08/07/2023
#အရေးကြီး
အဆုတ်ရောင် လေပြွန်ရောင် virus အတွက်
sharing လေး လုပ်ပါရစေ
ဒီရက်ထဲ ကလေးတွေ တော်တော်လေးဖြစ်ကြတဲ့ virus ကြောင့် ဆေးရုံတွေ အားလုံးနီးပါး ပြည့်နေပါတယ်
အိမ်က သမီးကြီးလေးက ကျောင်းသွားရင်း
အရင်ရက်က အပြင်းဖျားပါတယ်
ချောင်းဆိုးပြီး နောက်ရက်တွေမှာ သက်သာသွားပေမယ့်
သမီးအငယ်ဆုံးလေးကို ကူးသွားပုံရတယ်
သမီးအငယ်ဆုံးလေးက 1 လခွဲ ပါ
ညက ချောင်းဆိုးပြီး မောသလိုဖြစ်တာ day 3 ဖြစ်နေလို့
gran hantha မှာ Dr U Ye Kyaw Thu နဲ့ လာပြလိုက်ပါတယ်
ဆရာက ကလေးကို ကြည့်ပြီး အသက်ရှုတဲ့ပုံစံကြည့်ပြီးတာနဲ့ အရေးကြီးနေပြီ ဆေးရုံ ခုချက်ချင်းတင်လိုက်ပါဆိုလို့ grand က အိမ်နဲ့ ဝေးတာနဲ့
အာယုမှာ တင်မယ်ဆိုပြီး သွားတော့
အာယုက အခန်းတွေ ပြည့်နေလို့ လက်မခံပါဘူးရှင်
ရွှေလမင်းလည်း အခန်းပြည့်လို့
နောက်ဆုံး ပါရမီ သွားပါတယ်
ပါရမီ မှာလည်း ကလေးတွေက အရမ်းကို များပြီး
အခန်းမရှိတော့လို့ ပြန်လွှဲပေးနေရတာတောင် ဖြစ်နေပါတယ်တဲ့
နောက်ဆုံး grand ကို ဖုန်းပြန်ဆက်တော့
အခန်းရအောင်လုပ်ပေးပါမယ် လာခဲ့ပါဆိုလို့
ပြန်ရောက်လာပြီး grand မှာပဲ တင်လိုက်ပါတယ်
အခု ကလေးကို oxygen ပေးထားပါတယ်
Suction လုပ်ပါတယ်
3 နာရီခြား ဆေးရှူရပါတယ်
Antibiotic on ထားပါတယ်ရှင်
သူက စဖြစ်ပြီး day 4,5,6 မှာ အပြင်းထန်ဆုံးလို့ ပြောပါတယ် day 7 မှာမှ တဖြေးဖြေး ပြန်ကျပါတယ်တဲ့
မေမေတွေအားလုံး ဂရုစိုက်ကြပါရှင်
ကျောင်းတွေ ကစားကွင်းတွေ ပို့တာလေး
ဒီရက်တွေ ဂရုစိုက်ပါနော်
ဖြစ်နိုင်ရင် contact ပြတ်အောင် ကလေးတွေကို
ကျောင်း 5 ရက် တစ်ပတ် လောက် နားထားပါလို့
ဆရာက ပြောလိုက်ပါတယ်
အားလုံး သတိထားလို့ရအောင်ပါရှင်
Copy
Credit မေယုမေမေ