House Of Dank

House Of Dank # # # # #

20/11/2022

Page လေး ပြန် Run မည်....😍

17/01/2022

ဆရာကြီးတော့မဟုတ်ဘူး မြင်တာလေး ပြောစရာရှိတယ်

ပြောချင်တာက ပြဲတာလဲပြဲ
အဲ့တာကြီးထဲမှာကြည့် နစ်မွန်းမနေနဲ့
လုပ်စရာရှိတာတွေလဲ လုပ်ရမယ် ။

ဥပမာ - snoop dog တို့ Wiz တို့ ကိုကြည့် အမြဲတမ်းပြဲနေတာ သူတို့အောင်မြင်တယ် ပြဲပေမယ့် လုပ်စရာရှိတဲ့ အလုပ်လဲ သူတို့ လုပ်တယ် ။
(တစ်နေကုန် ပြဲပြီးရင်းပြဲနေပြီး ဘာမှ မလုပ်ချင်ပဲ ထောင့်လေးမှာ ခွေမနေနဲ့ မယူတက်ရင် W**d လဲ ဘေးပဲ)

အဲ့လိုနေ့တိုင်း တစ်နေ့လုံး စောက်တလွဲ ပြဲတာကိုပဲ တွေးနေပြီး သုံးစားမရတဲ့ ကောင်တွေ​ များလာလေလေ ပုံစံထဲက လူတွေက ဒီဟာကို မကောင်းမြင်လေလေပဲ မင်းတို့ legal ဖြစ်ချင်ရင် တစ်ယောက်ချင်းဆီတိုင်း ကိုယ်ကိုယ်တိုင် ပြင်ဆင်မှရမယ် ။

ပြောချင်တာကတော့ မင်းပြဲချင်သလောက်ပြဲ မင်းကြိုက်တဲ့ပုံစံနဲ့နေ ဘဝမှာမင်းလုပ်စရာတာတွေ မင်းလုပ်သင့်တာတွေကိုတော့ မမေ့နဲ့ ။

-Smokey

24/12/2021
Shuuu‼️.....
10/12/2021

Shuuu‼️.....

-Bob Marley...☮️☮️☮️
01/12/2021

-Bob Marley...☮️☮️☮️

21/10/2021

ဆေးခြောက် ကောင်းကျိုး/ဆိုးကျိုး.....🌿🌿🌱

ဆေးခြောက်နှင့် ကင်ဆာရောဂါ (ထပ်ဆင့်ကူးယူဖော်ပြခြင်း)မြန်မာလို ဆေးခြောက် လို့ခေါ်တဲ့ W**d၊ Ma*****na ဟာ ကင်ဆာကိုပျောက်ကင်း...
18/10/2021

ဆေးခြောက်နှင့် ကင်ဆာရောဂါ
(ထပ်ဆင့်ကူးယူဖော်ပြခြင်း)

မြန်မာလို ဆေးခြောက် လို့ခေါ်တဲ့ W**d၊ Ma*****na ဟာ ကင်ဆာကိုပျောက်ကင်းစေတယ် ဆိုတဲ့သတင်းဟာ လွန်ခဲ့တဲ့ ၅နှစ်၊ ၆ နှစ်လောက်ကစပြီး ခပ်စိပ်စိပ်ကြားလာရတယ်။ ပြည်တွင်း သတင်းတွေမှာ၊ (ဘာသာပြန်) ဆောင်းပါးတွေမှာ တောင် ရံဖန်ရံခါ ထည့်သွင်းဖော်ပြလာကြတယ်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အရပ်ရပ်မှာ Legislation မျိုးစုံနဲ့ Legalize တာကိုလည်း ကြားနေရတယ်။ တချို့ပြည်နယ်တွေက ဆေးဘက်ဆိုင်ရာသုံး (Medical use) ပဲ ရတယ်။ တချို့ပြည်နယ်တွေက medical use သာမကပဲ အပမ်းဖြေဖို့သုံး (Recreational use) ပါရတယ်။ တချို့ပြည်နယ်တွေက W**d ကို Public Exposure မရှိတဲ့ နေရာ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာ သုံးစွဲခွင့်မရှိ၊ တချို့ပြည်နယ်တွေက သုံးစွဲခွင့်ရှိပေမယ့် ကိုင်ဆောင်ခွင့်မရှိ၊ (ဆိုလိုတာက အိမ်မှာသုံးပြီး အပြင်ထွက်လာရင်ဘာမှမဖြစ်ပေမယ့် ကိုယ်ပေါ်မှာပါလာရင် လက်ဝယ်တွေ့ရှိနဲ့ အမှုစွဲလို့ရသေးတယ်)၊ တချို့ပြည်နယ်တွေမှာ ဆရာဝန်ရဲ့ Recommendation နဲ့ အိမ်မှာ အရေအတွက်ကန့်သတ်ပြီး စိုက်ခွင့်ရှိတယ်၊ ကန့်သတ်ချက်ထက်ကျော်လွန်ရင်တော့ ရဲက ဖမ်းလို့ရတယ်။ အမျိုးမျိုးအထွေအထွေ...။

