09/07/2026
တစ်သက်လုံး အကြွေးကင်းပြီး ချမ်းသာချင်ရင် သိထားရမယ့် အိန္ဒိယသူဌေးတွေရဲ့ ငွေစုနည်း ၁၀၀
၁။ မသုံးခင် အရင်စုပါ။
၂။ လိုချင်တာ (Want) ထက် လိုအပ်တာ (Need) ကိုပဲ အရင်ဝယ်ပါ။
၃။ ငွေတစ်ပြားကိုတောင် တန်ဖိုးထားပါ။
၄။ ချွေတာတာဟာ ရှက်စရာမဟုတ်ဘူး၊ ဂုဏ်ယူစရာလို့ သတ်မှတ်ပါ။
၅။ သူများနဲ့ အပြိုင်အဆိုင် မနေပါနဲ့။
၆။ ပိုက်ဆံရှိရင်တောင် မရှိသလို ရိုးရိုးသားသားနေပါ။
၇။ အကြွေးကို အဆိပ်လို ကြောက်ပါ။
၈။ စုဆောင်းတာကို ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ပါ။
၉။ အနာဂတ်အတွက် အမြဲ ကြိုတင်ပြင်ဆင်ပါ။
၁၀။ ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးတဲ့ စိတ်ဓာတ်မွေးပါ။
၁၁။ ဈေးဆစ်ဖို့ ဘယ်တော့မှ မရှက်ပါနဲ့။
၁၂။ ဈေးမဝယ်ခင် တခြားဆိုင်တွေနဲ့ အမြဲ နှိုင်းယှဉ်ပါ။
၁၃။ အလုံးလိုက်၊ အထုပ်လိုက် (Bulk) ဝယ်ပါ။ ပိုသက်သာပါတယ်။
၁၄။ အမှတ်တံဆိပ် (Brand) ထက် အရည်အသွေးကို ကြည့်ပါ။
၁၅။ အရောင်းအဝယ်ပွဲတော် (Sale) ရှိမှ ဝယ်ပါ။
၁၆။ အဝတ်အစားကို အသစ်မဝယ်ဘဲ ရှိတာကို သန့်ရှင်းအောင် ဝတ်ပါ။
၁၇။ တစ်ပတ်စာ လိုအပ်တာကို စာရင်းလုပ်ပြီးမှ ဝယ်ပါ။
၁၈။ မလိုအပ်ဘဲ အပြင်သွားပြီး ပိုက်ဆံမဖြုန်းပါနဲ့။
၁၉။ အကြွေးဝယ်ကတ် (Credit Card) ကို တတ်နိုင်သမျှ ရှောင်ပါ။
၂၀။ လက်ငင်းငွေချေစနစ်ကိုပဲ သုံးပါ။
၂၁။ အပြင်စာထက် အိမ်စာကိုပဲ စားပါ။
၂၂။ ဟင်းသီးဟင်းရွက် ပိုစားပါ။ အသားထက် ဈေးသက်သာပြီး ကျန်းမာပါတယ်။
၂၃။ ရေခဲသေတ္တာထဲက လက်ကျန်ဟင်းတွေကို ပြန်နွှေးစားပါ။ မလွှင့်ပစ်ပါနဲ့။
၂၄။ အဆာပြေမုန့်တွေကို အိမ်မှာပဲ လုပ်စားပါ။
၂၅။ လက်ဖက်ရည်၊ ကော်ဖီကို အပြင်မှာ မသောက်ဘဲ အိမ်မှာဖျော်ပါ။
၂၆။ ရေဘူး အမြဲ ဆောင်သွားပါ။ အပြင်က ရေသန့်ဝယ်မသောက်ပါနဲ့။
၂၇။ ရာသီစာ သီးနှံတွေကိုပဲ ဝယ်စားပါ။ ဈေးသက်သာပါတယ်။
၂၈။ အိမ်မှာ ဟင်းသီးဟင်းရွက် စိုက်စားပါ။
၂၉။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဆေးဖိုးသက်သာပါတယ်။
၃၀။ အိမ်တွင်းဆေးမြီးတို (Home Remedies) တွေကို အသုံးချတတ်ပါစေ။
၃၁။ ပိုတဲ့ငွေကို ရွှေဝယ်စုပါ။
