Kravel's Book Village

Kravel's Book Village အပြင်လောကထဲစိတ်မကြည်တဲ့အခါ စာအုပ်ကမ္ဘာထဲပျော်မွေ့ကြည့်ပါ��

 #ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင် ရာဇဝင်ကို ချစ်လာတယ်။ #ဂျူး စာအုပ်တွေ ဖတ်ပြီးရင် အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။...
25/10/2023

#ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင်
ရာဇဝင်ကို ချစ်လာတယ်။

#ဂျူး စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။

#အောင်သင်း စာအုပ်တွေဖတ်ပြီးရင်
အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ်။

#ချစ်နိုင် (စိတ်ပညာ) စာအုပ်တွေ ဖတ်ပြီးရင်
လူ့သဘောမနောတွေကို နားလည်လာတယ်။

#တာရာမင်းဝေ စာအုပ်တွေဖတ်ပြီးရင်
ဘောင် အပြင်ကနေ တွေးတတ်လာတယ်။

#ခင်နှင်းယု စာအုပ်တွေဖတ်မိပြီးရင်
မိန်းကလေးတွေရဲ့တန်ဖိုးကို နားလည်လာတယ်။

#ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်ပြီးရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။

#ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးရင်
လောကကြီးမှာ ပိုပြီးနေတတ်လာတယ်။

#မိုးမိုး(အင်းလျား)စာအုပ်တွေဖတ်ပြီးရင်
ပေါင်းသင်းဆက်ဆံရေး အရေးပါပုံ
သိလာတယ်။

#မစန္ဒာ စာအုပ်တွေ ဖတ်ပီးရင်
ဘဝကို အေးအေးချမ်းချမ်းပဲ
ဖြတ်သန်းချင်လာတယ်

ဘယ်စာအုပ်ပဲဖတ်ဖတ်ပါ
စိတ်အာဟာရအတွက်တော့ တစ်ခုခုရတာပါပဲ။

အသက်ကြီးလာတဲ့တစ်နေ့ကျရင်
ဒီထက်ပိုများတဲ့စာအုပ်တွေကြားထဲမှာသာ
တိတ်ဆိတ်စွာ အချိန်ကုန်ချင်တာ အိပ်မက်တစ်ခုပါ။

ဘာလို့လည်းဆိုတော့
စာအုပ်တွေဆိုတာစကားမပြောတတ်ပေမယ့်
အမြဲတမ်းသစ္စာရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။

24/10/2023

Hello I'm back 👋🏻

လကုန်ရက်လဲ နီးပြီနော်
စာအုပ်လေးတွေ ပတ်ရှာပြီးဝယ်ပေးချင်လို့ မှာကြဦးမလား ရှင့် 🌝🤍

ကမ္ဘာ့ဂန္ထ၀င် စာအုပ် _ A Classic Book  #သမီးရတနာ - သက်ပိုင်Little Women By Louisa May Alcott• “ အမျိုးသမီးကောင်းမှန်ရင် ...
08/03/2023

ကမ္ဘာ့ဂန္ထ၀င် စာအုပ် _ A Classic Book
#သမီးရတနာ - သက်ပိုင်

Little Women By Louisa May Alcott

• “ အမျိုးသမီးကောင်းမှန်ရင် ချမ်းသာတဲ့လူနဲ့ လက်ထပ်နိုင်မှ ဂုဏ်တင့်တယ်၊ အမျိုးသမီးကောင်းဖြစ်ဖို့ ဗိုင်းကောင်းကျောက်ဖိ အိန္ဒြေတခွဲသားနဲ့ နေထိုင်ရမယ်၊ နိုင်ငံရေးဆိုတာ အမျိုးသမီးနဲ့ လားလားမျှ မဆိုင်' စတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ကြောင်း စာရေးသူက ဂျိုးဆက်ဖင်းဆိုတဲ့ ဇာတ်ကောင်နေရာကနေ အကောင်းဆုံး ရေးဖွဲ့ပြထားတာကိုလည်း တွေ့ရမှာဖြစ်သလို မတူညီကွဲပြားတဲ့ စရိုက်လေးမျိုးကို ပိုင်ဆိုင်ထားတဲ့ ညီအစ်မလေးယောက်ရဲ့ ဘ၀အပေါ် ရှုမြင်ပုံတွေကို အကောင်းဆုံး ‌ဖော်ညွှန်းထားတာမို့ သမီးရတနာ ၀တ္ထုဟာ ဆယ်ကျော်သက် အမျိုးသမီးငယ်လေး‌တွေအတွက်သာမကပဲ လူတိုင်းအတွက် စိတ်နှလုံးကြည်နူးဖွယ်ရာ၊ တွေးတောဆင်ခြင်ဖွယ်ရာ စတဲ့ ရသပေါင်းစုံကို ပေးစွမ်းနိုင်ပါတယ် ..

