14/06/2023
🇬🇷 လူတချို့ရှိတယ်
ကိုယ်အမြင့်ကို ရောက်ဖို့အတွက်ဆို
တခြားသူရဲ့ ဘဝကို ချနင်းပစ်ဖို့
ဝန်မလေးတတ်ဘူး။
🇬🇷 ကိုယ်အောင်မြင်ဖို့ အတွက်ဆို
အောက်ခြေက လူတန်းစား
ဘဝတွေ ဘာဖြစ်ဖြစ်ဆိုတာမျိုးတွေ...
🇬🇷 ကိုယ့်ဘဝ လှပ,ကောင်းစားဖို့
အတွက် သူများဘဝကို
သားကောင်လို ထိုးကျွေးဖို့လည်း
လက်မနှေးတတ်ကြဘူး။
🇬🇷 အမြင့်ကို တတ်မယ့်ခြေလှမ်းချင်း
တူနေရင်တောင် နေရာချင်းမတူအောင်
ခြေထိုးခံချင်တဲ့ အောက်တန်းစား
စိတ်ဓာတ်မျိုးတွေ...
🇬🇷 အဲ့လိုလူမျိုးတွေက
တခြားသူ ဘဝကိုသာ
သူတို့စိတ်ကြိုက် ခြွေလိုခြွေ
နင်းချင်နင်း ပြုလုပ်ချင်ပေမယ့်။
🇬🇷 ကိုယ့်အလှည့်ကျ
ဆတ်ဆတ်ထိမခံ နာတတ်ကြသလို
ကိစ္စသေးသေးလေးကို
အကြီးကြီးဖြစ်အောင်
အကျယ်ချဲ့တတ်ကြသေးတယ်။
🇬🇷ငါ,မှငါ ဆိုတဲ့ စိတ်မျိုးရှိနေသ၍
ကံရဲ့ဖေးမမှုကြောင့်သာ
အမြင့်ကို ရောက်ရင်
ရောက်လာပါလိမ့်မယ်။
🇬🇷 ကိုယ်ချင်းစာ တရားနဲ့
ငဲ့ညှာမှု မရှိတဲ့အတွက်
ဘယ်နေရာ ဘယ်ရာထူးကိုပဲ
ရောက်ရောက် အချိန်ကြာကြာ
ရှင်သန်ရပ်တည် နေနိုင်မှာ
မဟုတ်ပါဘူး။
Credit...🇬🇷✍
#လူငယ်များအတွက့်စာကြည့်တိုက့်