ဗဟုသုတအနေနဲ့ ထပ်ဖြည့်ပြောရရင် အမေရိကန်ရဲ့ ပြည်နယ် ၅၀ မှာ အခုဆို W**d ကို တရားမဝင် illegal သတ်မှတ်ထားတဲ့ပြည်နယ်၈ ခုပဲကျန်တော့တယ်။ ကယ်လီဖိုးနီးယားကပြည်နယ်က စလို့ Legalized- တရားဝင်အောင်လုပ်လာတာ ၄၂ ပြည်နယ် ရနေပြီပေါ့။ အခုဆိုရင် ဖက်ဒရယ်အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာတောင် Fully Legal ဖြစ်နေပြီ။

ဒါပေမယ့် ဆေးခြောက်ဟာ ကင်ဆာကို အမြစ်ပြတ်စေတာလား Cure Cancer လားဆိုတော့ မဟုတ်ဘူးရယ်။ ပျောက်ကင်းစေတာထက် ကင်ဆာကို ပြန်တိုက်ခိုက်နိုင်တာ။ ကင်ဆာဟာ မြစ်ပွားနာဖြစ်လို့ တဆင့်ပြီး တဆင့်ရောဂါ ရင့်လာတာနဲ့အမျှ သူကပ်စွဲတဲ့ ကိုယ်တွင်းကလီစာတွေကိုတဖြည်းဖြည်းနဲ့ အားနည်းအောင် တိုက်ခိုက်တဲ့အမျိုး။ ဒီနေရာမှာ ကျနော်တို့လူတွေခန္ဓာကိုယ်မှာ ရှိတဲ့ သွေးဖြူဥ တွေဟာ ရောဂါဖြစ်လာရင် အဲဒီရောဂါပိုးတွေကို တိုက်ခိုက်ပေးတယ်။ ကင်ဆာက ဒီသွေးဖြူဥတွေကို တဖြည်းဖြည်းနဲ့ လျော့လာအောင်လုပ်တယ်။ ဆေးခြောက်မှာပါတဲ့ THC-Tetrahydrocannbinol နဲ့ CBD - Cannabidiol ဓာတ်က လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဘာစွမ်းလဲဆိုတော့ အဲဒီ ကင်ဆာဆဲတွေကို အချင်းချင်းတိုက်ခိုက်ပြီး သေကုန်အောင်လုပ်တာပဲ။ ကင်ဆာလို တဖြည်းဖြည်းနဲ့ ပွားလာစေတာကို ဆေးကုသမယ်ဆို Chemotherapy လို့ခေါ်တဲ့ ကီမိုသွင်းတာလုပ်ရတယ်။ သေလောက်အောင်ခံရပြီး ကင်ဆာရောဂါသည်းလွန်းတဲ့လူနာတွေ တော်ရုံစိတ်ဓာတ်မပြင်းရင် အသက်မရှင်ချင်တော့လောက်အောင် နာကျင်စေတဲ့ ဆေးကုသမှုပုံစံပေါ့။ ဒါပေမယ့် ၁၀၀ ရာနှုန်းအလုပ်ဖြစ်လားဆိုတော့လည်း လူနာရဲ့ကံ ဝါ ဘုရားအစီအမံ (God's Plan) ပေါ်မူတည်သေးတယ်။