သမီးရတနာ စာအုပ်ရဲ့မူရင်း ကလောင်ရှင်ကတော့ အမေရိကန် စာရေးဆရာမ လူဝီဇာ မေ အယ်လ်ကော့ (Louisa May Alcott) ဖြစ်ပါတယ်။ လူဝီဇာဟာ ယခု သမီးရတနာ ၀တ္ထုကို ၁၈၆၈ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပြီး နောက်ဆက်တွဲဖြစ်တဲ့ 'မယားအလိမ္မာ' (Good Wives) ၀တ္ထုကိုလည်း ပရိတ်သတ်တွေရဲ့ တခဲနက် အားပေးတောင်းဆိုမှုကြောင့် ၁၈၆၉ခုနှစ်မှာ ဆက်လက် ထုတ်ဝေခဲ့ပြန်ပါသေးတယ်။ ၁၈၈၀ အရောက်မှာတော့ ယခင်ထွက်ရှိပြီးသား ၀တ္ထုနှစ်ခုကို စုစည်းပြီး 'သမီးရတနာ ၀တ္ထုရှည်' အဖြစ် ထပ်မံ ပြုပြင်ခဲ့ပါတယ် ..

လူ၀ီဇာဟာ သူတို့ညီအစ်မတွေ ကြုံတွေ့ရတဲ့ ကိစ္စရပ်လေးတွေကို အခြေခံပြီး သမီးရတနာ ၀တ္ထုကို ဖန်တီးရေးသားခဲ့တာမို့ ဒီ၀တ္ထုဟာ စာရေးသူရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ဖော်ပြနေရုံမျှမက ၁၉ ရာစုနှစ်နှောင်းပိုင်းရဲ့ လူမှုဆက်ဆံရေး၊ ဘ၀နေထိုင်မှုတို့ကိုပါ ထင်ဟပ်နေအောင် ပြသနိုင်ခဲ့တာလည်း အမှန်ရယ်ပါ ..

သမီးအကြီးဆုံးလည်းဖြစ်သလို မိသားစုကို ပြန်ညှာတတ်တဲ့ မက်ဂ်၊ ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ဘယ်သူ့မှ ထီမထင်တဲ့ ဂျိုး၊ ခြောက်ပစ်ကင်း သဲလဲစင် ဘက်သ်နဲ့ အရာရာမှာ အနိုင်ရမှဆိုတဲ့ လိုချင်ရာကို မရ,ရအောင် ဖန်တီးယူမဲ့ အေမီတို့ ညီအစ်မလေးယောက်နဲ့ မိခင်ကြီး မာမီတို့ရဲ့ စကားအသွားအလာတွေဟာ ဘ၀ပင်လယ်ထဲကို လက်ပစ်ကူး၀င်ကြရတော့မဲ့ လူငယ်တွေအတွက် တွေးတောဆင်ခြင်ဖွယ်ရာ အကြောင်းအရာ၊ ကြိုတင်တွက်ဆလို့မရတဲ့ ကံကြမ္မာရဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲ နဲ့ ဘ၀ရဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို မိသားစုနဲ့အတူ ကြံ့ကြံ့ခိုင်ဖြတ်သန်းသွားရပုံတွေဖြစ်တာမို့ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်တွေအတွက် စံပြ ၀တ္ထုတစ်ခုအဖြစ်လည်း စာဖတ်ပရိတ်သတ်တွေက လက်ခံထားကြတာ ဖြစ်ပါတယ် ..

