Rice.com.mm

Rice.com.mm Rice, paw san hmwe and ayarmin rice. And then Peanut Oil and Sunflower oil.

🌾ဆန်ဆေးရည်၏အသုံးဝင်ပုံ🌾 မြန်မာလူမျိုးများသည်ဆန်ကို ထမင်းအဖြစ် သော်လည်ကောင်း၊ ရိုးရာ မုန့်များပြုလုပ်ရာတွင် လည်ကောင်း အမျ...
10/08/2020

🌾ဆန်ဆေးရည်၏အသုံးဝင်ပုံ🌾

မြန်မာလူမျိုးများသည်ဆန်ကို ထမင်းအဖြစ် သော်လည်ကောင်း၊ ရိုးရာ မုန့်များပြုလုပ်ရာတွင် လည်ကောင်း အမျိုးမျိုးပြုလုပ်စားသုံးကြသော်လည်း ဆန်ဆေးရည်ရဲ့ အသုံးဝင်ပုံကိုတော့ မေ့နေတတ်ကြပါတယ်။
ဆန်ဆေးရည်ဟာဆိုရင်ဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အသုံးဝင်ပါသေးတယ်နော်
-ဆန်ဆေးရည်သည် အပူငြိမ်းစေပြီး ဆီးကျင် ဆီးအောင့် ဝေဒနာများအတွက် လွန်စွာ အသုံးဝင်စေသည်။
-ဆန်ဆေးရည်မှာ Vitamin C, Vitamin A, Vitamin E စတဲ့ သဘာဝ Antioxidants တွေ ပါတဲ့အပြင် Vitamin B1,B3, B5, B6 & Folic acid ဓါတ်များ ပါဝင်လို့ အသားရည်ကို ကြည်လင်လှပစေရုံမှမက ဆံသားကိုလည်း အထူးကောင်းမွန်စေပါတယ်။

ဆန်ဆေးရည်ရဲ့ အခြားအသုံးဝင်တာတွေလည်း အများကြီးရှိသေးလို့ ထပ်သိချင်တယ်ဆိုရင်တော့ Rice.com.mm ကို Like လုပ်ထားလိုက်ပါနော်😊


✨ထမင်း လည်း စား ဝိတ် လည်း ထိန်း ✨ ဝိတ်ချနေတဲ့ သူတွေ မှာ များသောအားဖြင့် အစားအသောက်တွေ သိသိသာသာလျှော့ချလိုက်တဲ့ အတွက် ခန္...
28/07/2020

✨ထမင်း လည်း စား ဝိတ် လည်း ထိန်း ✨

ဝိတ်ချနေတဲ့ သူတွေ မှာ များသောအားဖြင့် အစားအသောက်တွေ သိသိသာသာလျှော့ချလိုက်တဲ့ အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နှင့် သတ္တုဓါတ် တချို့ ချို့တဲ့တတ်တဲ့အတွက် ဗီတာမင်နှင့် သတ္တု ဓါတ် ထပ်ဖြည့်ထားသော အားဖြည့်ဆန် လိုမျိုးကို စားပေးနိုင်ရင် ပိုကောင်းပါတယ်။
မြန်မာ လူမျိုး ဖြစ်တဲ့ အတွက်ကြောင့် ထမင်းကအဓိက အခြေခံ အစားအစာ ဖြစ်သည့်အလျှောက် ဝိတ်လျှော့နေတဲ့ အချိန်မှာ ထမင်း စားချင်တဲ့ စိတ်က တော်တော် ထိန်းရခက်တတ်ပါတယ်🥺
1. ထမင်း မစားခင်ရေ တစ်ခွက် အရင်သောက်ပါ🥛
2. ထမင်း မစားခင် အရွက်ကြော် ဒါမှမဟုတ်အရွက်သုတ် တစ်ပန်းကန် ကုန်အောင် အရင်စားပါ🥗
3. ထမင်း မစားခင် အရည်သောက် ဒါမှမဟုတ် ဟင်းချို တစ်ခုခု သောက်ပါ🍵
4. ဇွန်းခရင်း နှင့် ထမင်း စားတတ်တဲ့ အကျင့်လုပ်ပါ🍽️
5. ထမင်း တစ်ခါစားရင် အနည်းဆုံး ၁၀ မိနစ်⏱️ကြာအောင် စားပေးပါ အဲ့ဒါမှ စိတ်ထဲမှာ အလိုလို ထမင်းစားနေရင်း ဗိုက်ပြည့်သလို ခံစားရပါလိမ့်မယ်😉
6. ထမင်း စား ပြီ း မိနစ် (၃၀) လောက်နားနေပြီးမှ လမ်း လျှောက် ပေး ပါ 🚶
7.ထမင်း စားပြီးပြီးချင်း ရေ မချိူး ပါ နှင့် 🙅🛀
ဝိတ်လျှော့နေချိန် မှာ ထမင်းလုံးဝ မစားရဘူးဆိုတာ ထက် ထမင်း ကိုတော်ရုံ သင့်ရုံလောက်ပဲစားပြီး ဝိတ်လျှော့လို့ရပါတယ်💪💪


Address

Rangoon Ahlone
11121

Alerts

Be the first to know and let us send you an email when Rice.com.mm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rice.com.mm:

Share