Chikhin's Handicraft

Chikhin's Handicraft Hand embroidery products & local made handicrafts

ခရမ်းရောင်တွေ ချစ်တတ်လား ?♡♡♡ခရမ်းလေးတွေက အမြင်အေးစေတာပဲ 💜ဒီပုဝါလေးထိုးပြီးတော့မှ ခရမ်းလေးတွေကြိုက်တတ်လာတာ🥰🥰မင်မင့်ဆီမှာ...
17/06/2023

ခရမ်းရောင်တွေ ချစ်တတ်လား ?♡♡♡

ခရမ်းလေးတွေက အမြင်အေးစေတာပဲ 💜
ဒီပုဝါလေးထိုးပြီးတော့မှ ခရမ်းလေးတွေကြိုက်တတ်လာတာ🥰🥰

မင်မင့်ဆီမှာ ချည်ထိုး ခြုံပုဝါလေးတွေ ပြန်မှာလို့ရပါပြီနော် 🌱

ကြာချိန်က ၂ ပတ်ကျော်ကျော်လေးဆိုတော့ ကိုယ်လိုချင်တဲ့ အချိန်ရဖို့ ကြိုမှာထားသင့်ပါတယ်နော်

မှာယူအားပေးတဲ့ အချစ်ကလေးကိုလည်း ကျေးဇူးများကြီး တင်ပါတယ်ရှင့် 🌷
လိုအပ်တဲ့ချိန်တိုင်း သတိတရရှိပေးလို့ 🌷🌷


မိုးရာသီဆိုတော့ Coaster လေးတွေ  လက်ဆောင်ထည့်ပေးဖြစ်ပါတယ် 🩷 ကော်ဖီထုပ်တွေတော့ စျေးကြီးလို့ ထည့်မပေးဖြစ်ဘူး🤏😪
16/06/2023

မိုးရာသီဆိုတော့ Coaster လေးတွေ
လက်ဆောင်ထည့်ပေးဖြစ်ပါတယ် 🩷
ကော်ဖီထုပ်တွေတော့ စျေးကြီးလို့ ထည့်မပေးဖြစ်ဘူး
🤏😪

အဖြူရောင်လွင်ပြင်ပေါ်က ခုန်ပေါက်နေသော  နှလုံးသားလေးများ🤎🧡🤎🤍  (ကိုယ့် Caption မှာ ကိုယ်အရည်ပျော်သွားပြီ) 🫠🫠မင်မင့်ဆီမှာ ခ...
15/06/2023

အဖြူရောင်လွင်ပြင်ပေါ်က ခုန်ပေါက်နေသော နှလုံးသားလေးများ🤎🧡🤎🤍
(ကိုယ့် Caption မှာ ကိုယ်အရည်ပျော်သွားပြီ) 🫠🫠

မင်မင့်ဆီမှာ ချည်ထိုး ခြုံပုဝါလေးတွေ ပြန်မှာလို့ရပါပြီနော် 🌱

ကြာချိန်က ၂ ပတ်ကျော်ကျော်လေးဆိုတော့ ကိုယ်လိုချင်တဲ့ အချိန်ရဖို့ ကြိုမှာထားသင့်ပါတယ်နော်

မှာယူအားပေးတဲ့ အချစ်ကလေးကိုလည်း ကျေးဇူးများကြီး တင်ပါတယ်ရှင့် 🌷
လိုအပ်တဲ့ချိန်တိုင်း သတိတရရှိပေးလို့ 🌷🌷


မတွေ့ရတာ ကြာသွားပြန်ပြီနော်😅ဒီနေ့တော့ ချည်ခင်က ပုဝါတစ်ထည်ထိုးတဲ့အခါ သတိထားမိတာလေးတွေ နည်းနည်း မျှဝေချင်လို့ပါ 🌱🌱ပုဝါတွေ ...
31/05/2023

မတွေ့ရတာ ကြာသွားပြန်ပြီနော်😅

ဒီနေ့တော့ ချည်ခင်က ပုဝါတစ်ထည်ထိုးတဲ့အခါ သတိထားမိတာလေးတွေ နည်းနည်း မျှဝေချင်လို့ပါ 🌱🌱