ကင်ဆာရောဂါသည်ဆိုတာက ပြည်နယ်တွေမှာ W**d Legal ရခြင်းမရခြင်းနဲ့ မသက်ဆိုင်ပဲ နေရာတိုင်းမှာရှိနေတာဆိုတော့ Legalized မဖြစ်သေးတဲ့ ပြည်နယ်က ကင်ဆာလူနာတွေဟာ တော်တော်ဒုက္ခရောက်ကြတာပေါ့။ (အမေရိကန်မှာမှ မဟုတ်ပါဘူး၊ အိမ်နီးချင်းထိုင်းနိုင်ငံတောင် ကွက်ကျော်မြင်ပြီး Legalization ကို ဒီ ၂၀၁၉-၂၀၂၀ မှာ အုန်းအုန်းဒိုင်းဒိုင်းလုပ်နေပေမယ့် ဒီမှာတော့ Medical/Recreational ကိုထားဦး၊ အစိုးရခွင့်ပြုချက်ရထားတဲ့ FID - Foreign Direct Investment ကိုတောင် ထောင်ထဲပိတ်ထည့်လိုက်တဲ့ ဥပဒေမူဘောင်-Legal framework ကြီးနဲ့ဆိုတော့ ဂိုးဒင်းဆီးသီးဖားဖိုးစီး (Golden City Far Foresee) ရွှေပြည်တော်မျှော်တိုင်းဝေး ပါပဲ- ဤကားစကားချပ်) ပိုဆိုးတာက မွေးရာပါကင်ဆာရောဂါ ပါလာတဲ့ ကလေးသူငယ်တွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နေတဲ့ မြီးကောင်ပေါက်အရွယ်တွေပဲ။ လူ့လောကကို ခုမှစတင်ရမယ့်အရွယ်မှာ ရောဂါနဲ့နပမ်းလုံးလိုက်၊ ဆေးတွေနဲ့နပမ်းလုံးလိုက်ဆိုတဲ့ ဘဝတွေပါပဲ။

နောက်ဆုံးဆရာဝန်က လက်လျှော့လိုက်တဲ့ ကင်ဆာရောဂါသည်(လူနာရှင်)တွေ ဆွဲမိလိုက်တဲ့ ကောက်ရိုးတစ်မျှင်က ဆေးခြောက်ပါပဲ။

W**d the People မှတ်တမ်းရုပ်ရှင်မှာတော့ Mara Gordon ဆိုတဲ့ အမျိုးသမီးဟာ အခု ဆေးခြောက်တရားဝင်ဖြစ်နေတဲ့ကယ်လီဖိုးနီးယားပြည်နယ်မှာ တရားမဝင်ခင်က ကင်ဆာရောဂါခံစားနေရပြီး ဒီဆေးခြောက်ကို တဆင့်စကား တဆင့်နား နဲ့ သုံးကြည့်ရာက သက်သာလာပြီး နောက်ဆုံး ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့အဆင့်ရောက်၊ ကိုယ်တိုင် ကင်ဆာရောဂါဖြစ်နေတဲ့ ကလေးတွေရဲ့ မိဘတွေကို ဆေးခြောက်ဆီ - Cannabis Oil ဖော်စပ်ပြီး ကိုယ်တိုင်လည်းရောင်း၊ လူတွေကြားထဲမှာလည်း ဒီ ဆေးခြောက်ဆီ Awareness ရအောင် လှုပ်ရှားခဲ့တဲ့ Aunt Zelda Inc. တည်ထောင်သူပါ။

သူရဲ့ ကင်ဆာလူနာတွေထဲမှာ Sophie ဆိုတဲ့ အခါလည်သားအရွယ်ရှိသေးတဲ့ Sophie ဆိုတဲ့ ကလေးမလေးလည်းပါတယ်။ သူရဲ့ ဆေးခြောက်ဆီကို သုံးရာက ကင်ဆာကို သက်သာစေတယ်ဆိုတာ သိလာတဲ့ Sophie အမေ ဟာ နောက်မှာတော့ Mara ဆီက ဆေးခြောက်ဆီ မဝယ်တော့ပဲ သူကိုယ်တိုင်ထုတ်ပြီး Sophie ကို ကိုယ်တိုင်ကုရုံမက သူ့လို ကင်ဆာလူနာရှင်မိဘတွေ စုစည်းပြီး ဆေးခြောက်ဆီကို ဖြန့်ဖြူးဖို့ ကုမ္ပဏီပါ ထထောင်ပါတော့တယ်။

Chemotherapy ကြောင့် အခြေအနေထူးမလာလို့ Oncologist - ကင်ဆာအထူးကု ကိုယ်တိုင် လက်လျှော့ထားချိန်မှာ ဆေးခြောက်ဆီဟာ ကင်ဆာဆဲလ်တွေလျော့ပါးစေတာကို Radiologist - ဓာတ်မှန်ပညာရှင် တွေကိုယ်တိုင်မျက်မြင်တွေ့ပါလျက်၊ illegal ဖြစ်နေလို့ ဆရာဝန်တွေဟာ ကင်ဆာလူနာတွေကို ဆေးညွှန်း - Prescription ပေးလို့မရခဲ့ဘူး၊ လူနာဟာ ကင်ဆာရောဂါဖြစ်နေပါတယ်ဆိုတဲ့ ထောက်ခံချက်- Recommendation သာပေးလို့ရပါတယ်။

