HM Skin Care Naypyitaw - Myanmar

HM Skin Care Naypyitaw - Myanmar ဝက်ခြံ တင်းတိပ်နဲ့ အမဲစက်တွေကို ချေဖျက်ကြမယ်

HM Skincare သုံးပြီး စိတ်ချမ်းသာသွားကြသူများ 🥰သဲလေးတို့ဆီက ခုလို သတင်းကောင်းလေးတွေပြန်ကြားရတဲ့အတွက် အရမ်းစိတ်ကျေနပ်ပီတိဖ...
01/06/2026

HM Skincare သုံးပြီး စိတ်ချမ်းသာသွားကြသူများ 🥰

သဲလေးတို့ဆီက ခုလို သတင်းကောင်းလေးတွေပြန်ကြားရတဲ့အတွက် အရမ်းစိတ်ကျေနပ်ပီတိဖြစ်ပြီး အရမ်းလည်းကျေးဇူးတင်ပါတယ်နော်။ သဲလေးတို့ ပိုပြည့်စုံတဲ့အလှတရားပိုင်ရှင်ဖြစ်ဖို့ ထပ်ပြီးတော့လည်းကြိုးစားသွားပါမယ်။ 💌

သုံးဖူးသူတိုင်းနောင်တမရဘဲ စိတ်ချမ်းသာပြီး လှပသွားချင်တယ်ဆိုရင် HM Skincare ကိုသာ ရွေးချယ်လိုက်ပါ။


ဒီတစ်ပတ်မှာတော့ သဲလေးတို့အတွက် ဝက်ခြံဖြစ်ရတဲ့ အဓိကတရားခံများကိုပြောပြပေးသွားပါမယ်😍ကိုယ့်မျက်နှာက ဝက်ခြံနဲ့အမြဲမပြတ်ဘူး ပ...
01/06/2026

ဒီတစ်ပတ်မှာတော့ သဲလေးတို့အတွက် ဝက်ခြံဖြစ်ရတဲ့
အဓိကတရားခံများကိုပြောပြပေးသွားပါမယ်😍

ကိုယ့်မျက်နှာက ဝက်ခြံနဲ့အမြဲမပြတ်ဘူး ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ခဏခဏဖြစ်တယ် ဘာလို့မှန်းမသိဘူးဆိုရင်တော့ ဒီပိုစ့်လေးကို အဆုံးထိဖတ်ကြည့်နော်

1️⃣ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း
မိန်းကလေးတွေ ဓမ္မတာဖြစ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲများတာကြောင့် အဆီထုတ်မှုများပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံဖြစ်တတ်ကြပါတယ်။

2️⃣ မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်း
ကိုယ့်ရဲ့အဖေအမေနဲ့ မောင်နှမတွေက ဝက်ခြံထွက်လွယ်တဲ့မျိုးရိုးဆိုရင်လည်း ဝက်ခြံက ထွက်တတ်ပါတယ်။ ဒီလိုဆိုရင် ကိုယ်က Skincare သေချာလုပ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးသေချာသောက်ပြီး ဂရုစိုက်ပေးရပါမယ်။

3️⃣ အစားအသောက်ကြောင့်ဖြစ်ခြင်း
အသင့်စားအစားစာတွေ၊ ဆီကြော်စာတွေ၊ အပူအစပ်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကလည်း ဝက်ခြံကိုဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ကဂရုစိုက်နေရဲ့သားနဲ ဝက်ခြံကထွက်နေတုန်းပဲဆိုရင်လည်း အစားအသောက်ကို သတိထားကြည့်ပါနော်။

4️⃣ အိပ်ရေးမဝခြင်း
လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံ ၇ နာရီလောက်အိပ်ရမှာဖြစ်ပြီး ည 11 နာရီမတိုင်ခင်အိပ်သင့်ပါတယ်။ 11နာရီကျော်မှ အိပ်ရင် ကော်လဂျင်ဓာတ်တွေလျင်မြန်စွာလျော့ကျနိုင်ပြီးတော့ အိပ်ရေးမဝဘဲ ဝက်ခြံကိုပိုဖြစ်စေပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ်သတိမထားမိတဲ့ ဝက်ခြံဖြစ်ရတဲ့အကြောင်းအရင်းတစ်ခုခုလောက်ကို သိလောက်မယ်ထင်ပါတယ်နော်။ ဝက်ခြံမပျောက်တိုင်း skincare နဲ့ မတည့်တာလို့မစဉ်းစားဘဲ အခုပြောတဲ့အချက်တွေရောပဲသေချာလေးစဉ်းစားပြီး မှန်ကန်တဲ့နည်းလမ်းလေးတွေရွေးချယ်နိုင်ပါပြီ။ အားလုံးပဲ ဝက်ခြံကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော် သဲလေးတို့ရေ,,,,💙