ပုဝါတွေ ထိုးတဲ့ခါ မင်မင်က အဦးဆုံးအနေနဲ့ ပုဝါအရောင်ရွေးပါတယ် Customer က အရောင်ရွေးတာလည်းရှိတာပေါ့ အဲ့ခါကျ ရွေးပြီးသား ပုဝါရောင်နဲ့ လိုက်တဲ့ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ vibe လေးရဖို့ အရင်ဆုံး

>>> အဓိက အရောင်ရွေးပါတယ်
ရွေးထားတဲ့ အဓိကအရောင်ရဲ့ ပန်းအမျိုးအစားကို ရှာတယ် (ဥပမာ ခရမ်းရောင်ဆို ဗေဒါပန်း ပျဥ်းမပန်း တွေရှိမယ်ပေါ့) ပြီးရင်တော့ မင်မင်က တခါတည်း

>>>frame ချပါတယ် Frame ဆိုတာက Wave design (အချိတ်ဆင်) ယူမှာလား Gather (ပန်းအစု) လုပ်မလားပေါ့ အဓိက ပန်းကိုရပြီဆိုတာနဲ့ frame အကြမ်းချတာပါ
(ခုပုံက wave ယူထားတာပေါ့နော်)

>>>frame အကြမ်းရပြီဆိုမှ ရွေးထားတဲ့ color ကို support ပေးနိုင်မယ့် အကူ ပန်းပိစိလေးတွေဖြစ်စေ သစ်ရွက် သစ်ခက်အနွယ်လေးတွေ ဖြစ်စေ လိုက်ခည့်ပါတယ်

>>>ပြီးရင်တော့ ရွေးထားတဲ့ အဓိက ပန်းကို ပုံပေါ်စေမယ့် stitch ကိုရွေးချယ်ပါတယ် ဒီနေရာမှာ မင်မင်တို့ stitch ရွေးမှားရင် လိုချင်တဲ့ ပန်းပုံက ပေါ်လာမှာမဟုတ်သလို လိုချင်တဲ့ vibe လည်းမရနိုင်ပါဘူး

ဒါ့ကြောင့် မင်မင်တို့ အားတဲ့အချိန်မှာ stitch အသစ်ဆန်းတွေ အမြဲထိုးကြည့်သင့်ပါတယ်

>>>ဒီအဆင့်မှာတော့ အရံပန်း အရံသစ်ရွက်လေးတွေအတွက် stitch စဥ်းစားရပါတယ်
🚫သတိထားရမှာက အရံပန်းလေးတွေရဲ့ stitch က အဓိကပန်းstitch ထက် ပိုမကြွစေရပါဘူး

မင်မင်ကတော့ အရံပန်း အရွက်လေးတွေထိုးတဲ့အခါ များသောအားဖြင့် satin stitch ရွေးတာများပါတယ်

ဒီ step လေးတွေက မင်မင် ပုဝါတစ်ထည်ထိုးတဲ့အခါ စဥ်းစားတဲ့ အဆင့်လေးတွေပါ ဒီလိုစဥ်းစားရင် ပိုလွယ်တယ် ပိုပြီလည်းမြန်ပါတယ်
ပထမအဆင့်မှာကတည်းက အားလုံးကို တွေးနေရင် အချိန်ပိုကြာပြီး ချည်ထိုးရတာ ရှေ့မရောက်ဖြစ်တတ်လို့ မင်မင်က ဒီ step လေးတွေ မျှဝေပေးလိုက်ပါတယ်နော်🌷

ကိုယ် ပုဝါတွေထိုးပြီဆိုရင် အကြာဆုံးအပိုင်းက အရောင်တွဲရတဲ့အပိုင်းပဲ 😄Color pallet တစ်ခုကို ရွေးပြီးရင် အရောင်တူတဲ့ချည်တွေ...
19/05/2023

ကိုယ် ပုဝါတွေထိုးပြီဆိုရင် အကြာဆုံးအပိုင်းက အရောင်တွဲရတဲ့အပိုင်းပဲ 😄
Color pallet တစ်ခုကို ရွေးပြီးရင် အရောင်တူတဲ့ချည်တွေလိုက်ရှာရတာရယ် လိုချင်တဲ့ Design က ပန်းအရောင်နဲ့ ထပ်တူကျချင်တာရယ် Supporting color ကို အဖျော့လား အရင့်လား ရွေးရတာရယ်နဲ့..
အကြာ​ကြီး...........