၃၂။ ရွှေကို အဆင်တန်ဆာထက် ပိုင်ဆိုင်မှု (Asset) အနေနဲ့ စုပါ။
၃၃။ အတိုးရမယ့် စုငွေစာရင်း (Fixed Deposit) ထားပါ။
၃၄။ အိမ်ခြံမြေ ဝယ်နိုင်အောင် အမြဲကြိုးစားပါ။
၃၅။ ရှယ်ယာနဲ့ ရင်းနှီးမြှုပ်နှံမှုကို နားလည်အောင် လုပ်ပါ။
၃၆။ ငွေကို တစ်နေရာတည်းမှာ မထားပါနဲ့။
၃၇။ အာမခံ (Insurance) ထားရှိပါ။
၃၈။ ပိုက်ဆံကို အိပ်ထဲမှာ ဒီအတိုင်း မထားပါနဲ့၊ တစ်ခုခုထဲ ထည့်ထားပါ။
၃၉။ သားသမီး ပညာရေးအတွက် သူတို့မွေးကတည်းက စုပါ။
၄၀။ အမြတ်ထက် အရင်းမရှုံးဖို့ အရင်စဉ်းစားပါ။
၄၁။ မသုံးတဲ့ မီးခလုတ်တွေကို ပိတ်ထားပါ။
၄၂။ ရေကို ခြွေတာသုံးပါ။
၄၃။ ပစ္စည်းပျက်ရင် အသစ်မဝယ်ဘဲ အရင်ပြင်ကြည့်ပါ။
၄၄။ အိမ်က ပစ္စည်းအဟောင်းတွေကို ပြန်ရောင်းပါ။
၄၅။ အိမ်မှာ အလုပ်သမားမငှားဘဲ ကိုယ်တိုင်လုပ်ပါ။
၄၆။ အဝတ်လျှော်ရင် ဆပ်ပြာကို ချွေတာပါ။
၄၇။ လျှပ်စစ်ပစ္စည်းတွေကို သတိနဲ့သုံးပါ။
၄၈။ အိမ်လခ သက်သာမယ့်နေရာမှာ နေပါ။
၄၉။ အိမ်မှာ ပွဲလမ်းသဘင်လုပ်ရင် ရိုးရိုးရှင်းရှင်းပဲ လုပ်ပါ။
၅၀။ လက်ဆောင်ပေးရင် အသုံးဝင်မယ့် ပစ္စည်းပဲ ပေးပါ။
၅၁။ တတ်နိုင်သမျှ လမ်းလျှောက်ပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်။
၅၂။ အများသုံး ဘတ်စ်ကား၊ ရထားကို သုံးပါ။
၅၃။ ဆိုင်ကယ်၊ ကားကို ဆီစားသက်သာတာ ရွေးစီးပါ။
၅၄။ လမ်းကြောင်းတူရင် ကားအတူစီး (Carpooling) ပါ။
၅၅။ ကားကို ပုံမှန် စစ်ဆေးပါ။ ပြင်ဆင်စရိတ် သက်သာပါတယ်။
၅၆။ တက္ကစီ (Taxi) ငှားစီးတာကို တတ်နိုင်သမျှ ရှောင်ပါ။
၅၇။ စက်ဘီးစီးပါ။
၅၈။ ခရီးသွားရင် ဈေးအသက်သာဆုံး နည်းလမ်းကို ရှာပါ။
၅၉။ လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်ပါ။
၆၀။ အနီးနားသွားရင် ကိုယ်ပိုင်ကား မထုတ်ပါနဲ့။
၆၁။ မင်္ဂလာဆောင်တွေကို ငွေကုန်ကြေးကျ အများကြီး မခံပါနဲ့။
၆၂။ သူငယ်ချင်းတွေနဲ့ တွေ့ရင် စရိတ်ခွဲ (Dutch) ပေးပါ။
၆၃။ အခမဲ့ သင်တန်းတွေကို တက်ပါ။
၆၄။ စာအုပ်ကို ဝယ်မဖတ်ဘဲ ငှားဖတ်ပါ သို့မဟုတ် Online က ဖတ်ပါ။
၆၅။ ကျူရှင်ထက် ကိုယ်တိုင် လေ့လာတာကို အားပေးပါ။
၆၆။ အဝတ်အစားကို တစ်ယောက်ကနေ တစ်ယောက် လက်ဆင့်ကမ်းဝတ်ပါ။