🍀 တန်ဖိုး - 18000 ၊ စာမျက်နှာ - 600

🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့
Bookmark တခု Poem တစောင်ရရှိမှာဖြစ်ပြီး

📦ပြည်မြို့တွင်း ၁ အုပ်ကနေ ၅အုပ် အထိ Deli fees 2000 ksကျသင့်မှာဖြစ်ပြီး ၅အုပ်အထက်ဆိုရင် +100 ks တိုးပါမယ်ရှင့်
တခြားမြို့တွေကဆိုရင်တော့ ၁ အုပ်ကို 2000ks ထပ်တိုး ဆိုရင်တော့ +100 ks ပါရှင့်📖

တနေ့တာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေရှင်🤍

📌အောက်ဖော်ပြပါ link ထဲရှိ post တွင် comment ဝင်ရေးရင်း စာအုပ်ဖိုး5% Discount ရယူပါ🏷️⬇️

https://m.facebook.com/story.php?story_fbid=124252563891104&id=100089190819356&mibextid=Nif5oz



#သမီးရတနာ
#သက်ပိုင်

စကားဝါသူငယ်ချင်းတစ်ယောက်ကဖတ်ကြည့်ဖို့ခဏခဏပြောနေတဲ့စာအုပ်တစ်အုပ်စာအုပ်နာမည်ကစကားဝါပေါ့​နော်ကိုယ်ထင်လိုက်တာကပန်းတွေအကြောင်...
05/03/2023

စကားဝါ

သူငယ်ချင်းတစ်ယောက်ကဖတ်ကြည့်ဖို့ခဏခဏပြောနေတဲ့စာအုပ်တစ်အုပ်စာအုပ်နာမည်ကစကားဝါပေါ့​နော်
ကိုယ်ထင်လိုက်တာကပန်းတွေအကြောင်းရေးထားတဲ့စာအုပ်တစ်အုပ်လို့တွေးလိုက်မိတာ
စကားဝါပန်းဝါဝါလေးတွေဖူးပွင့်လာပုံ
ဝမ်းနည်းကြေကွဲလန်းဆန်းလှပလာပုံ
အဆင့်ဆင့်ပြောင်းလဲလာပုံအကြောင်း
ပန်းကလေးရဲ့ဇာတ်လမ်းတိုလေးတွေအကြောင်းများလားလို့နာမည်ကြားမိရုံနဲ့ကိုသိပ်ကိုစိတ်ဝင်မိခဲ့တာ
ကိုယ်ကိုယ်တိုင်ကလည်းပန်းကလေးတွေကိုသိပ်မြတ်နိုးတာမို့ပန်းတွေအကြောင်းဆိုလိုတာထက်ပိုစိတ်ဝင်စားမိတယ်

ကိုယ်စီစာအုပ်ရောက်လာတော့ကိုယ်ထင်ထားတာနဲ့ကလုံးဝကိုတပ်တပ်ဆင်အောင်ကွဲလွဲနေတော့တာပါပဲ
မျက်နှာဖုံးကိုကြည့်လိုက်ကတည်းကခြောက်ခြားစရာတွေပြည့်နက်နေခဲ့တာ
နီနီရဲရဲအရွက်မရှိတဲ့အရိုးပြိုင်းပြိုင်းထနေတဲ့တောနက်နက်ထဲမှာရှိတဲ့မှောင်မည်းမှုတွေကြားကဝိုးတဝါးပဲမြင်နေရတဲ့အပင်တွေ
စာအုပ်မြင်တော့သိပ်ကိုစိတ်တိုခဲ့တာ
ကိုယ်ကနာနာဘာဝတစ္ဆေသရဲဆိုတာတွေငယ်ငယ်ကတည်းကကြောက်တတ်တာမို့သရဲပုံပြင်တွေခြောက်ခြားဇာတ်ကားတွေဆိုကြည့်လေ့မရှိသလိုအမြဲရှောင်ခဲ့တာမို့လေ
ဒါကြောင့်လဲစာအုပ်ရောက်ကထဲကသူငယ်ချင်းကိုလည်းစိတ်ဆိုးသလိုစာအုပ်ကိုလည်းတစ်လကျော်လောက်ဒီအတိုင်းပဲထားလိုက်တယ်ဘာအကြောင်းအရာလည်းမသိချင်တော့သလိုလှန်လဲမကြည့်ဖြစ်ခဲ့ဘူး