31/05/2026

Skincare မှာတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့
Suncream က အရေးကြီးဆုံးပါနော်😘


32500 mmk

Tiktok က ရောင်းရတဲ့ ၅မျိုးဆက်လေး2သိန်းနီးပါး income😍😘ဝယ်ယူအားပေးကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🙏🙏 ...
31/05/2026

Tiktok က ရောင်းရတဲ့ ၅မျိုးဆက်လေး

2သိန်းနီးပါး income😍😘

ဝယ်ယူအားပေးကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🙏🙏


09250500724

နေပြည်တော် သူလေးရဲ့ အမှာမနက်ဖြန် ပို့မယ်ရှင်😍😘      09250500724
29/05/2026

နေပြည်တော် သူလေးရဲ့ အမှာ

မနက်ဖြန် ပို့မယ်ရှင်😍😘



09250500724

29/05/2026

🙏ကံချေဆုတောင်း 🙏
အမေးများကြလို့ မျှဝေပေးလိုက်ပါတယ်ရှင့်

🙏ဘုန်းတော်အနန္တ-ကံတော်အနန္တ-ဥာဏ်တော်အနန္တ စကြ်ာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ
တန်ခိုးတော်အနန္တတို့နှင့်ပြည့်စုံတော်မူသော
သုံးလောကထွဋ်ထား သဗ္ဗညုတမြတ်စွာဘုရား

🙏ဘုရားတပည့်တော်သည် လွန်လေပြီးသော
အတိတ်ကာလ ဘဝပေါင်းများစွာမှစ၍ ယခုမျက်မှောက်ဘဝကာလအထိ ဘုရားတပြည့်တော်ကိုယ်တိုင်က လိုလိုလားလားဆိုထားခဲ့ဖူးသော သစ္စာ-ကျိန်စာ-ဆုတောင်းမှား-ဝဋ်ကြွေး မှန်သမျှတို့သည်လည်းကောင်း

🙏တစ်ပါးသောသူတို့က ဘုရားတပည့်တော်အား တိုက်ရိုက်ပေးအပ်ထားခြင်း ပြုထားသော သစ္စာ-ကျိန်စာ-ဆုတောင်း-ဝဋ်ကြွေး မှန်သမျှတို့သည်လည်းကောင်း

🙏ဘဝအဆက်ဆက် သံသရာအဆက်ဆက်က ကာယကံ-ဝစီကံ-မနောကံ ဝဋ်ကြွေးများသည်လည်းကောင်း ၊ယနေ့ယခုချိန်မှစ၍ ဘုရားတပည့်တော်၏ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့ လျှောကျပျောက်ကင်း စင်ကြယ်ရသည့်ကိုယ်ဖြစ်ရပါလို၏အရှင်ဘုရား

🙏ဘုရားတပည့်တော်သည် လွန်လေပြီးသောအတိတ်ကာလ ဘဝပေါင်းများစွာမှစ၍ ယခုမျက်မှောက်ကာလအထိ အမှတ်တမဲ့ပြောမှား-ဆိုမှား-ပြုမှားများသည်လည်းကောင်း၊ အပြစ်ဒေါသနှင့်ယှဉ်သော မကောင်းသောစကားအမှား-အနိဌာရုံအမှားများ
ကာယကံ-ဝစီကံ-မနောကံ
အပြစ်အမှားများ"ဒဏ်သင့်ခြင်း"အားလည်းကောင်း

🙏ယနေ့ ယခုချိန်မှစ၍ ဘုရားတပည့်တော်၏ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့
လျှောကျပျောက်ကင်း စင်ကြယ်ရသည့်ကိုယ်ဖြစ်ရပါလို၏အရှင်ဘုရား

🙏တပည့်တော်သည် လွန်လေပြီးသောအတိတ်ကာလ ဘဝပေါင်းများစွာမှစ၍ ယခုမျက်မှောက်ဘဝကာလအထိ မသိမိုက်မဲ၍