ဒီကြားထဲ သင်တန်းတက်နေတာနဲ့ ပျင်းနေတာရယ် 😁ခုတော့ ပြန်အသိဝင်လာလို့ အဟောင်းလေးနဲ့ update လိုက်ပါတယ် 🎈
18/05/2023

ဒီကြားထဲ သင်တန်းတက်နေတာနဲ့ ပျင်းနေတာရယ် 😁
ခုတော့ ပြန်အသိဝင်လာလို့
အဟောင်းလေးနဲ့ update လိုက်ပါတယ် 🎈

ယုန်ကလေးက နားရွက်ထောင် မုန်လာဥကို ဆောင် 😁🐰🐰မိုးပြာရောင်လေးပေါ်မှာလေ ယုန်ကလေးဖြူဖြူဖွေးဖွေးလေးဆိုတော့ ချစ်စရာကောင်းနေချက်...
17/02/2023

ယုန်ကလေးက နားရွက်ထောင် မုန်လာဥကို ဆောင် 😁🐰🐰

မိုးပြာရောင်လေးပေါ်မှာလေ ယုန်ကလေးဖြူဖြူဖွေးဖွေးလေးဆိုတော့ ချစ်စရာကောင်းနေချက်က 😶‍🌫️
အိတ် design လေးကလည်း ဆန်း
ထုပ်သီးလေးမှာ မုန်လာဥလေးတောင် ပါသေး 😶‍🌫️

"Tone Yone" ဆိုတဲ့ nickname လေးတောင် ချစ်မိနေရောပဲ 🌱

ဒီယုန်ကလေးကို မင်မင် ချည်တစ်မျှင်ချင်းသုံးပြီး အချိန်အများကြီး ပေးထားရတာ
ရလဒ်ကိုလည်း သိပ်သဘောကျတယ် 🌱

နောင်ကျ detail လေးတွေ စမ်းကြည့်ချင်တယ် 🤍


A little gift to u♡Color လေးတွေက တကယ့်အငြိမ်လေးတွေချည်း
14/02/2023

A little gift to u♡
Color လေးတွေက တကယ့်အငြိမ်လေးတွေချည်း


"ခရမ်းရောင်လေးတွေ ကြိုက်ပါတယ်" ဆိုတဲ့ ကိုယ့်ရဲ့ giveaway winner လေးအတွက် 💜💜💜နောက်ကျသွားတာ တောင်းပန်ပါတယ် 😁
07/02/2023

"ခရမ်းရောင်လေးတွေ ကြိုက်ပါတယ်" ဆိုတဲ့ ကိုယ့်ရဲ့ giveaway winner လေးအတွက် 💜💜💜
နောက်ကျသွားတာ တောင်းပန်ပါတယ် 😁


🔸️Zoom in🔸️
02/02/2023

🔸️Zoom in🔸️

Black and white set လေး ညီမလေး အမှာလေးလုပ်ပေးရတာ အနက်မကြိုက်တဲ့ ကိုယ်တောင် ကြိုက်ချင်သွားတယ် 😶နန်းဆန်တယ်ဆိုတာမျိုး🤍🖤🐝🤍🖤အ...
02/02/2023

Black and white set လေး
ညီမလေး အမှာလေးလုပ်ပေးရတာ အနက်မကြိုက်တဲ့ ကိုယ်တောင် ကြိုက်ချင်သွားတယ် 😶

နန်းဆန်တယ်ဆိုတာမျိုး🤍🖤🐝🤍🖤

အဖြူ အနက် နဲ့ ပျားလေးတွေက ပိုတောင်ချစ်ဖို့ကောင်းသေး 😶‍🌫️

V day အတွက် လက်ဆောင်မတောင်းရသေးရင် ပူဆာလိုက်နော်❗️❗️
မင်မင့်ကိုတော့မဟုတ်ပါဘူး
သက်ဆိုင်သူတွေကိုပါ 🤭


Address

Pyinmana

Telephone

+959452732669

Website

Alerts

Be the first to know and let us send you an email when Chikhin's Handicraft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chikhin's Handicraft:

Share