လူစိတ်ဆိုတာအချိန်နှင့်အမျှပြောင်းလဲနေတတ်တာကိုဒီစာအုပ်ကိုကောက်ဖတ်ဖို့စဥ်းစားလိုက်တဲ့အချိန်မှာမှပိုပြီးသတိထားခဲ့မိတယ်
ပထမဆုံးကိုယ်လှန်လိုက်မိတဲ့စာမျက်နှာကသူဇာလွင်ဆိုတဲ့ခေါင်းစဥ်တစ်ခုနဲ့စထားတယ်
ကံတရားဆိုတာကိုသူဇာလွင်မယုံဘူး။ဟုတ်တယ်သူဇာလွင်မယုံသလိုကျွန်မလည်းမယုံကြည်ဘူး။ဒီတော့စိတ်ဝင်တစားပဲကျွန်မနောက်တစ်ကြောင်းထပ်ဖတ်မိလိုက်မိတယ်သူကရောဘာလို့ငါလိုကံတရားဆိုတာကိုအယုံမကြည်မရှိရတာလဲဆိုနာကိုသိပ်သိချင်တာကြောင့်လေ။
အစပိုင်းမှာပဲထိတ်လန့်ကြောက်ရွံ့စရာတွေစိတ်မဝင်စားတဲ့ကျွန်မကိုဒီစာအုပ်ကထိုင်ရာမထဖတ်ချင်လာအောင်တစ်စတစ်စစွဲခေါ်သွားတယ်။
ဒီဝတ္ထုထဲမှာဇာတ်ကောင်ဘယ်နှစ်ယောက်ပါသလဲပြီးတော့သူဇာလွင်ကရောဘယ်အခန်းကဏ္ဍမှာဘယ်လိုပါဝင်ပတ်သတ်နေတာလဲ
ဒီထဲမှာဆရာပြောထားတာတော့လှပတဲ့အဖြစ်တွေမပါသလိုကြည်နူးစရာဇာတ်ကောင်တွေလည်းမပါဘူးတဲ့။
စာဖတ်သူနဲ့စာရေးသူကြားအမြင်ကွဲလွဲတဲ့ရှုထောင့်တွေမတူညီတဲ့ရှုထောင့်ရှိမယ်မဟုတ်လား
ဒီစာအုပ်ဖတ်တဲ့အခါကိုယ်ကတော့
ဖခင်ရဲ့မေတ္တာတရား
အထက်လူကြီးရဲ့အားပေးချီးမွှမ်းစကားဟာလက်အောက်ငယ်သားအပေါ်များစွာအထောက်အကူဖြစ်ကြောင်း
တစ်ဖက်သက်​ချစ်ခြင်း
သူငယ်ချင်းများရဲ့ခိုင်မာသောသံယောဇဥ်
အမှောင်ဘက်ကအတ္တ
လောဘနဲ့ဇော
အလင်းဘက်ကရဲရင့်ခြင်း
မေတ္တာနဲ့ချစ်ခြင်းတရားတွေပေါ့ရှင်
ဒါတွေနဲ့စကားဝါဆိုတဲ့ရွာဟာဘယ်လိုပက်သက်မှုတွေရှိနိုင်မလဲ
ဆယ်ယောက်မကပါတဲ့ဇာတ်ကောင်တွေထဲမှာရောသူဇာလွင်ကအဓိက​ဇာတ်ကောင်ပဲလားဒါမှမဟုတ်ဘယ်သူများလဲ....
ဒီလိုပဲမင်းဖတ်ကြည့်တဲ့အခါမှာလည်းစာရေးသူနဲ့ရောဖတ်ကြည့်ပြီးတဲ့ကျန်မနဲ့ပါမတူတဲ့ရှုထောင့်တွေသစ်လွင်တဲ့ခံစားမှုတွေရရှိနိုင်လိမ့်မယ်ထင်တယ်

ဖတ်ကြည့်စေချင်တယ်။
ဒီတော့ဒီစာအုပ်ဟာတကယ့်လက်တွေ့အဖြစ်လားဒါမှမဟုတ်ဆရာထွက်ရှိပြီးတဲ့ဘာသာပြန်စာအုပ်တွေလိုပဲပုံစံတူနေမလားလုံးဝကွဲထွက်နေသလား...

#ချမ်းမြေ့ဝင်း
Mon

Original Post ⬇️

https://www.facebook.com/100057202794652/posts/709758344274252/?mibextid=Nif5oz

နွေဦးရယ် ရွက်ဝါရယ် ဥသြရယ်ဘယ်သစ်ပင်ထိပ်ဆီ ဥသြ ရှိသနည်း။ဥသြကို မမြင်ရပါ။ ဥသြကို မြင်ရခဲသား။သူက အသံရှင်၊ သူက မလှ၊ သူလှသည်က...
03/03/2023

