30/11/2020
Benefits of crocheting❤❤❤❤❤
မင်မင် google & fbကနေရှာဖွေထားတဲ့ ချည်ထိုးခြင်း ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး အချက်အနည်းငယ်ကို နားလည်သလောက်လေး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင့်😍
❤သိုးမွေးထိုးခြင်းက depression စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်တတ်တာတွေကို သက်သာစေပါတယ် ✅
❤ သိုးမွေးထိုးတာက relax ဖြစ်စေတာကြောင့် stress စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ် ✅
❤သိုးမွေးထိုးခြင်းက Alzheimer နဲ့ Dementia တို့လို မှတ်ဉာဏ်နဲ့ ပက်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေနှုန်းကိုလည်း လျှော့ချပေးပါတယ်✅
❤ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်အောင်လဲ ကူညီ ပေးပါတယ်✅
❤သိုးမွှေးထိုးခြင်းအားဖြင့် Mental Health ဖြစ်တဲ့ စိတ်ကိုတည်ငြိမ်စေပါတယ်. Inner Mind ကို လှုံ့ဆော်ပေးလို့ Brain Muscle ကိုအလုပ်လုပ်စေပါတယ် ✅
❤ သိုးမွေးထိုးတာက မိမိရဲ့ Confidence level
ကိုလဲ မြှင့်တင်ပေးပြီးတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ချစ်တတ်လာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်✅
❤စိတ်ကိုစုစည်းစေလို့ တရားထိုင်သလိုဘဲ စိတ်တည်ငြိမ်မှုကိုပေးစေပါတယ်. အထူးသဖြင့် Group Therapy လုပ်ရာမှာ သိုးမွှေးထိုးခြင်းဟာ အချင်းချင်းကိုယ့်ရဲ့ လက်စွမ်းကိုပြသပေးလို့ရလို့ ကြိုးစားမှုကိုပိုမိုဖြစ်စေပါတယ် ✅
❤Cancer ဝေဒနာ ခံစားနေရတဲ့ လူနာတွေကို စိတ်သက်သာရာရစေရန် တဖက်နိုင်ငံတွေမှာ သိုးမွှေးထိုးခြင်းအနုပညာကိုပြုလုပ်ခိုင်းကြပါတယ် ✅
❤စိတ်ကိုတည်ငြိမ်စေရုံမျှမက လက်ချောင်းလေးတွေ, လက်ကောက်ဝတ်ကိုသုံးပြီးပြုလုပ်ရခြင်းကြောင့် Nerves (အာရုံကြော) တွေကိုလှုံ့ဆော်မှုပေးစေပါတယ် ✅
❤ဘာသာစကားအသစ်သင်ယူချင်တဲ့သူတွေ, စာမေးပွဲဖြေဆိုရမယ့်သူတွေအတွက် အကောင်းဆူံးသော စိတ်စုစည်းမှုဖြစ်စေတဲ့ နည်းကတော့ သိုးမွှေးထိုးခြင်းပါဟု သုသေသီတွေကဖော်ပြထားပါတယ် ✅
❤နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ သိုးမွှေးထိုးခြင်းကို အသက်ကြီးပိုင်းလူကြီးတွေ မှာပိုမို ပြုလုပ်ကြတာတွေ့ရပါတယ်. ဘာကြောင့်ပါလဲ? အသက်ကြီးတဲ့လူကြီးတွေဟာ နားချိန်တွေမှာ သိုးမွှေးထိုးခြင်းဖြင့်အပန်းဖြေကြပါတယ်. ဘာလို့လဲဆိုတော့ သိုးမွှေးထိုးခြင်းဟာ အသက်ကြီးရာတွင်ဖြစ်ပေါ်လေ့ရှိတဲ့ Memory Loss ကိုကာကွယ်ပေးနိုင်လို့ပါဘဲ. ✅
လက်မှုပညာတခုဖြစ်တဲ့ သိုးမွှေးထိုးခြင်းကို အားလပ်ချိန်များတွင်ပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်. လူငယ်, လူကြီးမရွေးပြုလုပ်လိူ့ရတဲ့ သိုးမွှေးထိုးခြင်းဟာ ကောင်းကျိုး အဖြာဖြာရှိစေလို့ပြုလုပ်စေလိုပါတယ်. ယခုခေတ်မှာတော့ သိုးမွှေးထိုးဖိူ့ သင်တန်းတွေတက်နေစရာမလိူတော့ပါဘူး, မိမိဘာသာ You Tube တွေ Google တွေမှာ Starter တွေအတွက် အလွယ်တကူ သင်ယူနိူင်တဲ့ Video တွေရှိနေပါပီ, မိမိဘာသာ အလွယ်တကူလေ့လာသင်ယူနိုင်ပါတယ်.
မင်မင် ရှာဖွေတွေ့ရှိသလောက်လေးတင်ပေးထားတာဖြစ်ပါတယ်ရှင့်