ဒီတော့ ကင်ဆာလူနာရှင်တွေဟာ သေချာစီမံထုတ်လုပ်ထားတဲ့ ဆေးခြောက်ဆီကို Pharmacist - ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူဆီမှာ ဝယ်မရပဲ မီးဖိုချောင်၊ ကားဂိုဒေါင် မှာ ဘာတွေနဲ့ ဖော်စပ်မှန်းမသိပဲ ရလာတဲ့ ဆေးခြောက်ဆီကိုပဲ စိတ်မချရတဲ့ လမ်းပေါ်ကနေ မျက်စိမှတ်ဝယ်ကြရတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဆေးခြောက်ဟာ ကင်ဆာရောဂါကို သက်သာစေတယ်၊ ကင်ဆာဆဲတွေကို လျော့စေတယ်၊ ဆိုတာကို အမျိုးသားကင်ဆာသုတေသန- National Cancer Institute ရဲ့ သုတေသနစာတမ်း ၁၉၇၄ မှာ ထွက်ရှိခဲ့ပေမယ့် ထူးဆန်းစွာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူးယစ်ဆေးဝါး အလွဲသုံးခြင်းသုတေသနအဖွဲ့ - National Institute Drug Abuse - NIDA ဟာ အမေရိကန်နိုင်ငံသာမက ကမ္ဘာပေါ်မှာပါ သုတေသန ရန်ပုံငွေ အတောင့်တင်းဆုံးဖြစ်ပေမယ့် သုတေသနလုပ်ရာမှာ မူးယစ်ဆေးဟာ လူတွေအတွက် ဘယ်လောက်ကောင်းကျိုးဖြစ်စေတယ် ဆိုတာထက် ဘယ်လောက်ဆိုးကျိုးဖြစ်စေတယ် ဆိုတာကို သုတေသနအဓိကထားလုပ်တဲ့ အဖွဲ့အစည်းဖြစ်နေတာပါပဲ။ ကင်ဆာအတွက် ဆေးခြောက်ဟာ အထောက်အကူပြုတယ်ဆိုတဲ့ အချက်ကို လူတွေသတိမပြုမိအောင် အမေရိကန်ရဲ့ DEA - Drug Enforcement Administration မူးယစ်ဆေးထိန်းချုပ်မှုဌာန နဲ့ ဆေးကုမ္ပဏီကြီးတွေ Pharmacy Corporation ကြီးတွေဟာ ဘယ်လောက်ထိ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးထားနိုင်ကြဦးမှာလဲ။

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနဲ့ပတ်သတ်ပြီး၊ ဥပဒေပြုရေးနဲ့ပတ်သတ်ပြီး Oncologist တွေ၊ Herbalistတွေ၊ Drug Policy Expert တွေ၊ Researcher တွေနဲ့ ကင်ဆာလူနာတွေ၊ လူနာရှင်တွေ ကို အင်တာဗျူးမေးမြန်းပုံနဲ့ တင်ဆက်ထားတဲ့ W**d the People ဟာ ၂၀၁၈ မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Rotten Tomatoes ၁၀၀% အပြည့်ရရှိခဲ့ပါတယ်။

Trivia အနေနဲ့တော့ W**d the people ဆိုတဲ့နာမည်ဟာ မှတ်တမ်းရုပ်ရှင်သာမက အမေရိကမှာ ဆေးခြောက်တရားဝင်ပြုရေးအခမ်းအနားရဲ့အမည်လည်း ဖြစ်ပါတယ်။ ဒီအခမ်းအနားကို Portland မြို့၊ Oregon ပြည်နယ်မှာ ၃ ရက်နေ့ ဂျူလိုင်လ ၂၀၁၅ က ကျင်းပခဲ့ပြီး လူဦးရေ ၅၀၀ သာခန့်မှန်းထားပေမယ့် လူပေါင်း ၁၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို ဆေးဖက်ဆိုင်ရာဆေးခြောက်ဖြန့်ချိရေးကုမ္ပဏီ ကြီး တွေက ပံ့ပိုးပြီးတော့ ကင်ဆာလူနာများ၊ ဆေးခြောက်တရားဝင်ရေးလှုပ်ရှားသူများနဲ့ အခြားစိတ်ပါဝင်စားသူများ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

တွေးမိတာက မြန်မာပြည်မှာရော ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးစွဲနိုင်ပြီး ကင်ဆာရောဂါသည်တွေကို ကုသဖို့ တွင်တွင်ကျယ်ကျယ်ဖြစ်သင့်နေပြီလား၊ မြန်မာနိုင်ငံဟာ medical ma*****na အတွက် အသင့်ဖြစ်နေပြီလား ဆိုတာပါပဲ။

*(မူရင်းရေးသာသူအမည်အား သိရသည်နှင့် တင်ပေးပါမည်။)

Address

Pyay

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when House Of Dank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share