နွေဦးရယ် ရွက်ဝါရယ် ဥသြရယ်

ဘယ်သစ်ပင်ထိပ်ဆီ ဥသြ ရှိသနည်း။
ဥသြကို မမြင်ရပါ။ ဥသြကို မြင်ရခဲသား။
သူက အသံရှင်၊ သူက မလှ၊ သူလှသည်က
သူ့အသံ၊ သူ့မှာ အခြားဘာမျှမရှိ။

ဥသြကို ကိုယ် ချစ်ပါသည်။ သူ့အသံက ချိုသည်။
ချိုရုံမက နှလုံးသားမှ လာသည်။ အဆက်မပြတ်
မြည်ရတော့မှ နှလုံးသားတွေများ မနာဘူးလား
ဥသြရယ်။ သည်လိုမှ မဟုတ်လျှင်လည်း
မမြည်ပဲ မနေနိုင်အောင် မင့်နှလုံးသားမှာ
ဘာဝေဒနာရှိသနည်း ဥသြရယ်။

ဥသြရယ် မင်းပဲ ကရုဏာသက်ဖွယ်
အော်မှ အော်တတ်ပလေ။
ရင်က ဝေဒနာကို အသံနဲ့ မင်းပဲ
ပြမှ ပြတတ်ပလေ။

အဖော်ကွဲပြန်ပြီ မဟုတ်လား ဥသြရယ်။
အဖော် မကွဲဲပဲနဲ့တော့ မင်း အော်လေမည်
မဟုတ်ဘူး။ မင့်အော်သံကို မင့်ချစ်သူက
ကြားပါ့မလား။ ကြားလျှင်တော့ သူလာမည်ပေါ့။

ကြင်ဖော်ပဲ ဝေးလေသလော၊ နွေဦးကိုပဲ
ကြိုလေသလော၊ ရွက်ဝါကြွေသော နွေကို
မင်းချစ်လေသလော။

ကိုယ်လည်း နွေကို ချစ်ပါသည်။ ရွက်ဝါလေးတွေ
ကြွေသော နွေဦးကို ကိုယ် အထူးချစ်ပါသည်။ချစ်၍လည်း စာတွေ ရေးခဲ့ဖူးပါသည်။
ကဗျာတွေ ဖွဲ့ခဲ့ဖူးပါသည်။ နွေဦးရယ်၊
ရွက်ဝါရယ်၊ ပြီးတော့ မင်းရယ်ပေါ့ ဥသြရယ်

#တက္ကသိုလ်ဘုန်းနိုင်
#ပန်သစ္စာမပြုဖူးပါ

 #ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ  #ဂျူး၄၀၀၀ကျပ်🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့Bookmark တခု Poem တစောင်...
28/02/2023

#ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ
#ဂျူး

၄၀၀၀ကျပ်

🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့
Bookmark တခု Poem တစောင်ရရှိမှာဖြစ်ပြီး

📦ပြည်မြို့တွင်း ၁ အုပ်ကနေ ၅အုပ် အထိ Deli fees 2000 ksကျသင့်မှာဖြစ်ပြီး ၅အုပ်အထက်ဆိုရင် +100 ks တိုးပါမယ်ရှင့်
တခြားမြို့တွေကဆိုရင်တော့ ၁ အုပ်ကို 2000ks ထပ်တိုး ဆိုရင်တော့ +100 ks ပါရှင့်📖

တနေ့တာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေရှင်🤍

📌အောက်ဖော်ပြပါ link ထဲရှိ post တွင် comment ဝင်ရေးရင်း စာအုပ်ဖိုး5% Discount ရယူပါ🏷️⬇️

https://m.facebook.com/story.php?story_fbid=124252563891104&id=100089190819356&mibextid=Nif5oz


အမည်နာမမှာ " ခင် "ပါတဲ့အမျိုးသမီးတွေ များ သိပ်အချစ်ခံရတာပဲကွယ် 💗
28/02/2023

အမည်နာမမှာ " ခင် "ပါတဲ့အမျိုးသမီးတွေ များ သိပ်အချစ်ခံရတာပဲကွယ် 💗

❤️ဖေဖော်ဝါရီလ အရောင်းရဆုံး စာအုပ်များဖေဖော်ဝါရီလအတွင်း ... စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိတဲ့ စာအုပ်တွေထဲကမှ pannsattla...
27/02/2023

❤️ဖေဖော်ဝါရီလ အရောင်းရဆုံး စာအုပ်များ

ဖေဖော်ဝါရီလအတွင်း ... စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိတဲ့ စာအုပ်တွေထဲကမှ pannsattlanမှာ အရောင်းရဆုံးစာအုပ်တွေ ဖြစ်ပါတယ်..