ရတနာမြတ်သုံးပါး
မိဘ-ဆရာသမားဟူသော အနန္တောအနန္တငါးပါးတို့အားလည်းကောင်း-အနန္တဂိုဏ်းတော်ဝင်တို့အားလည်းကောင်း-ခင်ပွန်းကြီး(၁၀)ပါးတို့အားလည်းကောင်း-
ထေရီထေရာ၊မြတ်သံဃာတို့အားလည်းကောင်း-
ရသေ့သူတော်စင်၊ သီလရှင်အစရှိသောပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့အားလည်းကောင်း-
အဘိုးအဘွား လူကြီးသူမ
ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေး အစ်ကိုကြီးအစ်ကိုလေး အစ်မကြီးအစ်မလေး အစရှိသောပုဂ္ဂိုလ်များအားလည်းကောင်း၊

🙏ဗြဟ္မာမင်း သိကြားမင်း နတ်မင်းကြီးများနှင့်နတ်ဒေဝတာအပေါင်း
ဝိဇ္ဇာ ဇော်ဂျီ တပသီအပေါင်းအားလည်းကောင်း၊
-ဂိုဏ်းရှင်ဂိုဏ်းဝင် အရိယာသူတော်စင်များနှင့်
ကျေးဇူးရှင်ဆရာသမားများအား
လည်းကောင်း၊
တပည့်တော်ထက် ကြီးသူအပေါင်းအားလည်းကောင်း၊
ကာယကံ-ဝစီကံ-မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိပါက ထို"အပြစ်ဒေါသ"ဟူသမျှအတွက် ဘုရားတပြည့်တော်ရိုသေစွာဖြင့်
တောင်းပန်ပါ၏ဘုရား

🙏တပည့်တော်ထက်ငယ်သောသူအပေါင်း ၊အားနည်း နိမ့်ကျသူအပေါင်းတို့အပေါ် လည်း သံသရာအဆက်ဆက်၌ ညှည်းပမ်းနှိပ်စက်ပြုမူခဲ့သမျှရှိခဲ့သည်ရှိသော်လည်းကောင်း ခွင့်လွှတ်ပါရန် တောင်းပန်ပါ၏ဘုရား

🙏ဘုရားတပည့်တော်၏ သံသရာမှာကျင်လည်ခဲ့သမျှကာလ ဘဝအဆက်ဆက်က ကံကြွေး ဝဋ်ကြွေး ကျိန်စာ နှင့်တကွ ဆုတောင်းမှား ဟူသမျှတို့ကို
သည်းခံခွင့်လွှတ်ကျေအေးပေးပါရန် တောင်းပန်အပ်ပါသည်အရှင်ဘုရား

🙏ယနေ့ ယခုချိန်မှစ၍ ဘုရားတပည့်တော်၏ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့လျှောကျပျောက်ကင်း၍
အကုသိုလ် ကံကြွင်းကံစတို့သည် မီးမှာကျရောက်မျိုးစေ့မပေါက်နိုင်သကဲ့သို့ ပျက်စီးရပါစေသားအရှင်ဘုရား။

🙏ဘုရားတပည့်တော်အပေါ်လည်း
သိလျက်ဖြစ်စေ၊မသိဘဲနဲ့ဖြစ်စေ
ကျူးလွန်​​​​ ပြစ်မှား စော်ကားခဲ့မိသူများရှိခဲ့ပါမူ အပြစ်ဟူသမျှ မြူမှုံမျှမယူ ခွင့်လွှတ်ပါ၏ အရှင်ဘုရား။

#အသိပညာ
#ဓမ္မ
#တရားစကား

လကုန်ခါနီးလို့ ပိုက်ဆံကုန်သွားပေမယ့် လိုအင်ဆန္ဒတွေမကုန်သေးသောအခါ😑😑
29/05/2026

လကုန်ခါနီးလို့ ပိုက်ဆံကုန်သွားပေမယ့်
လိုအင်ဆန္ဒတွေမကုန်သေးသောအခါ😑😑


အိမ်ကို လာဝယ်သွားတဲ့ ရေဓာတ်ဖြည့် အတွဲလေးဒီ ဝယ်သူကတော့ အဝင်းနဲ့ အကြိုက်ချင်းတူသွားပြီဝယ်တိုင်း ဒီအတွဲလေးပဲ😍😘    092505007...
28/05/2026