၆၇။ ပွဲတက်ဝတ်စုံကို အများကြီး မဝယ်ပါနဲ့။
၆၈။ အလှူအတန်းကို တတ်နိုင်သလောက်ပဲ လုပ်ပါ။
၆၉။ ကလေးတွေကို ငွေရဲ့ တန်ဖိုးကို သင်ပေးပါ။
၇၀။ ပညာရေးဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလို့ မှတ်ထားပါ။
၇၁။ နေ့စဉ် သုံးသမျှကို စာရင်းမှတ်ပါ။
၇၂။ လကုန်ရင် စာရင်းပြန်ချုပ်ပါ။
၇၃။ အရေးပေါ်သုံးငွေ (Emergency Fund) သီးသန့်ထားပါ။
၇၄။ ဆေးလိပ်၊ အရက် စတဲ့ အပိုကုန်ကျစရိတ်တွေကို ဖြတ်ပါ။
၇၅။ အားလပ်ရက်မှာ ပိုက်ဆံမကုန်တဲ့ အလုပ်ပဲ လုပ်ပါ။
၇၆။ ကိုယ်တိုင် လုပ်နိုင်တာမှန်သမျှ ကိုယ်တိုင်လုပ်ပါ။
၇၇။ အပိုဝင်ငွေရမယ့် အလုပ် (Side Hustle) ရှာပါ။
၇၈။ ဈေးဝယ်စင်တာ (Mall) တွေထဲ အလကား လျှောက်မလည်ပါနဲ့။
၇၉။ အွန်လိုင်းက ဈေးဝယ်တာကို လျှော့ပါ။
၈၀။ စိတ်လိုက်မာန်ပါ (Impulse Buying) ပစ္စည်းမဝယ်ပါနဲ့။
၈၁။ အမြတ်နည်းနည်း၊ အရောင်းများများ (Low Margin, High Volume) စနစ်သုံးပါ။
၈၂။ ဖောက်သည်ကို လေးစားပါ။
၈၃။ ယုံကြည်မှုကို အရင်းအနှီးလုပ်ပါ။
၈၄။ အလုပ်ကို မခိုမကပ်ဘဲ ကြိုးစားပါ။
၈၅။ အချိန်ကို ပိုက်ဆံလို သတ်မှတ်ပါ။
၈၆။ အသေးအဖွဲ ကုန်ကျစရိတ်တွေကို ဂရုစိုက်ပါ။
၈၇။ နည်းပညာကို အသုံးချပြီး ကုန်ကျစရိတ်လျှော့ပါ။
၈၈။ ပါတနာနဲ့ လုပ်ကိုင်တတ်ပါစေ။
၈၉။ စွန့်ဦးတီထွင်တဲ့ စိတ်ရှိပါ။
၉၀။ ကျရှုံးမှုကို သင်ခန်းစာယူပါ။
၉၁။ ဝင်ငွေထက် ထွက်ငွေကို အမြဲ နည်းပါစေ။
၉၂။ နှစ်ပေါင်းများစွာ စောင့်ရမယ့် ရင်းနှီးမြှုပ်နှံမှုကို လုပ်ပါ။
၉၃။ အတိုးပေါ် အတိုးဆင့်ခြင်း (Compounding) ရဲ့ အစွမ်းကို ယုံကြည်ပါ။
၉၄။ အိုမင်းလာတဲ့အခါအတွက် ကြိုစုပါ။
၉၅။ အပိုပစ္စည်းတွေကို မစုဆောင်းပါနဲ့။
၉၆။ ရိုးရှင်းတဲ့ လူနေမှုပုံစံ (Simple Living) ကို ထိန်းသိမ်းပါ။
၉၇။ ကိုယ့်ကိုကိုယ် အမြဲ မြှင့်တင်ပါ။
၉၈။ ကံကို မယုံဘဲ အလုပ်ကို ယုံပါ။
၉၉။ စည်းကမ်းရှိရှိ စုဆောင်းပါ။
၁၀၀။ အောင်မြင်တဲ့သူတွေဆီက အမြဲ လေ့လာပါ။
Crd..original post
MTZ Company Registration Consultancy
ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်