ဒီလထဲမှာ လူကြိုက်များပြီး နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ တက္ကသိုလ်နေဝင်း၊ မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော်မမလေး၊ ဝါဝါတင့်ဆွေ၊ မွန်ဟော်စီ၊ ပျိုး၊ ဆုခြည်ကို၊ ချမ်းမြေ့ဝင်း၊ နိုင်းနိုင်းစနေ၊ ချမ်းငြိမ်း (ဟံသာဝတီ)၊ တင်မောင်မြင့်၊ မောရိသျှ၊ တို့ရဲ့ စာအုပ်များ ထွက်ရှိခဲ့ပြီး ရောင်းအားကောင်းတဲ့ စာအုပ်တွေအဖြစ် ပန်းဆက်လမ်းမှ အုပ်ရေများစွာ ပို့ဆောင်ရောင်းချပေးခဲ့ရပါတယ်...

🌻 • နံပါတ်တစ် လူကြိုက်အများဆုံးနဲ့ အမှာယူဆုံး စာအုပ်ကတော့ စာရေးသူ မွန်ဟော်စီရဲ့ #တောင်ပေါ်အနမ်းအလွမ်းရာသီ စာအုပ်လေးပါ။ စာအုပ်လေးဟာ စိတ်ဒဏ်ရာနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး စိတ်ကုထုံးပညာရပ်ဆိုင်ရာ သုတ အချက်အလက်တွေများစွာ ဖွဲ့သီရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စိတ်ဒဏ်ရာနဲ့ မွန်းကြပ်နေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို စာဖတ်သူ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရပါလိမ့်မယ်...

🌻 • နံပါတ်နှစ် အမှာယူဆုံး စာအုပ်ကတော့ စာရေးသူ မောရိသျှ ရဲ့ #ငြိမ်သက်ခြင်း စာအုပ်ဖြစ်ပြီး အတွင်းစွဲ ငြိမ်သက်သူတွေအပေါ် လူမှုအသိုက်အဝန်းရဲ့ ထင်မြင်ယူဆပုံနဲ့အတူ... အတွင်းစွဲတွေရဲ့ စွမ်းရည်သတ္တိတွေကို တလွဲအသုံးချသလို ဖြစ်နေတာတွေကိုပါ ထောက်ပြထားသလို၊ အတွင်းစွဲ ငြိမ်သက်သူတွေ အနေနဲ့လည်း ကိုယ့်စရိုက်ရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီး အကျိုးရှိအောင် အသုံးချနိုင်ဖို့ လမ်းညွှန်ထားချက်တွေ ပါရှိပါတယ်။

🌻 • နံပါတ်သုံး အမှာယူဆုံး စာအုပ်ကတော့ စာရေးသူ ချမ်းမြေ့ဝင်း ရဲ့ #သားရဲစိတ်ဓာတ်စာအုပ်ပါ။ သားရဲစိတ်ဓာတ် စာအုပ်ထဲမှာ စိတ်ဝင်စားစရာ၊အတုယူစရာ ဇာတ်လမ်းတို ၆၀ ကျော် ပါပါတယ်။ သာမန်စံနှုန်းတွေကို လက်မခံ၊ ကိုယ့်ခံယူချက်နဲ့ကိုယ် အောင်မြင်လာကြတဲ့ ပီကာဆို၊ အန်ဒီဝါဟော စတဲ့ အနုပညာရှင်တွေရဲ့အကြောင်း.. စသဖြင့်ဇာတ်လမ်းပေါင်းစုံ ဖတ်ရပါမယ်။ လုပ်ငန်းခွင်နဲ့ ဘ၀နေထိုင်မှုတွေမှာ သားကောင်အဖြစ် ငြိမ်ပြီးတွေဝေနေမယ့်အစား သားရဲစိတ်ဓာတ်ကိုမွေး၊ သူများထက်လက်ဦးမှုရယူ၊အောင်မြင်ဖို့ ဖြတ်ထိုးဉာဏ်ကို ဘယ်လိုသုံးရမလဲ..ဆိုတာကို ဒီဇာတ်လမ်းတွေထဲကနေ အတုယူနိုင်မှာပါ။