အိမ်ကို လာဝယ်သွားတဲ့ ရေဓာတ်ဖြည့် အတွဲလေး

ဒီ ဝယ်သူကတော့ အဝင်းနဲ့ အကြိုက်ချင်းတူသွားပြီ
ဝယ်တိုင်း
ဒီအတွဲလေးပဲ😍😘



09250500724

Skincare အရွေးမမှားဖို့အတွက် ကိုယ်က ဘာ Skin Type လဲဆိုတာ အခုထိမသိသေးဘူးဆိုရင်တော့ အခုပိုစ့်လေးကိုဆုံးအောင်ဖတ်ကြည့်နော်🥰မ...
26/05/2026

Skincare အရွေးမမှားဖို့အတွက် ကိုယ်က ဘာ Skin Type လဲဆိုတာ အခုထိမသိသေးဘူးဆိုရင်တော့
အခုပိုစ့်လေးကိုဆုံးအောင်ဖတ်ကြည့်နော်🥰

မျက်နှာသေချာသစ်ပြီးတော့ ဘာမှမလိမ်းဘဲ
15 mins - 20 mins လောက် ထားကြည့်ပါ ။

👉 Oily Skin (အဆီပြန်အသားအရေ)
မျက်နှာတစ်ပြင်လုံး အဆီပြန်လာပြီး လက်နဲ့မျက်နှာကိုကိုင်ကြည့်လိုက်ရင် စေးကပ်ကပ်နဲ့ လက်မှာဆီလိုလေးတွေ ကပ်ပါလာရင် သဲလေးတို့ရဲ့မျက်နှာက Oily Skin (အဆီပြန်အသားအရေ) ပါ။

👉 Combination Skin (ပေါင်းစပ်အသားအရေ)
သူ့ကိုတော်တော်များများက အဆီပြန်အသားအရေနဲ့မှားတတ်ကြပါတယ်။ ပေါင်းစပ်အသားအရေက မျက်နှာတစ်ခုလုံး အဆီပြန်တာမျိုးမဟုတ်ဘဲ T-zone လို့ခေါ်တဲ့ နဖူး၊နှာခေါင်းနဲ့ မေးစေ့တဝိုက်မှာပဲ အဆီပြန်တာမျိုးဖြစ်ပါတယ်။

👉 Normal Skin (ပုံမှန်အသားအရေ)
ဒါကတော့ လူတိုင်းလိုချင်ကြတဲ့ Skin Type ပဲဖြစ်ပါတယ်။ အဆီလည်းအရမ်းမပြန်၊ အရမ်းလည်းမခြောက်ဘဲ မျက်နှာသစ်ခါစကလိုအသားအရေပဲဆိုတော့ Congratulations… သဲလေးတို့က Normal Skin (ပုံမှန်အသားအရေ) ကိုပိုင်ဆိုင်ထားတာပါ။

👉 Dry Skin (ခြောက်သွေ့အသားအရေ)
တကယ်လို့သဲလေးရဲ့မျက်နှာက အဆီမပြန်ဘဲ တင်းတင်းခြောက်ခြောက်ကြီးဖြစ်လာပြီဆိုရင်တော့ Dry Skin (ခြောက်သွေ့အသားအရေ) အမျိုးအစားပဲဖြစ်ပါတယ်။

👉 Sensitive Skin (ဆန်းဆန်းတင့် အထိမခံအသားအရေ)
ဒါကတော့ နာမည်နဲ့လိုက်အောင်ကိုဆန်းဆန်းတင့်ပါတယ်။ Skincare တော်တော်များများနဲ့မတည့် ဘာလိမ်းလိမ်းမျက်နှာကရဲလာတယ်ဆိုတော့ ဆန်းဆန်းတင့်အသားအရေပိုင်ရှင်ပဲဖြစ်ပါတယ်။ သူက Skincare ပြင်းတာတွေထက် Baby skincare ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ Skincare မျိုးသုံးတာကပိုအဆင်ပြေပါတယ်။

ဒီလောက်ဆိုရင်တော့ ဒါလေးတွေဖတ်ပြီး
သဲလေးတို့ရဲ့ Skin Type ကိုသိသွားလောက်ပြီထင်ပါတယ်နော်။ နောက်လည်း အခုလို Skincare နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ မကြာခဏတင်သွားပေးမှာဖြစ်လို့ Like & Follow လေးနဲ့စောင့်ကြည့်ပေးကြပါဦးနော် 😉


26/05/2026

ကုသိုလ်တစ်ခု နေ့စဥ်ပြု 🙏🙏🙏

Address

Pyinmana

Telephone

+959250500724

Website

Alerts

Be the first to know and let us send you an email when HM Skin Care Naypyitaw - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HM Skin Care Naypyitaw - Myanmar:

Share