက်ကလည်း မလိုအပ်သလို
ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုလည်း
ပြန်တုန့်ပြန်ဖို့ အစီအစဉ် မရှိဘူး
တစ်ချိန်ချိန်ကျရင် သူ့ဝဋ်နဲ့သူသွားလိမ့်မယ်။

ခွင့်လွှတ်တယ် သည်းခံတယ်ဆိုတာ
ကြောက်နေလို့မဟုတ်ဘူး အနေလို့လည်းမဟုတ်ဘူး
ဒီအတိုင်း ကိုယ့်စိတ်ကို မပူလောင်စေချင်လို့ပါ ။

အရှိအတိုင်း နေပြတာမို့
ဒီပုံစံကိုသဘောကျလည်းဖြစ်တယ်
သဘောမကျလည်း ကိစ္စမရှိဘူး
လူတိုင်းက သူ့အကြိုက်နဲ့သူပဲ ။

အောင်မြင်မှု ၊ စစ်မှန်သောချစ်ခြင်းမေတ္တာ ၊ ယုံကြည်မှု ၊ အသိအမှတ်ပြုခံရမှု ထိုအရာတွေကို
ရရှိဖို့အတွက် ဘာတစ်ခုမှ လုယူမဖန်တီးချင်ဘူး ။

စိတ်ရှည်သည်းခံ စိတ်နှလုံးဖြူစင်ခြင်းနဲ့ပဲ
အကောင်းဆုံး အချိန်ကိုစောင့်နေလိုက်တယ် ။

#ဖားစည်ရည်ကျော်
၇.၇.၂၀၂၃

15/07/2023

#စိတ်ညစ်တဲ့ အချိန်တိုင်းမှာ တစ်ယောက်ထဲပဲ နေတတ်ချင်တဲ့
သူလေးအတွက် ရင်ထဲက mode လေးတွေ ယနေ့လေးမှာ
ထပ်တူခံစားရလို့ ဒီစာလေးကို ရေးလိုက်ရပါတယ် ၊
ကြုံးဖူးကျတဲ့ သူတွေတိုင်းလည်း ကျွန်မလိုပဲ ထပ်တူခံးစားရမယ်လို့ ထင်ပါတယ်။

စိတ်ခံစားချက်တွေ ချုပ်တည်း ရတာများလာတဲ့အခါမျိုးမှာ
သူ့ဘေးနားမှာ " ကိုယ်ကလွဲပြီး ဘယ်သူ ဘယ်သူ့ကိုမှ
မရှိစေချင်တော့ဘူး ။

တစ်ယောက်တည်းပဲ တိတ်တဆိတ် နေချင်တော့တယ်၊

ကိုယ့်စိတ်ကိုယ် ပြန်ကုစားနိုင်ဖို့အတွက်
ဘဝတစ်လျှောက်လုံးမှာ သူရခဲ့တဲ့ ဒဏ်ရာတွေအတွက်
ကုသနိုင်ဖို့ တစ်ယောက်ထဲ နေချင်တာမျိုးပါ။

လူတိုင်းမှာ ..စိတ်ညစ်စရာအမျိုးမျိုးရှိပါတယ်

အိမ်နဲ့အဆင်မပြေတာမျိုးတို့ ၊ ရည်စား နဲ့အဆင်မပြေတာမျိုး
မိသားစု အတွက်အဆင်မပြေတာမျိုး ဒီလိုအစရှိတဲ့ ပြဿနာတွေက ကိုယ့်ရဲ့စိတ်ကို ဒုက္ခ အပေးဆုံးပါပဲ၊

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပဲ
ပြန်ကုစားရတာပါပဲ ။

အဆင်မပြေဖြစ်လာတဲ့ အချိန်တိုင်း
အခန်းလေးထဲမှာ တစ်ယောက်ထဲနေပြီ
ဘယ်သူကိုမှ သူ့ဘေးနားမှာ မရှိစေချင်တော့ပါဘူး။

ဒီလိုအဖြစ်အပျက်မျိုးကြုံလာရင်
မိမိက ကိုယ့်ဘေးနားက ရှိတဲ့သူကို နားလည်မှု ထားပေးလိုက်ပါ၊ ကိုယ်က သူ့ဘေးနားကနေ ခဏလောက် အေးအေးဆေးဆေးနေပေးလိုက်ပါ ၊

ပန်းပျိုးလက် N.S.M
PANNPHYOLATT
ဇူလိုင် ၁၃ ရက်

15/07/2023

🖤
followခဲ့နော်

15/07/2023

အတ္တကြီးတာ မဟုတ်ဘူး
ကိုယ့်အတွက်သီးသန့် မဟုတ်ရင်
ဘယ်အရာမှ မမက်မောတာ ။

15/07/2023

ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်

မင်း စောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖြစ်ပြီး

မင်း သတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ် ။

မင်း ချစ်နေတဲ့လူကလည်း
မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ်။

Crd

15/07/2023

လူတိုင်းကမကြိုက်ဘူး
ကောင်းကင်

Address

Shopping
Sagaing

Website

Alerts

Be the first to know and let us send you an email when Thuzar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share