၄။ SOUL
၅။ ဂန်ဘတဲ
၆။ စိတ်ဒဏ်ရာများရဲ့အလွန်
၇။ နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ
၈။ ချစ်မက်မပြေ
၉။ ရင့်ကျက်မှုအတွက်ကွင်းစက်များ
၁၀။ ကျွန်မရဲ့ မနက်ဖြန်.. ဒီ စာအုပ်တွေကတော့ ဖေဖော်ဝါရီလရဲ့ Top Ten အရောင်းရဆုံး စာအုပ်တွေ ဖြစ်ပါတယ်။

အရောင်းရဆုံးစာအုပ် တစ်အုပ်ချင်းစီကို
🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့
Bookmark တခု Poem တစောင်ရရှိမှာဖြစ်ပြီး

📦ပြည်မြို့တွင်း ၁ အုပ်ကနေ ၅အုပ် အထိ Deli fees 2000 ksကျသင့်မှာဖြစ်ပြီး ၅အုပ်အထက်ဆိုရင် +100 ks တိုးပါမယ်ရှင့်
တခြားမြို့တွေကဆိုရင်တော့ ၁ အုပ်ကို 2000ks ထပ်တိုး ဆိုရင်တော့ +100 ks ပါရှင့်📖

တနေ့တာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေရှင်🤍

📌အောက်ဖော်ပြပါ link ထဲရှိ post တွင် comment ဝင်ရေးရင်း စာအုပ်ဖိုး5% Discount ရယူပါ🏷️⬇️

https://m.facebook.com/story.php?story_fbid=124252563891104&id=100089190819356&mibextid=Nif5oz


💛အဝါရောင်အိပ်မက်ဟောင်းရဲ့ အဝေး 💛ကော်ဖီလေးတစ်ခွက်ကိုသောက်ရင်း လွမ်းတသသနဲ့ ဖတ်ရှုခံစားရစေမယ့် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းတပုဒ်...
25/02/2023

💛အဝါရောင်အိပ်မက်ဟောင်းရဲ့ အဝေး 💛
ကော်ဖီလေးတစ်ခွက်ကိုသောက်ရင်း လွမ်းတသသနဲ့
ဖတ်ရှုခံစားရစေမယ့် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းတပုဒ်

❗️ Pre-Order Now ❗️

• မင်းအကြောင်းတွေကိုပဲ ကိုယ့်နေ့စွဲတွေထဲမှာ ရေးထည့်ထားတယ်။ ဘာပြန်စာမှမလာတော့တဲ့ အဲဒီနံပါတ်လေးဆီကိုပဲ စာတွေထပ်ခါတစ်လဲလဲပို့ခဲ့ရ….သိမ်းထားတဲ့ ဓာတ်ပုံလေးတွေထုတ်ကြည့်ပြီး ပြန်လာနော်လို့ တဖွဖွမှာနေရတာပဲ…sorry ပါ ကိုယ်လည်းဒီနာကျင် နာရီ တွေထဲက ပြေးမထွက်တတ်လို့။ အလွမ်းအဆွေး ရသတွေကို ခံစားဖတ်ရှုချင်ကြတဲ့ စာဖတ်ချစ်သူများအနေနဲ့ ဒီစာအုပ်လေးက ကော်ဖီလေးတစ်ခွက်ကိုသောက်ရင်း မရှိတဲ့ ရည်းစားကိုတောင်လွမ်းပြီး feel လို့ရတဲ့စာအုပ်ပါ..။

◾️ နွေလင်းအိမ်
◾️ တန်ဖိုး - 3000 ၊ စာမျက်နှာ 102
◾️ စာအုပ်ထွက်မည့်ရက် - 1.3.2023

🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့
Bookmark တခု Poem တစောင်ရရှိမှာဖြစ်ပြီး

📦ပြည်မြို့တွင်း ၁ အုပ်ကနေ ၅အုပ် အထိ Deli fees 2000 ksကျသင့်မှာဖြစ်ပြီး ၅အုပ်အထက်ဆိုရင် +100 ks တိုးပါမယ်ရှင့်
တခြားမြို့တွေကဆိုရင်တော့ ၁ အုပ်ကို 2000ks ထပ်တိုး ဆိုရင်တော့ +100 ks ပါရှင့်📖

တနေ့တာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေရှင်🤍

📌အောက်ဖော်ပြပါ link ထဲရှိ post တွင် comment ဝင်ရေးရင်း စာအုပ်ဖိုး5% Discount ရယူပါ🏷️⬇️

https://m.facebook.com/story.php?story_fbid=124252563891104&id=100089190819356&mibextid=Nif5oz



#စိတ်ပညာနှင့် အရင်းရှင်ဝါဒ
#မျိုးလွင်(MBA)

📚ဖေဖော်ဝါရီလ_စတုတ္ထပတ် အသစ်ထွက်စာအုပ်များ🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့Bookmark တခု Poem တစောင်ရရှိ...
25/02/2023

📚ဖေဖော်ဝါရီလ_စတုတ္ထပတ် အသစ်ထွက်စာအုပ်များ

🎁Kravel's Book Village ကနေ စာအုပ်မှာယူမယ်ဆိုရင်တော့
Bookmark တခု Poem တစောင်ရရှိမှာဖြစ်ပြီး

📦ပြည်မြို့တွင်း ၁ အုပ်ကနေ ၅အုပ် အထိ Deli fees 2000 ksကျသင့်မှာဖြစ်ပြီး ၅အုပ်အထက်ဆိုရင် +100 ks တိုးပါမယ်ရှင့်
တခြားမြို့တွေကဆိုရင်တော့ ၁ အုပ်ကို 2000ks ထပ်တိုး ဆိုရင်တော့ +100 ks ပါရှင့်📖

တနေ့တာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေရှင်🤍

📌အောက်ဖော်ပြပါ link ထဲရှိ post တွင် comment ဝင်ရေးရင်း စာအုပ်ဖိုး5% Discount ရယူပါ🏷️⬇️

https://m.facebook.com/story.php?story_fbid=124252563891104&id=100089190819356&mibextid=Nif5oz


ကျွန်တော်တို့ ငယ်ငယ်တုန်းက သစ်ရွက်ကြွေတာ တွေ့ဖူးတယ်။ နွေဆို သစ်ရွက်ကြွေတယ်။ သစ်ရွက်ဆိုတာ ကြွေရင်ဝါတယ်။ယေဘုယျ ရွက်ဝါတွေ က...
25/02/2023

ကျွန်တော်တို့ ငယ်ငယ်တုန်းက သစ်ရွက်ကြွေတာ
တွေ့ဖူးတယ်။ နွေဆို သစ်ရွက်ကြွေတယ်။
သစ်ရွက်ဆိုတာ ကြွေရင်ဝါတယ်။
ယေဘုယျ ရွက်ဝါတွေ ကြွေတယ်ပြောတယ်။
သေသေချာချာကြည့်ရင် အကုန်မဝါဘူးဗျ။
ရှင်ဥတ္တမကျော်က "ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်"လို့
ပြောပြတယ်။ ဒီစာသားလေးက အသေးစိတ်ကို
ပြောတယ်။ အကုန်လုံးက ဝါနေတာမဟုတ်။
ဝါတဲ့နေရာက ဝါနေပါတယ်၊ စိမ်းတဲ့နေရာက
စိမ်းနေပါတယ်တဲ့။ ဒီဟာ သစ်ရွက်ကလေးကစပြီး
စာကလေးက ပြလိုက်တယ်။

စာပေကြောင့် လူသည် မိမိပတ်ဝန်းကျင်အမြင်ကို ထက်မြက်စေတယ်။ မေးစရာရှိတယ်၊ပတ်ဝန်းကျင်အမြင်ထက်မြက်လာရင် ဘာအကျိုးရှိမလဲ။
ဘာအကျိုးရှိမလဲဆိုတော့ မိမိကျင်လည်သော
မိမိပတ်ဝန်းကျင်၊ မိမိကမ္ဘာ၊ မိမိနိုင်ငံကိုချစ်တဲ့
သံယောဇဥ်ရှိလာတတ်တယ်။မိမိပတ်ဝန်းကျင်ကို
ချစ်ရင်းကနေပြီးတော့ နိုင်ငံချစ်တဲ့စိတ်၊ အမျိုးချစ်တဲ့စိတ်တွေက နွှယ်လာပါတယ်။

တက္ကသိုလ်ဘုန်းနိုင်

Kravel ဆီမှာစာအုပ်ဝယ်ပါစိတ်ချမ်းသာဖွယ်ရာများတွေ့ပါမယ် 🌝
23/02/2023

Kravel ဆီမှာစာအုပ်ဝယ်ပါ
စိတ်ချမ်းသာဖွယ်ရာများတွေ့ပါမယ် 🌝

Address

Pyay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959782192270

Alerts

Be the first to know and let us send you an email when Kravel's Book Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kravel's Book Village:

Share

Category